Cero - Soft Drinks

Cero - Soft Drinks

Share

Photos from Cero - Soft Drinks's post 12/11/2021

Bubble tea ထဲမှာပါတဲ့ Bubble လေးတွေက အန္တရာယ် ကင်းရဲ့လား?

Bubble tea ထဲက bubble လေးတွေကိုမှ စွဲစွဲလမ်းလမ်း ကြိုက်နှစ်သက်ကြတဲ့ bubble ချစ်သူတွေကို ရည်ရွယ်ပြီး ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ပထမဦးဆုံး bubble လေးတွေကို ဘာနဲ့ပြုလုပ်သလဲအရင်ပြောပြပါမယ်။ bubble လေးတွေကို Tapioca လို့ခေါ်တဲ့ ပီလောပီနံဥကရတဲ့ အမှုန့်လေးတွေနဲ့ အဓိကပြုလုပ်ထားပါတယ်။ ဒီ Tapioca လို့ခေါ်တဲ့ ပီလောပီနံဥကရတဲ့ အမှုန့်လေးတွေနဲ့ ပြုလုပ်ထားတဲ့ bubble လေးတွေက ပီလောပီနံအမှုန့်လေးတွေကိုလုံးထားတာဖြစ်ပြီး သူတို့ကိုအချိန်ပေးပြီးပြုတ်လိုက်မှ အိစိအိစိလူကြိုက်များတဲ့ bubble လေးတွေရလာတာဖြစ်ပါတယ်။ မပြုတ်ခင်လုံးထားတဲ့ ပီလောပီနံလုံးလေးတွေက လက်ညှိုးနဲ့ လက်မကြားထားပြီး အသာလေးဖိလိုက်ရင် အမှုန့်လေးတွေအဖြစ်ပြန်လည်ကြေမွသွားတာပါ။ ပီလောပီနံမှုန့်နဲ့ လုပ်တဲ့ bubble လေးတွေက ကျန်းမာရေးကိုထိခိုက်မှုနည်းပါတယ်။ bubble ချစ်သူတွေအနေနဲ့ သေချာဝါးဖို့တော့လိုအပ်ပါတယ်။ အဲလိုမဟုတ်ရင် bubble လုံးလေးတွေက လည်ချောင်းမှာတစ်ပြီး အသက်ရှူလမ်းကြောင်းပိတ်တာ အစာမကြေတာ စတဲ့ ပြဿနာလေးတွေတော့ကြုံရနိုင်ပါတယ်။ ဒီပြဿနာတွေဟာလည်း bubble လုံးလေးတွေမှမဟုတ်ပါဘူး မည်သည့်အစားအစာမဆို သေချာမဝါးပဲစားရင် ဖြစ်နိုင်တဲ့ပြဿနာလေးတွေမို့ သတိထားသင့်ပါတယ်။

မကြာခင်အချိန်က ကျွန်တော် facebook ပေါ်မှာဖတ်လိုက်ရတဲ့သတင်းလေးတွေမှာ ကလေးလေးက bubble စားပြီးဆေးရုံရောက်သွားတယ် တရုတ်မလေး bubble စားပြီး ဆေးရုံရောက်သွားတယ် ဆေးရုံရောက်တော့ အစာအိမ်ထဲမှာ bubble တွေကို အလုံးလိုက်တွေ့တယ်လို့တွေ့လိုက်ရတယ်။ ဒါတွေဟာ တချို့ bubble tea ဆိုင်တွေမှာ အသုံးပြုတဲ့ ready made bubble တွေကြောင့် ဖြစ်ပါတယ်။ ready made bubble တွေက အချိန်ပေးပြီး ပြုတ်စရာမလိုတဲ့အတွက်ကြောင့် အလွယ်တကူ အသုံးပြုနေကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ready made bubble တွေမှာ bubble လေးတွေကို ပိုကြီးစေတဲ့ဆေး ပြီးတော့ တာရှည်ခံဆေးတွေပါဝင်ပါတယ်။ ဒါတွေဟာလည်း တစ်ခါတစ်လေမှစားသုံးတာတကြောင်း ကိုယ်ခံအားကောင်းတာတစ်ကြောင်းကြောင့် လူကြီးတွေအတွက် ပြဿနာကြီးကြီးမားမားမဖြစ်နိုင်ပေမဲ့ ကိုယ်ခံအားနည်းသေးတဲ့ ကလေးတွေအ‌တွက်တော့ အစာချေဖျက်မှုအားနည်းတဲ့အတွက် သတိထားသင့်ပါတယ်။ တချို့ ဝိသမလောဘသားတွေကတော့ ready made bubble တွေကို ရာဘာတွေနဲ့ ပြုလုပ်လာကြတာကြောင့် bubble ချစ်သူတွေအနေနဲ့ အထူးဂရုပြုသင့်ပါတယ်။

