TharrawaPyay News

TharrawaPyay News

Share

သာယာဝပြည်သတင်းမီဒီယာမိက်ဆက်
~~~~~~~~~~~~~~~~~~~~~

မြန်မာနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှစတင်ကာ ပြည်သူလူထုအား စစ်တပ်မှဖမ်းဆီးရိုက်နှက်သတ်ဖြတ်ခဲ့ပြီး အဆိုပါဖြစ်စဉ်များကို နိုင်ငံအနှံ့မှပြည်သူများနှင့် ကမ္ဘာ့နိုင်ငံများသိရှိဖို့ ရေးသားဖော်ပြနေကြသည့် သတင်းထောက်များအား ဖမ်းဆီးထောင်ချကာ သတင်းအမှောင်ချဖို့ ကြိုးစားခဲ့ကြ၍ ပဲခူးတိုင်းအနောက်ခြမ်းရှိ သာယာဝတီခရိုင်နှင့် ပြ

01/08/2023

ပေါင်းတည်အကျဉ်းထောင်မှ နိုင်ကျဉ်း ၅ဦး လွတ်မြောက်လာ

၂၀၂၃ သြဂုတ် ၁ TharrawaPyay News

ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း ပြည်ခရိုင် ပေါင်းတည်အကျဉ်းထောင်မှ နိုင်ငံရေးနဲ့ ထောင်ကျနေသူ ၅ဦး သြဂုတ်၁ရက် ယနေ့နံနက်တွင် လွတ်မြောက်လာကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

လွတ်မြောက်လာသူတွေကတော့ ပေါင်းတည်မြို့နယ် မဲခေါင်းရွာမှ ကိုချစ်မွှေး ၊ ကိုသက်ဇော်ဦး ၊ ကိုဝေယံဦး ၊ ကိုရန်နောင်စိုး နှင့် ကိုချစ်ဦးမောင်တို့ဖြစ်ပြီး ၄င်းတို့မှာ နိုင်ငံရေးအမှုနှင့် ထောင်ကျနေကာ အမူတွဲတူများဟုသိရပြီး လွတ်ရက်စေ့ရန် ၃ လခွဲခန့်သာကျန်ရှိကြောင်း သိရသည်။

=======================
TharrawaPyay News ၏ သတင်းများကို အောက်ပါတယ်လီဂရမ်ချန်နယ်တွင်လည်း ဝင်ရောက်ဖက်ရူနိုင်ပါတယ်👇👇👇

https://t.me/tharrawapyaynews

16/06/2023

အုတ်ဖိုမြို့နယ်အပိုင် ရန်ကုန်-ပြည်ကားလမ်းဘေးက နေအိမ်များကို စစ်ကောင်စီမှ ဖျက်ခိုင်း By - Tharyarwaddy 8 City

၂၀၂၃ ဇွန် ၁၆ TharrawaPyay News

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်ရှစ်မြို့နယ်ထဲက အုတ်ဖိုမြို့နယ်အပိုင် ရန်ကုန်-ပြည်ကားလမ်းဘေးက နေအိမ်နှင့် ဆိုင်ခန်းများကို လမ်းဧရိယာနှင့် မလွတ်၍ဟုဆိုကာ စစ်ကောင်စီမှ ဖျက်ခိုင်းနေကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်အပိုင် ရန်ကုန်-ပြည်ကားလမ်းကို ၄လမ်းသွားအဖြစ် စစ်ကောင်စီမှ လမ်းတိုးချဲ့မည်ဖြစ်၍ လမ်းဘေးရှိ လူနေအိမ်များ၊ ဈေးဆိုင်ခန်းများကို လမ်းဧရိယာနှင့် မလွတ်ဟုဆိုကာ ဇွန်လ၁၅ရက် မနေ့မနက်ပိုင်းတွင် လက်နက်ကိုင် ရဲများခြံရံကာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စည်ပင်ဝန်ထမ်းများမှ လာရောက်ဖျက်ခိုင်းကြောင်း သိရသည်။

"အုတ်ဖိုအပိုင်က ရန်ကုန်-ပြည်လမ်းကို ၄လမ်းမောင်းလုပ်ဖို့ဆိုပြီး မနေ့က ရဲတွေလုံခြံရေးယူပေးပြီး အုပ်ကြီးတွေနဲ့ စည်ပင်ဝန်ထမ်းတွေ ကားလမ်းဘေးက ခြံတွေနဲ့ အိမ်တွေရယ် ဆိုင်ခန်းတွေကို လမ်းနယ်နမိတ်ကို ကျူးကျော်တယ်ဆိုပြီး လာဖျက်ခိုင်းပါတယ် အရင်တခါကလည်း လာပြောလို့ အိမ်တွေနဲ့ ဆိုင်ခန်းတွေကို ပြည်သူအများစုက ဖျက်ပြီးဆုတ်ပေးထားကြတယ် ခုမဆုတ်ပဲကျန်နေတဲ့သူတွေက စကစထောက်ခံသူတွေနဲ့ သူတို့အမျိုးတွေများတယ်"ဟု ဒေသခံတဦးမှ Tharyarwaddy 8 City ကိုပြောပါတယ်။

