Wai Yan Motorcycle Repair Service - Pyay
27/06/2026
ပြည်မြို့ အတွင်း ဆိုင်ကယ် ပြင်ဖို့ လိုအပ်ရင် ဆက်သွယ်လို့ ရပါတယ် ခင်ဗျ
မြန်ရမယ်၊ကောင်းရမယ်၊စိတ်တိုင်းကျရမယ်
ဆိုင်ကယ် လာယူပီး လဲ ပြုပြင်ပေးပါတယ်
☎ 09 894 517 621
လိပ်စာ ဗိုလ်တထောင် (5)လမ်း ရွာဘဲရပ် ပြည်မြို့
#ပြည်မြို့ #ဆိုင်ကယ် #အိုးဝေ #သုံးဘီး
02/06/2026
***မီးပလပ်အကြောင်း***
-ပလပ်အကြောင်း လိုအပ်တာများကို နည်းနည်းထပ်ပြောပါရစေ
ပလပ်ဆိုတာ ဆိုင်ကယ်တစ်စီးစက်နိုးဖို့အရေးကြီးတဲ့နေရာမှာပါဝင်သလို စက်သံမှန်ဖို့လည်း အရေးကြီးတဲ့အပိုင်းမှာ ပါဝင်နေပါတယ်
တချို့User တွေက ပလပ်ကိုမီးထွက်တိုင်းနိုးမယ်ထင်ကြပါတယ် ဖြုတ်တော့စမ်းတယ် ပလပ်မီးထွက်တာပဲ ကောင်းပါတယ်ဆိုပြီးပြန်တပ်တယ် ပြီးတော့ စက်ကမနိုးဘူး
ပလပ်ဖြုတ်လိုက်ထဲက ကြည့်ရပါမယ် ပလပ်က ပုံမှန်အနေထားလား အင်္ဂျင်ဝိုင်ရိုက်နေလား ဓါတ်ဆီအိုင်နေလားပေါ့
ပလပ်ကမီးထွက်တိုင်း မကောင်းနိုင်ပါဘူး စက်သံမမှန်နိုင်ပါဘူး မီးက ဒဲ့တည့်တည့်မထွက်ပဲ ဘေးကိုဖြတ်ထွက်နေတာတွေ မီးက အရမ်းဖြူနေတာမျိုးတွေဆိုရင် အဆင်မပြေပါဘူး
တချို့က ပလပ် ခဏ ခဏလဲနေရတာတွေရှိပါတယ် ဒါကတော့ ပြစ်ချက်တစ်ခုခုရှိနေလို့ပါ ကာပရိုက်တာရဲ့ ဆီပို့စနစ် မှားယွင်းမှုကြောင့်ဆီအိုင်ပြီး ပလပ်မကြာခဏလဲရတာမျိုးနဲ့
အင်္ဂျင်ပိုင်းရဲ့ ချို့ယွင်းမှု ဝရိမ်းကျခြင်းများကြောင့် အင်္ဂျင်ဝိုင်က မီးလောင်ခန်းထဲရောက်ရှိပြီး ပလပ်ထိပ်ကို အင်္ဂျင်ဝိုင်ရိုက်နေခြင်းတို့ကြောင့်အဖြစ်များတတ်ပါတယ်
တချို့Userတွေက ခရီးအဝေးကြီးကဆွဲလာရတယ် ဆိုင်ရောက်တော့ ပလပ်လောက်ပဲလဲရတယ် ဒုက္ခရောက်လို့ပါ ပလပ်လောက်ကိုစစ်တတ်အောင်အကြံပေးတာပါ
ပလပ်ဖြုတ်တပ် လုပ်တဲ့အခါလည်း သေချာလေးဂရုစိုက်ပါ ပလပ်တပ်တဲ့ အထိုင်ကသတ္ထုပါ ဒါကြောင့် အခက်မသင့်ရင် အရစ်ပြုန်းနိုင်ပါတယ် ဂရုစိုက်ဖို့အကြံပြုပါတယ်။
ဆိုင်ကယ် နဲ့ပက်သက် တဲ့ အကြောင်းအရာများကို ပုံမှန်တင်ပေးမှာ မလို့ Wai Yan Motorcycle Repair Service - Pyay 👈 နှိပ်ပေးခဲ့နော်
#ပြည်မြို့ #ပြည်သုံးဘီး #ပြည်အိုးဝေ #ပြည်ဆိုင်ကယ် #ဆိုင်ကယ်
31/05/2026
ဆိုင်ကယ် ပဲ ပြင်မလား.. ပဲ ပြင်မလား သုံးဘီးပဲ ပြင်မလား... ဘာလာလာ အချိန်မဆွဲ ပဲ စိတ်တိုင်းကျ တဲ့အထိ ပြုပြင်ပေးနေတဲ့ Wai Yan Motorcycle Repair Service - Pyay ရှိပါတယ်...
