Success Life 11

Success Life 11

Share

26/12/2023

🔷 စိတ်ညစ်နေလားသူငယ်ချင်း...
မင်းလိုပဲ စိတ်ညစ်နေသူတွေ အများကြီးပါ။

🔷 တစ်ယောက်ယောက်ကို
ရင်ဖွင့်ချင်နေလား သူငယ်ချင်း..
ခဏတော့ သည်းခံ မျိုသိပ် လိုက်ပါ...

🔷 တစ်ခါတစ်လေကျရင်လေ
ဒီနေ့ ပြောချင်နေတဲ့ စကားကို
နောက်တစ်ရက် ရွှေ့လိုက်လို့လည်း
အများကြီး နောက်ကျ မသွားပါဘူး ။

🔷 မင်းမမျိုသိပ်နိုင်တော့ရင်
နောက်နေ့မှ..ငါ့ကိုပြောပြနော်...

🔷 သေချာပါတယ် နောက်နေ့ကျ
ငါမေးတဲ့အခါ..
မင်းက "ဒီလိုပါပဲ
ဘာမှ မဟုတ်တော့ပါဘူး "
လို့ ပြန်ပြောလိမ့်မယ်။

🔷 ဒီလိုပါပဲ သူငယ်ချင်း..ခံစားချက်ဆိုတာ...
အရှိန် တက်နေတုန်းတော့ ရင်နဲ့အမျှပါပဲ....
တစ်ရက်ထက်တစ်ရက်
ရက်ကြာလာတာနဲ့အမျှ
အနယ်ထိုင်သွား လိမ့်မယ်။

အဲ့ဒီ အခါမှာ မင်း..

🔷 တစ်ချို့ခံစားချက်တွေကို
ပြန်ပြောပြချင်စိတ် မရှိတော့ဘူး..

🔷 တချို့ခံစားချက်တွေကို
ဥပက္ခာ ပြုတတ်လာမယ်....

🔷 တချို့ခံစားချက်တွေကို
မင်းပြန်သုံးသပ်တတ်လာမယ်....

🔷 တချို့ခံစားချက်တွေကို
သင်ခန်းစာ ယူတတ်လာမယ်...

🔷 တချို့ခံစားချက်တွေက
ဟာသ ဖြစ်သွားမယ်....

🔷 တချို့ခံစားချက်တွေက
တစ်ကယ်တွေးကြည့်ရင် ဘာမှ မဟုတ်ပါဘူး...

🔷 မင်းစဉ်းစားကြည့်
မင်းခံစားချက်တွေကို ငါ့ကိုရင်ဖွင့်ရင်
မှန်လား မှားလားဆိုတာ....

🔷 မစာနာလို့ပြောတာမဟုတ်ဘူးနော်
ကိုယ်ချင်းစာလို့ ပြောပြတာ....

🔷 မင်းစကားအဖတ်တင်
ကျန်မနေစေချင်လို့ပါ...မင်းခံစားချက်ကို
လူတကာလိုက်ပြောရအောင်
ဝတ္ထုတစ်ပုဒ်မှမဟုတ်ပဲ...
ရင်နဲ့အမျှ ခံစားခဲ့ရတာ တွေလေ

🔷 ပြောပြရင်တော့ နားထောင်ကြမှာပဲ..
နားထောင်လို့ ကောင်းတာကိုး..
အပြည့်အဝ ထပ်တူ
ခံစားပေးလိမ့်မယ်လို့ မင်းထင်သလား...

🔷 သူတို့က မင်းမဟုတ်ဘူးလေ ....
မင်းအကြောင်းကို မင်းသာ အသိဆုံး....
မင်းခံစားချက်ကိုလည်း မင်းသာ အသိဆုံး ...

🔷 ဘာလုပ်သင့်တယ်ဆိုတာ
မင်းသာ အသိဆုံး ဖြစ်ရမှာပေါ့...

