KM
26/07/2020
Safeguard ( ဆေ့ဖ်ဂတ် ) အကြောင်း သိကောင်း စရာ
------------------------------------------------------------------
ကျွန်တော်တို့ မြန်မာနိုင်ငံကြီး တိုးတက်လာတာနဲ့ အမျှ နိုင်ငံရဲ့ နေရာ ဒေသ အများအပြားမှာ လျှပ်စစ်မီးတွေ ရရှိလာကြပြီ ဖြစ်ပါတယ်။ဒါ့ကြောင့် အိမ်တိုင်း လိုလို လျှပ်စစ် အသုံးအဆောင် ပစ္စည်းလေးတွေ ဝယ်ယူ သုံးစွဲလာကြပါတယ်။
အဲဒီလို လူတိုင်း လူတိုင်း လျှပ်စစ်ပစ္စည်းလေးတွေ သုံးစွဲ လာကြတဲ့ အခါမှာ လျှပ်စစ်နဲ့ ပတ်သက်တဲ့ ဗဟုသုတလေးတွေ အနည်းအကျဉ်းတော့ ရှိထားသင့်တယ် လို့ ထင်ပါတယ်။
လျှပ်စစ်မီး မတည်ငြိမ်ခြင်း၊ မီးအား နည်းလွန်းခြင်း၊ မီးအား များလွန်းခြင်း၊ မီး ခဏခဏ လာလိုက် ပြတ်လိုက် ဖြစ်ခြင်း၊ စသည်တို့ ကြောင့်လည်း လျှပ်စစ် ပစ္စည်းများ ပျက်စီး ရတတ် ပါတယ်။
ဒါကြောင့် ဒီနေ့ လျှပ်စစ် ပစ္စည်းတွေ သုံးတဲ့ အခါ မှာ လျှပ်စစ်မီးကြောင့် မလိုအပ်ဘဲ ပျက်စီး ဆုံးရှုံးမှုများ မရှိရစေရန် ဗဟုသုတ အနေနဲ့ Safeguard လေးတွေ အကြာင်း ပြောပြ ပေး ချင်ပါတယ်။
Safeguard ဆေ့ဖ်ဂတ် ဆိုတာကတော့ လျှပ်စစ် ကာကွယ်ရေး စက်တစ်မျိုး ဖြစ်ပါတယ်။
တစ်ချို့က မီးဖြတ်စက် လို့လည်း ခေါ်သေးတယ်ဗျ။သူ့ကိုကြားခံ တပ်ဆင် ထားခြင်းဖြင့် ကိုယ် အသုံးပြု နေသည့် လျှပ်စစ် ပစ္စည်းအား လျှပ်စစ်မီး မတည်ငြိမ်ခြင်း၊ မီးအား နည်းလွန်းခြင်း၊ မီးအား များလွန်းခြင်း၊ မီး ခဏခဏ လာလိုက် ပြတ်လိုက် ဖြစ်ခြင်း၊ များကြောင့် မပျက်စီး ရလေအောင် တားဆီး ဖြတ်တောက် ကာကွယ် ပေးထား နိုင်ပါတယ်။
Safeguard ရဲ့ လုပ်ဆောင် ချက် ၃ ရပ်
၁။ မီးအားနည်းနေလျှင် ဖြတ်တောက် ကာကွယ် ပေးခြင်း
၂။ မီးအားများနေလျှင် ဖြတ်တောက် ကာကွယ် ပေးခြင်း
၃။ အချိန် စောင့်ဆိုင်း ပေးခြင်း
၁။ မီးအားနည်းနေလျှင် ဖြတ်တောက် ကာကွယ် ပေးခြင်းလျှပ်စစ် ပစ္စည်းတိုင်းမှာ ၎င်း သုံးစွဲရမယ့် လျှပ်စစ် ဗို့အား (rated voltage ) ဆိုတာ ရှိပါတယ်။ ထို သတ်မှတ် ဗို့အားထက် အလွန်လျော့နည်းစွာ ရရှိ သုံးစွဲနေ ရလျှင် ၎င်း လျှပ်စစ် ပစ္စည်း ပျက်စီး တတ်ပါတယ်။ ထို့ကြောင့် သတ်မှတ် ဗို့အားထက် လျော့နည်းနေလျှင် ဆေ့ဖ်ဂတ်မှ ဖြတ်တောက် ပေးခြင်းဖြင့် စက် မပျက်ဆီးအောင် ကာကွယ် ပေးပါတယ်။