မြန်ရမယ်၊ကောင်းရမယ်၊စိတ်တိုင်းကျရမယ်
ဆိုင်ကယ် လာယူပီး လဲ ပြုပြင်ပေးပါတယ်
☎ 09 894 517 621
လိပ်စာ ဗိုလ်တထောင် (5)လမ်း ရွာဘဲရပ် ပြည်မြို့
#ပြည်မြို့ #ဆိုင်ကယ် #အိုးဝေ #သုံးဘီး
15/05/2026
ပြည်ဆိုင်ကယ်လိုင်စင် သက်တမ်းတိုးခြင်း
ဆိုင်ကယ်လိုင်စင် သက်တမ်းတိုးရန်အတွက် အဓိက လိုအပ်သော စာရွက်စာတမ်းများနှင့် ဆောင်ရွက်ရမည့် အဆင့်များကို အောက်ပါအတိုင်း ပြင်ဆင်ဆောင်ရွက်နိုင်ပါသည်။
၁။ လိုအပ်သော စာရွက်စာတမ်းများ
ယာဉ်မှတ်ပုံတင်စာအုပ် (အုံနာဘုတ်)
ဝှီးတက် (Wheel Tax)
အာမခံစာအုပ် (အနီရောင်)
၂။ ဆောင်ရွက်ရမည့် အဆင့်ဆင့်
အဆင့် (၁) - အာမခံသက်တမ်းတိုးခြင်း
ပထမဦးဆုံးအနေဖြင့် အာမခံရုံးသို့ သွားရောက်၍ မိမိ၏ အာမခံစာအုပ် (အနီရောင်) ကို သက်တမ်းအရင်တိုးရပါမည်။
အဆင့် (၂) - ဘီးခွန်ပေးဆောင်ခြင်း
အာမခံသက်တမ်းတိုးပြီးပါက သတ်မှတ်ထားသော ဘီးခွန်ကို ဆက်လက်ပေးဆောင်ရပါမည်။
အဆင့် (၃) - ဖောင်ဖြည့်ခြင်းနှင့် စာရွက်စာတမ်းတင်ပြခြင်း
ထို့နောက် ယာဥ်မှတ်ပုံတင် ဋ္ဌာန သို့ သွားရောက်၍ အောက်ပါစာရွက်စာတမ်းများနှင့်အတူ လျှောက်လွှာဖောင်ဖြည့်စွက်ရပါမည် -
အုံနာဘုတ် (မူရင်း)
ဝှီးတက်
အာမခံချလန်
ဘီးခွန်ပေးဆောင်ပြီးကြောင်း ပြေစာ
အဆင့် (၄) - ငွေသွင်းခြင်းနှင့် ထုတ်ယူခြင်း
ဖောင်ဖြည့်ပြီးပါက သတ်မှတ်ထားသော သက်တမ်းတိုးကြေးကို ငွေသွင်းရပါမည်။ ငွေသွင်းပြီးလျှင် ရုံးမှ ပြန်လည်ချိန်းဆိုသောရက်တွင် လိုင်စင်ကို သွားရောက်ထုတ်ယူနိုင်ပြီ ဖြစ်ပါသည်။
မှတ်ချက် - ရုံးချိန်းရက်တွင် မိမိ၏ ငွေသွင်းပြေစာ သို့မဟုတ် ရုံးမှပေးလိုက်သော အမှတ်အသားကို မပျောက်ရှစေရန် သေချာသိမ်းဆည်းထားပါ။
နောက်ထပ် သိလိုတာ သိရအောင် 👉 Wai Yan Motorcycle Repair Service - Pyay 👈နှိပ်ပေးထားခဲ့နော်
#ဆိုင်ကယ်သက်တမ်းတိုး
#ပြည်သုံးဘီး #ပြည်အိုးဝေ #ပြည်ဆိုင်ကယ် #ပြည်မြို့
15/05/2026
"သင်မောင်းလိုင်စင်လျှောက်မယ်ဆိုရင်"
သင်မောင်းလိုင်စင် လျှောက်ထားရာတွင် သိထားသင့်သည့် အချက်အလက်များကို ပြန်လည်မျှဝေပေးလိုက်ပါသည်။
