Taste Gallery

Taste Gallery

Share

07/11/2022

လပြည့်ည ပံသကူအလှူလေး😍

07/11/2022

ဘေးဘရာကင်းကွာ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ🙏 ❤❤❤❤❤

29/04/2022

မန်ကျည်းရွက်သုပ်
=============
ပါဝင်ပစ္စည်းများ
၁။ မန်ကျည်းရွက် - 500 ကျပ်ဖိုးခန့်(တစ်ပန်းကန်စာ)
၂။ ကြက်သွန်နီ - ၂ လုံး
၃။ ငပိစိမ်းစား - လဖက်ရည်ဇွန်း တဝက်ခန့်
၄။ ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း ၂ ဇွန်း
၅။ မြေပဲလှော်မှုန့် - ထမင်းစားဇွန်း ၂ဇွန်း(ပဲမှုန့်ထည့်ချင်လဲရပါတယ်)
၆။ ဟင်းခပ်မှုန့် - လဖက်ရည်ဇွန်း ၁ဇွန်း
၇။ ငရုတ်သီးစိမ်း - ၃တောင့်
၈။ ခရမ်းချဉ်သီး - ၁လုံး
၉။ နှမ်းလှော် - ထမင်းစားဇွန်း ၁ဇွန်း(မကြိုက်ရင်မထည့်လို့ရပါတယ်)
၁၀။ ဆီကျက်ချက်ရန် ဆီအနည်းငယ်
ပြုလုပ်ပုံ
၁။ မန်ကျည်းရွက်နုလေးတွေကို ရေစင်အောင်ဆေးပြီး စစ်ထားပါ။
၂။ ကြက်သွန်နီ တစ်လုံးကို ဆီချက်ပါ။ ထို့နောက် ငပိစိမ်းစားကို ကျက်ရုံမီးကင်ထားပါ။
၃။ ကျန်ကြက်သွန်နီတစ်လုံးနဲ့ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးထားပါ။ ၄။ ရေစစ်ထားသော မန်ကျည်းရွက်ထဲသို့ ပြုလုပ်ထားသောအဆာပလာအားလုံးနဲ့ ငပိစိမ်းစားကိုချေ ဆီချက်ထည့်ပြီး ဖွဖွလေးနယ်ပါ။
၅။ မိမိနှစ်သက်သလို ချဉ်၊ငံ၊စပ် အရသာမြည်းကြည့်ပြီး နှမ်းလှော်နဲ့ ကြက်သွန်ဆီချက်ဖတ်လေးတွေ ဖြူးပါ။
၆။ ခံတွင်းမြိန်စေမယ့် စားချင်စဖွယ် မန်ကျည်းရွက်နုသုပ်လေးရပါပြီရှင်...😋🥗

Photos from Taste Gallery's post 22/04/2022

နန်းကြီးသုပ်
====================================

ပါ၀င်ပစ္စည်းများ
=============
နန်းကြီး ခေါက်ဆွဲဖတ် - 400 g တစ်ထုတ်
ကြက်ရင်ပုံသား - 350 g
ကွကျဥ - ငါးလုံး
ငါးဖယ်ကြော် - လိုသလောက် ပြင်ထားပါ
ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ (ဟင်းချက်ရန် ခပ်နုတ်နုတ် စင်းထားပါ)
ကြက်သွန်နီ - အနေတော် ငါးလုံး (ဟင်းချက်ရန် ခပ်နုတ်နုတ် လှီးထားပါ)
ကြက်သွန်နီ - အလုံးကြီးကြီး သုံးလုံး (အသုပ်ထဲထည့်သုပ်ရန်)
ကြက်သွန်နီ - အနေတော် တစ်လုံး (ဆီသတ်ပြီး ပဲဟင်းရည်ထဲထည့်ရန်)
ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ (ဆီသတ်ပြီး ပဲဟင်းရည်ထဲထည့်ရန်)
ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဆီသတ်ပြီး ပဲဟင်းရည်ထဲထည့်ရန်)

