Shwe Kan Kaw Tea House - Pyay
22/12/2025
Walk လိုက်မယ်ဆိုပြီး ထွက်လာတာ တကယ်တမ်းက "ရွှေကံကော်" ရောက်ဖို့ ခြေလှမ်းတွေက ဦးတည်နေတာပါဆို 🚶♂️💨
မနက် ၅ နာရီ Alarm ပေးပြီး အိပ်ရာထ ကျန်းမာရေးအတွက် လမ်းလျှောက်ပြီး မောမောနဲ့ ဆိုင်ထဲကို ဝင်လိုက်တာနဲ့ ရလိုက်တဲ့ ဟင်းနံ့သင်းသင်းလေးက တကယ့် Healing ပဲဗျာ။ 😊
မနက်အစောကြီးလာလည်း မုန့်ဟင်းခါးလား၊ နန်းကြီးသုပ်လား၊ ဖြူနီလား၊ ကော်ဖီလား စားချင်တာသာ ပြောလိုက် အချစ်စစ်ကလွဲရင် အကုန်ရတယ်ဆိုတော့ လျှောက်ထားသမျှ အမောတောင် ဘယ်နားရောက်သွားမှန်း မသိတော့ဘူး။ 💁♂️
ဒါ့အပြင် လမ်းလျှောက်တုန်းက လောင်ကျွမ်းသွားတဲ့ ကယ်လိုရီလေးတွေ နှမြောစရာကောင်းလွန်းလို့ ဒီဆိုင်ရောက်မှ အတိုးချပြီး ပြန်ဖြည့်လိုက်ရတဲ့ ခံစားချက်က ဘာနဲ့မှမလဲနိုင်ဘူးနော်။ အမောပြေရုံတင်မကပဲ တစ်နေ့တာလုံးစာ Energy ပါ Full Tank ဖြစ်သွားတာမျိုးပေါ့။ 😉
တချို့ကပြောကြတယ် လမ်းလျှောက်တာက ၁၀ မိနစ်၊ ဆိုင်ထိုင်တာက ၁ နာရီတဲ့၊ ဟောဗျာ... ဒါမျိုးမှ Mental Health နဲ့ Physical Health မျှတတဲ့ Perfect Balance လို့ခေါ်တာ မဟုတ်ဘူးလား Guys? 🌝
ကဲ ဒါဆို ... မနက်ဖြန် မနက်လမ်းလျှောက်ရင်း "ရွှေကံကော်" မှာ Check-in ဝင်ဖို့ ဘယ်သူ့ကို ခေါ်သွားမလဲသာ တွေးထားလိုက်တော့။ Diet ကတော့ မနက်ဖြန်မှပဲ လုပ်ကြတာပေါ့လေ... 🤪
22/12/2025
🤔ရွှေကံကော်ရဲ့ အကြိုက်ဆုံး မီနူးလ်ဆို ဘာဖြစ်မလဲ?
👥အသက််ကြီးငယ်မရွေး၊ အမျိုးသား အမျိုးသမီးမရွေး လူတိုင်းကြိုက်ကြမယ့် လက်ဖက်ရည်ဆိုတာ “ ရွှေကံကော်လက်ဖက်ရည််ဆိုင်” ပါပဲဗျို့..💁🏻♂️💯
📌လက်ဖက်ရည်ဆ်ိုင်တစ်ဆိုင််ထက်ပိုတဲ့ ရွှေကံကော်လက်ဖက်ရည်ဆိုင်တွေက
✅ မနက်ပဲလာလာ၊ နေ့ခင်းနေ့လည်ပဲလာလာ၊ ညပဲလာလာ ရွေးစရာ မီနူးလ်တွေအပြည့်နဲ့မို့ စိတ်တိုင််းကျစေမှာပါဗျို့..
✅ ရွေးချယ်စရာ မီနူးလ်တွေ စုံလင်ရုံတင်မဟုတ်ဘဲ၊ သန့်ရှင်းမှုပိုင်းမှာလည်း အထူးအလေးထားတာမို့ အစားအသောက်တွေ မသန့်ရှင်းမှာနဲ့ ကျန်းမာရေးနဲ့မညီညွတ်မှာ ပူစရာမလိုဘူးနော်..
