Thuta Plex

Thuta Plex

Share

Photos from Thuta Plex's post 13/01/2023

-မယ်စကြာဝဠာသရဖူ (Miss Universe Crown)✨

မယ်စကြဝဠာ (Miss Universe) ပြိုင်ပွဲကြီးကို 1952 ခုနှစ်ကနေ စတင်ကျင်းပခဲ့ပြီး စိန်များအပါအဝင် ကမ္ဘာ့အဖိုးတန်အရှိဆုံး ကျောက်မျက်ပစ္စည်းများအသုံးပြုပြီး ပြုလုပ်ထားတဲ့ သရဖူကို တစ်ဦးတည်းသော အနိုင်ရဆွတ်ခူးသူတွေကို ပေးအပ်ချီးမြှင့်လျက်ရှိပါတယ်။

လက်ရှိပျမ်းမျှတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆ သန်းနီးပါးရှိပြီး Mouawad Power of Unity Crown) သရဖူဟာဆိုရင် ကမ္ဘာ့စျေးအကြီးဆုံး အလှမယ်သရဖူများအဖြစ် စံချိန်တင်ထာပါတယ်။ ၂၀၁၉ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ၊ Zozibini Tunzi ၊ Andrea Meza နှင့် Harnaaz Sandhu စတဲ့ အလှမယ်တွေဟာဆိုရင် သရဖူရအသစ်ရဲ့ပထမမျိုးဆက်အဖြစ် Mouawad Power of Unity Crown ကို ဆွတ်ခူးကာ အနိုင်ရခဲ့ကြပါတယ်။

သရဖူမှာ အလေးချိန် (၆၂.၈၃) ကာရက်ရှိတဲ့
ရွှေ၀ါ‌‌ရောင်ကိန္နရီစိန်ကြီး အပါအဝင် စိန်ပွင့်ပေါင်းများစွာနဲ့ အပြာရောင် နီလာကျောက်များနဲ့စီခြယ်ထားတာဖြစ်ပါတယ် ။ Pascal Mouawad ရဲ့အဆိုအရ သရဖူကြီးဟာရည်မှန်းချက်၊ မတူကွဲပြားမှု၊ အသိုက်အဝန်းနှင့် အလှအပတို့ကို ကိုယ်စားပြုပါတယ်။

မယ်စကြဝဠာပြိုင်ပွဲဟာဆိုရင် အမေရိကန်ပြည်ထောင်စု အခြေစိုက် မယ်စကြဝဠာအဖွဲ့အစည်းမှ နှစ်စဉ်ကျင်းပတဲ့ နိုင်ငံတကာ အလှမယ် ပြိုင်ပွဲတစ်ခု ဖြစ်ပြီး နိုင်ငံပေါင်း ၁၉၀ ကျော်မှ ပရိသတ် သန်း ၅၀၀ ကျော်ခန့်မှ စောင့်ကြည့်ရတဲ့ ကြည့်ရှုသူအများဆုံး အလှမယ်ပြိုင်ပွဲကြီးတစ်ခုဖြစ်ပါတယ်။

-မယ်စကြဝဠာ မြန်မာ✨🇲🇲

မယ်စကြဝဠာပြိုင်ပွဲကြီးကို မြန်မာ့ကိုယ်စားပြု အဖြစ် ၁၉၅၉ မှာ မယ်ဗမာသန်းသန်းအေး မှ ပထမဆုံး စတင်ယှဉ်ပြိုင်ခဲ့ပါတယ်။ မယ်ဗမာ (ခေါ်) မြန်မာနိုင်ငံ အလေးမနှင့် ကာယဗလအဖွဲ့ချုပ်မှ ၁၉၆၀ မှာ မြင့်မြင့်မေ၊ ၁၉၆၁ မှာ ခင်မြင့်မြင့် စသည်ဖြင့် အသီးသီးစေလွှတ်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ၁၉၆၂ နောက်ပိုင်း မယ်ဗမာပြိုင်ပွဲ‌တွေကို မြန်မာ့ယဉ်ကျေးမှု နှင့်မကိုက်ညီတာကြောင့်ဟုဆိုကာ ပိတ်သိမ်းခဲ့ရပါတယ်။ ‌ဒါကြောင့် ၁၉၆၂ မှစတင်၍ မယ်စကြဝဠာပြိုင်ပွဲကြီးကိုသွားရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ဘဲ ၂၀၁၂ခုနှစ်အရောက်မှသာ ပြန်လည်ပါ၀င်ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။