ကြက်သွန်နီ - အလုံးခပ်သေးသေး ငါးလုံးခန့် (ပဲဟင်းရည်ထဲထည့်ရန်)
ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန် းသုံးဇွန်း (ကြက်သားဆီသတ်ရန်)
နနွင်းမှုန့် - လိုသလောက် သုံးပေးပါ
ဆား - လိုသလောက် သုံးပေးပါ
ငါးငံပြာရည် - လိုသလောက် ပြင်ပေးပါ
ဆီ - လိုသလောက် သုံးပေးပါ
အရသာမှုန့် - လိုသလောက် သုံပေးးပါ
ပဲအကျက်မှုန့် - လိုသလောက် သုံးပေးပါ
ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း ရှစ်ဇွန်း
အုန်းနို့ဆီချက် - ထမင်းစားဇွန်း လေးဇွန်း
သံပုရာသီး - လိုသလောက် သုံးပေးပါ
နံနံပင် - လိုသလောက် သုံးပေးပါ
ငရုတ်သီး အလှော်မှုန့် - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
ကြက်သားကို ရေစင်အောင်ဆေးပြီး ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ငါးငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့နှင့် ထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
ပြီးတာနဲ့ ဇောက်နက်သော အိုးထဲမှာ ကြက်သားကို ထည့်ပေးပြီး ရေမြုပ်အောင်ထည့်ကာ ရေခမ်းတဲ့အထိ တည်ပေးပါ
ကြက်သားပြုပ်ထားတာ ရေခမ်းတာနဲ့ အအေးခံပြီး ပုံပါအတိုင်း ရှည်ရှည်အမြှောင်းလေးတွေရအောင် အသားနွှင်ပေးထားပါ
ကြက်သားဆီသတ်ရန်
ကြက်သွန်နီ ၅လုံးကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ်လေးတွေ လှီးထားပေးပါ
ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပေးပါ
ဒယ်အိုးထဲမှာ ဆီထည့်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပြီး အပူပေးပါ
ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကိုထည့်ပြီး ဆီသတ်ပေးပါ
ဆီသတ်နံ့မွှေးလာတာနဲ့ အသားနွှင်ထားသော ကြက်သားကို ထည့်မွှေပေးပါ
ကြက်သားထည့်ပြီးတာနဲ့ ငါးငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်းနှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာတို့ကို ထည့်ပြီး မွှေကာ ဆက်ပြီးချက်ပေးပါ
အရသာ သမလောက်တာနဲ့ ရေမြုပ်အောင်ထည့်ပြီး ကြက်သွန်များ နွမ်းသွားအောင် ရေခမ်းပြီး ဆီပြန်တဲ့အထိ တည်ပေးပါ
ချက်ထားသော ကြက်သားဆီပြန်လာတာနဲ့ မီးပိတ်ပေးထားပါ
နန်းကြီးဖတ်ပြုပ်ရန်
ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေတစ်ဝက်သာသာထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
ရေပွက်ပွက်ဆူလာတာနဲ့ နန်းကြီးဖတ် အခြောက်ထုတ်ကို ဖောက်ပြီး ထည့်ပေးပါ
ပြုပ်နေစဉ် နန်းကြီးဖတ်များ ပွလာပါက ရေလိုပါက ရေနွေးကို ထပ်ထပ်ထည့်ပေးပါ
မုန့်ဖတ်ပြုပ်ချိန် အနည်းငယ် ကြာနိုင်တဲ့အတွက် မုန့်ဖတ်အနေတော် ရလာပါက ဆယ်ပေးပြီး လက်နှင့်စမ်းကြည့်ပါ
မုန့်ဖတ်အနေတော် ရလာပါက ဇကာထဲသို့ သွန်ချပေးပြီး ရေအေးနှင့် ဆေးချပေးပါ
ရေအေးနှင့် ဆေးပြီးတာနဲ့ ဇကာထဲမှာဘဲ ရေစစ်ထားပါ
ပဲဟင်းရည်ချက်ရန်
အုန်းဆီချက်ပြီးသားကို ပြင်ထားပေးပါ
ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးထားပါ
ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပါ
နနွင်းမှုန့်နှင့် ငရုတ်သီး အရောင်တင်မှုန့်ကို ပြင်ထားပါ
ဒယ်အိုးထဲ ဆီ ထမင်းစားဇွန်း လေးဇွန်းထည့်ပြီး အပူပေးပါ
ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ လှီးထားသော ကြက်သွန်များနှင့် ငရုတ်သီး အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ကို ထည့်ပြီး ဆီသတ်ပေးပါ
ကြက်သွန်များ နွမ်းသွားပြီး ဆီသတ်နံ့ မွှေးလာတာနဲ့ မီးပိတ်ထားပါ။
ပဲအစိမ်းမှုန့်ကို ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးခန့်နှင့် ပျော်အောင် ဖျော်ပေးပါ
ပဲမှုန့်အရည်ပျော်သွားတာနဲ့ ဇောက်နက်သော အိုးတစ်လုံးထဲမှာ ထည့်ပေးပြီး အပူပေးပါ
ပူလာတာနဲ့ ပဲမှုန့်မျာ လုံးထွေးပြီး ကပ်မသွားစေရန် သစ်သားယောင်းမနှင့် အဆက်မပြတ် မွှေပေးပါ
ပဲမှုန့်မျာ ပဲစိမ်းနံ့ ပျောက်လာတာနဲ့ ပဲရည်အပျစ်အကျဲအတွက် မိမိစိတ်ကြိုက် ရေလိုသလောက်ထည့်ပေးပါ။
ပြီးတာနဲ့ ကြက်သွန်နီ ဆား အရသာမှုန့် ဆီသတ်ထားသော ငရုတ်သီးဆီသတ်နှင့် အုန်းဆီချက်တို့ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
ပဲရည်အိုး တည်နေစဉ် ဝေကျတတ်တဲ့အတွက် သတိထားပြီး တည်ပေးပါ။
ကြက်သွန်နီဥများ နူးလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ မီးပိတ်ထားပေးပါ
နန်းကြီးသုပ်ထဲ ထည့်ရန်နှင့် အသုပ်နှင့် တွဲဖက်စားရန် ပဲဟင်းအရည်သောက်လေး ရပါပြီ။