ယာဉ်မောင်းလိုင်စင် အမျိုးအစားအသီးသီး (စပယ်ယာလိုင်စင်မှအပ) လျှောက်ထားရာတွင် အခြေခံအကျဆုံးဖြစ်သော "သင်မောင်းလိုင်စင်" ကို ဦးစွာ ရယူထားရန် လိုအပ်ပါသည်။
သင်မောင်းလိုင်စင် သက်တမ်းနှင့် ကူးပြောင်းနိုင်သည့် အမျိုးအစားများ
သင်မောင်းလိုင်စင် သက်တမ်း ပြည့်မြောက်မှုပေါ် မူတည်၍ အောက်ပါအတိုင်း ပြောင်းလဲ လျှောက်ထားနိုင်ပါသည်။
🔹 ၁ လ ပြည့်လျှင်
'က' လိုင်စင် (မော်တော်ဆိုင်ကယ်)။
🔹 ၃ လ ပြည့်လျှင်
'ဟ' လိုင်စင် (သုံးဘီးမော်တော်ယာဉ်/အိုးဝေ)
'ဌ' လိုင်စင် (ထော်လာဂျီ)
'ခ' လိုင်စင် (ကိုယ်ပိုင်ကား/လိုင်စင်အနက်)
ယာဥ်မောင်းလိုင်စင် ဘာမှမရှိဘူး စလုပ်မယ့် သူများအနေနဲ့ သင်မောင်းလိုင်စင် က နေ စပြိးတော့ မဖြစ်မနေ လုပ်ရပါမယ် ။
သင်မောင်းလိုင်စင် လျောက်ရန်လိုအပ်ချက်များ
မှတ်ပုံတင် မိတ္တူ / မူရင်း
နောက်ခံအပြာ လူ ဓာတ်ပုံ 2 ပုံ ပဲ လိုအပ်ပါမယ်
👉👉 Wai Yan Motorcycle Repair Service - Pyay
👆👆👆👆👆👆👆👆 နှိပ်ပိး တခြား အသေးစိတ် ဆိုင်ကယ် နဲ့ ပက်သက်တာတွေ တင်ပေးပါဦးမည် ။
#ပြည်သုံးဘီး #ပြည်အိုးဝေ #ပြည်ဆိုင်ကယ် #ပြည်မြို့
15/05/2026
🔴 ပြည်မြို့က မိတ်ဆွေတွေ ခင်ဗျာ..
ဆိုင်ကယ်ပြင်ဖို့ ⚒🔧 လိုအပ်ရင် သတိရပေးပါ ခင်ဗျ
🟠 ဆိုင်သို့ လာပီး ပြင်တဲ့အချိန်စောင့် ဖို့ အလုပ်မအားလပ် သူတွေ အတွက် လဲ ☎ 09-894 517 621 သို့ ဆက်ပီး လာယူပြီး ဆိုင်မှာ သေချာစစ်ဆေးပြုပြင်ပေးပါသည် ( ကြိုတင်ဖုန်းဆက် ပေးပါခင်ဗျာ - လာယူမယ့် အချိန်အား ပြန်ပြောပေးပါတယ်ခင်ဗျာ )
🆒 မြန်ရမယ် ။ ကောင်းရမယ် ။ စျေးသင့်ရပါမယ် ။ 🆒
📍 လိပ်စာ အရှည်ပြောရရင် : ပြည်မြို့ က လူတိုင်းသိလောက်မယ့် 🏠 နဝဒေးဟိုတယ် အနီးအနား 🍿🍹 Morning Point (စားသောက်ဆိုင် ) နဲ့ ဘေးချင်းကပ်ရပ်လမ်း ဖြစ်တဲ့ ကနောင်မင်းသားကြီး လမ်း 🛣 အတိုင်းဖြည်းဖြည်း လေး မောင်းလာရင် ပထမဆုံး အရှေ့ဘက်ကို➡ ချိုးရမယ့် မဂ္ဂင်ဖောင်လမ်း အတိုင်း ဝင်လာတာနဲ့ ဗိုလ်တထောင် 1 လမ်း 2 လမ်း 3 လမ်း 4 လမ်း 5 လမ်း ဆို ရောက်ပီ... ဘယ်သူ့မေးမေး အဲ့နားရောက်ရင် လက်ညိုးထိုးပြပါလိမ့်မယ်...