-ခေတ်အလိုက် မယ်စကြာဝဠာသရဖူ 👑✨

1-Romanov Imperial Nuptial Crown (1952)
2-Romanov Diadem Crown (1953)
3-Star of the Universe (1954–1960)
4-Lady Rhinestone Crown or Coventry Crown (1961–2001)
5-Mikimoto Crown (2002–2007; 2017–2018)
6-CAO Crown (2008)
7-Diamond Nexus Crown (2009–2013)
8-DIC Crown (2014–2016)
9-Mouawad Power of Unity Crown (2019–2021)
10. Mouawad Force for Good Crown (2022–present)

12/01/2023

🇨🇳တရုတ် တားမြစ်မြို့တော် ကောင်းကင်ဓာတ်ပုံ

23/11/2022

🇦🇺 31 -0 🇦🇸

ကမ္ဘာ့ ဘောလုံးသမိုင်းမှာ အကြီးမားဆုံး ဂိုးရလာဒ်

ဩစတြေးလျ 31-0 အမေရိကန်ဆာမိုအာ

-----------------
၂၀၀၂ခုနှစ် တောင်ကိုးရီးယားနဲ့ ဂျပန်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် Oceania Zone အရည်အချင်းစစ် ဘောလုံးပြိုင်ပွဲမှာ ဩစတြေးလျ အသင်းက အမေရိကန်ဆာမိုအာ အသင်းကို ၃၁ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့ပါတယ်။

နိုင်ငံချင်းယှဥ်ပြိုင်တဲ့ ဘောလုံးပွဲစဥ်တွေမှာ အကြီးမားဆုံး ဂိုးရလာဒ်အနေနဲ့ မှတ်တမ်းဝင်သွားခဲ့ပါတယ်။

--------------
၂၀၀၂ခုနှစ် ကမ္ဘာ့ဖလား Oceania Zone အရည်အချင်းစစ် ဘောလုံးပွဲစဥ်မှာ ဩစတြေးလျအသင်းက အုပ်စုအသင်းတွေဖြစ်တဲ့

-အမေရိကန် ဆာမိုအာအသင်း ကို (31-0)
-တွန်ဂါအသင်း ကို ( 22-0 )
-ဆာမိုအာအသင်း ကို (11-0 )
-ဖီဂျီအသင်း ကို (2-0 ) နဲ့ အနိုင်ရပြီး အုပ်စုတက်သွားပါတယ်။

ဒါပေမဲ့ ၂၀၀၂ ကမ္ဘာ့ဖလားပွဲကိုတော့ ဝင်ခွင့်မရခဲ့ပါဘူး။

----------------------
အမေရိကန် ဆာမိုအာက ဘာလို့ ခွက်ခွက်လန်အောင် ရှုံးသွားခဲ့ရတာလဲ။

-လက်ရွေးစင်အသင်းထဲက အားကစားသမားအများစုက နိုင်ငံကူးလက်မှတ် ပြဿနာရှိတာကြောင့် လက်ရွေးစင် အားကစားသမား တစ်ယောက်တည်း ပွဲမှာ ဝင်ကန်ခွင့် ရခဲ့ပါတယ်။

-တခြား အရန် အားကစားသမားတွေကလည်း ကျောင်းစာမေးပွဲရှိလို့ ဝင်မကစားနိုင်ခဲ့ပါဘူး။

-ဘောလုံးပွဲမှာ ဝင်ကစားပေးခဲ့တဲ့ တချို့ ဘောလုံးသမားတွေကလည်း မိနစ် ၉၀ ပြည့်အောင်တောင် ဘောလုံးမကန်ဖူးကြပါဘူး။

အဲ့လိုနဲ့ပဲ မိနစ် ၈၀ အတွင်း ၃၁ဂိုး အသွင်းခံလိုက်ရတာပါပဲ။

ပွဲက ၃၂ဂိုးနဲ့ အဆုံးသတ်ခဲ့ပေမဲ့ အားကစားသမားတွေ အရှက်သိပ်မရသွားအောင် ၃၁ဂိုးလို့ပဲ သတ်မှတ်ပေးခဲ့ပါတယ်။

--------------------

ဗဟုသုတ အတိုအထွာတွေကို အမြဲဖတ်ရှုနိုင်ဖို့ Thuta Thuta Plex ကို like and follow လုပ်ထားနိုင်ပါတယ်။

Want your school to be the top-listed School/college in Sagaing?
Click here to claim your Sponsored Listing.

Address

Sagaing