✅ အရသာပိုင်းမှာလည်း ပြောစရာမလိုအောင်ကောင်းတာမို့ Foodies လေးတွေအနေနဲ့ စားလိုက်တိုင််း တစ်လုတ်ချင်းဆီတိုင်းမှာ ခံတွင်းတွေ့လို့ စိတ်တိုင်းကျစေမှာပါ။
ကဲဒါဖြင့် အခုလို အဘက်ဘက်က ပြည့်စုံကောင်းမွန်တဲ့ ဟင်းပွဲမီနူးလ်တွေကြားထဲမှာ သင့်အကြိုက််ဆုံး မီးနူးလ်က ဘာဖြစ််နိုင်လဲဆိုတာကို Comment မှာ ဖြေသွားအုံးနော််..🤗✨
#ရွှေကံကော် #လက်ဖက်ရည်ဆိုင် #မိုးရာသီ
12/12/2025
ရှမ်းအစားအစာလေးတွေကို တမ်းတနေပြီလား 🤗
ဒါဆိုရင်တော့ ရွှေကံကော်လက်ဖက်ရည်ဆိုင်ကို လှမ်းလာခဲ့လိုက်တော့နော်..💁🏻♂️✨
❄️ဆောင်းမနက်ခင်းလေးနဲ့ လိုက်ဖက်ညီလွန်းတဲ့ ရှမ်းခေါက်ဆွဲ၊ မြှီီးရှည်၊ တို့ဟူးနွေး စတဲ့ ရှမ်းအစားအစာလေးတွေကို ရွှေကံကော်လက်ဖက်ရည်ဆိုင်မှာ သုံးဆောင်နိုင်ပါတယ်ခင်ဗျ။💕
စေတနာအပြည့်နဲ့ အဆာပလာစုံစုံလင်လင် ဟင်းပွဲပြင်ပေးထားတာဖြစ်လို့ တစ်လုတ်ဆို တစ်လုတ်ထိထိမိမိရှိသလို..ဗိုက်လည်းပြည့်စေမှာပါ။✅
အရသာပိုင်းမှာလည်း မူရင်း Tasted မပျောက်အောင် ချက်ပြုတ်ပေးထားပြီး စားလိုက်တဲ့ တစ်လုတ်ချင်းဆီီတိုင်းမှာ ရှမ်းပြည်ရောက်သွားသလို ခံစားချက်အပြည့်ရနိုင်တယ်နော်.👩🍳✅
ဒီလို ရှမ်းအစားအစာ မနက်စာ မီနူးလ်တွေအပြင် မြန်မာ၊ တရုတ်၊ အိန္ဒိယ မနက်စာစုံစုံလင်လင်ကိုလည်း ရွှေကံကော်မှာ သုံးဆောင်နိုင်ပါတယ်။🤗
ဒါကြောင့် ဆောင်းမနက်ခင်းလေးမှာ ရှမ်းအစားအစာလေးတွေစားပြီး နေ့တစ်နေ့ကို အစပြုချင်တဲ့ Foodies လေးတွေအနေနဲ့ နီးစပ်ရာ ရွှေကံကော်လက်ဖက်ရည်ဆိုင်ကို အခုပဲ လှမ်းလာခဲ့လိုက်တော့နော်...🙏🏻✨
#ရွှေကံကော် #လက်ဖက်ရည်ဆိုင် #မိုးရာသီ
29/10/2025
ဗိုက်ဆာနေတဲ့အချိန်မှာ သတိရသင့်တာ ရွှေကံကော်ပါ 🤗
အကြောင်းအမျိုးမျိုးကြောင့် ရုံးချိန်၊ ကျောင်းချိန် နောက်ကျနေတဲ့အခါမျိုးတွေမှာ အဆာပြေလေးစားဖို့ ခေါင်းခဲနေပြီဆိုရင်တော့ ရွှေကံကော်ရဲ့ ပလာတာ မီနူးလ်တွေကို သတိရလိုက်နော်✨
⭐️ဘယ်အချိန်စားစား ချိုမြနေမယ့် သကြားပလာတာ
⭐️ပဲအနှစ်များများနဲ့ အဆာလည်းပြေ အာဟာရလည်းရှိစေမယ့် ပဲပလာတာ