📍လိပ်စာ အတို : ဗိုလ်တထောင် ၅ လမ်း၊ ရွာဘဲရပ်၊ ပြည်မြို့။
☎ ဖုန်း: [ 09-894 517 621 ]
#ပြည်သုံးဘီး #ပြည်အိုးဝေ #ပြည်ဆိုင်ကယ် #ပြည်မြို့
14/05/2026
Suzuki Smash ဆိုင်ကယ်တွေရဲ့ မော်ဒယ်ခုနှစ် (Year) ကို အတိအကျ သိနိုင်ဖို့အတွက် အောက်ပါနည်းလမ်းတွေကို အသုံးပြုပြီး စစ်ဆေးနိုင်ပါတယ်။
၁။ Frame Number (ကျောင်နံပါတ်) ကို စစ်ဆေးခြင်း
ဒါကတော့ အသေချာဆုံးနည်းလမ်းပါ။ ဆိုင်ကယ်ရဲ့ Frame Number (Chassis Number) မှာ ပါဝင်တဲ့ ၁၀ လုံးမြောက် ဂဏန်း ဒါမှမဟုတ် အက္ခရာဟာ ထုတ်လုပ်တဲ့ ခုနှစ်ကို ဖော်ပြပါတယ်။
ရှာရန်နေရာ: များသောအားဖြင့် ထိုင်ခုံအောက် (U-Box ဘေး) ဒါမှမဟုတ် ဆိုင်ကယ်ရဲ့ လည်ပင်း (Steering Column) ဘက်မှာ ရိုက်ထားလေ့ရှိပါတယ်။
ခုနှစ်သတ်မှတ်ချက်များ:
A = 2010
B = 2011
C = 2012
D = 2013
E = 2014
F = 2015
G = 2016
H = 2017
J = 2018
K = 2019
L = 2020
၂။ ဆိုင်ကယ်အစိတ်အပိုင်းများရှိ ရက်စွဲကို ကြည့်ခြင်း
Frame Number ကြည့်ရခက်နေရင် တခြားအစိတ်အပိုင်းတွေမှာ ပါတဲ့ ထုတ်လုပ်မှုရက်စွဲ (Manufacturing Date) ကို ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။
ဘီးခွေ (Rims): Rim ခွေရဲ့ အနားသတ်မှာ "05 18" (ဥပမာ- ၂၀၁၈ ခုနှစ်၊ ၅ လပိုင်း) ဆိုပြီး ရိုက်ထားတတ်ပါတယ်။
ဘရိတ်ပိုက် (Brake Hoses): ဘရိတ်ဆီပိုက်ပေါ်မှာ ထုတ်လုပ်တဲ့ ခုနှစ်ကို အဖြူရောင်စာသားနဲ့ ရိုက်နှိပ်ထားလေ့ရှိပါတယ်။
ထိုင်ခုံအောက် (Seat Base): ထိုင်ခုံကို မပြီး အတွင်းဘက် ပလတ်စတစ်ကို ကြည့်ရင် ထုတ်လုပ်တဲ့ ခုနှစ်နဲ့ လကို ဖော်ပြတဲ့ "Date Clock" ပုံစံ အဝိုင်းလေးကို တွေ့နိုင်ပါတယ်။
၃။ ဒီဇိုင်းနှင့် စတစ်ကာ (Decals) ကို ကြည့်ခြင်း
Suzuki Smash ဟာ မော်ဒယ်အလိုက် စတစ်ကာ ဒီဇိုင်းပြောင်းလဲမှု ရှိပါတယ်။
Smash Revo: ၂၀၁၀ ဝန်းကျင် မော်ဒယ်ဟောင်းများ။
Smash 115 Fi: ၂၀၁၄ နောက်ပိုင်း ထွက်ရှိတဲ့ အင်ဂျက်ရှင် မော်ဒယ်များ။
Smash Next Edition: ၂၀၂၁-၂၀၂၂ ဝန်းကျင်မှာ ထွက်တဲ့ နောက်ဆုံးပေါ် ဒီဇိုင်းများ။
၄။ ဆိုင်ကယ်လိုင်စင် (စာအုပ်)