၂။ ထို သတ်မှတ် ဗို့အားထက် အလွန် ပိုမို မျာပြားစွာ ရရှိ သုံးစွဲ ရလျှင်လည်း ၎င်း လျှပ်စစ် ပစ္စည်း ပျက်စီးတတ်ပါတယ်။ ထို့ကြောင့် သတ်မှတ် ဗို့အားထက် ပိုမို များပြား နေလျှင် ဆေ့ဖ်ဂတ်မှ ဖြတ်တောက် ပေးခြင်းဖြင့် စက် မပျက်ဆီးအောင် ကာကွယ် ပေးပါတယ်။
၃။ မီး အခုပျက် သွားတယ်။ ချက်ခြင်း ပြန်လာတယ်။ ( သို့မဟုတ် ) ခလုပ်မှားပိတ်မိ လိုက်တယ်။ ချက်ခြင်း ပြန်ဖွင့် လိုက်တယ်။ ) ဆိုကြပါစို့။ အဲဒီလို အချိန်မျိုးတွေမှာ မီးအား မတည်ငြိမ်မှုတွေကြောင့် ၎င်း လျှပ်စစ် ပစ္စည်း ပျက်စီးတတ်ပါတယ်။ ထို့ကြောင့် ထိုအချိန်မျိုးမှာ လျှပ်စစ် ပစ္စည်းကို ချက်ခြင်း ဗို့အား ပြန်ထုတ် မပေးပဲ ဆေ့ဖ်ဂတ်မှ အချိန် စောင့်စိုင်းပြီးမှ ပြန်လည် ဗို့ထုတ် ပေးခြင်းဖြင့် စက် မပျက်ဆီးအောင် ကာကွယ် ပေးပါတယ်။
ရေခဲသေတ္တာတွေ၊ အဲကွန်းတွေဆိုရင် အခု ပိတ်ပြီး အခုချက်ခြင်း ပြန်ဖွင့်ရင် အထဲက compressor motor ဟာ ချက်ခြင်း မလည်နိုင်ပါဘူး။ ဒါကြောင့် အနည်းဆုံး သုံးမိနစ် စောင့်ပြီးမှ ပြန်ဖွင့်ပေးရပါတယ်။ အဲဒီ အတွက် ဆေ့ဖ်ဂတ်က ၅ မိနစ် စောင့်ပေးပြီးမှ ပြန်လည် မောင်နှင်ပေး ပါတယ်။
အခုနောက်ပိုင်း TVတွေ အဝတ်လျှော်စက် တွေမှာ အော်တို ဗို့အားထိန်း circuit ( AVR ) တွေ ထည့်သွင်း တည်ဆောက်လာ ကြပြီဖြစ်လို့ TV တွေ လျှော်စက်တွေ အတွက် မလိုတော့ပေမယ့် ခံသုံးရင်တော့ ပို စိတ်ချရပါတယ်။
ရေခဲသေတ္တာနဲ့ အဲကွန်းအတွက်တော့ မဖြစ်မနေ ကြားခံ သုံးစွဲ ပေးရပါမယ်။
safeguard တွေမှာ ပါတဲ့
under voltage
over voltage
delay time
current စတာတွေကို ကြည့်ပြီး ဘယ် လျှပ်စစ် ပစ္စည်းအတွက် ဘယ် safeguard သုံးရမလဲ ဆိုတာ ရွေးချယ် ရပါမယ်။
TV, DVD နဲ့ လျှော်စက်များ အတွက်
under 90 V
over 240V
delay time 5sec
current 5A
ရေခဲသေတ္တာ အတွက်
under 175 V
over 240V
delay time 5min
current 5A
အဲကွန်းအတွက်
under 175 V
over 240V
delay time 5min
current 15A
အချို့ ရေခဲသေတ္တာ အဲကွန်း ဆေ့ဖ်ဂတ်တွေမှာ delay time 5min မစောင့်ပဲ ချက်ခြင်း operate လုပ်နိုင်ရန် နှိပ်ပေးလို့ ရတဲ့ quick start ခလုပ်ကလေးပါ ပါတယ်။
အဲဒီ ခလုပ်ကလေးက ရပ်ထားတာ ၅ မိနစ် ကျော်ပြီးမှ ပြန်ဖွင့်တာမျိုး ဆိုရင် နှိပ် သုံးရတာပါ။
