Kay Lay

Kay Lay

Share

Photos from Kay Lay's post 23/12/2020

ပစ္စည်းကွာလတီကောင်းပြီး ဈေးအသင့်တင့်ထဲက ဘယ်လိုဘရန်းကို ရေရှည်ရောင်းရမလဲ မေးသူတွေ?

၁- ကွာလတီကောင်းတဲ့ဘရန်းဖြစ်ရမယ် ကိုယ်တိုင်အရင်သုံးကြည့်ပါ သေချာလေ့လာပါ လက်တွေ့စမ်းသပ်ပါ ရော့ အင့် ရောင်းဆိုပြီး သူများလာရောင်းခိုင်းတိုင်းဇွတ်မလုပ်နဲ့  ကိုယ်ကိုယ်တိုင်ကလေ့လာပါ ကိုယ်ရောင်းမဲ့ ပစ္စည်းကွာတီဘယ်လောက်ကောင်းလဲ အန္တရယ်ရှိလား စသည်ဖြင့်ပေါ့ လေ့လာမှုအားနည်းရင် ကိုယ်ကသူများထက်အရာရာနောက်ကျသွားလိမ့်မယ်

၂-အာမခံချက်အပြည့်ရှိတဲ့ဘရန်းဒါလဲအရေးကြီးတယ်နော်

၃-FDAထောက်ခံချက်အပြည့်ရရှိထားတဲ့ဘရန်းဖြစ်ရမယ်
ဒီချက်လဲအရေးကြီးတယ်

၎-ဘောနပ်အပေးကြမ်းတဲ့ဘရန်း ဒါကလဲ ကိုယ်စားလှယ်လေးတွေအတွက်ခွန်အား ရေရှည်လက်တွဲသွားနိုင်မဲ့သော့တစ်ချောင်းပေါ့

၅-ကိုယ့်ဘက်ကနေမားမားမတ်မတ် ရပ်တည်ပေးနိုင်တဲ့ဘရန်း ဘက်မလိုက်တဲ့
ပိုင်ရှင် 👩‍⚖️CEO 👩‍💼Leader တွေ
ဒါအရေးကြီးဆုံးပဲ ရောင်းပြီးပြီးရောပစ်ထားရင် ရေရှည်လက်တွဲလို့မရဘူးလေနော်

၆-ပစ္စည်းကောင်းတစ်ခု ရေရှည်ရောင်းနိုင်ဖို့က မျှမျှတတနဲ့ ကိုယ့်ကိုယုံကြည်မှုရှိရှိ လက်တွဲခေါ်နိုင်တဲ့ Leaderကောင်းလဲလိုအပ်ပါသေးတယ်နော်

၇-အဓိကက အောင်မြင်ချင်ရင် ရောင်းကောင်းချင်ရင် ကိုယ့်ဘရန်းကို စိတ်ရင်းအမှန်ချစ်ပါ ရူးသွပ်ပါ စိတ်ရှည်ပါ စေတနာပါပါ အလုပ်လုပ်ပါ အမြဲတီထွင်ကြံဆပါ အတတ်နိုင်ဆုံး သီးခံပါ
လေးစားပါ အမြဲမပြတ်လေ့လာသင်ယူပါ

ကိုယ့်ကိုဘရန်းကောင်းနဲ့မိတ်ဆက် လမ်းပြပေးတဲ့
ဘရန်းမိခင်ကြီးကိုလေးစားပါ ချစ်ပါ

ကိုယ့်ကိုသွန်သင်ပြပေးတဲ့
ကိုယ့်Leaderတွေကို လေးစားပါ

ကိုယ်စားလှယ်အချင်းချင်းလဲလေးစားပါ

ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ဘယ်အရာမဆို နွေးထွေးမှုအပြည့်နဲ့တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံကြရင် အဲ့ဆက်ဆံရေးဟာ ရေရှည်ခိုင်မြဲပြီး ဘယ်တော့မှမပြိုကွဲဘူးဆိုတာ အဆုံးသတ်ရင်းးးး ဈေးရောင်းကြပါစို့😁

အဆုံးထိဖတ်ပေးလို့
ကျေးဇူးတင်ပါတယ်🤍

Want your business to be the top-listed Beauty Salon in Pathein?
Click here to claim your Sponsored Listing.

Telephone

Address

Pathein
1500