အလွယ်ဆုံးကတော့ ကညန (RTAD) စာအုပ်မှာ ကြည့်တာပါ။ "Model Year" ဒါမှမဟုတ် "Year of Manufacture" ဆိုတဲ့ နေရာမှာ ခုနှစ်ကို အတိအကျ ရေးထားပါတယ်။
အင်ဂျင်တုံး (Engine Block) ပေါ်မှာ ကြည့်တာကလည်း နည်းလမ်းကောင်းတစ်ခုပါပဲ။ ဒါပေမဲ့ အင်ဂျင်နံပါတ်က ထုတ်လုပ်တဲ့ "ခုနှစ်" ကို တိုက်ရိုက်ဖော်ပြတာမျိုး မဟုတ်ဘဲ "Engine Series" ကိုပဲ အဓိကပြတာဖြစ်လို့ အောက်ပါအတိုင်း ခွဲခြားကြည့်နိုင်ပါတယ်။
၁။ အင်ဂျင်နံပါတ် အစစာလုံးကို ကြည့်ခြင်း
Suzuki Smash အင်ဂျင်နံပါတ်ကို များသောအားဖြင့် အင်ဂျင်ရဲ့ ဘယ်ဘက်အောက်ခြေ (ဂီယာလီဗာအနီး) မှာ ရိုက်ထားလေ့ရှိပါတယ်။ အင်ဂျင်နံပါတ် အစစာလုံးတွေက မော်ဒယ်အမျိုးအစားကို ခွဲခြားပေးပါတယ် -
E403 - # # # # # #: ဒါဆိုရင် Smash Revo (ကာပရိတ်တာ) မော်ဒယ်တွေ ဖြစ်ဖို့များပြီး ၂၀၁၀ ဝန်းကျင်တွေပါ။
E409 - # # # # # #: ဒါဆိုရင် Smash 115 Fi (အင်ဂျက်ရှင်) မော်ဒယ်တွေ ဖြစ်ပါတယ်။
၂။ အင်ဂျင်တုံးပေါ်က အမှတ်အသားများ
အင်ဂျင်တုံးရဲ့ ဘေးဘက် ဒါမှမဟုတ် အတွင်းဘက် မျက်နှာပြင်တွေမှာ စက်ရုံက သွန်းလောင်းကတည်းက ပါလာတဲ့ Date Code လေးတွေ ရှိတတ်ပါတယ်။ အဝိုင်းပုံစံလေးထဲမှာ လက်တံလေးနဲ့ ခုနှစ်ကို ညွှန်ပြထားတဲ့ ပုံစံမျိုး (ဥပမာ- အလယ်မှာ "15" လို့ ရေးထားရင် ၂၀၁၅ ခုနှစ်) ကို ရှာကြည့်နိုင်ပါတယ်။
၃။ အင်ဂျင်နံပါတ်နဲ့ Frame Number တိုက်ဆိုင်စစ်ဆေးခြင်း
အင်ဂျင်နံပါတ်ကနေ ခုနှစ်ကို အတိအကျသိဖို့ ခက်ခဲနေရင် အကောင်းဆုံးက အင်ဂျင်နံပါတ်ကို Frame Number (ကျောင်နံပါတ်) နဲ့ တွဲကြည့်တာပါ။
အကယ်၍ အင်ဂျင်နံပါတ်ရဲ့ အစစာလုံးတွေက မတူညီတဲ့ series ဖြစ်နေရင် အင်ဂျင်လဲထားတာမျိုး ဖြစ်နိုင်ပါတယ်။
ဆိုင်ကယ် နဲ့ ပက်သက်တဲ့ အကြောင်းအရာတွေ 👉👉👉 Wai Yan Motorcycle Repair Service - Pyay 👈
နှိပ်ပီး အပ်ခဲ့ပေးနော်
#ပြည်မြို့ #ပြည်ဆိုင်ကယ် #ပြည်အိုးဝေ #ပြည်သုံးဘီး
13/05/2026
Honda Dream ဆိုင်ကယ်တွေရဲ့ ထုတ်လုပ်တဲ့ ခုနှစ် (Model Year) ကြည့်နည်း
၁။ Frame Number (ကျောရိုးနံပါတ်) ကို ကြည့်ခြင်း
