SoW Learning Center

SoW Learning Center

Share

SoW [Source of Wisdom] Learning Center is the best place for those who want to take English, Computer and Abacus courses and achieve their dreams and goals in their future.

18/12/2023

Another new year is drawing near once again. We all love making our NEW YEAR RESOLUTIONS on the first day of the year.

Answer this question honestly to yourself, "Are you an Action Taker or a Procrastinator? Have you fulfilled the current year's resolution?"

04/12/2023

🇲🇲 မြန်မာ​တွေ ​မှား​လေ့ရှိတဲ့ စကားစု

👉 လိုရင်းတိုရှင်း​ပြော လို့​ပြောချင်တာကို Short to the point ဆိုပြီး မှား​​ပြောလေ့ရှိပါတယ်။ အမှန်က Straight to the point ဖြစ်ပါတယ်။

✅️ ​နောက်တစ်ခုက ကျွန်​တော်တို့အိမ်မှ ကြိုဆိုပါတယ် လို့​ပြောချင်တာကို မြန်မာလိုတိုက်ရိုက်ဘာသာပြန်ပြီး Welcome from our home ဆိုပြီး to သုံးရမယ့်အစား from မှား​သုံးလေ့ရှိကြပါတယ်။ အမှန်က Welcome to our home ဖြစ်ပါတယ်။

04/12/2023

✅️ မိမိကိုယ်ကို တခြားသူများနဲ့ မနှိုင်းယှဥ်ပါနဲ့။ ကိုယ့်ကိုယ်ကိုသာ ယှဥ်ပြိုင်သူ ဖြစ်ပါ​စေ။

‼️လူတစ်ဦးချင်းစီတိုင်းမှာ ကိုယ်ပိုင်အားသာချက်၊ အားနည်းချက်ကိုယ်စီရှိကြပါတယ်။ သူတပါးအားသာချက်ကိုအားမကျပါနဲ့။ ကိုယ့်အစွမ်းအစ၊ ကိုယ့်အားသာချက်ကိုသာ ​ဖော်ထုတ်ပါ။ တစ်ရက်ထက်တစ်ရက် ပိုကောင်း၊ ပို​တော်လာ​အောင် စဥ်ဆက်မပြတ် ကြိုးစား​နေသူ၊ လေ့ကျင့်ပြင်ဆင်​နေသူဖြစ်စေပါ။

02/03/2015

ဒီနေ့တော့ ကျောင်းသင်ခန်းစာမှာရော၊ စာအုပ်စာပေများမှာရော တွေ့ရခဲတဲ့ စကားလုံးတွေကို လေ့လာကြမယ်။ ဆရာသမားတွေကလည်း တစ်ချို့ဝေါဟာရတွေကို အတန်းတွေထဲမှာ မသင်ပေးကြဘူး။ ဥပမာ လိင်အင်္ဂါနှင့်ဆိုင်တဲ့ စကားလုံးတွေကို ရိုင်းစိုင်းတဲ့ဝေါဟာရအနေနဲ့ သတ်မှတ်ကာ သင်ကြားပေးလေ့မရှိပါဘူး။ တစ်ခါတုန်းက ညီတစ်ယောက်ကို အင်္ဂလိပ်လို မစင်ကို ဘယ်လိုခေါ်လဲ လို့မေးတော့ သူက ချက်ချင်းပြန်ဖြေတယ် s**t တဲ့။ အဲဒီမှာ သောက်သောက်လွဲအောင် မှားတော့တာပဲ။ လူကြီးသူမရှေ့ s**t လို့သွားပြောလို့ကတော့ အကျိုးဆက်ကတော့ မတွေးရဲစရာပါ။ အဲဒီလို ညစ်ညမ်းတဲ့ အဓိပါယ်ရှိတဲ့ စကားလုံးတွေကို ယဉ်ယဉ်ကျေးကျေး ဘယ်လိုပြောတယ်၊ ဆေးပညာဘာသာရပ်မှာ ဘယ်လိုသုံးတယ်၊ အရပ်စကားဘယ်လိုခေါ်တယ် ဆိုတာ သိဖို့ မလိုအပ်ပေဘူးလား? ကဲမစင်နဲ့စလိုက်ကြရအောင်။ :-D
မစင် (နာမ်) ကို
စာကြီးပေကြီး ဆန်ဆန်ပြောရင်(formal): f***s, f***l matter, excrement, stool
လူသုံးများတဲ့ အသုံးအနှုန်းကတော့ (general use): bowel movement
စကားယဉ်၊ စကားနုအနေနဲ့ပြောရင် (Euphemism): B.M., waste material, dirt, doo (dogs or cats)
ကလေးအခေါ် (children’s words): a a, doodoo, doody, ca ca, number two, p**p, p**poo, poozie
အမေရိကန်အရပ် အခေါ် (Amenrican Slang): crap, turds, logs
ဆဲရေးကြမ်းတမ်းစွာ ပြောတဲ့အခါကျတော့ (Vulgar): s**t
--------------------------------------------------------------
မစင်စွန့်တာကိုကျတော့ (ကြိယာ)
Formal: defecate, move one’s bowels, have a bowel movement
General Use: have a bowel movement
Euphemism: go to the bathroom, go, make, eliminate
Children’s Words: go, make, or do: a a, eh eh, doodoo, doody, ca ca, number two, p**p, p**poo, poozie
American Slang: feed the fish, use the facilities, see a man about a horse
Vulgar: crap, dump, dump a load, pinch a loaf, s**t, take a crap, take a dump, take a s**t

Want your school to be the top-listed School/college in Myitkyina?
Click here to claim your Sponsored Listing.

Category

Website

Address

Jubilee Street
Myitkyina