⭐️နူးနူးညံ့ညံ့လေးနဲ့ လျှာဖျားပေါ်တင်လိုက်တာနဲ့ ပျော်ဆင်းသွားစေမယ့် ကြက်ဥပလာတာ
⭐️ချိုချိုချဥ်ချဥ်လေးနဲ့ လူငယ်တွေအကြိုက်တွေ့စေမယ့် ငှက်ပျော်သီး ပလာတာ
စတဲ့ ပလာတာလေးတွေက ဗိုက်ဆာနေချိန်မှာ အဆာပြေစေသလို၊ ခံတွင်းလည်းတွေ့စေမှာပါဗျ။🥰
ကွာလတီကောင်းမွန်တဲ့ ဂျုံသားကို သေချာနှပ်ထားပြီးမှ ဆီသန့်သန့်နဲ့ ကြော်ထားတာဖြစ်လို့ အရသာရှိရုံတင်မက၊ ကျန်းမာရေးနဲ့လည်း ညီညွတ်စေမှာပါ။✅
မနက်စာ အနေနဲ့စားမလား၊ နေ့လည်နေ့ခင်း Snack အနေနဲ့စားမလား ဘယ်အချိန််စားစား ခံတွင်းတွေ့စေမှာတော့ အာမခံတယ်ဗျို့✨
ဘာကြောင့်ပဲဖြစ်ဖြစ် ဗိုက်ဆာနေတဲ့အခါ အဆာပြေစားနိုင်ဖို့ ရွှေကံကော်ကို လှမ်းလာခဲ့လိုက်ပါဗျို့🙏🏻💥
#ရွှေကံကော် #လက်ဖက်ရည်ဆိုင် #မိုးရာသီ
27/10/2025
👩🦳အိမ်သူလေး စိတ်မကြည်တဲ့အခါ ရွှေကံကော်လက်ဖက်ရည်ဆိုင်ကို ခေါ်သွားလိုက်ပါ
စိတ်မကြည်မလင်ဖြစ်နေတဲ့ အိမ်သူဇနီးချောလေးကို ချော့ဖို့ အကောင်းဆုံးနေရာက ရွှေကံကော်လက်ဖက်ရည်ဆိုင်ပဲဗျို့🤩
ရွှေကံကော်လက်ဖက်ရည်ဆိုင်တွေက အမျိုးသမီးတွေအကြိုက် ချဥ်၊ ငံ၊ စပ် ဟင်းပွဲ၊ မီနူးလ်မျိုးစုံကို တစ်နေရာတည်းမှာ သုံးဆောင်နိုင်တဲ့အပြင် အပူ၊ အအေး စိတ်ကြိုက်ရွေးလို့ရတာမို့ အမျိုးသားတွေရော အမျိုးသမီးတွေပါ အကြိုက်တွေ့စေမှာပါ။👩❤️👨
ဆိုင်နေရာ ကျယ်ကျယ်ဝန်းဝန်းလေးလည်းရှိတာမို့ အေးဆေးစကားပြောလို့ရပြီး မပြေလည်တာတွေကို ပြေလည်အောင် လုပ်နိုင်ပါတယ်ဗျို့✨
ဒါကြောင့် အိမ်သူလေး စိတ်မကြည်လို့ နည်းလမ်းပျောက်နေတဲ့ ညီကိုတို့အနေနဲ့ အစားသောက် ကောင်းကောင်းလေးတွေကိုသုံးဆောင်နိုင်ပြီး အေးဆေးဆေးဆေး စကားလေးပြော/ ချော့လို့ရတဲ့ နီးစပ်ရာ ရွှေကံကော် လက်ဖက်ရည်ဆိုင်ကို ရွေးချယ်လိုက်တော့နော်🙏🏻✨
#ရွှေကံကော် #လက်ဖက်ရည်ဆိုင် #မိုးရာသီ
24/10/2025
နေ့လည်စာကို ဘာစားရမလဲမသိဖြစ်နေပြီဆိုရင်
လက်ဖက်ရည်ဆိုင်ထက် ပိုတဲ့ ရွှေကံကော်လက်ဖက်ရည်ဆိုင်တွေက အစားအသောက်ပိုင်းမှာလည်း စိတ်အေးလို့ရတယ်နော်🤗