ရပ်ပြီး ၅ မိနစ် မကျော်သေးပဲ ပြန်ဖွင့်တာမျိုး ဆိုရင် မနှိပ် သင့်ပါဘူး။
ဒီလောက်ဆိုရင် လျှပ်စစ်ပစ္စည်း သုံးစွဲသူများ အနေနဲ့ ဘယ်လို ပစ္စည်းမျိုး တွေကို ဆေ့ဖ်ဂတ် ခံ သုံးသင့်လဲ။ ဘာကြောင့် ဆေ့ဖ်ဂတ်တွေ ကြားခံ သုံးစွဲ သင့်သလဲ ဆိုတာ သိလောက်ပြီ ဖြစ်ပါတယ် ခင်ဗျာ။ သိပြီးသူများ အတွက်လည်း ပိုမှတ်မိ စေတာပေါ့ဗျာ။
ဒီနေရာမှာ ဆေ့ဖ်ဂတ် ထုပ်လုပ်သူ တွေကို အကြံပြု ချင်တာကတော့ အဲဒီ quick start ခလုပ် မထည့်ပဲ delay time ကို မီးပိတ်သွားတဲ့ အချိန် ကနေ ပြန်လာတဲ့ အချိန်ကို တွက်ပြီး operate လုပ်ပေးတဲ့ စနစ် သုံးရင် သုံးစွဲသူတွေ အတွက် ပို အဆင်ပြေစေမယ်လို့ ထင်ပါတယ် ခင်ဗျာ။
ဆိုလိုတာက မီးပျက်တာ ၅မိနစ် ကျော်မှ ပြန်လာတာဆိုရင် ၅ စက္ကန့်လောက်ပဲ delay လုပ်ပြီး operate ပြန် လုပ်ပေးတာမျိုး၊
မီးပျက်ပြီး ၃မိနစ်မှာ ပြန်လာတယ် ဆိုရင် ၂ မိနစ်လောက် delay လုပ်ပြီး ပြန် operate လုပ်ပေးတာမျိုး ကို ပြောတာပါ။
ဆရာလုပ်တာမျိုး မဟုတ်ပါဘူး ခင်ဗျာ သုံးစွဲသူတွေ ပိုမို အဆင်ပြေ စေဖို့ အကြံပြု တာပါ ခင်ဗျာ။
အဲဒီလို လုပ်ပေးခြင်း အားဖြင့် သုံးစွဲသူတွေ အတွက် မီးပြန်လာလို့ ထနှိပ် ရတာမျိုး လုပ်စရာ မလိုတော့ဘူး။ ၅ မိနစ် မပြည့်သေးပဲ ထနှိပ်လို့ စက်ပျက်မှာလည်း မပူရတော့ ဘူးပေါ့ ခင်ဗျာ။
အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ လိုအင် ဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်စုံကြပါစေ ခင်ဗျာ။
#လက်ကိုမကြာခဏဆပ်ပြာဖြင့်စင်ကြယ်စွာဆေးကြောပါ
#လူစုလူဝေးကိုရှောင်ကျဉ်ပြီးတက်နိုင်သမျှအိမ်ထဲမှာပဲနေထိုင်ပါ
အခုနောက်ပိုင်းလူပြောများနေတဲ့ VRF System Air Conditioner ဆိုတာ . . . 👇🏻👇🏻👇🏻
ကျွန်တော်တို့တစ်တွေ လေအေးပေးစက် လို့ဆိုလိုက်တာနဲ့ indoor တစ်စုံနဲ့ outdoor တစ်စုံတွဲလျက် single split system ကိုအသိများကြတာဖြစ်ပါတယ်။
ခေတ်မှီတိုးတက်လာတာနဲ့အမျှ ကမ္ဘာပေါ်မှာ စက်ရုံများ၊ စျေးဝယ်စင်တာများ၊ စီးပွားရေး အလုပ်ခန်းမများ၊ အဆင့်မြင်ကွန်ဒို တိုက်ခန်းများမှာ အခန်းပေါင်းမြောက်များစွာအတွက် တစ်ခန်းကို လေအေးပေးစက် indoor unit နဲ့ outdoor unit တစ်လုံးစီတပ်ဆင်မယ်ဆိုရင် လေအေးပေးစက် outdoor unit များစွာထားဖို့ နေရာအခက်ခဲဖြစ်သလို စွမ်းအင်အလေအလွင့်ဖြစ်မှာအသေအချာပါပဲ။
