MCTi Computer Training Center
15/06/2025
ဘာကြောင့် ကွန်ပျူတာနဲ့ သူနဲ့သက်ဆိုင်တဲ့accessoriesတွေကိုသန့်ရှင်းရေးပုံမှန်လုပ်ပေးသင့်တာလဲ???
🖥️⌨️🖱️ယနေ့ITခေတ်မှာ လူတော်တော်များများကကိုယ် နေ့စဉ်အသုံးပြုနေတဲ့ computer 🖥️,ကိုယ်နေ့စဉ်သုံးပြုနေတဲ့ 🖱️ mouseတွေ⌨️ keyboard နဲ့ တစ်ခြားacessoriesတွေကိုပုံမှန် သန့်ရှင်းရေးလုပ်ပေးဖို့ ကိုသတိမရပဲမေ့နေတတ်ကြပါတယ်။
🖱️Mouse တွေ ⌨️keyboard တွေကို သန့်ရှင်းရေးမလုပ်ပေးဘူးဆိုရင် ဖုန်မှုန့်တွေ ကပ်ညှိ အစိုဓာတ်ပျံတာတွေကြောင့် key ညှိတာ၊ cursor ရွေ့လျားမှုနှေးတာ၊ scroll အလုပ်မလုပ်တော့တာ၊ click မထိတာအပြင် အစွန်းအထင်းတွေ စွန်းထင်းတာဖြစ်တတ်ပါတယ်။
ကျန်းမာရေးအရကြည့်ရင်လည်းဘက်တီးရီးယား/မှိုများကပ်ငြိနိုင်တဲ့ အတွက် မောက်စ်ကို မကြာခဏကိုင်ရသူများအနေနဲ့သန့်ရှင်းနေ့စဉ်လုပ်ပေးရင် ရောဂါကူးစက်မှုကနေလည်းကာကွယ်ပေးပါတယ်။
💫✨🖱️Mouseကို ဘယ်လိုအချိန်မှာ သန့်ရှင်းသင့်လဲ❓
ဒီလိုလက္ခဏာများတွေပေါ်လာရင် သန့်ရှင်းလုပ်သင့်ပါတယ်။👇👇👇👇👇👇👇👇👇👇👇👇👇👇
✔ Cursor ရွေ့မြန်မှုမရှိခြင်း၊ Click အသံပြောင်းလာခြင်း၊ Scroll Wheel စေးကပ်ခြင်း။
✔ ပုံမှန် တစ်လတစ်ကြိမ် (သို့) ဖုန်များတဲ့ပတ်ဝန်းကျင်မှာ အသုံးပြုပါက ၂ပတ်တစ်ခါ ပြုလုပ်သင့်ပါတယ်။
ဒီလိုမျိုး ပုံမှန်သန့်ရှင်းပေးခြင်းကစျေးကြီးတဲ့ Mouseတွေ Keyboard တွေအသစ်ထပ်ဝယ်စရာမလိုဘဲ သက်တမ်းရှည်စေပြီး Performance ကောင်းစေမှာပါ။
#ကွန်ပျူတာအခြေခံသင်တန်း #ဗဟုသုတအဖြစ်တင်ပေးတာပါနော် #လုပ်ငန်းခွင်တိုးတက်ဖို့ #မျှဝေခြင်း #ပျော်ရွှင်ကြပါစေ🥰😍🥰
14/06/2025
ကိုယ့်ကွန်ပျူတာ စက်အရမ်းလေးနေရင်ဒီလိုရှင်းကြည့်
(၁) Window + R ကို တွဲပြီး နှိပ်ပါ။
(၂) ပေါ်လာတဲ့ အကွက်ထဲမှာ recent ကိုနှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။
(၃) Window + R ကို တွဲပြီးနှိပ် တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ temp နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။
(၄) Window + R ကို တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ prefetch နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။
(၅) Window + R ကို တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ %temp% နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။ နေ့တိုင်းမလုပ်နိုင်ဘူးဆိုရင် တစ်ပတ်မှာ သုံးကြိမ် လေးကြိမ်လောက် လုပ်ပေးပါက စက် ဟန်းခြင်းကို သက်သာပါလိမ့်မယ်။
#ကွန်ပျူတာအခြေခံသင်တန်း #ဗဟုသုတအဖြစ်တင်ပေးတာပါနော် #မျှဝေခြင်း #မင်္ဂလာညချမ်းလေးပါ။🙏🙏🙏🌹💐🌷🌼🌺 #လုပ်ငန်းခွင်တိုးတက်ဖို့
13/06/2025
IT သမားတစ်ယောက်ဖြစ်ဖို့ဆိုတာ ဘာသင်ပြီး ဘာဆက်သင်လို့ တန်းပြောလို့မရဘူး. ကိုယ့်ဘာသာ လေ့လာကြည့်ပြီးဆုံးဖြတ်ရပါတယ်လို့ ပြောတာလည်း အကြိမ်တော်တော်များပါပြီ... ဒါပေမဲ့လည်း မေးကြဆဲပါပဲ..