📌နေ့လည်စာနဲ့ ပတ်သက်ပြီး ဘာစားရမလဲ မသိ စဥ်းစားရခက်နေပြီဆိုရင်တော့ ရွှေကံကော်ရဲ့ “ ဇလုံထမင်း၊ ထမင်းပေါင်းနဲ့ အစိမ်းကြော် ” မီနူးလ် ၃ခုကို သတိရလိုက်ပါ။✨
မြန်မာတွေ အကြိုက်တွေ့စေမယ့် အဆီအနှစ်များများနှင့် သုံးဆောင်နိုင်တဲ့ ဇလုံထမင်းက ဟင်းသီးဟင်းရွက် အကြော်အလှော်နဲ့ အသားဟင်းကို စိတ်ကြိုက် ရွေးချယ်လို့ရတဲ့အပြင်✨
ကော်ရည်ရွှဲရွှဲလေးနဲ့ ထမင်းပေါင်းလေးကလည်း တစ်လုတ်ဆို တစ်လုတ်ထိမိနေမှာပါ။✅
ထမင်းမလိုဘူး ဟင်းပဲလိုတာပါဆိုတဲ့သူတွေအတွက်လည်း အသားနဲ့ဟင်းသီးဟင်းရွက် စုံစုံလင်လင်ကြော်ထားတဲ့ အစိမ်းကြော်လေးကို မြည်းစမ်းကြည့်သင့်တယ်နော်🤗
ဘာကိုပဲရွေးရွေး သန့်ရှင်းလတ်ဆက်မှုနဲ့အတူ အရသာရှိမှုကို ခံစားရစေမှာဖြစ်ပြီး ခံတွင်းတွေ့စေမှာပါ။✅
ဒါကြောင့် နေ့လည်နေ့ခင်းမှာ နေ့လည်စာအတွက် စဥ်းစားရခက်နေပြီဆိုရင်တော့ ရွှေကံကော်ကို လှမ်းလာခဲ့လိုက်ပါဗျို့🙏🏻✨
#ရွှေကံကော် #လက်ဖက်ရည်ဆိုင် #မိုးရာသီ
23/10/2025
မနက်ခင်းဆိုလည်း ကျောင်းသမား၊ ရုံးသမားတွေနဲ့ လူအပြည့်ဖြစ်နေတတ်တာ ရွှေကံကော်လက်ဖက်ရည်ဆိုင်တွေပါ🤗
ရွှေကံကော်လက်ဖက်ရည်ဆိုင်တွေက မနက်စာ မီနူးလ်အစုံရလို့ ဆိုင်မှာပဲ အေးအေးဆေးဆေး စားမလား၊ ပါဆယ်လေးပဲ ဆွဲစားမလား အဆင်ပြေစေမှာပါ။✨
အရသာပိုင်းမှာလည်း ပြောစရာမလိုအောင်ကောင်းတဲ့ ရွှေကံကော်ရဲ့ မနက်စာမီနူးလ်တွေက လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြတဲ့အပြင် 🤩
✅ဈေးနှုန်းကလည်း သင့်တင့်တော့ Budget ချိန်ချင်တဲ့ ရုံးသမားတွေအတွက် အဆင်ပြေစေတာပေါ့
✅ဒါ့အပြင် ဝန်ထမ်းလုံလုံလောက်လောက်နဲ့ ဝန်ဆောင်မှုပေးနေတာဖြစ်လို့ အချိန်အကြာကြီး စောင့်စရာမလိုတာမို့ ရုံးချိန်နောက်ကျနေသူတွေအတွက်လည်း အဆင်ပြေစေမှာပါ။
✅ဆိုင်နေရာ ကျယ်ကျယ်ဝန်းဝန်းလေးလည်းရှိတော့ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ ဖြစ်ဖြစ် မနက်စာကောင်းကောင်းလေး စားချင်သူတွေအတွက်လည်း အဆင်ပြေတယ်နော်