နန်းကြီးသုပ်ပွဲပြင်ရန်
===============
နန်းကြီးဖတ်များကို ပြင်ထားပါ
ကြက်သားချက်ပြီးသားကို ပြင်ထားပါ
ကြက်ဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ
သံပုရာသီးကို ရေဆေးပြီး လှီးထားပါ
နံနံပင်ကို ရေဆေးပြီး အနေတော်လေးတွေ လှီးပေးထားပါ။
ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါး လှီးထားပေးပါ
ငါးဖယ်ကြော်ပြီးသားကို ပြင်ထားပေးပါ
အရသာမှုန့်ကို ပြင်ထားပါ
ပဲအကျက်မှုန့်နှင့် ငရုတ်သီးအလှော်မှုန့်တို့ကို ပြင်ထားပါ။
အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ မိမိစားနိူင်သလောက် နန်းကြီးဖတ် အရသာမှုန့် ကြက်သားဟင်း ပဲအကျက်မှုန့် ငရုတ်သီးအလှော်မှုန့် နံနံပင် ကြက်သွန်နီ ငါးငံပြာရည် သံပုရာရည် ကြက်ဥ ငါးဖယ်ကြော်နှင့် ပဲဟင်းရည်တို့ကို သင့်သလို ထည့်ပေးပြီး နယ်ပေးပါ
အရသာ သမသွားတာနဲ့ အရသာမြည်းကာ လိုသလို ပြင်ပေးပြီး အသုပ်ပွဲပေါ်မှာ ကြက်ဥနှင့် ငါးဖယ်ကြော်ကို ထည့်ပေးပြီး ပဲဟင်းရည် ချိုချိုလေးနှင့် တွဲဖက်ကာ စားသုံးနိူင်ပါပြီ။

