Inle Professional Women Network - IPNet

Inle Professional Women Network - IPNet

Share

ညောင်ရွှေမြို့ နှင့် အင်းလေးဒေသ ရှိ အမျိုးသမီးတို့ရဲ့ဘဝတိုးတက်မြင့်မားစေရန်နှင့် ဒေသအကျိုးအတွက် ကိုယ်ထူကိုယ်ထ ဖွဲ့စည်းထားသော အရပ်ဖက် အမျိုးသမီးအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်ရှင်…

Photos from Inle Professional Women Network - IPNet's post 03/06/2026

မင်္ဂလာပါရှင်…
အင်းလေးအမျိုးသမီးများ စွမ်းဆောင်ရှင်အသင်း- IPNet ၏ လူသားချင်း စာနာထောက်ထားမှု ကူညီရေး အဖြစ် ဒေသတွင်းရှိ လိုအပ်နေသူများ ဖြစ်ကြသော ….
(၁) မင်းချောင်းကျေးရွာမှ မဖူးပွင့်ဝေ၏မိခင် ဒေါ်ကလျာစိုး အတွက် ငွေသား ၁၀သိန်းကျပ် နှင့်
(၂) ဘုရားကြီးရှေ့ အောက်ရွာမှ မရွန်းလဲ့ဝေ ကလေးမီးဖွားစရိတ် အတွက် ငွေသား ၉သိန်းကျပ် … တို့ကို သွားရောက်တွေ့ဆုံပြီး နွေးထွေးစွာနှစ်သိမ့်အားပေး အကူအညီပေးခဲ့ကြပါတယ်ရှင်…

☮️ မင်းချောင်းကျေးရွာမှ မဖူးပွင့်ဝေမှာ တောင်ကြီးမြို့ရှိ ဘားဆိုင်တဆိုင်တွင် မိသားစုဝမ်းရေးအတွက် အလုပ်လုပ်ရင်း အကြမ်းဖက်ခံရခြင်းကြောင့် ေ-သဆုံးသွား ခဲ့ရပြီးကျန်ရစ်သူမိခင် နှင့် မိသားစု အတွက် လူသားချင်းစာနာထောက်ထားမှုအဖြစ် လိုအပ်သည့်​နေရာတွင် အသုံးပြုရန်အတွက် အကူအညီပေးခဲ့ကြခြင်းဖြစ်ပါတယ်ရှင်…
☮️ ဘုရားကြီးရှေ့အောက်ရွာမှ ကိုပြည့်ဖြိုးကျော်နှင့် မရွန်းလဲ့ဝေ တို့ ဇနီးမောင်နှံတို့မှာ နေ့စားလုပ်ကိုင်ကြပြီး ကလေးမီးဖွားချိန် တွင် ကိုပြည့်ဖြိုးကျော်မှာလဲ ထိခိုက် ဒဏ်ရာကြောင့် တောင်ကြီးမြို့တွင်ဆေးရုံတက်ကုသနေချိန်ဖြစ်၍ မီးဖွားစရိတ်အတွက် အခက်အခဲ ဖြစ်နေသောကြောင့် ကူညီပေးခဲ့ကြခြင်း ဖြစ်ပါတယ်ရှင်…

အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေလို့ IPNet အသင်းဝင်များမှ ဆုတောင်းပေးလိုက်ပါတယ်ရှင်…
ကောင်းသောနေ့ပါရှင်…

်းပြန်ကြား #လူသားချင်းစာနာထောက်ထားမှု

Photos from Inle Professional Women Network - IPNet's post 07/05/2026

မင်္ဂလာပါရှင်…
အင်းလေးဒေသတွင်း ငလျင်ကြောင့်ပျက်စီးသွားသော ဟန်ချိုကျေးရွာ ရှိ ကိုဇော်ဝင်းညွန့် နှင့် မအေးမော် တို့နေအိမ် ပြုပြင်ရန် အတွက် …
-Myanmar Shalom and Go Myanmar Travel & Tour ရန်ကုန်မြို့ မှ ငွေသား သိန်း (၂၀)ကျပ် နှင့်
-မမြမျိုးဆက်ဝေ မိသားစု ရန်ကုန်မြို့ မှ ၁၅၀၀၀၀ ကျပ်
စုစုပေါင်း ၂၁၅၀၀၀၀ ကျပ် ပံ့ပိုးမှု ကို အင်းလေးအမျိုးသမီးများ စွမ်းဆောင်ရှင်အသင်း -IPNet မှ အလှူရှင်များ ကိုယ်စား သွားရောက်လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်ရှင်…

ယနေ့ ၂၀၂၆ ခုနှစ် မေလ ၇ရက်နေ့ တွင် အသင်းဝင်များမှ အိမ်တက် အမှတ်တရ လက်ဆောင်များ ပေးအပ်၍ နေအိမ် ဆောက်လုပ်ပြီးစီးမှုကို သွားရောက် မှတ်တမ်းယူ ခဲ့ကြပါတယ်ရှင်…

ယခုလို အင်းလေးဒေသတွင်းရှိ ပြည်သူများ၏ လိုအပ်မှု အတွက် ပံ့ပိုး ကူညီပေးပါသော Myanmar Shalom and Go Myanmar Travel & Tour နှင့် မမြမျိုးဆက်ဝေမိသားစု တို့ အား ဒေသခံများ ကိုယ်စား IPNet အသင်းမှ ကျေးဇူးအထူးတင်ရှိပါတယ်ရှင်…
အမှတ်တရ ပုံလေးများဖြင့် မှတ်တမ်းတင်လိုက်ပါတယ်ရှင်…

💜ကောင်းသောနေ့ပါရှင်…

#ဟန်ချိုရွာ #ငလျင်ဘေးပြန်လည်ထူထောင်ရေး

Want your business to be the top-listed Business in Nyaungshwe?
Click here to claim your Sponsored Listing.

Address

Nyaungshwe