Linn

Linn

Share

12/01/2023

Credit KCC Computer Training Center
ကျွန်တော်တို့ တင်ထားပြီးသမျှ
ကွန်ပျူတာသင်ခန်းစာအားလုံးကို
တစ်စုတည်း လေ့လာနိုင်ဖို့
YouTube Link လေးတွေ စုထားပေးပါတယ် ခင်ဗျာ

ကွန်ပျူတာ အသုံးပြုသူတိုင်း
ကြုံတွေရနိုင်တဲ့ အခက်အခဲလေးတွေနဲ့
မဖြစ်မနေ သိထားသင့်တဲ့ ဗဟုသုတ
သင်ခန်းစာလေးတွေ ဖြစ်လို့
အားလုံးအတွက် လေ့လာရကြိုးနပ်စေမယ်လို့
ယုံကြည်ပါတယ်

Link တစ်ခုချင်းစီကတစ်ဆင့်
တစ်စုတည်း လေ့လာနိုင်ပါတယ်

အသစ်တင်တိုင်း အရင်ဆုံး သိရဖို့
Channel လေးကိုလဲ
Subscribe လုပ်ထားပေးခဲ့ပါဉီးခင်ဗျာ

KCC YouTube Channel
https://www.youtube.com/

================

Microsoft Word သင်ခန်းစာများ
https://www.youtube.com/playlist?list=PLWGFI3519BddUNyUuhPs9pLUdQsHg_Rhf

Microsoft Excel သင်ခန်းစာများ
https://www.youtube.com/playlist?list=PLWGFI3519BdcPYlVZn3cGrgdeNWJb0Hhw

Microsoft PowerPoint သင်ခန်းစာများ
https://www.youtube.com/playlist?list=PLWGFI3519BdfvSdv1dPTtkf2BEnRRthEx

Software Install ပြုလုပ်နည်း သင်ခန်းစာများ
https://www.youtube.com/playlist?list=PLWGFI3519Bdf2XQC1XyiVE8zCksCUM8Dk

Internet Knowledge သင်ခန်းစာများ
https://www.youtube.com/playlist?list=PLWGFI3519Bdc2Qfvd3ACPkl6AYkfktDG3

Photoshop သင်ခန်းစာများ
https://www.youtube.com/playlist?list=PLWGFI3519BdcuyLbY6y5J7Egc_Gv2Y-vW

Adobe InDesign သင်ခန်းစာများ
https://www.youtube.com/playlist?list=PLWGFI3519BdecfHRmER3nBmIao4ZWKi1E

Computer အထွေထွေဗဟုသုတ သင်ခန်းစာများ
https://www.youtube.com/playlist?list=PLWGFI3519BdeWe-4fh6Qqeps3txS8gtsG

Photos from Linn's post 08/12/2022

Excel စာမျက်နှာတိုင်းမှာ Print ထုပ်တဲ့အခါ မိမိပါစေချင်တဲ့ ဇယားခေါင်းစဉ် အလိုအလျောက်ပါအောင်ပြုလုပ်နည်း
++++++++++++++++++++++++++++++++++++++++
Credit Share4IT Myanmar

Photos from Linn's post 02/12/2022

Excel မှာ Number တွေကို % ပြောင်းလိုလျှင်
++++++++++++++++++++++++++++
Crd မူရင်းဆရာ

23/11/2022

သိထားသင့်သော ကွန်ပျူတာအကြောင်း
======================
ကွန်ပျူတာ တစ်လုံး မှာ hardware နဲ့ software ဆိုပြီး နှစ်ပိုင်း ရှိပါတယ်။
Hardware ဆိုတာက အရှင်းဆုံးပြောရရင် လက်နဲ့ကိုင်တွယ်လို့ရတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။
ဥပမာ။ ။ monitor၊ mouse
Software ဆိုတာက လက်နဲ့ကိုင်တွယ်လို့မရတဲ့ ကွန်ပျူတာအသုံးပြု ပစ္စည်းလို့ ပြောရင်လည်းမှန်ပါတယ်။
program များကို စုဆောင်းထားတာကို software လို့ခေါ်ပါတယ်။ software ဆိုတာ ကွန်ပျူတာကို ဘာလုပ်ရမယ်၊ ဘယ်အချိန်မှာ လုပ်ရမလဲဆိုတာ ထိန်းကျောင်းပေးတဲ့ ညွန်ကြားချက် အစုအဝေးလည်းဖြစ်ပါတယ်။ software မပါဘဲ ကွန်ပျူတာ ဘာမှလုပ်လို့မရသလို hardware မပါဘဲနဲ့လည်း ကွန်ပျူတာ ဘာမှ လုပ်လို့ရမှာ မဟုတ်ပါဘူး။
software မှာ နှစ်မျိုးထပ်ခွဲပါသေးတယ်။
၁။ application software
၂။ system software

application software

application software ဆိုတာကတော့ application တွေမှာ အသုံးပြုဖို့ အလုပ်လုပ်ဖို့ user (အသုံးပြုသူ)တွေကို အကူအညီပေးတဲ့ software တွေဖြစ်ပါတယ်။

system software
system software ဆိုတာကတော့ hardware တွေ အလုပ်လုပ်နိုင်ဖို့အတွက်နဲ့ application software တွေ အသုံးပြုနိုင်ရန်အတွက် maintain လုပ်ပေးပါတယ်။

