MAMM Fight Gear

MAMM Fight Gear

Share

20/10/2025

GSP ရဲ့ အကောင်းဆုံးအချိန် နဲ့ ခါဘစ်ရဲ့ အကောင်းဆုံးအချိန် တွေ့ခဲ့ကြမယ်ဆိုရင် ဘယ်သူနိုင်မလဲ?

ကောမန့်ကနေ ညီကိုတို့ရဲ့ အမြင်ကို ရေးသွားပေးပါဦး။

ကျွန်တော်ကတော့ ဘက်စုံတော်တဲ့ GSP ပဲ နိုင်သွားမယ်ထင်ပါတယ်.. ညီကိုတို့ရဲ့ အမြင်ကရော.. 💪

11/10/2025

ONE Friday Fights 126 မှာ မြန်မာ့ပရိသတ်တွေ အားပေးခဲ့တဲ့ သွေးလင်းထက် ဟာ မွေထိုင်း Legend တစ်ဦးဖြစ်တဲ့ Sam-A Gaiyanghadao ကို အမှတ်နဲ့ ရှုံးနိမ့် ခဲ့ရပါတယ်။ ဒီပွဲဟာ သမိုင်းဝင်ပွဲကောင်းတစ်ပွဲဖြစ်ပြီး သွေးလင်းထက်ဟာလည်း သူ့ရဲ့စွမ်းရည်ကို အကောင်းဆုံးပြသခဲ့ပါတယ်။

ပွဲအစမှာ သွေးလင်းထက်က သူ့ရဲ့လူငယ်အားမာန်နဲ့ အပြင်းအထန် ဖိအားပေးတိုက်ခိုက်ခဲ့ပါတယ်။ သူ့ရဲ့ လက်သီးတွဲလုံးတွေကြောင့် Sam-A တောင် တစ်ချက်နှစ်ချက် ယိုင်သွားခဲ့ရပြီး Knockdown ကိုတောင် ရယူနိုင်ခဲ့ပါတယ်။ ဒီအချိန်ဟာ မြန်မာပရိသတ်တွေအတွက် အပျော်ဆုံးအချိန်ပါပဲ။

သွေးလင်းထက် ရှုံးနိမ့်ခဲ့ရတဲ့ အဓိကအကြောင်းရင်းတွေကတော့ Sam-A နဲ့ အတွေ့အကြုံ ကွာခြားမှုကြောင့်လို့ ဆိုရပါမယ်။ Sam-A ဟာ အသက် ၄၁ နှစ်အရွယ်အထိ ကမ္ဘာ့အဆင့်မှာ ယှဉ်ပြိုင်နေတဲ့ ဂန္ထဝင်ကစားသမားတစ်ဦးပါ။ သူဟာ သွေးလင်းထက်ရဲ့ ပြင်းထန်တဲ့တိုက်စစ်ကို စိတ်မလှုပ်ရှားဘဲ ထိန်းချုပ်နိုင်ခဲ့တယ်။ ပထမအချီရဲ့ အရှိန်အဟုန်ကို ကျော်လွှားပြီးတဲ့နောက်မှာ သူ့ရဲ့ Fight IQ ကို စတင်အသုံးချခဲ့ပါတယ်။

နောက်တစ်ခုက Sam-A ရဲ့ အကွာအဝေးထိန်းချုပ်မှု ပါပဲ။ သွေးလင်းထက် အနီးကပ်တိုက်ခိုက်ဖို့ ကြိုးစားတိုင်း Sam-A က ခြေလှမ်းမြန်မြန်နဲ့ ရှောင်ထွက်တာ၊ ကန်ချက်တွေနဲ့ အဝင်လမ်းကြောင်းပိတ်တာတွေကို ကျွမ်းကျင်စွာ လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် သွေးလင်းထက်ဟာ သူရဲ့ လက်သီးအားကို အပြည့်အဝ အသုံးပြုဖို့ ခက်ခဲခဲ့ရပါတယ်။ Sam-A ဟာ ခန္ဓာကိုယ်အားကို အများကြီးမသုံးဘဲ၊ အချိန်ကိုက် (Timing) ကောင်းကောင်းနဲ့ ခြေကန်ချက်တွေ၊ တံတောင်တွေနဲ့ တိတိကျကျ ပြန်လည်ထိုးနှက်ခဲ့တာကလည်း အမှတ်အသာစီးရစေတဲ့ အချက်တွေပါပဲ။

ဒီပွဲမှာ သွေးလင်းထက်ဟာ ရှုံးနိမ့်ခဲ့ပေမယ့် ကမ္ဘာ့အဆင့်မီ ထိပ်တန်းဖိုက်တာ ကိုတောင် လဲကျအောင် ထိုးနိုင်ခဲ့တယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။ သူ့ရဲ့ ရဲရင့်တဲ့ တိုက်ခိုက်ပုံဟာ နောင်လာမယ့်ပွဲတွေအတွက် ကြီးမားတဲ့ အလားအလာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။

ရှေ့ဆက်ပြီး အတွေ့အကြုံတွေ ရယူပြီး လိုအပ်တဲ့ နည်းစနစ်ပိုင်းတွေ ဖြည့်ဆည်းနိုင်မယ်ဆိုရင် ONE Championship ရဲ့ ထိပ်တန်းဖိုက်တာတစ်ဦး ဖြစ်လာမှာ သေချာပါတယ်။ 💪

23/09/2025

mma fighter တစ်ယောက်အဖြစ် တစ်ရက် နိုးထလာခဲ့ရင် ညီကို ဘာတွေလုပ်မလဲ?

mma fighter တစ်ယောက်ဖြစ်နေတဲ့ ညီကို ရဲ့ ပထမဆုံး တစ်နေ့တာမှာ ဘယ်အရာတွေကို အရင်ဆုံး စလုပ်မလဲ?

✔️ ကိုယ့်ကိုယ်ကို ဘယ်လို လေ့ကျင့်မှုတွေနဲ့ အရင်ဆုံး စမ်းသပ်ကြည့်မလဲ?
✔️ တခြား fighter တစ်ယောက်နဲ့ sparring လုပ်ကြည့်မလား? ဒါမှမဟုတ်
✔️ gym ကိုသွားပြီး ကိုယ့်ခန္ဓာကိုယ်ရဲ့ စွမ်းအားကို အပြည့်အဝ အသုံးချကြည့်မလား?

mma fighter တစ်ယောက်ရဲ့ ခွန်အား၊ စိတ်ဓာတ်နဲ့ အတွေ့အကြုံတွေအားလုံးကို ညီကို ရဲ့ တစ်နေ့တာအတွင်း ဘယ်လို အကျိုးရှိရှိ အသုံးချမလဲဆိုတာ ဝေမျှပေးပါဦး။

Want your business to be the top-listed Gym/sports Facility in Pyinmana?
Click here to claim your Sponsored Listing.

Telephone

Website

Address

Pyinmana