NINE pdf - Khin U

NINE pdf - Khin U

Share

30/06/2023

သပိတ်ကျင်းမြို့တွင် စကစများနေရာယူ စုဝေးနေချိန် ၁၀၇ မမဖြင့်ပြစ်ခတ်

(၂၆.၆.၂၀၂၃)ရက်နေ့ သပိတ်ကျင်းမြို့နယ်၊ ပုဏ္ဏားကြီး(ပျူ)ရွာထဲသို့ မိမိတို့တော်လှန်ရေးအင်အားစုများမှ သုံးကြောင်းဖြန့်၍ဝင်ရောက်ခဲ့ပြီး ပျူများနေရာယူထားသော ကင်းကုန်းများသို့ဝင်ရောက်နေရာယူခဲ့ပါသည်။ ခုနှစ်မိုင်တပ်မှစခများသည် သပိတ်ကျင်းမြို့ဘက်မှ အင်အား(၁၀၀)ခန့်ပါစစ်ကြောင်းတစ်ကြောင်း၊ဓမ္မပီတိလမ်း(လိပ်ကျရေတံခွန်အနီး)မှအင်အား(၅၀)ခန့်ပါ စစ်ကြောင်းတစ်ကြောင်းဖြင့် ပုဏ္ဏားကြီးရွာဘက်သို့ စစ်ကြောင်းနှစ်ကြောင်းထိုးလာခဲ့ပါသည်။ ဓမ္မပီတိလမ်းမှဝင်‌‌ ရောက်လာသောစခများသည် နေ့လည်(၂:၃၀ )အချိန့်ခန့်တွင် ပုဏ္ဏားကြီးပွိုင့်ကုန်းနေရာများသို့ လက်နက်ကြီးဖြင့် (၈)ကြိမ်ပြစ်ခတ်ခဲ့ပါသည်။
‌ (၂၇.၆.၂၀၂၃)ရက်နေ့တွင် ရွာဆိုးရွာမှစစ်ကောင်စီထောက်တိုင် အရပ်ခေါ်ဖိုးချောဆိုက်အား သွားရောက်ပိတ်သိမ်းရာ ၎င်းတို့မှကြိုတင်သတင်းရသဖြင့် ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။၎င်းကုမ္ပဏီသည် ဖမ်းစီးထားသောပျူများ၏ ထွက်ဆိုချက်အရ ပုဏ္ဏားကြီးရွာမှပျူများအားတစ်လလျှင်(၁၅)သိန်းအမြဲထောက်ပံ့နေသော စကစအမာခံထောက်တိုင်ဖြစ်သဖြင့်ပိတ်သိမ်းရခြင်းဖြစ်ပါသည်။ သပိတ်ကျင်းဘက်မှလာသော စခများသည် သပိတ်ကျင်းမြို့တောင်ဘက်ရှိ ရွာဆိုးရွာသို့ရောက်ရှိလာပြီး ရွှေမြင်တင်ဘုရားပေါ်မှ RPG -7၊၆၀-MM၊၈၀-MM လက်နက်ကြီးများဖြင့် ပုဏ္ဏားကြီးရွာဘက်သို့ စတင်ပြစ်ခတ် Tikekhite သဖြင့်မိမိတို့ဘက်မှ လက်လုပ်၆၀-MMများ၊ရှော့တိုက်ဒုံးများဖြင့် ပြန်လည်ပြစ်ခတ်ခဲ့ပါသည်။ ဓမ္မပီတိလမ်းမှခွေးများမှလည်း အဝေးမှ မိမိတို့တပ်ဖွဲ့များနေရာယူထားသော ရွာထိပ်ကင်းကုန်းသို့ အီနာဂါများ၊လက်နက်ငယ်များဖြင့် တရစပ်ရမ်းသမ်း ပြစ်ခတ်နေသဖြင့် မိမိတို့တပ်ဖွဲ့များမှနောက်သို့ တဆင့်ခုန်၍ ဝေဟင်မှကင်းထောက် Drone ဖြင့်ကြည့်ရှု့ပြီး စခများမိုင်းကွင်းအတွင်းသို့ ရောက်ရှိချိန်တွင်အသင့်ထောင်ထားသော ပဒေသာမိုင်းများဖြင့် ဖောက်ခွဲ Tikekhite ခဲ့ပါသည်။