နောက်ပြီး ကွန်ပျူတာမှာ ဂဏန်း နှစ်လုံးနဲ့ဘဲ အလုပ်လုပ်ပါတယ်။ 0 နဲ. 1 ပါ။ Binary number လို့လဲခေါ်ပါတယ်။ Binary Digit ကိန်းလို့လဲခေါ်ဆိုရပါတယ်။ အတိုကောက်ကိုတော့ Bit လို့ခေါ်ပါတယ်။
ဂဏန်းတစ်လုံး၊ စပေ့ဘားတစ်ချက်၊ စာတစ်လုံးကိုဆိုရင် 8 bit လို့ခေါ်ပါတယ်။
01010101 ယခုလို 0 နဲ့ 1 တွေချည်းပါတဲ့ ဂဏန်း 8 လုံးတွဲကို 8 bit လို့ခေါ်ပြီး 8 Bit ဟာ 1 byte နဲ့ ညီမျှပါတယ်။
1 bit (binary digit*) = the value of 0 or 1
8 bits = 1 byte
1024 bytes = 1 kilobyte
1024 kilobytes = 1 megabyte
1024 megabytes = 1 gigabyte
1024 gigabytes = 1 terabyte
1024 terabytes = 1 petabyte
Abbreviations
1 kilobyte = 1 k
1 megabyte = 1 MB
1 gigabyte = 1 GB
1 terabyte = 1 TB
1 petabyte = 1 PB
Size in "bytes"
Kilobyte (KB) = 1,024
Megabyte (MB) = 1,048,576
Gigabyte (GB) = 1,073,741,824
Terabyte (TB) = 1,099,511,627,776
Petabyte (PB) = 1,125,899,906,842,624

ကွန်ပျူတာသမိုင်း

ရှေးယခင်က ကွန်ပျူတာ ကို သတ်မှတ်ဖို့ ရန်အလွန်တရာမှခက်ခဲ ခဲ့ သည်။ယခုအချိန်တွင်မူကွန်ပျူတာကို အမည်အမျိုးမျိုး ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပြီဖြစ်သည်။ ယခုအချိန်တွင်မူကိရိယာများ (Devices) တော်တော်များများကို ကွန်ပျူတာ တပ်ပြီးခေါ်နေကြပြီဖြစ်သည်။အစောဆုံး ကွန်ပျူတာ သည် တွက်ချက်မှုပိုင်းကို ပေသီး(Abacus)များမှ စခဲ့သည်။ ပေသီးသည် ပထမဆုံးဂဏန်းပေါင်းစက် ပင်ဖြစ်သည်။ ပေသီးကို တရုတ်ပြည်တွင် စတင်အသုံးပြုခဲ့သည်။

အလယ်ခေတ်အရောက်တွင် ဥရောပ သချာင်္ နှင့် အင်ဂျင်နီယာ ပညာရှင် Wilhelm Schickard က ၁၆၂၃ခုနှစ် တွင် ပထမဆုံး စက်ပစ္စည်းနှင့်တွက်ချက်သောဂဏန်းပေါင်းစက်(Calculators) တစ်ခုကို တည်ဆောက်ခဲ့သည်။သို့သော်လည်းယခုခေတ်တွင် ၎င်း ကိရိယာDevice ကို ကွန်ပျူတာ လို့ခေါ်ဆို၍ မရတော့ပေ။အဘယ်ကြောင့်ဆို သော်၎င်းကိရိယာသည် Programmed ပါဝင်ခြင်းမရှိသောကြောင့်ဖြစ်သည်။ ၁၈၀၁ ခုနှစ် တွင် Joseph Marie Jacquard သည် Textile ယက်ကန်းစက်ကို အခြေခံပြီး Punched Paper Cards Series ကို အသုံးပြုပြီး သူ့၏ ယက်ကန်းစက်ကို အလိုအလျှောက် အလုပ်လုပ်စေခဲ့သည်။ Jacquard ၏ ယက်ကန်းစက်မှ ရလဒ်သည် ကွန်ပျူတာ ဖြစ်ပေါ်တိုးတက်လာစေဖို့ရန် အကြောင်းရင်း တစ်ရပ်ဖြစ်သည်။ ၁၈၃၇ ခုနှစ် တွင် Charles Babbage သည် Programmable Mechanical Computer ကို စတင် Design ရေးဆွဲခဲ့သည်။ Analytical Engine ဟုအမည်ပေးခဲ့သည်။ ၁၈၉၀ ခုနှစ် အရောက် တွင်US Census က Punched Card အတွက် ကြီးမားသော Scale Automated Data Processing စွမ်းဆောင်ရည်ရှိအောင် Tabulating Machines ကို Herman Hollerith က Designed ရေးဆွဲခဲ့သည်။ Computing Tabulating Recording Corporation ( ယခုအခါ IBM ဖြစ်လာသည် ) က ထုတ်လုပ်ခဲ့ပါသည်။