ထိုအခန်းပေါင်းများစွာက လေအေးပေးစက်များကို အပိတ်အဖွင့်လုပ်ဖို့ အခက်ခဲတွေ၊ မပိတ်မိလို့ မီးလောင်နိုင်တယ့် အန္တရာယ်တွေ အစရှိသဖြင့် အခက်အခဲများစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။
အခုရှင်းပြပေးမယ့် အကြောင်းအရာလေးကတော့ ထိုကဲ့သို့ Factories, Industrial buildings,Commercial buildings, Shopping Centres,Banks,Condo အစရှိသဖြင့် အခန်းပေါင်းများစွာအတွက် လေအေးပေးစက် indoor unitများကို outdoor unit တစ်လုံး သို့မဟုတ် တစ်တွဲ တည်းကနေ ထိန်းချုပ်မောင်းနှင်ပေးနိုင်မယ်် ဆိုရင် စွမ်းအင် အလေအလွင့်ကိုလည်းလျော့ချနိင်မှာဖြစ်သလို လေအေးပေးစက် မပိတ်မိလို့ ဖြစ်လာမယ့် ဘေးထွက်ဆိုးကျိုးတွေများစွာကိုလည်း ကာကွယ်ပေးမယ့် Variable Refirgerant Flow(VRF) air conditioning system အကြောင်းပဲဖြစ်ပါတယ်။
VRF ဆိုတာဘာလဲ?
VRF ဆိုတာ Variable Refrigerant flowဆိုတယ့်အတိုင်း Refrigerant များကို outdoor unit တစ်လုံး သို့မဟုတ် တစ်တွဲကနေ များစွာသော indoor unit များဆီသို့ စီးဆင်းပီး အေးမြစေခြင်းပဲဖြစ်ပါတယ်။VRF system ဟာဆိုရင် လွန်စွာ ခေတ်မှီတဲ့ နည်းပညာအခြေပြု လေအေးပေးစက် စနစ်ပဲဖြစ်ပါတယ်။
Chilled water system နဲ့မတူတဲ့ အချက်က VRF system မှာ refrigerant ကသာလျှင် အပူအအေးစီးကူးမှုရဲ့ အဓိက စနစ်ဖြစ်ပီး Chilled water system လို ရေရဲ့ အကူအညီ မလိုပဲ အပူအအေး စီးကူးမှုကို လုပ်ဆောင်ပေးတာပဲဖြစ်ပါတယ်။
VRF system ရဲ့အားသာချက်တွေကတော့
-Inverter type ဖြစ်တာမလို့ သာမန်ထက် ၃၀%စွမ်းအင်ချွေတာပေးခြင်း။
-Outdoor unitအတွက်နေရာအနည်းငယ်သာလိုအပ်ခြင်း။
-အသံဆူညံမှု (noise pollution) ကိုသက်သာစေခြင်း။
VRF ရဲ့ အားနည်းချက်ကတော့
-Centralized စနစ်ဖြစ်တာမလို့ စနစ်တကျသေချာလေ့ကျင့်ထားသော technicians များသာtrouble shooting များကိုဖြေရှင်း
နိုင်ခြင်း ။
-ကနဦး ကုန်ကျငွေများခြင်းတို့ပဲဖြစ်ပါတယ်။
မိတ်ဆွေတို့ရဲ့ကြီးကျယ်ခမ်းနားတဲ့ စက်ရုံ အလုပ်ရုံ စျေးဝယ်စင်တာ ဘဏ် အဆင်မြင့်ဇိမ်ခံအိမ်တွေအတွက် ACMV Projectများမှာ ကျွန်တော်တို့ ရဲ့ VRF system Air conditioner များကို အသုံးပြုဖို့ တိုက်တွန်းပါရစေ။