‌ထို့နောက်ကျန်ရှိနေသောစခများမှ မိမိတို့ဆုတ်ထားသော ကင်းကုန်းနေရာသို့ PPG-7ဖြင့်၅ကြိမ်၊အီနာဂါများ၊လက်နက်ငယ်များဖြင့် အဆက်မပြတ် ထပ်မံပြစ်ခတ်ပြန်သောကြောင့် မိမိတို့ဘက်မှ ၆၀-MM ဖြင့် နှစ်ကြိမ်ပြစ်ခတ် Tikekhite ခဲ့ပြီး အခြားတစ်ဘက်မှ မိမိတို့တပ်ဖွဲ့များရှိရာသွားရောက်ပူးပေါင်းပြီး စခများအား၆၀-MMတစ်လုံးဖြင့်ပြစ်ခတ်၍ဆုတ်ခွာခဲ့ပါသည်။မိမိတို့တပ်ဖွဲ့များ လုံခြုံသောနေရာရောက်ရှိပြီး ပုဏ္ဏားကြီးရွာထဲသို့ ခွေးများရောက်ရှိချိန်တွင် ဝေဟင်မှ ကင်းထောက် Drone ဖြင့်ကြည့်၍ စခများမိုင်းပွိုင့်အနီးရောက်လာသောအခါ ၆၀ MM နှစ်လုံး၊ ပဒေသာမ်ိုင်းပွိုင့်(၅) ပွိုင့်(မိုင်းလုံးရေ( ၂၁)လုံး)ဖြင့်ထပ်မံ ဖောက်ခွဲ Tikekhite ခဲ့ပါသည်။
‌ ထို့အတူ သပိတ်ကျင်းမြို့ ရေကြောင်း တွင်သွားလာနေသော ရေယာဥ်များ‌၊ သစ်ဖောင်၊ဝါးဖောင်များပေါ်မှ ပြည်သူများအား ပိုက်ဆံတောင်းခြင်း၊အကြမ်းဖက်ရိုက်နှက်နှိပ်စက်ခြင်းများ အမြဲပြုလုပ်နေခဲ့သော စခဂိတ်အား ၄၀ MM ဖြင့်လေးကြိမ်၊စနိုက်ပါများဖြင့်လည်းပြစ်ခတ် တိုက်ခိုက်ခဲ့ရာ စခ(၄)ကောင်သေဆုံးပြီး (၁)ကောင်မှာအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်းသိရသည်။ (၎င်းစခဂိတ်သည် စစ်ရေးပစ်မှတ်ဖြစ်သည့်အတွက် တိုက်ပွဲများအချိန်မရွေးဖြစ်နိုင်သဖြင့် ၎င်းစခဂိတ်အနီးသို့ ပြည်သူများသွားလာခြင်းကိုလည်းအထူးရှောင်ကြဥ်ကြပါရန် အသိပေးလိုက်သည်)
ထို့အတူ သပိတ်ကျင်းမြို့အောင်စက်ြာဘုရားတောင်ပေါ်တွင် နေရာယူထားသော နောက်ချန်စခများစုစည်းနေချိန်တွင် ၁၀၇ MM ဖြင့် ပြစ်ခတ် Tikekhite ခဲ့ပါသည်။
‌ ပုဏ္ဏားကြီး‌ ကျေးရွာအတွင်း မိုင်းခွဲ Tikekhite မှုကြောင့် ထိခိုက်ခဲ့သော စခအတို၊အပြတ်(၃၀)ကျော်ခန့်အား ဖောကားဖြင့် ဓမ္မပီတိလမ်းမှ ဖောကားဖြင့်သယ်ဆောင်သွား‌သည်ကို မိမိတို့‌ မြေပြင်စောင့်ကြည့်ရဲဘော်မှ မျက်မြင်တွေ့ရှိခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပါသည်။
၎င်း Tikekhite မှုအား -
NINE PDFတပ်ဖွဲ့
ဗိုလ်လင်းယုန်တပ်ဖွဲ့(သပိတ်ကျင်းတိုက်နယ် ပကဖ)
ဗိုလ်မိုးကြိုး တပ်ဖွဲ့
ဒေသခံတော်လှန်ရေးအင်အားစုတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

