Longpa

Longpa

Share

18/12/2025

မတွေ့တာကြာတော့
မေ့ချင်သလိုလို ဖြစ်နေတတ်တဲ့
ဆက်ဆံရေးမျိုးနဲ့ကြုံရင်တောင်
ကျနော် ပြုံးတတ်နေပါပြီ။

23/11/2025
22/11/2025

ကမ္ဘာပြားမယ့်အချိန်ကို
စောင့်နေတယ်၊
မင်းနဲ့ လက်လှမ်းမမှီတဲ့
အစွန်အဖျားကိုရောက်အောင်
သွားမလို့၊
ပြီးတော့၊ မင်းနဲ့လွဲခဲ့သမျှကို
သွား ရီ ဦးမယ်။

18/11/2025

အမှားပါမိမှာ ကြောက်တဲ့စိတ်နဲ့
စကားနည်းနည်းပဲပြောပါတယ်၊
'အ' တယ် ထင်ရင်လည်း ထင်ပါ
ဆက်ဆံရေးတိုင်းမှာ
မရိုင်းချင်တော့တာ အမှန်ပါ။

16/11/2025

ဒဏ်ရာရှိရင် ဆေးရှိတယ်၊ တဲ့
မယုံ နဲ့ ၊
မယုံမိစေနဲ့
ဆရာဝန် ကုမရတဲ့
ဝေဒနာ ကြောင့် အသည်းကွဲနေတဲ့
သူတွေ အများကြီးပဲ။

08/11/2025

ဘယ်နေရာမှ ဈေးကြီးပေးဝယ်လို့
မရတဲ့ အရာဟာ
မေတ္တာ ပါပဲ။
နည်းတယ် များတယ် ဆိုတာ မရှိဘူး၊
အပြုံးတစ်ပွင့် က အစ၊
စကားတစ်ခွန်းက အဆုံး
မေတ္တာပါတယ်။

Want your public figure to be the top-listed Public Figure in Sittwe?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Sittwe