Knowledge Is Power

Knowledge Is Power

Share

04/05/2026

ချင်းအခေါ်, TaiDu တောအသီး

#ရာသီစာ

14/10/2022

မေ့ပစ်ခြင်းကပျော်ရွှင်မှူတစ်မျိုး

လူ့ဘဝဒီတစ်သက်မှာ
အလိုမကျတာတွေ အများကြီးကြုံရတယ်။
မစစ်မှန်တဲ့လူတွေလည်း အများကြီးဆုံရတယ်။
တကယ်လို့ ဒါတွေကို စိတ်ထဲထည့်ထားရင်
ပျော်ရွှင်ရဖို့ ခက်တယ်။
တကယ်လို့ ဒါတွေကိုအငြိုးထားမုန်းနေရင်
စိတ်အေးချမ်းမှာ မဟုတ်ဘူး။

မေ့ပစ်ဖို့ကိုသင်ယူနိုင်မှ ဘဝဟာပေါ့ပါးတယ်။
မေ့ပစ်လိုက်တယ်ဆိုတာ တုံးအလို့မဟုတ်ဘူး။
ဒါဟာ အသိဉာဏ်ဖြစ်တယ်။
မေ့ပစ်လိုက်တယ်ဆိုတာ ပျော့ညံ့လို့မဟုတ်ဘူး။
ဒါဟာ သတ္တိဖြစ်တယ်။
မေ့ပစ်လိုက်တယ်ဆိုတာ အစွမ်းမရှိလို့မဟုတ်ဘူး။
ဒါဟာ အရည်အချင်းဖြစ်တယ်။
မေ့ပစ်လိုက်တယ်ဆိုတာ ဆုံးရှုံးတာမဟုတ်ဘူး။
ဒါဟာ အကျိုးကျေးဇူးဖြစ်တယ်။

လူဆိုတာ ဆုံးရှုံးရမှာပါပဲ။
ဘဝဆိုတာ နာကျင်ရမှာပါပဲ။
မေ့ပစ်ခြင်းက ဆေးတစ်လက်ပေါ့။
သင့်ရဲ့နာကျင်မှုကို သက်သာစေတယ်။
ဦးနှောက်ခြောက်စရာတွေကို ဖယ်ရှားပေးတယ်။
မေ့ပစ်တတ်ဖို့ သင်ယူတာဟာ အကောင်းဆုံးကျင့်စဉ်တစ်မျိုးဖြစ်တယ်။

လူတချို့ မပျော်ရွှင်ကြရတာက
ကံဆိုးလွန်းလို့မဟုတ်ဘူး။
သူတို့ မှတ်ဉာဏ်သိပ်ကောင်းလို့ပါ။
ဦးနှောက်ခြောက်စရာကိုလည်း မှတ်ထားတယ်။
နာကျင်စရာကိုလည်း မှတ်ထားတယ်။
ကိစ္စသေးသေးမွှားမွှားလည်း မှတ်ထားတယ်။
နစ်နာတာကိုလည်း မှတ်ထားတယ်။
မစစ်မှန်သူကို တသသတမ်းတတယ်။
အဓိပ္ပာယ်မရှိတာကို စွဲမြဲထားတယ်။

လူတစ်ယောက်ရဲ့စိတ်နှလုံးက
အကန့်အသတ်ရှိပါတယ်။
ထည့်စရာခွက်တစ်ခုလိုပေါ့။
နာကျင်စရာကို ထည့်ထားရင်
ပျော်ရွှင်စရာအတွက် နေရာမရှိတော့ဘူး။
ဦးနှောက်ခြောက်စရာကို ထည့်ထားရင်
စိတ်ချမ်းမြေ့စရာအတွက် နေရာမရှိတော့ဘူး။
အမုန်းရန်ငြိုးကို ထည့်ထားရင်
ကျေးဇူးတရားအတွက် နေရာမရှိတော့ဘူး။

လူရယ်လို့ဖြစ်လာရင်
မေ့ပစ်တတ်ဖို့ကို သင်ယူရပါတယ်။
ရင်ဘတ် နည်းနည်းကျယ်ရတယ်။
စိတ်သဘောထား နည်းနည်းမြင့်ရတယ်။
မစစ်မှန်သူကို မေ့ပစ်တယ်။
မထိုက်တန်သူကို မေ့ပစ်တယ်။
မေ့ပစ်တတ်မှ ဒီတောင်ကို ကျော်နိုင်မှာဖြစ်တယ်၊
မေ့ပစ်လိုက်မှ စိုးရိမ်သောကတွေကင်းတယ်။

ဘဝမှာ နိုးကြားနေတဲ့အသိဉာဏ်မျိုး လိုအပ်ပါတယ်။
ဆူညံနှောင့်ယှက်မှုတွေကို ချေဖျက်ဖို့၊
တဇွတ်ထိုးတတ်တဲ့ ကိုယ့်ရှုထောင့်ကို ထိန်းညှိဖို့၊
ဝမ်းနည်းနာကျင်မှုကို ဖယ်ရှားဖို့
နိုးကြားနေတဲ့အသိဉာဏ်မျိုး လိုအပ်တယ်။

ဘဝလမ်းက ရှည်လျားပါတယ်။
မောပန်းနွမ်းလျပြီလို့ ခံစားရရင်
ခေတ္တခဏရပ်တန့် နားပါ၊
စိတ်မောပြီလို့ ခံစားရရင်
မေ့ပစ်တတ်ဖို့ကို ကြိုးစားပါ။
အဖိုးတန်တဲ့အချိန်တွေကို
အဓိပ္ပာယ်မရှိတဲ့နေရာတွေမှာ မသုံးဖြုန်းပစ်ပါနဲ့။

ဘဝမှာ တွေ့ကြုံရမယ့်အရာတွေက များပါတယ်။
မေ့ပစ်သင့်တာကို မေ့ပစ်ပါ။
မေ့ပစ်နိုင်တာဟာလည်း ပျော်ရွှင်ခြင်းတစ်မျိုးပါပဲ။

ရေစက်ကုန်သွားတဲ့ သူငယ်ချင်းကို မေ့ပစ်တယ်၊
ပေးဆပ်ပေမယ့် တုံ့ပြန်မှုမရှိတဲ့
သံယောဇဉ်ကို မေ့ပစ်တယ်။
ပန်းပွင့် ပန်းကြွေတဲ့
ဦးနှောက်ခြောက်စရာကို မေ့ပစ်တယ်။
ဘာမှမတတ်နိုင်တော့တဲ့
သက်ပြင်းချသံတွေကို မေ့ပစ်တယ်။
မှတ်ဉာဏ်ထဲထည့်သိမ်းဖို့ မသင့်တဲ့
အရာတွေကို မေ့ပစ်တယ်။

လိုချင်တပ်မက်မှုတွေများရင်
ရလိုက် ရှုံးလိုက် သံသရာထဲကနေ
လျှောက်လှမ်းထွက်နိုင်မှာ မဟုတ်ပါဘူး။
လက်လွှတ်တတ်ဖို့ကို နားလည်မှ
မေ့ပစ်တတ်ဖို့ကို သင်ယူနိုင်မှ
ပျော်ရွှင်ခြင်းတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။


__________________________________

Photos from Knowledge Is Power's post 10/10/2022

🍀🍀

Want your school to be the top-listed School/college in Sittwe?
Click here to claim your Sponsored Listing.

Category

Website

Address

Sittwe