17/05/2020
👉 ရှိနေပြီလား EER နဲ့ COP မြင့်တဲ့ အဲကွန်းမျိုး 😎
လတ်တလောမှာ ရာသီဥတု ပူလာတာနဲ့ အမျှ
အဲကွန်းတွေ သုံးစွဲလာကြပါတယ် 🔥🔥🔥
ဒါဆို သုံးစွဲနေရင်းနဲ့ မီတာခတွေ ပိုမိုကျသင့်လာတယ်ဆိုတာ ဘာကြောင့်ပါလဲ 😱😱😱💸💸💸
အဲကွန်း တစ်ခုမှာ စွမ်းအင် ချွေတာဖို့ကို စက်တစ်ခုရဲ့ ဖွဲ့စည်းပါဝင်ထားတဲ့ နည်းပညာ ၊ အပူလျော့ချနိုင်စွမ်းအား နဲ့ အစိတ်အပိုင်းများကို တိုင်းတာတွက်ချက်ပြီး သုံးစွဲသူအတွက် အလွယ်တကူ သိရှိနိုင်တာကတော့ EER နဲ့ COP တန်ဖိုး ပါပဲ ခင်ဗျာ
စက်ရဲ့ EER နဲ့ COP တန်ဖိုး မြင့်လေလေ စက်ရဲ့ စွမ်းအင် ချွေတာမှုနှုန်း သက်သာလေလေပါပဲ 😎😎😎
ထိုင်းနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ ဖြစ်သည့်အလျောက် လျှပ်စစ်စွမ်းအင် သုံးစွဲတဲ့ ပမာဏများကလည်း ပိုမို မြင့်တက်နေသလို နိုင်ငံသားများမှာလည်း အိမ်သုံးမီတာခက တစ်ယူနစ်ကို မြန်မာငွေ ၁၉၀ ကျပ် အထိ ပေးဆောင်နေရပါတယ်
ဒီလို အခြေအနေမျိုးမှာ သုံးစွဲတဲ့ သူတွေအတွက် ထိုင်းအစိုးရက စွမ်းအင်ကို ခြွေဝာာပေးနေတဲ့ ထုတ်ကုန်များကို ထုတ်လုပ်ဖို့ တွန်းအားပေးခဲ့သလို တစ်ဘက်မှာလည်း ထုတ်လုပ်တဲ့ စက်ရုံများကနေလည်း အပြိုင်အဆိုင် စွမ်းအင်ချွေတာပေးနိုင်တဲ့ EER ( Energy Efficiency Ratio ) နဲ့ COP ( Coefficient of Performance ) ပို၍ များသော ထုတ်ကုန်များကို ပြောင်းလဲ ထုတ်လုပ်လာကြပါတယ်
ဒါ့အပြင် လက်ရှိတွင် မြန်မာပြည်တွင်းမှာလည်း သုံးစွဲမှု ပမာဏ မြင့်တက်လာသည်နှင့်အမျှ ထုတ်လုပ်ရောင်းချသော ကုန်အမှတ်တံဆိပ်များမှာလည်း ပေးအပ်ထားသော အာမခံထက် စွမ်းဆောင်ရည်မြင့်မားသော အရည်အသွေးပိုင်းဆိုင်ရာအား စီစစ်ထုတ်လုပ်ထားမှသာလျှင် ဈေးကွက်အတွင်းသို့ ရောင်းချသည့်အခါ ပြုပြင်ထိန်းသိမ်းရသော ဝန်ဆောင်မှု အပိုင်းများ လျော့နည်းလာကာ သုံးစွဲရသူများအဖို့ ပိုမို နှစ်သက်အားရခြင်းမှာလည်း စုံစမ်းလေ့လာမေးမြန်းချက်အရ အခြေခံ လိုအပ်ချက် အစစ်အမှန် တစ်ခု ဖြစ်လာနေပါပြီ 🎯🎯🎯
အဲကွန်းအား ရွေးချယ် ဝယ်ယူသုံးစွဲသူများ အနေဖြင့် 😎😎😎😎
🏆 Non Inverter ( ပုံမှန် အဲကွန်း ) မှာတင် EER 14.33 ရရှိထားပြီး COP 3.95 အထိ ရရှိမှာ ဖြစ်သလို
🏆 Inverter မှာဆိုရင် EER 21.32 အထိ ပို၍ရရှိမှာ ဖြစ်ပြီး COP 3.97 အထိ ရရှိထားပါတယ်