31/03/2023

ထီးချိုင့်မြို့နယ်မှ ကျောက်စိမ်းများ တင်ဆောင်လာသော (၄၃)စီးပါ ခွေးယာဥ်တန်းအား လုံခြုံရေးယူ လိုက်ပို့ပြီး ပြန်လာသော ခွေးကားနှစ်စီးအား စောင့်ကြိုTike khiteခြင်း


ဖြစ်စဥ်မှာ ယမန်နေ့ (၃၀.၃.၂၀၂၃)ရက်နေ့ နေ့လည် (11:00)နာရီ အချိန်တွင် ထီးချိုင့်မြို့နယ်မှ မန္တလေးဘက်သို့ ကျောက် စိမ်းများ တင်ဆောင်လာသော (၄၃)စီးပါ ခွေးယာဥ်တန်းအား လုံခြုံရေးယူကာလိုက်ပို့ပေးပြီး ပြန်လာသော ကားနှစ်စီးကို သပိတ်ကျင်းမြို့နယ်၊ကျောက် ဖြူကျေးရွာ နှင့်ကြက်ရိုးပင်ကျေးရွာ ကြားတွင်ကျွန်ုပ်တို့ ပူးပေါင်းတပ်ဖွဲ့ များမှ Tike khiteခဲ့ကြပါသည်။
ပထမတစ်စီးအား (၄၀)မမများ ၊လက်နက်ငယ်များဖြင့် ပြစ်ခတ်ခဲ့ရာ ကားနောက်ပိုင်းအား ထိမှန်၍ တလကြမ်း မောင်းပြေးသွားခဲ့ပါသည်။ မောင်းပြေးသွားသည့် ကားအား နောက်အဖွဲ့သားများမှ ထပ်မံ၍ ဝိုင်းဝန်းပြစ်ခတ်ခဲ့ရာ ဇကာပေါက်ဖြစ်၍ ကျောက် ဖြူရွာဘက်သို့ ရမ်းသမ်းပြစ်ခတ်ရင်း မောင်းပြေးသွားခဲ့ပါသည်။
ထို့နောက် ဒုတိယကားမှာ ကားခေါင်းအား တည့်တည့်ထိမှန်၍ ဒရိုင်ဘာဘေးမှ စခမှာ အရှင်လတ် လတ် ငရဲသို့ရောက်သွားခဲ့ကာ ကားသမားမှာလည်း ကားပေါ်မှ ဒရွတ်တိုက်ဆင်းပြေးသွားခဲ့ပါသည်။ထိုအချိန်တွင်ကားပေါ်မှ စခများထံသို့ (၄၀)မမများဖြင့် ပြစ်ထည့်လိုက်ရာ စခတချို့မှာ ကားအောက်သို့ပင် မဆင်းနိုင်တော့ချေ။ ကားပေါ်မှဆင်းနိုင်သော ခွေးတချို့မှ ကားအောက်သို့ ဝင်၍ ကျွန်ုပ်တို့ရဲဘော်များနှင့် အပြန်အလှန်ပြစ်ခတ်ခဲ့ကြ၍ တချို့မှာ ထွက်ပြေးပုန်းရှောင်နေခဲ့ကြပါသည်။အပြန်လှန်ပြစ်ခတ်ချိန်အတွင်း ကျွန်ုပ်တို့ရဲဘော်တစ်ဦးမှာ ကျည်ထိမှန်၍ ဒဏ်ရာအနည်းငယ်(မစိုးရိမ်ရ)ရရှိခဲ့သည်။
တိုက်ပွဲအတွင်း ဆိုင်ကယ်မောင်းလာသော ပြည်သူတစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ပါသည်။