ဒါက အတိကျဆုံးနည်းလမ်းပါ။ Honda ဆိုင်ကယ်အများစုမှာ ကျောရိုးနံပါတ် (Chassis Number) ကို ဆိုင်ကယ်ရဲ့ ခေါင်းပိုင်း (Steering Head) ဒါမှမဟုတ် ထိုင်ခုံအောက်နားက သံကိုယ်ထည်မှာ ရိုက်ထားလေ့ရှိပါတယ်။
အက္ခရာကို ဖတ်နည်း: ကျောရိုးနံပါတ်ရဲ့ ၁၀ လုံးမြောက် အက္ခရာ သို့မဟုတ် ဂဏန်းဟာ ထုတ်လုပ်တဲ့ ခုနှစ်ကို ဖော်ပြပါတယ်။
ဥပမာအားဖြင့်-
G = 2016
H = 2017
J = 2018
K = 2019
L = 2020
M = 2021
N = 2022
P = 2023
၂။ Rim (ဘီးခွေ) တွင် ကြည့်ခြင်း
ဆိုင်ကယ်ရဲ့ ဘီးခွေ (Rim) ပေါ်မှာ ထုတ်လုပ်တဲ့လနဲ့ ခုနှစ်ကို ရိုက်နှိပ်ထားတာမျိုး ရှိတတ်ပါတယ်။
ဥပမာ- "15 05 20" လို့ ပါခဲ့ရင် ၂၀၂၀ ခုနှစ်၊ မေလမှာ ထုတ်လုပ်တယ်လို့ ယူဆနိုင်ပါတယ်။
သတိပြုရန်: ဘီးခွေက လဲထားတာမျိုးဆိုရင်တော့ မော်ဒယ်နှစ် မှားနိုင်ပါတယ်။
၃။ Seat Tag (ထိုင်ခုံအောက်က အညွှန်းစာတန်း)
ထိုင်ခုံကို လှန်လိုက်တဲ့အခါ ထိုင်ခုံရဲ့ အောက်ခြေ (သို့မဟုတ်) ဆိုင်ကယ်ကိုယ်ထည်ပေါ်မှာ ကပ်ထားတဲ့ စတစ်ကာ အဖြူလေးမှာ ထုတ်လုပ်တဲ့ ခုနှစ်ကို ဖော်ပြထားတတ်ပါတယ်။ အဲ့ဒီမှာ "Year" ဆိုတဲ့ နေရာမှာ ကြည့်ရုံပါပဲ။
၄။ အပြင်အဆင် (Decals) နှင့် အရောင်
Honda Dream (Exces) တွေမှာ တစ်နှစ်နဲ့တစ်နှစ် ဆိုင်ကယ်ကိုယ်ထည်ပေါ်က စတစ်ကာ (ဂရပ်ဖစ်) ဒီဇိုင်းတွေ မတူပါဘူး။
ဥပမာ- ၂၀၂၄ မော်ဒယ်ဆိုရင် ရွှေရောင်လိုင်းတွေ ပိုပါလာတာမျိုး၊ အင်ဂျင်ကာဗာ အရောင်ကွဲပြားသွားတာမျိုး စတဲ့ အပြင်ပန်း လက္ခဏာတွေကို ကြည့်ပြီး ခေတ်အလိုက် ခွဲခြားနိုင်ပါတယ်။
------------------------
ဆိုင်ကယ် နဲ့ ပက်သက်တဲ့ ဗဟုသုတ အကြောင်းအရာလေးတွေ ဆက်ပီး တင်ပေးမှာမို့ 👉 Wai Yan Motorcycle Repair Service - Pyay 👈 ကို နှိပ်ပီး အပ်ပေးထားခဲ့ဦးနော် 🥰
10/05/2026
🥳 ပြည်မြို့ကဆိုင်ကယ်နဲ့အိုးဝေ_သုံးဘီးပိုင်ရှင်တွေအတွက်စိတ်ချရတဲ့လက်ရာနဲ့ဝန်ဆောင်မှုပေးနေပီဖြစ်လို့
ဆိုင်ကယ်ပဲဖြစ်ဖြစ်၊ အိုးဝေ/သုံးဘီး ဘာပဲဖြစ်ဖြစ်... အင်ဂျင်သံလေး နားထောင်လိုက်တာနဲ့ ဘာဖြစ်နေလဲဆိုတာ အဖြေရှာပေးဖို့ ကျွန်တော်တို့ရှိပါတယ်! 🛠️🏍️.