ယခုလမ်းနယ်နမိတ်နှင့် မလွတ်၍ နောက်ဆုတ်ခိုင်းသည့် နေအိမ်နှင့် ဆိုင်ခန်းများကို ယခင်ခေတ်အဆက်ဆက်က အုပ်ချုပ်ရေးဝန်ထမ်းများကို ငွေကြေးပေး၍ နားလည်မှုယူကာ လမ်းဧရိယာပေါ်တွင် ကျူးကျော် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး Nldအစိုးရလက်ထက်တွင် မက်(စ်)မြန်မာကုမ္ပဏီနှင့် လမ်းအဆင့်မြင့်တိုးချဲ့ရန် စီစဉ်ခဲ့ခြင်းဟုသိရပြီး ယခုလက်ရှိမှာတော့ လမ်းဧရိယာပေါ်ကျူးကျော်နေသည့် အဆိုပါအဆောက်အဦးများကို ဖျက်သိမ်းခြင်း မရှိသေးကြောင်း သိရသည်။

Tharyarwaddy 8 City သည် မိမိတို့ TharrawaPyay News ၏ မိတ်ဖက်သတင်းဌာန ဖြစ်ပါသည်။

=======================
TharrawaPyay News 8၏ သတင်းများကို အောက်ပါတယ်လီဂရမ်ချန်နယ်တွင်လည်း ၀င်ရောက်ဖက်ရူနိုင်ပါတယ်👇👇👇

https://t.me/tharrawapyaynews

Photos from TharrawaPyay News's post 31/03/2023

ပြည်မြို့မှာ မီးရူးမီးပန်းဖောက်သည်ကို ဗုံးပေါက်သည်ဟုဆိုကာ ပြည်သူများကြား ဗုံးလန့်မှုဖြစ်ပွား

၂၀၂၃ မတ်၃၁ TharrawaPyay News

ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း ပြည်ခရိုင် ပြည်မြို့တွင် ၂၀၂၃ မတ် ၃၀ရက် ယမန်နေ့ညက မီးရူးမီးပန်းဖောက်သည်ကို ဗုံးပေါက်သည်ဟုဆိုကာ ပြည်သူများကြား၌ ဗုံးလန့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ညတုန်းက ၁၂နာရီခန့်မှာ နဝင်းကွက်သစ်ဘက်မှာ ဗုံးကွဲတဲ့အသံလို အကျယ်ကြီးကြားရပြီး အိမ်တွေတောင်တုန်သွားလို့ ပြည်သူတွေ ထိပ်လန့်ကုန်ကာ ဗုံးလန့်မှုဖြစ်ပြီး ကြောက်ကုန်တယ်"လို့ ဒေသခံတစ်ဦးက သာယာဝပြည်ကို ပြောပါတယ်။

အဆိုပါ ပြင်းထန်သော ပေါက်ကွဲသံများ ကြားရ၍ ပြည်သူများ အထိပ်တလန့်ဖြစ်ကာ ဗုံးလန့်မှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေ ပေါက်ကွဲသံကြားရာသို့ သွားရောက်ကြည့်ရူရာ၌ နဝင်းကွက်သစ် ၁၃လမ်း ရွှေလင်းပင်ဘုန်းကြီးကျောင်း ရေမြောင်းဘေး ခြံစည်းရိုးတွင် တရုတ်လုပ် မီးရှူးမီးပန်းအားတွေ့ရှိရပြီး မီးရူးမီးပန်းဖောက်သည့်သူများကို ဖမ်းဆီးဖို့လည်း စစ်တပ်က လိုက်လံရှာဖွေနေသည်ဟု စုံစမ်းသိရသည်။

ဓာတ်ပုံ - နဝင်းကွက်သစ် ၁၃လမ်း ရွှေလင်းပင်ဘုန်းကြီးကျောင်း ရေမြောင်းဘေး ခြံစည်းရိုးတွင် တွေ့ရသည့် တရုတ်လုပ် မီးရှူးမီးပန်းများ

Want your business to be the top-listed Media Company in Pyay?
Click here to claim your Sponsored Listing.

Address

Pyay