၁၉ ရာစု အကုန်အရောက် တွင်ကွန်ပျူတာ တွေဟာ အသုံး၀င်သောအရာတစ်ခုဖြစ်လာခဲ့သည်။ ကွန်ပျူတာ သည် လူတို့ အတွက်လိုအပ်နေပြီဆိုတာက သက်သေပြလိုက်ပြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် Punched Card, Boolean Algebra , The Vacuum Tube (Thermionic Value) နဲ့ Teleprinter တွေဟာ ပေါ်ပေါက်ခဲ့သောကြောင့်ဖြစ်သည်။၂၀ ရာစု အတောအတွင်းတွင် သိပ္ပံပညာသည် များစွာတိုးတက်မှုရှိလာခဲ့ပြီး Analog Computer များလည်း တိုးတက်ပေါ်ပေါက်ခဲ့သည်။ သို့သော်လည်း၎င်း ကွန်ပျူတာများသည် Programmable မဖြစ်သည့်အပြင် အခုခေတ် Digital ကွန်ပျူတာ များ၏ တိကျသော စွမ်းဆောင်ရည် များလည်းပါဝင်ခြင်း မရှိသေးပေ။

ကွန်ပျူတာ အလုပ်လုပ်ပုံ

ယေဘုယျသုံး ကွန်ပျူတာ တွင် အဓိက လေးမျိုးမှာ ဂဏန်း သင်္ချာ နှင့် လော့ဂျစ် အစိတ်အပိုင်း (arithmetic and logic unit)၊ ထိန်းချူပ် အစိတ်အပိုင်း (control unit)၊ မှတ်ဥာဏ်(Memory Device) နှင့် အသွင်း အထုတ် ကိရိယာ (I/O) များတို့ ဖြစ်သည်။ ၄င်း အစိတ်အပိုင်း တို့ကို ဝါယာကြိုးများ အတွဲလိုက်ဖြစ်သော ဘတ်စ် များ ဖြင့် တွယ်ချိတ်ထားသည်။

ထိန်းချုပ်ဌာန

ဗဟိုထိန်းချူပ် ဌာန (control unit, often called a control system or CPU) သို့မဟုတ် စီပီယူ သည် ကွန်ပျူတာ၏ အစိတ်အပိုင်း မျိုးစုံကို လမ်းဆောင်သည်။ ၄င်းသည် ပရိုဂရမ် ၏ ညွှန်ကြားချက်များကို တစ်ကြောင်းခြင်း ဖတ်ရှူ ပြီး အဓိပ္ပါယ် ပြန်သည်။ ထိန်းချူပ် ဌာနသည် အဆင့်မြင့်သော ကွန်ပျူတာများတွင် ၄င်းညွှန်ကြားချက် အစဉ်များကို မြန်ဆန်စေရန်အတွက် ခုန်ကျော် ဖတ်ရှူ ခြင်း လုပ်လေ့ရှိသည်။

ထိန်းချူပ် ဌာန ၏ အဓိက မှာ ပရိုဂရမ် ကောင်တာ၊ နောက် ညွှန်းကြားချက် ကို ဘယ်နေရာမှ ဖက်ရှူမည် ကို မှတ်သားထားသော အထူး သိုလှောင်ရာ ရာဂျစ်စတာ တို့ဖြစ်သည်။

MIPS architecture ၏ ညွှန်ကြားချက် ကို ထိန်းချူပ် ဌာနမှ ဖတ်ရှူပုံ ဖော်ပြသော ပုံကြမ်း