crd ရွှေရှမ်းလေးမိသားစု

Photos from Taste Gallery's post 13/10/2021

ကြက်သားဆွမ်းမွေးရွက်ထုပ်ကြော် ♡
Fried Chicken in Pandan Leaves
❀ ❀ ❀
ဝါသနာရှင်များမည်သူမဆိုShareကိုနှိပ်ပြီးခွင့်မတောင်းဘဲလွတ်လပ်စွာမျှဝေနိုင်ပါတယ်။မိမိတို့ကိုယ်ပိုင်Pageများတွင်မိမိအကျိုးစီးပွားအတွက်စာများပုံများကိုကူးချပြီးကိုယ်တိုင်ချက်ပြုတ်ထားသည့်ပုံစံပြုလုပ်ခြင်းများကိုခွင့်မပြုပါ။ခွင့်မပြုဘဲအသုံးပြုသူများသည်ခိုးယူရာရောက်ကြောင်းသတိပေးအပ်ပါသည်။
❀ ❀ ❀
ကြက်သားကြော်ကိုရိုးရိုးကြော်တာထက်ခုလိုဆွမ်းမွေးရွက်လေးနဲ့ထုပ်ပြီးလှလှပပကြော်ထားတာကတမျိုးစွဲဆောင်မှုရှိသလိုထူးခြားမွေးပျ့ံတဲ့အနှ့ံအရသာကိုလည်းပေးပါတယ်။မွေးနေ့ပွဲပါတီပွဲတွေမှာလည်းလှလှပပစိတ်ဝင်စားဖွယ်ပြင်ဆင်ပေးနိုင်ပါတယ်ရှင်။စမ်းလုပ်ကြည့်ကြရအောင်။
လိုအပ်သောပစ္စည်း
***********
ကြက်ပေါင်သား - ၃၀၀ဂရမ်
ဆွမ်းမွေးရွက်ကြီးကြီး - နှစ်ပင်
ကြက်သွန်ဖြူ -နှစ်မြောင်းသေးသေးစိတ်
ငရုပ်ကောင်းဖြူ - လ္ဘက်ဇွန်းတဝက်
နံနံမြစ် - နှစ်ပင်သေးသေးစိတ်
နံနံစေ့အမှုန့် - လ္ဘက်ဇွန်းတဝက်
ယိုးဒယားငံပြာရည် - စားပွဲတင်ဇွန်းတဝက်
ပဲငံပြာရည် - စားပွဲတင်ဇွန်းတဝက်
ခရုဆီ - စားပွဲတင်ဇွန်း တဝက်
နှမ်းဆီမွေး - စားပွဲတင်တစ်ဇွန်း
ကြက်သားမှုန့် - လ္ဘက်ဇွန်းတစ်ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ကြက်သားကိုရေဆေးသန့်စင်ကာအတုံးသေးသေးတုံးထားပါ။
(၂)ဆွမ်းမွေးရွက်ကိုအရင်းမှဖြတ်ကာရေဆေးသန့်စင်ထားပါ။
(၃)ပန်းကန်တခုတွင်ကြက်သားကိုထည့်ပြီးပါဝင်ပစ္စည်းများထည့့်ကာဆယ်မိနစ်ခန့်နှပ်ထားပါ။
(၄)အားလုံးအဆင်သင့်ဖြစ်ပါကဆွမ်းမွေးရွက်၏အဖျားမှကိုင်ကာကတော့ပုံစံခေါက်ပေးပါ။
(၅)ကတော့ပုံစံခေါက်ထားသောနေရာတွင်ကြက်သားတုံးနှစ်တုံးသို့သုံးတုံးထည့်ကာစမူစာခေါက်နည်းအတိုင်းထုပ်ကာအဆုံးနားရောက်လျှင်အစသိမ်းပြီးကျစ်နေအောင်ဆွဲပေးပါ။
(၆)အားလုံးပြီးသွားပါကဆီပူပူတွင်နှစ်မိနစ်မှသုံးမိနစ်ချကြော်ပြီးဆယ်ယူဆီစစ်ထားပါ။ဆွမ်းမွေးရွက်အနံ့သင်းပျံ့ နေသောပူပူနွေးနွေးကြက်သားဆွမ်းမွေးရွက်ထုပ်ကို နှစ်သက်ရာ ဆော့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။.........
Sofia

Want your school to be the top-listed School/college in Pyay?
Click here to claim your Sponsored Listing.

Website

Address

ရွှေတစ်ချောင်းလမ်း ၊ ပြည်မြို့။
Pyay