🔷 ငါပေးတဲ့ အကြံက
ဘယ်လောက်မှန်နိုင်မှာမို့လို့လဲ...
ငါခိုင်းတဲ့ အတိုင်းကော
မင်းလိုက်လုပ်မှာမို့လို့လား

🔷 စိတ်ပေါ့သွားရုံသက်သက်နဲ့တော့
ရင်မဖွင့်ပါနဲ့....မင်းခံစားချက်တွေ
တန်ဖိုးမဲ့ သွားမှာ ...
စကား အဖတ်တင်ကျန်ခဲ့မှာ စိုးလို့ပါ..

🔷 တစ်ချို့ခံစားချက်တွေက
ခံစားရတဲ့သူတိုင်း
မှန်နေတယ်လို့ ပြောလို့မရဘူး..
နေရာတိုင်းမှာ အကြောင်း
အကျိုးဆက်နွယ်မှုတွေရှိနေတတ်တာကို
မမေ့ဖို့တော့ မှာချင်တယ် ....

🔷 နွားသိုးမှန်ရင် ဂျိုချက်နဲ့ မကင်းပါဘူး ...
ရင့်ကျက်မှုဆိုတာကလည်း
ရင်ထဲက အနာတရတွေက
တစ်ဆင့် ရလာတာ....
ဘဝအတွေ့အကြုံတွေကနေ
တစ်ဆင့်ရလာတာပါ...

🔷 ဒဏ်ရာမရှိတဲ့
နှလုံးသားပိုင်ရှင်ဖြစ်ချင်ရင်တော့
မင်းကလေးလေးပဲလုပ်တော့..
ဘယ်တော့မှ လူလားမြောက်လာမှာ မဟုတ်ဘူး..

🔷 စိတ်ညစ်ပြေသွားပြီလားသူငယ်ချင်း ....
စိတ်ညစ်မပြေသေးဘူးဆို
နောက်နေ့တွေကျမှ ငါ့ဆီလာ ရင်ဖွင့်လိုက်ပါ......

26/12/2023

ခွန်အားဖြည့် စာစုလေးတွေမို့မျှဝေ
********************************
{1} ပညာ၏ ရည်ရွယ်ချက်မှာ ဗဟုသုတ စုရန်မဟုတ်
စုပြီးသား ဗဟုသုတကို အသုံးချရန် ဖြစ်သည် ။

{2} "လောက၌ အဖိုးထိုက်တန်သော အရာသည်
ဆောင်ယူရန် ခက်ခဲ၏" ။
"ဆောင်ယူရန် ခက်ခဲသော အရာသည်
လောက၌ အဖိုးထိုက်တန်၏" ။

{3} "လူလိမ္မာတို့သည် တပါးသူ၏ အမှားမှ
သင်ခန်းစာ ယူတတ်ကြ၏" ။
"လူမိုက်တို့သည် မိမိကိုယ်တိုင် မှားပြီးမှ
သင်ခန်းစား ယူတတ်ကြ၏" ။
"ပို၍ မိုက်မဲသော သူတို့သည်
မိမိကိုယ်တိုင် မှားပြီးပါလျက်နှင့်ပင်
သင်ခန်းစာ မယူတတ်ကြကုန်" ။

{4} ခွန်အားကြီးမားသူတို့သည် မိတ်ဆွေဖြစ်လာလျင်
အလွန် အားကိုးရသော်လည်း
ရန်သူ ဖြစ်လာသော အခါတွင်မှု
အလွန် ကြောက်စရာ ကောင်းတတ်၏ ။

{5} အရက်အိုးထဲ ခေါင်းနှစ်ထားခြင်းဖြင့်
ပြဿနာများအားလုံး ပြေလည်စေမည်ဟု
ကျွန်ုပ် မည်သည့် အခါမှ မယုံကြည်ခဲ့ပေ ။

{6} အချိန်တွေ ဖြုန်းတာဟာ
ကိုယ်ရည်ကိုယ်သွေးကို ကျစေပြီး
လူတောထဲလည်း မတိုးရဲတော့ဘူး
တက်ကြွမှုတွေ,ရဲရင့်မှုတွေ ပျောက်ဆုံးကုန်တတ်တယ် ။