ထိန်းချူပ် ဌာန၏ အလုပ်များမှာ နောက် စီပီယူများတွင် ကွာခြားနိုင်သော်လည်း အခြေခံမှာ အောက်ပါအတိုင်းဖြစ်သည်။
ပရိုဂရမ် ကောင်တာ ညွှန်ပြသော အခန်းမှ လာမည့် ညွှန်ကြားချက် (instruction) ကုဒ်ကို ဖက်ပါ။
၄င်းညွှန်ကြားချက် ကုဒ်ကို အဓိပ္ပါယ် ပြန်ပြီး အမိန့်ပေးချက် (command) များ သို့မဟုတ် အခြားစက်များ၏ အဝင်လှိုင်း (signal) များ အဖြစ် လုပ်ဆောင်ပါ။
ညွှန်ကြားချက် အသစ်ရေးရန် ပရိုဂရမ် ကောင်တာကို တစ်ခုမြင့်ပါ။
ညွှန်ကြားချက် ပါလျှင် မှတ်ဥာဏ်(Memory Device) အခန်းများမှ အချက်အလက်များကို ဖက်ပါ။ များသောအားဖြင့် ၄င်းဖက်ရှူရမည့် အခန်းနံပါတ်ကို ညွှန်ကြားချက် ကုဒ် ထည်မှာပင် သိမ်းဆီးလေ့ရှိသည်။
ညွှန်ကြားချက် သည် အေအယ်လ်ယူ သို့မဟုတ် အထူးစက်များမှ လုပ်ဆောင်ချက်များ လိုအပ်လျှင် ၄င်းစက်အား မောင်းနှင်ပါ။
အေအယ်လ်ယူမှ အဖြေကို မှတ်ဥာဏ်(Memory Device)တွင်းသို့ ပြန်လည်သိမ်းဆည်းပါ သို့မဟုတ် ပရင့်တာ ကဲ့သို့ ပုံနှိပ်စက် များတွင် ထုတ်ပါ။
အစ အဆင့် (၁) သို့ ပြန်သွားပါ။
ဂဏန်း သင်္ချာ နှင့် လော့ဂျစ် ဌာန
Main articles: Arithmetic logic unit and အေယ်လ်ယူ
ဂဏန်း သင်္ချာ နှင့် လော့ဂျစ် အစိတ်အပိုင်း (Arithmetic and logic unit, ALU) ခေါ် အေယ်လ်ယူ သည် ဂဏန်း သင်္ချာ နှင့် လော့ဂျစ် ဆောင်ရွက်မှု အပိုင်း နှစ်ခု ကိုလုပ်ဆောင်သည်။
ဂဏန်း သင်္ချာ လုပ်ဆောင်မှုတွင် ALU သည် အခြေခံများဖြစ်သည့် အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား၊ တြီဂိုနိုမေတြီ ဖန်ရှင်များ နှင့် square root တို့ လုပ်ဆောင်သည်။ အချိုသော လုပ်ဆောင်မှု များမှာ ကိန်းပြည့်များတိုတာ လုပ်ဆောင်နိုင်ပြီး အချိုမှာ တိကျမှု ရော့ကျနိုင်သော်လည်း ဒဿမ ကိန်း (floating point) မှ ကိန်းစစ် (real number) များအထိ လုပ်ဆောင်နိုင်သည်။ သို့သော်၊ မည်သည့် ကွန်ပျူတာမဆို မည်မျှပင် ခက်ခဲသော အလုပ်ဖြစ်ပါစေ တစ်ဆင့်ခြင်း လွယ်ကူသော အဆင့်များအဖြစ် ပြောင်းလည်းစေခြင်းဖြင့် စွမ်းဆောင်နိုင်သည်။ ထို့ကြောင့် မည်သည့် ကွန်ပျူတာမဆို ဘယ်လို ဂဏန်းသင်္ချာပြဿနာမဆို ဖြေရှင်းနိုင်ပြီး ၄င်း၏ အေယ်လ်ယူ က တိုက်ရိုက် ဖြေရှင်၍မရပါက သွယ်ဝိုက်သော်နည်းဖြင့် ဖြေရှင်းနိုင်သည် ။
Credit…. Sai Myominthu

Photos from Linn's post 14/11/2022

💥မေးထားတဲ့မိတ်ဆွေများအတွက်
Epson L805 inkpad counter ‌ဖြေရှင်းနည်းလေးပါ။

⬇️Error ဖြေရှင်းရန် Software Download Link⬇️
bit.ly/3tnD55I

🌲Viber Channel🌲
https://invite.viber.com/?g2=AQAPeF9CgJ4aEFAWwYVZlK3R95nPLixZEGr7mOpy5UtBauK0P8ICWzPAbIXRWG0M

💥💥💥Telegram Channel💥💥💥
https://t.me/itopsvc01/4?single

မူရင်းဆရာကို Credit ပေးပါတယ်ဗျ

Want your business to be the top-listed Media Company in Pyinmana?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Pyinmana

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 17:00
Sunday 08:30 - 17:00