ဒီလို အားသာချက်တွေကြောင့် မနက်ခင်းတိုင်းမှာ လူအပြည့်ဖြစ်နေတတ်တဲ့ ရွှေကံကော်လက်ဖက်ရည်ဆိုင်တွေမှာ မနက်စာ မစားဖူးသေးတဲ့ သူတွေအနေနဲ့ တစ်ကြိမ်တစ်ခါလောက်တော့ မနက်စာ လာရောင်သုံးဆောင်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျို့🙏🏻✨
#ရွှေကံကော် #လက်ဖက်ရည်ဆိုင် #မိုးရာသီ
20/10/2025
🪔ဒီပါဝလီနေ့ (ခေါ်) ဒေဝါလီနေ့
ယနေ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်နေ့တွင် ကျရောက်သော ဟိန္ဒူဘာသာဝင်များရဲ့နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်တဲ့ဒီပါဝလီနေ့မှာ ဟိန္ဒူဘာသာဝင်များအပါအဝင် ပြည်သူပြည်သားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ဘေးဘယာအပေါင်းဝေးကွာနိုင်ကြပါစေကြောင်း "Shwe Kan Kaw"မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။🙏
#ဒီပါဝလီနေ့
17/10/2025
ဘာစားစား ခံတွင်းမတွေ့ဖြစ်နေပြီလား?
☀️🌦️နေပူလိုက်၊ မိုးရွာလိုက်နဲ့ အခုလို ကာလမှာ အစားအသောက် ခံတွင်းပျက်တယ်ဆိုတာ ပုံမှန်ကိစ္စတစ်ခုပဲနော်
ခံတွင်းပျက်နေချိန်မှာ စားမြိန်စေဖို့ ရွှေကံကော်ရဲ့ “ ချိုချဥ်ကြော်လေးနဲ့ ကုန်းဘောင်ကြီးကြော်” မီနူးလ်လေး နှစ်ခုကို သုံးဆောင်ကြည့်ပါ🥰
ရွှေကံကော်ရဲ့ လူကြိုက်များတဲ့ မီနူးလ်တွေထဲက တစ်ခုဖြစ်ပြီး အသီးအရွက်အစုံ၊ အသားများများနဲ့ အစပ်အဟပ်တည့်တည့် ကြော်လှော်ထားတာဖြစ်လို့ ခံတွင်းတွေ့လို့ စားမြိန်စေမှာပါဗျို့😋
ဒီလို ဟင်းပွဲတွေအပြင် တခြားအရသာရှိလှတဲ့ဟင်းပွဲတွေများစွာရှိတာမို့ Family Dinner လေးကို အလုပ်မရှုပ်ဘဲ ကောင်းကောင်းစားချင်တယ်ဆိုရင်တော့ ရွှေကံကော်ကို ရွေးချယ်သင့်တယ်နော်✅
တစ်ယောက်တည်းခံတွင်းပျက်နေလို့ပဲဖြစ်ဖြစ်၊ Family Dinner လေးကို ကောင်းကောင်းမွန်မွန်စားချင်လို့ပဲဖြစ်ဖြစ် ရွှေကံကော်လက်ဖက်ရည်ဆိုင်ကို လှမ်းလာခဲ့ပါဗျို့🙏🏻✨
#ရွှေကံကော် #လက်ဖက်ရည်ဆိုင် #မိုးရာသီ
16/10/2025
ရွှေကံကော်ရဲ့ မာလာရှမ်းကော မီနူးလ်လေးကို မြည်းစမ်းပြီးပြီလား ❓
မာလာအနံ့ မွှေးမွှေးလေးနဲ့ အသားများများ၊ အဆာပလာ စုံစုံလင်လင်ကို " အထုံ၊ အစပ် " အစပ်အဟပ်တည့်အောင် ချက်ပြုတ်ပေးထားတဲ့ ရွှေကံကော်ရဲ့ မာလာရှမ်းကောလေးကို မမြည်းစမ်းရသေးရင် မြည်းစမ်းကြည့်သင့်တယ်နော်💯🍲
