Aaron
ကျွန်တော်က မကောင်းဘူး
မှန်တယ်...မငြင်းဘူး...။
ကျွန်တော်က ခင်ဗျားကို
ဝမ်းနည်းအောင်လုပ်တယ်
မှန်တယ်...မငြင်းဘူး...။
စိတ်ဆိုးလို့ ပြောချင်ရာတွေ
ပြောတယ် မှန်တယ်..မငြင်းဘူး။
ကျွန်တော့်လောက် နားလည်ပေးပြီး
ခင်ဗျားအပေါ် အောက်ကျို့ခံတဲ့သူ
ခင်ဗျားရှာကြည့်လိုက်စမ်းပါ..။
လူတစ်ယောက်ကိုလွှတ်ချတယ်ဆိုတာ
မဆက်သွယ်ခြင်းကနေ
စတင်ပါတယ်။
သိပ်နာကျင်၊သိပ်ဝမ်းနည်းနေရင်တောင် ကျော်လွှားနိုင်ရမယ်။
မဆက်သွယ်မိအောင် နေရမယ်။
အသံလေး သိပ်ကြားချင်နေရင်တောင် ဖုန်း မခေါ်သင့်ဘူး။
စာမပို့သင့်ဘူး။
တစ်ဖက်ကကိုယ့်ကို အလိုမရှိတော့ဘူး ။
မချစ်တော့ဘူးဆိုတာကို လုပ်ရပ်နဲ့ဖြစ်စေ၊စကားလုံးဖြစ်စေ ဖော်ပြတဲ့အခါ အလိုက်တသိ ထွက်သွားပေးရတယ်။
ဒါက အချစ်ကို လေးစားခြင်း ဖြစ်သလို တစ်ဖက်လူကို လေးစားရာလည်း ရောက်ပါတယ်။
တစ်နာရီ မဆက်သွယ်ဘူး။
တစ်နေ့ မဆက်သွယ်ဘူး။
သုံးရက် မဆက်သွယ်ဘူး။
တစ်ပတ် ကနေ တစ်လ။
နှစ်ဝက်ကနေ တစ်နှစ်
မဆက်သွယ်ဘဲ နေနိုင်သွားပါတယ်။အချိန်တစ်ခုရောက်တဲ့အခါ အရင်က ဖုန်းတွေ သိပ်ဆက်ချင်တဲ့လူ၊စကားတွေ သိပ်ပြောချင်တဲ့လူက ခုတော့လည်း
မတော်လို့ လမ်းတစ်ကွေ့မှာ
တွေ့ရင်တောင် စကားမပြောချင်တော့ဘူး။ဘာလို့ ဒီလူကို
ချစ်မိတာလဲ တွေးမိပြီး ရယ်ချင် ရယ်နေမယ်။အချစ်က ဟာသ တစ်ခုပါလားပေါ့။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Sagaing