"မိမိဆိုင်ကယ်ကို ကိုယ်တိုင်စီးသလိုမျိုး စေတနာထားပြီး အသေးစိတ် ပြုပြင်ပေးနေတဲ့ Wai Yan Motorcycle Repair Service - Pyay ရှိ ပါတယ် ခင်ဗျာ။"
----------------------------
✅ ဆိုင်ကယ်အမျိုးမျိုး အင်ဂျင်ပိုင်း/ဝါယာပိုင်း စစ်ဆေးပြုပြင်ခြင်း
✅ အိုးဝေ/သုံးဘီးယာဉ်များ အထူးပြုပြင်ပေးခြင်း
✅ သပ်ရပ်တဲ့လက်ရာ၊ မှန်ကန်တဲ့ ဈေးနှုန်း
-----------------------------
🟠 ဆိုင်ကယ် ဘာဖြစ်နေလဲ 🧐 ဘာတွေ ပြင်ရမလဲ🤔 ဆိုတာ အသေးစိတ် Messenger မှာ လာမေးတာ နဲ့ ကုန်ကျစားရိတ် အား ခန့်မှန်းတွက်ချက်ပေးပါတယ်
🟠 ဆိုင်သို့ လာပီး ပြင်တဲ့အချိန်စောင့် ဖို့ အလုပ်မအားလပ် သူတွေ အတွက် လဲ ☎ 09-757704746 သို့ ဆက်ပီး လာယူပြီး ဆိုင်မှာ သေချာစစ်ဆေးပြုပြင်ပေးပါသည် ( ကြိုတင်ဖုန်းဆက် ပေးပါခင်ဗျာ - လာယူမယ့် အချိန်အား ပြန်ပြောပေးပါတယ်ခင်ဗျာ )
🆒 မြန်ရမယ် ။ ကောင်းရမယ် ။ စျေးသင့်ရပါမယ် ။ 🆒
📍 လိပ်စာ အရှည်ပြောရရင် : ပြည်မြို့ က လူတိုင်းသိလောက်မယ့် 🏠 နဝဒေးဟိုတယ် အနီးအနား 🍿🍹 Morning Point (စားသောက်ဆိုင် ) နဲ့ ဘေးချင်းကပ်ရပ်လမ်း ဖြစ်တဲ့ ကနောင်မင်းသားကြီး လမ်း 🛣 အတိုင်းဖြည်းဖြည်း လေး မောင်းလာရင် ပထမဆုံး အရှေ့ဘက်ကို➡ ချိုးရမယ့် မဂ္ဂင်ဖောင်လမ်း အတိုင်း ဝင်လာတာနဲ့ ဗိုလ်တထောင် 1 လမ်း 2 လမ်း 3 လမ်း 4 လမ်း 5 လမ်း ဆို ရောက်ပီ... ဘယ်သူ့မေးမေး အဲ့နားရောက်ရင် လက်ညိုးထိုးပြပါလိမ့်မယ်...
📍လိပ်စာ အတို : ဗိုလ်တထောင် ၅ လမ်း၊ ရွာဘဲရပ်၊ ပြည်မြို့။
☎ ဖုန်း: [ 09-757704746 ]
Click here to claim your Sponsored Listing.