လုံးဝ IT သမားအဖြစ်အသက်မွေးမယ်ဆို ရွေးချယ်လို့ရတဲ့ လမ်းကြောင်းဟာ အခြေခံအားဖြင့် နှစ်ခုပဲရှိပါတယ်.. Hardware/Networking ဘက်ကို ယိုင်တဲ့လိုင်းနဲ့ Programming ဘက်ကိုယိုင်တဲ့လိုင်းပါ...
ဒီနှစ်ခုဟာ နယ်ပယ်အရ ဆက်စပ်နေပေမဲ့ အခြေခံကစပြီး လေ့လာရမယ့်အပိုင်းတွေဟာ တော်တော်လေး ကွာခြားပါတယ်..
Hardware/Networking ဘက်ကို စိတ်ဝင်စားတဲ့လူတွေဟာ အခြေခံအဆင့်မှာ A+ လောက်ကို စတက်ကြပြီး နောက်ပိုင်း Network+, CCNA စတာတွေကို ဆက်သွားလေ့ရှိပါတယ်
Programming ဘက်မှာ ကတော့ အခြေခံ ပရိုဂရမ်မင်းကို သင်တန်း တစ်ခုလောက်တက်ပြီးတာနဲ့ Programmer လုပ်မယ့်လူဟာ သူလေ့လာချင်တဲ့ Language/Platform ကိုရွေးချယ်ရပါတယ်။
ဥပမာ Mobile Development ကိုစိတ်ဝင်စားတဲ့လူဆို Android ဘက်ပဲသွားမလား iOS ဘက်ပဲသွားမလားပေါ့. Android ဘက်သွားမယ်ဆို Language အဖြစ် Java ရှိမယ်၊ Kotlin ရှိမယ်ပေါ့... iOS ဘက်သွားမယ်ဆို Swift ရှိမယ်၊ Objective-C ရှိမယ်ပေါ. Web Development ဘက်သွားမယ်ဆိုလည်း PHP, NodeJS, Python, Java, .NET စသည်ဖြင့် ရှိမယ်ပေါ့.
အဓိက ပြောချင်တာက အခြေခံအဆင့်မှာကို Hardware/Networking ဘက်သွားမလား. Programming ဘက်သွားမလားဆိုတာက ကိုယ်ဝါသနာပါတဲ့ ပေါ်မူတည်ပြီးဆုံးဖြတ်ရမှာ ဖြစ်တဲ့အတွက် ဒီနိုင်ငံမှာရှိတဲ့ပုံမှန်ပညာရေးလို အခြေခံပညာရေးမှာ ဆယ်တန်းဖြေ၊ ဆယ်တန်းအောင်ရင် အမှတ်ကောင်းတဲ့လူက ဆေးကျောင်းသွား၊ သာမန် အမှတ်နဲ့ အောင်တဲ့လူက ရိုးရိုးတက္ကသိုလ်သွား ဆိုတာလိုမျိုး ပြောမရပါဘူး. ကိုယ့်ဘာသာ လေ့လာပြီး ဆုံးဖြတ်ရပါတယ်..
ဒီမှာ သတိပေးချင်တာကအဲ့နယ်ပယ်နှစ်ခုလုံးဟာ ဝါသနာမပါရင် ဒုက္ခများသွားနိုင်တဲ့ အသက်မွေးဝမ်းကြောင်း ဖြစ်တယ်ဆိုတာပဲ. ၂၀၁၇ ခုနှစ်အတွက် အမေရိကန်အခြေစိုက် ManPower Group က မြန်မာပြည်အတွက် ထုတ်တဲ့ လစာစစ်တမ်းမှာတော့ IT နဲ့ ပတ်သတ်တဲ့ အလုပ်အကိုင်တွေကို အောက်က အတိုင်းသတ်မှတ်ထားပြီး အခုလက်ရှိမှာ IT သမားတွေက ဝင်ငွေ အကောင်းဆုံးဖြစ်နေတယ်လို့တောင် ဆိုလို့ရပါတယ်..