၎င်းတိုက်ပွဲတွင် ကျွန်ုပ်တို့ပူးပေါင်းအဖွဲ့မှ စစ်ရေးအသာစီးဖြင့် တိုက်ခိုက်နိုင်ခဲ့သော်လည်းကျွန်ုပ်တို့ပူး‌ပေါင်းရဲဘော်များမှာ တိုက်ပွဲကြာချိန်(45)မိနစ်ခန့် ရှိပြီဖြစ်၍ ဆုတ်ခွာခဲ့ကြပါသည်။ဆုတ်ခွာချိန်အတွင်း ကျည်ထိမှန်ထားသော ပြည်သူအား ကယ်တင်ဆေးကုပေးရန် ကြိုးစားခဲ့သော်လည်း ခွေးများဘက်မှစစ်ကူများ လာရောက်နေပြီ ဖြစ်၍ ရမ်းသမ်းပြစ်နေသော စခများ၏ ကျည်လွတ်ရာသို့သာ ပြောင်းရွေ့ပေးနိုင်ခဲ့ပါသည်။အပြည့်အဝကယ်တင်မပေးနိုင်ခဲ့သောကြောင့် ကျွန်ုပ်တို့ပူးပေါင်းအဖွဲ့မှ ဒဏ်ရာရပြည်သူအား အနူးအညွတ် တောင်းပန်အပ်ပါသည်။🙏🙏🙏
၎င်းတိုက်ပွဲတွင် စခများဘက် မှ စစ်ကြောင်းမှူးတစ်ဦးအပါအဝင်(၅)ဦးသေဆုံးပြီး၊(၄)ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း၊မောင်းပြေးသွားသောကားပေါ်မှခွေးများလည်း အများအပြားဒဏ်ရာရရှိကြောင်း ဖရဲသီးမှ အတွင်းသတင်းပေးပို့ခဲ့ပါသည်။ကားနှစ်စီးမှ ပထမတစ်စီးမှာ ဇကာပေါက်ဖြစ်သွား၍ နောက်စီးမှာကရိန်းဖြင့် ဆွဲယူသွားခဲ့ရကြောင်း သိရှိရပါသည်။
ဤမစ်ရှင်‌ ဖော်ဆောင်မှုအား
# ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင်ပ.က.ဖ)
# Nine PDF တပ်ဖွဲ့နှင့်
# ဗိုလ်ဇင်ယော် PDF တပ်ဖွဲ့ တို့မှပူးပေါင်း ဖော်ဆောင်ခဲ့ကြပါသည်။
# # #နောက်နောင်တွင်လည်း တိုက်ပွဲများ ပိုမိုပြင်းထန်လာမည်ဖြစ်၍ ဤဖြစ်စဥ်အား နမူနာယူကာ ပြည်သူများမှ စခများနှင့်ဝေးရာတွင် နေပေးကြရန်၊ စခကားများအကြားမှ မောင်းနှင်ခြင်းများ လုံးဝ(လုံးဝ ) မပြုလုပ်ကြရန် ထပ်မံသတိပေးလိုက်ပါသည်။ည(8:00)နာရီ မှ နံနက်(5:00)နာရီ အချိန်အတွင်း မန္တလေး-မိုးကုတ် ကားလမ်းပိုင်းအား အသုံးမပြုကြရန် အထူး ထပ်မံ၍သတိပေးလိုက်သည်။ အကယ်၍ လိုက်နာခြင်းမရှိခဲ့ပါက မိမိတို့ တာဝန်သာဖြစ်ပါကြောင်း # # #

#ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပ.က.ဖ) #
ကျွန်ုပ်တို့၏ မစ်ရှင် Video ဖိုင်များကို ဗိုလ်လင်းယုန် YouTube Channel တွင်လည်းဝင်ရောက်ကြည့်ရှူနိုင်ပါသည်။
YouTube channel link👇👇👇
https://youtube.com/-ot9ih6rb5m

27/02/2023

စဉ့်ကူးမြို့နယ်၊ ငပြင်းအင်းကျေးရွာ စကစခန့်အုပ်ကြီး ကျော်ဝင်းနိုင်အားသွားရောက်ဖမ်းဆီး

မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊စဉ့်ကူးမြို့နယ်၊ ငပြင်းအင်းကျေးရွာအား (26.2.2023)ရက်နေ့ (၁း၄၅)အချိန်ခန့်တွင် စကစခန့်အုပ်ကြီး ကျော်ဝင်းနိုင်နှင့် ပျူသင်တန်းဆင်းများအား သွားရောက်ဖမ်းစီးရာ စကစခန့်အုပ်ကြီးကျော်ဝင်းနိုင်နှင့် ပျူခေါင်းဆောင် ပါကြီးဆိုသူတို့မှာ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။ တပ်ဖွဲ့ဝင်များလှည့်လည်ရှာ‌ဖွေသော်လည်း မတွေ့ရှိရဘဲ ပျူသင်တန်းတက်ရောက်ရန် စာရင်းပေးထားသူအချို့နှင့် ရွာသူရွာသားများသာတွေ့ရှိခဲ့ရသည်။ ၎င်းပျူသင်တန်းစာရင်းပေးထားသူများအား စစ်ဆေးမေးမြန်းရာ ထဲထဲဝင်ဝင်သိရှိထားသူ တယောက်မျှမတွေ့ရှိခဲ့ရပေ။
ငပြင်းအင်းကျေးရွာ စကစခန့်အုပ်ကြီးကျော်ဝင်းနိုင်နေအိမ်အား ဝင်ရောက်ရှာဖွေရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၂) စ_စ် အခြေခံလေ့ကျင့်ရေးတပ်သို့ စာရင်းသွင်းပေးပို့ရန် ပြုစုထားသော ပျူအင်အားစာရင်း ၊ ရွေးကောက်ပွဲပြုလုပ်ရန် အိမ်ထောင်စုစာရင်းများနှင့် လက်ပစ်ဗုံ_း တလုံးတို့အား ရှာဖွေသိမ်းဆည်းနိုင်ခဲ့ပါသည်။
( (၁၃.၂.၂၀၂၃)ရက်နေ့ ည(၁ဝး၀၀)နာရီ အချိန်ခန့်တွင် စကစခန့်အုပ်ကြီး ကျော်ဝင်းနိုင်၏ တစ်ဖက်သက် လိမ်လည်စွပ်စွဲ သတင်းပေးမှုကြောင့် ငပြင်းအင်းရွာသား ဦးမန်း(အသက်-၅၀)ခန့်နှင့် သားဖြစ်သူ မောင်ခင်(အသက်-၁၇ခန့်)တို့သည် နေအိမ်တွင် စကစ၏ မတရားဖမ်းဆီးခံခဲ့ရပြီး ရွာသစ်ကြီးနှင့် ကြို့ပင်ကြား ဆည်ဘောင်ပေါ်တွင် ရက်ရက်စက်စက် အ_သ_တ်ခံခဲ့ရသည်။)
ထို့နောက် ၎င်းပျူစာရင်းပေးထားသူများနှင့် ရွာသူရွာသားများအား ငပြင်းအင်းကျေးရွာစာသင်ကျောင်းဝန်းအတွင်း စုစည်းစေပြီး ပျူစာရင်းပေးထားသူများအား ပျူသင်တန်းမတတ်ရောက်ကြရန်နှင့် တတ်ရောက်ပါက မည်သူ့ကိုမဆို ထိထိရောက်ရောက် အပြစ်ပေးသွားဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။ဆက်လက်၍ ရွာသူရွာသားများအားလည်း ဒလန်မလုပ်ကြရန်၊ စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်ခြင်းမပြုလုပ်ဘဲ ဝေးဝေးနေကြရန်၊ တော်လှန်ရေးထဲတွင် ထဲထဲဝင်ဝင်ပါဝင်ကြရန်နှင့် တော်_လှန်ရေးအင်အားစုများကို ကူညီထောက်ပံ့ပေးကြရန် စည်းရုံးဟောပြောခြင်းများလုပ်ဆောင်ခဲ့သည်။
၎င်းနယ်မြေရှင်းလင်းခြင်းနှင့် စည်းရုံးဟောပြောမှုတို့အား မိမိတို့NINE PDFတပ်ဖွဲ့နှင့် ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပ.က.ဖ)
ဗိုလ်ကောင်းကင်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပ.က.ဖ)
စဉ့်ကူးမြို့နယ် (ပ.က.ဖ)
တို့မှပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

Want your organization to be the top-listed Government Service in Sagaing?
Click here to claim your Sponsored Listing.

Category

Website

Address

Street 21
Sagaing