ကျွန်တော်တို့ Cero - Soft Drinks မှာ အသုံးပြုတဲ့ bubble လေးတွေကတော့ အပေါ်ကပြောခဲ့တဲ့ Tapioca လို့ခေါ်တဲ့ ပီလောပီနံကရတဲ့ bubble လေးတွေကို အချိန်ကုန် အပင်ပန်းခံပြီးပြုတ်ပေးထားတဲ့အတွက်ကြောင့် စိတ်ချစွာစားသုံးနိုင်ပါတယ်။ ကျွန်တော်တို့ Cero - Doft Drinks မှာ Strawberry Milkshake, Blueberry Milkshake, Thai Red Tea နဲ့ Thai Green Yea လေးတွေမှာပဲ bubble ထည့်ပေးပြီး ကျန်တဲ့ Smoothie, Soda နဲ့ Juice တွေမှာတော့ Bubble မပါပါဘူးဗျ။ Bubble ပါတဲ့ အအေးလေးတွေကိုမှာတဲ့အခါမှာ Bubble မကြိုက်ရင် ကြိုပြောပြီး မထည့်ခိုင်းရင်လည်း ရပါတယ်ဗျ။

Bubble အကြောင်းဗဟုသုတရအောင်ပြန်လည်မျှဝေလိုက်ပါတယ်။ Cero - Soft Drinksမှ ဝယ်ယူအားပေးကြတဲ့ Customer များကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

Image source - Internet

Photos from Cero - Soft Drinks's post 08/11/2021

Cero - Soft Drinks မှ အအေးနှင့် ကြက်ဥလိပ်လေးများကို ဝယ်ယူအားပေးကြသော customer တစ်ဦးချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ပါတယ်ဗျ။🙏🙏
ကျွန်တော်တို့ Cero - Soft Drinks မှ အကောင်းဆုံးဖြစ်အောင်ကြိုးစားနေပါတယ်။ Cero - Soft Drinks ရဲ့ page cb မှတစ်ဆင့် ဝေဖန်အကြံပြုပေးဖို့ ဖိတ်ခေါ်ပါတယ်။ မည့်သည့်ဝေဖန်အကြံပြုချက်ကိုမဆို ကျေးဇူးတင်စွာလက်ခံပါတယ်ခင်ဗျာ။

Photos from Cero - Soft Drinks's post 05/11/2021

Deli Free hour 🕒🕒🕒

နေ့လည် ၃ နာရီ အတွက် order မှာယူနိုင်ပါပြီ။🍹🍹🍹
ကျွန်တော်တို့ Cero - Soft Drinks မှ အအေးများကို ဒီနေ့နေ့လည် ၃ နာရီအတွက် အကြို order မှာယူမယ်ဆိုရင် Deli Free နဲ့ အိမ်ရှေ့အရောက်ပို့ဆောင်ပေးမှာဖြစ်ပါတယ်။🍷🍷🍷

Hello လေးတစ်ချက်သာလုပ်လိုက်ပါခင်ဗျာ။
Ph. 09 974 764 154
Page cb မှလည်းမှာယူနိုင်ပါတယ်။

ကျွန်တော်တို့ Cero - Soft Drinks မှ အအေးလေးတွေကို နေ့စဉ် မနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ မှာယူအားပေးနိုင်ပါတယ်ဗျ။

Want your business to be the top-listed Food & Beverage Service in Sagaing?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Sagaing

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00