အထုံအစပ်ကို ကိုယ့်စိတ်ကြိုက် မှာလို့ရနိုင်တာမို့ အစပ်ကြိုက်တဲ့သူတွေအနေနဲ့လည်း အဆင်ပြေသလို၊ အစပ်ကြောက်တဲ့သူတွေအနေနဲ့လည်း လိုသလို ချိန်ညှိနိုင်တာမို့ စိတ်တိုင်းကျစေမှာပါခင်ဗျ။😎
!!! အရောအနှောကင်းတဲ့ မာလာအနှစ်ကို ထည့်သွင်းချက်ပြုတ်ပေးထားတာဖြစ်လို့ စားပြီးတဲ့အခါ ဗိုက်အောင့်၊ ဗိုက်နာဖြစ်မှာမျိုးလည်း ပူစရာမလိုဘူးဗျို့🤗
📌အနံ့အရသာနဲ့ ပြည့်စုံတဲ့ မာလာရှမ်းကောကို ချစ်သူကောင်မလေးကို ကျွေးလိုက်ရင်ဖြင့် ညီကိုတို့အနေနဲ့ အချစ်တွေတိုးလို့ ပိုလို့အချစ်ခံရနိုင်တယ််နော်💕❤️
!! ဒါကြောင့် မာလာရှမ်းကောကိုမှ အနံ့အရသာကောင်းကောင်းနဲ့ အသားများများ သုံးဆောင်ချင်တဲ့ သူတွေအနေနဲ့ ရွှေကံကော်ရဲ့ မာလာရှမ်းကောလေးကို လာရောက်မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျ။🙏🏻✨
#ရွှေကံကော် #လက်ဖက်ရည်ဆိုင် #မိုးရာသီ
09/10/2025
မနက်ခင်းမှာ Engery အပြည့်ရစေဖို့ ရွှေကံကော်ရဲ့ ပေါက်စီ 🥠
ရုံးချိန်မမှီလို့ မနက်စာလွတ်ခဲ့ရပြီဆိုရင် ရွှေကံကော်ရဲ့ ပေါက်စီကို သတိရလိုက်ပါ။✨
ပေါက်စီအသား အိအိလေးကိုမှ အသားတွေအများကြီးနဲ့ အစာသွပ်ထားတဲ့ ရွှေကံကော် ပေါက်စီလေးက တစ်ကိုက်ဆိုတစ်ကိုက် နူးညံအိစက်မှုလေးကို ခံစားရမယ့်အပြင်၊ အရသာရှိရှိနဲ့ ဗိုက်ပြည့်စေမှာပဲဖြစ်ပါတယ်။🤗
သယ်ရပြုရလွယ်ပြီး စားလို့လည်းလွယ်တာမို့၊ အချိန်မကုန်အလုပ်မရှုပ်ဘဲ အလွယ်တကူ စားလို့ရတော့ ရုံးချိန်နောက်ကျတဲ့ နေ့ရက်တိုင်းမှာ ရွှေကံကော်ရဲ့ ပေါက်စီလေးက မရှိမဖြစ်ပဲဗျို့💯
ရွှေကံကော်လက်ဖက်ရည်ဆိုင်တွေမှာ ပေါက်စီအပြင်၊ အခြား အလွယ်တကူစားလို့ရနိုင်တဲ့ မနက်စာ မီနူးလ်များစွာရှိတာမို့ ရုံးချိန်နောက်ကျတဲ့ နေ့တွေမှာ မနက်ခင်း ဗိုက်ပြည့်နေစေဖို့ ရွှေကံကော်ကို သတိရလိုက်ပါဗျို့😎💥
#ရွှေကံကော် #လက်ဖက်ရည်ဆိုင် #မိုးရာသီ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Pyay