{7} ကမ္ဘာပေါ်ရှိ အကောင်းဆုံး ဆေးဝါးများကို
မှီဝဲ,သုံးဆောင်ခြင်းထက် ရောဂါမရခင်
သတိဖြင့် နေထိုင်,စားသောက်,လုပ်ကိုင်ခြင်းက
သင့် ကျန်းမာရေးအတွက် အကောင်းဆုံး ဖြစ်သည် ။

{8} ဒုံးပျံတွေ,လေယာဉ်ပျံတွေ,ဂြိုလ်တုတွေရဲ့ အစဟာ
စိတ်ကူးယဉ်အိပ်မက်ပါ ။ လက်တွေ့ဟူသမျှ
စိတ်ကူးယဉ်,အိပ်မက်က စခဲ့တာပါ ။ ဒါကြောင့်
ကြီးမားတဲ့ စိတ်ကူးယဉ်,အိပ်မက်လှလှလေးတွေ
များများ မက်ပေးပါ ။

{9} ကြုံတွေ့ရတဲ့ ခလုတ်,ကန်သင်းတွေကို
လှေကားထစ်တွေအဖြစ် ပြောင်းလဲနိုင်ရမည် ။
တိုက်မိတဲ့ ကျောက်တုံးတွေကို ခြေနင်းတုံးတွေအဖြစ်
အသုံးပြုတတ်ရမယ် ။

{10} ငယ်ရွယ်ချိန်မှာ ကိုယ့်ကိုယ်ကို ခိုင်းပါ ။
ငယ်ရွယ်ချိန်မှာ ကိုယ့်ကိုယ်ကို မခိုင်းရင်
ကြီးလာတဲ့အခါ သူများခိုင်းတာ ခံရလိမ့်မယ် ။

{မိုးတိမ်-မှတ်စု} မှ

Credit: Original writer

26/12/2023

တကယ်ကောင်းလိုက်တာကျွန်တော်နဲ့အရန်းကိုတိုက်ဆိုင်သွားတယ်☺☺☺☺
ခင်ဗျားကို ကျွန်တော်ချစ်တယ်
ခင်ဗျားကို ကျွန်တော်ချစ်တယ်တဲ့ ။ ကျွန်တော်တို့ ဒီစကားကို ဒီထက်ရှင်းအောင် ပြောလို့ မရတော့ဘူးလို့ ထင်တာပဲ။ ကျွန်တော်တို့ ဘဝမှာ အကြိမ်ကြိမ်လည်း ပြောဖူးကြပါလိမ့်မယ်။ ပြောခွင့် မရှိတော့တာမျိုးလည်း အကြိမ်ကြိမ် ရှိခဲ့ကြမယ်။
ကျွန်တော်တို့ အရက်တွေသောက်ကြတဲ့ အခါ ပြောလေ့ရှိတဲ့ စကားလို For the Ladies we loved, For the Ladies we lost ပေါ့ဗျာ။ ကျွန်တော်တို့ ဘဝမှာ ချစ်ခဲ့ဖူးပြီး ဘယ်တော့မှ ပြန်မတွေ့တော့ကြေး ဆုံးရှုံးသွားခဲ့ရတဲ့ အမျိုးသမီးတွေ ရှိတယ်လေ။ ကျွန်တော်တို့ က ယောက်ျားတွေဆိုတော့ တချို့စကားတွေကို နှုတ်ကနေ ပြောလို့ မထွက်ကြဘူး။
ညီလေး စဝ်ခွန်ဇက သူ့စာတွေကို ကဗျာတွေ အက်ဆေးတွေရယ်လို့ ခေါင်းစဉ် မတပ်ပါဘူး။ ကျွန်တော်ကလည်း မင်းရေးတာတွေကို ငါဝေဖန်မှာ မဟုတ်ဘူး နော်။ အချစ်အကြောင်းတော့ နည်းနည်း ပြောကြည့်မယ်လို့ မျက်နှာချင်းဆိုင် ပြောခဲ့ပါတယ်။