IT Manager: US$ 1000-4100
Programmer: US$ 700-2900
Database Administrator: US$ 650-3500
IT Support: US$ 600-1700
ဒီတော့ တချို့ဟာ သေချာမစူးစမ်းဘဲ ဝင်ငွေကောင်းမှာပဲ ဆိုပြီး IT နယ်ပယ်ထဲကို အတင်းကာရော ခြေစုံပစ် ဝင်ချင်ကြပါတယ်..
သိထားရမှာတစ်ခုက Vagrant, Docker အစရှိတဲ့ Containerization နည်းပညာတွေပို ဖွံဖြိုးလာတာ Cloud Computing နည်းပညာတွေ ပိုကောင်းလာတာနဲ့ အမျှ Network Engineer တွေဟာ ပိုပြီးအလုပ်အကိုင် ရှားပါးလာတဲ့ အတွက် ကိုယ်တကယ်စိတ် မဝင်စားရင် ဒုက္ခများနိုင်တယ်ဆိုတာပါပဲ..
နဂိုကတည်းကလည်း Network Engineer တွေဟာ ကုမ္ပဏီ အကြီကြီးတွေလောက်မှာသာ အချိန်ပြည့်ခန့်ထားနိုင်တာမျိုး ဖြစ်တဲ့အတွက် Programmer တွေနဲ့ ယှဉ်ရင် အလုပ်အကိုင် ရှားပါတယ်.. Programming နဲ့ ပတ်သတ်တာတွေကတော့ နောက်ဆုံး Freelance တောင်လုပ်လို့ရတာမျိုးဆိုတော့ အလုပ်အကိုင် သိပ်မရှားလှဘူးပေါ့
ဒီမှာလည်း ပြောစရာရှိတာက Programming ဟာ စိတ်မဝင်စားဘဲ ဝင်လုပ်လို့ရတဲ့ နယ်ပယ်မဟုတ်ပါဘူး.. ကျွန်တော့် အတွေ့အကြုံအရဆို Programming လေ့လာတဲ့ လူတစ်ရာမှာ ငါးဆယ်လောက်ပဲ ပရိုဂရမ်မာ ဖြစ်လာတာပါ.
အဲ့ငါးဆယ်ထဲမှာလည်း တကယ်လုပ်နိုင်တယ် ဆိုတဲ့လူက ဆယ်ယောက် တစ်ယောက်ပါ.. Logical Thinking မကောင်းဘူး. သင်္ချာဆန်ဆန် ပဟေဠိတွေကို ရှင်းရတာမနှစ်သက်ဘူး... တစ်နေ့ တစ်နေ့ ပြဿနာတွေချည်း ထိုင်ဖြေရှင်းနေရတာကို မပျော်ရွှင်နိုင်ဘူး၊ နေ့စဉ် ပုံမှန် စာဖတ်ပြီး ပညာရပ်အသစ်တွေကို မလေ့လာချင်ဘူး ဆိုတဲ့လူမျိုးဟာ စရိုက်အရကို Programmer ဖြစ်မလာနိုင်ပါဘူး..
အဆုံးသတ်ကတော့ IT နယ်ပယ်ကို ဝင်မယ်ဆို ရွေးစရာနှစ်ခုရှိပါတယ်.. Hardware/Networking ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာ နဲ့ အလုပ်အကိုင် သိပ်မကောင်းလှပါဘူး လိုအပ်ချက် နည်းနည်းလာတယ်ပေါ့ (ကိုယ်က ကွန်ပျူတာ ဆက်စပ် ပစ္စည်းရောင်းစားမှာဆိုရင်တော့ တမျိုးပေါ့) တကယ်လိုအပ်တဲ့ Data Center တို့ဘာတို့မှာကလည်း တကယ်တက်ကျွမ်းတဲ့လူတွေမှ ခန့်တာကိုး...
Programming နယ်ပယ်ကတော့ တကယ်စိတ်မဝင်စားဘဲ သူများတွေ ပိုက်ဆံ ဟိုလိုရလို့ ဒီလို့ရလို့ ဆိုပြီး လေထဲက တိုက်အိမ်လေးနဲ့ ဝင်လာရင် ငါးပါးမှောက်မယ့် နယ်ပယ်ပါ.
ဒီတော့ တွေ့သမျှလူ လိုက်မေးနေမဲ့အစား ကိုယ့်ဘာသာ လေ့လာပြီး ကိုယ်နဲ့ သင်တော်မယ်ထင်တဲ့လမ်းကြောင်းကို ရွေးချယ်နိုင်ပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ
Credit to original writer....
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Myitkyina
1011