🏆 ထိုင်းနိုင်ငံ အခြေစိုက် အမှတ်တံဆိပ် ဖြစ်တဲ့ ( Made in Thailand ) အပြင် ဖော်ပြပါ EER ရရှိမှုများကို စက်ပစ္စည်းအပေါ်တွင် ထိုင်း အစိုးရ အသိအမှတ်ပြု EGAT အဖွဲ့မှ တရားဝင် ထောက်ခံချက် Energy Saving Sticker ( အဝါရောင် စတေကာ ) ပါရှိမှာ ဖြစ်ပါတယ်
( ထို စတေကာ မှာ ပါရှိသော Website တွင် Model နံပါတ်နှင့်တကွ အချက်အလက် မှန်/မမှန် ဝင်ရောက်စစ်ဆေး အတည်ပြုနိုင်ခြင်း )
🏆 Mother Brand အနေနဲ့ ကိုယ်ပိုင် စက်ရုံမှ ထုတ်လုပ်ထားပြီး ကိုယ်ပိုင်အရည်အသွေးပိုင်းဆိုင်ရာ စစ်ဆေးချက်များအား အပိုပစ္စည်းများ နှင့်အတူ
🏆 မြန်မာနိုင်ငံ ပြည်တွင်း အာမခံ (၄) နှစ်ပါရှိခြင်း
🏆 ဆူညံသံ အထူး နည်းပါးခြင်းမှာ High Efficiency Compressor နှင့် ကြီးမားခိုင်ခန့်သော ကိုယ်ထည် တည်ဆောက်မှုကို အသုံးပြုထားခြင်း
🏆 ကြီးမားကျယ်ပြန့်သိပ်သည်းသော အပူစွန့်ထုတ်ဧရိယာကြောင့် အပူချိန်အား အမြန်ဆုံး လျော့ကျစေကာ Compressor မောင်းနှင်ချိန် သက်သာစေခြင်း
🏆 မိမိတို့ရဲ့ ရာသီဥတုများနဲ့ ကိုက်ညီတဲ့ အိမ်နီးချင်းနိုင်ငံရဲ့ စနစ်အတိုင်း ထုတ်လုပ်ထားတဲ့ ပြည်တွင်းသုံး စက်ပစ္စည်းကို တင်သွင်းထားခြင်း
🏆 စွမ်းအင်ခြွေတာမှု နဲ့ စက်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအား အဓိက ဖွဲ့စည်းထုတ်လုပ်ထားသောကြောင့်
💰 ပြုပြင် ထိန်းသိမ်းစရိတ် နည်းခြင်း
🎁 စွမ်းအင် (မီတာခ) ကို ပိုမို ခြွေတာ ပေးနိုင်ခြင်း
🌀 ပြင်ပ အပူချိန် 50°C အထိ မောင်းနှင်နိုင်ခြင်း
🛡️ စက်သက်တမ်းအား ပိုမို ကြာရှည်စေနိုင်ခြင်း
🏆 အထူးသဖြင့်ကတော့ ပေးလိုက်ရတဲ့ ငွေကြေးထက် စက်ပိုင်းဆိုင်ရာ ခန့်ထည်ပြည့်ဝမှု နဲ့ ပြန်ရမယ့် အကျိုးကျေးဇူးက များပြားလွန်တဲ့အပြင်
ပရိုမိုးရှင်းထက် ပိုသေချာတဲ့ ဈေးကွက်မိတ်ဆက် ဈေးနှုန်း အဖြစ် တည်ရှိနေခြင်း
တို့ကို ပေးစွမ်းနိုင်မှာ ဖြစ်တဲ့အတွက် မြန်မာပြည်တွင်း အဲကွန်း သုံးစွဲသူတိုင်းအတွက် ရည်ညွှန်းသော ထုတ်ကုန် တစ်ခုပဲ ဖြစ်ပါတယ် ခင်ဗျာ 👌👌👌
ရန်ကုန်မြို့ နဲ့ မန္တလေးမြို့ အပါအဝင် မြိတ် ၊ ထားဝယ် ၊ တောင်ငူ ၊ ဖြူး ၊ ညောင်လေးပင်မြို့ အနီးတစ်ဝိုက်မှ ဝယ်ယူလိုသည့် Customer များ အတွက်လည်း နီးစပ်ရာ ကိုယ်စားလှယ်များ ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ
🙏🙏🙏
#ထိုင်းနိုင်ငံ_အခြေစိုက်_ပြည်တွင်းသုံး_အဲကွန်း_တာဆာကီ
လျှပ်စစ်ပစ္စည်းတွေရဲ့ EER နဲ့ COP မြင့်မားခြင်း နဲ့ နိုင်ငံတိုင်းအတွက် များစွာ အကျိုးပြုပုံအား အောက်ပါ Link များမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျာ
EER နဲ့ COP အကြောင်း အသေးစိတ် ( ပထမပိုင်း )
https://www.facebook.com/243248442908060/posts/446998252533077/
EER နဲ့ COP အကြောင်း အသေးစိတ် ရှင်းလင်းချက် ( ဒုတိယပိုင်း )
https://www.facebook.com/243248442908060/posts/447035989195970/
31/01/2020
💣"အန္တရာယ်ရှိပါသည်."💣
🎯ဘယ်သောအခါမှ air conအခန်းထဲမှာ ဖယောင်းတိုင်မီး မထွန်းမိပါစေနဲ့။
📎နီးစပ်ရာ သင့်မိတ်ဆွေများထံ အသိပေးမျှဝေပေးပါ...💣အကယ်၍ air conအခန်းထဲမှာ ဖယောင်းတိုင်မီးထွန်းခဲ့လျှင် သင့်အသက်ကို သေစေနိုင်ပါတယ်။
💥ဥပမာ-ဘုရားခန်းအတွင်း air conဖွင့်ထားရင်း ဖယောင်းတိုင်မီး ပူဇော်ထားတာမျိုး
conအခန်းတွေဟာ ပြင်ပမှလေများမဝင်ရောက်နိုင်စေရန်အတွက် အခန်းကိုလုံအောင်ပိတ်ထားပြီးမှ ထိုအခန်းထဲရှိ လေများကို အေးလာစေရန် လှည်ပတ်အအေးခံစေသော စနစ်ပင်ဖြစ်ပါသည်။
#ထို့ကြောင့် air conအခန်းထဲမှာနေထိုင်သော သက်ရှိလူသားတို့သည် အခန်းထဲရှိ အောက်စီဂျင်ကို မှီခိုအားထားနေရပါသည်။
ထိုကဲ့သို့ အောက်စီဂျင်လုံလုံလောက်လောက် ပြင်ပမှာလဲမရရှိနိုင်သော air conအခန်းထဲတွင် ဖယောင်းတိုင်မီးထွန်းထားမယ်ဆိုရင် ထိုဖယောင်းတိုင်မီးစာကိုလောင်ကျွမ်းဖို့အတွက် အခန်းထဲရှိ အောက်စီဂျင်ကို ဖယောင်းတိုင်မှ စုပ်ယူသွားနိုင်ပြီး ဖယောင်းတိုင်မီးစာမှထွက်လာသော ကာဗွန်မိုနောင့်ဒ်ဆိုဒ်တွေဟာ အခန်းထဲမှာလွယ်လွယ်ကူကူနဲ့ လျင်မြန်စွာပျံ့နှံ့သွားစေနိုင်ပါတယ်။
💥ထိုကာဗွန်မိုနော့က်ဆိုဒ်ဓာတ်ဟာ အခန်းထဲရှိ လူသားတို့အတွက် အလွန်ကြောက်မက်ဖွယ်ကောင်းသော အဆိပ်အတောက်ဓာတ်ငွေ့တစ်မျိုးပဲဖြစ်ပါတယ်
🎯အကြာကြီးရှူရှိုက်မိလျင် မူးဝေလာပြီး အသက်ဆုံးရှုံးနိုင်ဖွယ်ရှိပါတယ်။
💥ထို့အတွက်ကြောင့် air conအခန်းတွင်းမှာ အောက်စီဂျင်ကို အလွယ်တကူကုန်ဆုံးစေနိုင်သော ဖယောင်းတိုင်မီးကို မထွန်းမိကျစေရန် သတိပေးဖော်ပြလိုက်ပါသည်။
-ThiHa
Click here to claim your Sponsored Listing.