သူရေးထားတာတွေက ပေါ့ပါးလွတ်လပ်ပြီး ချစ်ဖို့ ကောင်းပါတယ်။ မိုတွေ ရွာနေတဲ့ အချိန် ကော်ဖီတစ်ခွက်လို၊ ဆောင်းညထဲက ဝီစကီတစ်ခွက်လို ကျွန်တော်တော့ ရိုးဖြောင့်တဲ့ မေတ္တာစာလွှာတချို့ကို ဖတ်ခဲ့ရတာပဲ။ သူ့အတွက်တော့ ငိုချင်စရာတွေလည်း ဖြစ်ကောင်းဖြစ်နေနိုင်တာပေါ့။
ခင်ဗျားကို ကျွန်တော်ချစ်တယ်…တဲ့ ။ သူ့မှာ စာတွေ အရှည်ကြီးရေးပြီး အသည်းကွဲရတယ် ထင်ပါတယ်။
ခင်မင်စွာဖြင့်
စစ်ငြိမ်း
ခင်ဗျားကို ကျွန်တော်ချစ်တယ်☺

05/01/2023

ငြင်းသင့်ရင် ငြင်းလိုက်ပါ
********************
ဖတ်ကြည့်နော်…

လူအများစုရဲ့ နှလုံးသားမှာ
အားနာတဲ့စိတ်က
ခိုအောင်းနေတယ်။

ကိုယ် မလုပ်ချင်တဲ့ အလုပ်
ကိုယ် မလုပ်နိုင်တဲ့ အလုပ်ကို
ဒီစိတ်အရင်း ခံနေလို့
ကူညီပေးနေရတယ်။

ကိုယ်ဘယ်လို ခံစားရမှာဆိုတာထက်
သူ့ခံစားမှုကိုပဲ ဦးစားပေးတယ်။

သူငယ်ချင်း ဖြစ်နေလို့
မိတ်ဆွေ ဖြစ်နေလို့
ဆွေမျိုး ဖြစ်နေလို့ ဆိုပြီး
ငြင်းရမှာ အားနာတယ်။

မနိုင်တဲ့ဝန်ကို ထမ်းတယ်။

မငြင်းသာတဲ့စိတ်နဲ့
ဆက်ကူညီပေးတယ်။

လောကမှာ…
အားလုံးဟာ
အလိမ်အညာတွေ မဟုတ်သလို
အားလုံးဟာ
သူတော်စင်တွေ မဟုတ်ပါဘူး။

ကိုယ်က မအားတဲ့ ကြားကနေ
အချိန် ခွဲဝေပြီး
ကူညီပေးလိုက်တယ်။

အဆင်မပြေ ဖြစ်သွားရင်…
ပါးစပ်သေနတ် အပစ်ခံရတော့မှာ။

သူ့ ယုံကြည်လို့ အားကိုးပါတယ်
ဘာညာပေါ့…

ဟော…
အဆင်လည်း ပြေသွားရော
ငါ့ ကုသိုလ်လှ ကံနဲ့ပါ ဆိုတာ
စကား ထွက်လာသေးတယ်။

အလိုလို ကိုယ့်စေတနာဟာ
ဘေးရောက်သွားတယ်။

လူတိုင်းကို
အားနာသင့်သလောက်ပဲ
အားနာပါ။

သူတစ်ပါးရဲ့ အသုံးချခြင်းကို
ခံရတာလည်း ဒီစိတ်။

ရှေ့မှာ ရယ်ရယ်ပြုံးပြုံးနဲ့
နောက်ကွယ်မှာ
ဓားနဲ့ အထိုးခံရတာလည်း
ဒီစိတ်ကြောင့်ပဲ။

"အားနာရင် ခါးပါတယ်"တဲ့။

ခါး ပါရုံတင် မကဘူး
တချို့
ဘဝပါ ပါသွားကြတယ်။

ဒါကြောင့်မို့…
ကိုယ့်နှလုံးသား ပျော်ရွှင်ဖို့ကိုလည်း
ထည့်ထွက်ပါ။

ချောင်မှာ ကပ်မငိုရအောင်
ကိုယ်လည်း အဆင်ပြေအောင်
ငြင်းသင့်ရင်…
ရဲရဲသာ ငြင်းလိုက်ပါ မိတ်ဆွေ။

Want your business to be the top-listed Advertising & Marketing Company in Sagaing?
Click here to claim your Sponsored Listing.

Address

Sagaing