EPK's DIARY
The Path to Freedom
23/01/2025
ပြုံးပါ...
ကိုယ့်မေတ္တာတွေကို ကိုယ်ကိုယ်တိုင်အတွက်ရော တခြားသူတွေအတွက်ပါ မျှဝေပါ...
စိတ်ရှင်းရှင်းထားတတ်ပါစေ...
30/12/2024
👉🏻စိတ်လေနေဖို့ အချိန်ကို မရှိတာ...
👉🏻လောဘ,ဒေါသ,မောဟ အကုသိုလ်တွေနဲ့
နေနေဖို့ တန်ကို မတန်တာ...
👉🏻စိတ်ကောင်းရှိ,သီလမြဲ,ဝိပဿနာ စွဲသင့်နေပါပြီ...
👉🏻လူ့ဘဝ လူ့လောကကြီးထဲ ရောက်လာတာ
ဖြစ်သလိုနေပြီး ပြန်သွားဖို့မဟုတ်ဘူး ...
27/12/2024
စိတ်အေးချမ်းတည်ငြိမ်မှုကို အလိုရှိရင်
ကိုယ်ကိုယ်တိုင်က အေးအေးချမ်းချမ်း
တည်တည်ငြိမ်ငြိမ် နေတတ်ထိုင်တတ်
ပြောတတ်ဆိုတတ် တွေးတတ်တောတတ်တဲ့ သူ
ဖြစ်အောင် ကျင့်ကြံနေထိုင်သင့်ပါတယ်...
27/12/2024
ကိုယ့်ကိုယ်ကို မသိခြင်း , နားမလည်ခြင်း ,
ကိုယ့်ဖြစ်တည်မှုကို လက်မခံနိုင်ခြင်း
စ တဲ့ အချက်တွေ ကိုယ့်မှာ ဖြစ်ပေါ်ခံစားနေရရင်
ကိုယ်ဟာ ကိုယ့်အတွက် Toxic ဖြစ်နေပြီဆိုတာ
သတိထား ဆင်ခြင် ပြီး ပြုပြင်ပြောင်းလဲနေထိုင်
သင့်နေပြီဖြစ်ပါတယ်...
30/11/2024
ကိုယ့်စိတ်လေး
ဖြူစင်နေလား?
ညစ်နွမ်းနေလား?
ရှင်းလင်းနေလား?
ရှုပ်ထွေးနေလား?
ဆိုတာတွေကို သတိလေးနဲ့
စစ်ဆေးစောင့်ကြည့်စေချင်တယ်။
ကိုယ်အလေးထား ဂရုစိုက်ရမဲ့ အထဲမှာ
ကိုယ့်စိတ်လေးက ထိပ်ဆုံးကပါတယ်ဆိုတာ
မမေ့စေချင်ဘူး,,,
24/11/2024
စိတ်လွတ်လပ်မှု ရရှိကြပါစေ..
Click here to claim your Sponsored Listing.