Pyay Shine Laundry Services
ဘယ်အရာမှ
အကြာကြီး မဟုတ်ဘူး
(ကျော်ဟိန်း)
သနားလိုက်ပါ
============
အကယ်၍..တစ်စုံတစ်ယောက်က သင့်ကို သေးသိမ်တဲ့ လုပ်ရပ်တွေနဲ့ ဝေဖန်တိုက်ခိုက်လာခဲ့ရင် အလျင်စလို မမုန်းလိုက်ပါနဲ့ဦး။
သင်က သူ့ကို မုန်းရမှာ မဟုတ်ပါဘူး။
သင်က သူ့ကို သနားရမှာပါ ။
၁။ သူဟာ သင့်လိုဖြစ်ချင်ပေမယ့် သင့်လိုမဖြစ်ရတဲ့အတွက် သူ့ရဲ့ အားငယ်တဲ့စိတ်ကို ရန်လိုတဲ့အသွင်အဖြစ် ပြောင်းလဲလိုက်တာလည်း ဖြစ်နိုင်ပါတယ် ။
၂။ သူ့ဘဝဟာ မပြေလည်မှုတွေများခဲ့လို့ စိတ်ချဉ်ပေါက်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။
၃။ သူက အများရဲ့ အသိအမှတ်ပြုမှုကို လိုချင်ပေမယ့် မရနိုင်ခဲ့လို့ အများက အသိအမှတ်ပြုတဲ့သူကို တိုက်ခိုက်ခြင်းနဲ့ စိတ်ဖြေတာလည်း ဖြစ်နိုင်ပါတယ် ။
၄။ သင့်ကို အားကျရင်းနဲ့ပဲ မနာလိုဖြစ်မိတာလည်းဖြစ်နိုင်ပါတယ် ။ အားကျစိတ်နဲ့မနာလိုစိတ်ဆိုတာ မျဉ်းတစ်ကြောင်းပဲခြားတာပါ ။
၅။ သင့်အကြောင်းကို တခုတ်တရပြောဆိုတွေးတောနေခြင်းဟာ သင်က သူ့စိတ်ကို လွှမ်းမိုးထားခဲ့လို့ဖြစ်ပါတယ် ။
သင်ကသာ သူ့ကို သိချင်မှသိမှာဖြစ်ပေမယ့် သူကတော့ သင့်ရဲ့အကြောင်းကို စဉ်းစားရင်း ပူလောင်နေရရှာမှာပါ ။
သင်ကျေနပ်လိုက်ပါ...
သူကတိုက်ခိုက်လို့ သင်မရှုံးပါဘူး ။
သင့်ကို စ တိုက်ခိုက်ကတည်းက သူဟာ သင့်ကို ရှုံးခဲ့ရပြီးပါပြီ ...။
ဘာဖြစ်လို့လဲဆိုတော့....
သူ့ရဲ့စိတ်ကို သင်က လွှမ်းမိုးနိုင်စွမ်းရှိခဲ့တာမို့ပါ ။
ဒါ့ကြောင့်....
သင်...သူ့ကို.....
သနားကြင်နာစွာ ခွင့်လွှတ်လိုက်ပါ....။့.......
ပုညခင်
၉.၄.၂၀၁၅
29/10/2024
" အသက်ရှင် ရပ်တည်ချင်လျှင်"
- ဆိုင်ကယ် ကလစ် / စကိုဖီး မစီးပါနဲ့။
- ကားမောင်းလျှင် မှန်တံခါးလော့ချထားပါ။
- ရွှေဆွဲကြိုး / ရွှေ မဝတ်ပါနဲ့။
- ပိုက်ဆံအိတ် / အိတ် မလွယ်ထားပါနဲ့။
- ရပ်ပြီး ဖုန်းမပြောပါနဲ့။
- လူသုံးယောက်လောက် အနားရောက်လာလျှင် ပြေးပါ။
- နောက်ကြည့်မှန်ကို ခဏခဏ ကြည့်ပါ။
- ရှောင်သင့်တာကို ရှောင်သွားပါ။
- ည၆နာရီကျော်လျှင် အပြင်ထွက်တဲ့အခါ သတိထားပါ။ လူပြတ်တဲ့လမ်းတွေ တစ်ယောက်ထဲသွားလျှင် သတိထားကြပါ။
- ညဘက်အလုပ်မှပြန်လျှင် လူသွားလူလာများသော လမ်းမကြီးများမှပြန်ပါ။
- ချောင်ကျသောနေရာ မှောင်ရိပ်ခိုသောနေရာများကိုရှောင်ပါ။
- မသွားမဖြစ်သွားလျှင် ဆိုင်ကယ်ကို ဂရုစိုက်မောင်းပါ။ လမ်းသွားရင်းဖုန်းပြောတာကို သတိထားကြပါ။ အဖွဲလိုက်လုယက်သူတွေ ရှိပါတယ်။
ကိုယ်သေသွားရင် အနည်းဆုံးတော့
ကိုယ်ပတ်ဝန်းကျင်က နှမြောတသ ဝမ်းနည်းလွမ်းဆွတ်ပြီး ကျန်ခဲ့အောင် ကြိုးစားကြပါ (ပါချုပ်ဆရာတော်)
Click here to claim your Sponsored Listing.
Telephone
Website
Address
0095