Manau Links
01/07/2024
အထူးသတိပေးအကြောင်းကြားခြင်း‼️‼️
Manau Links Internet အသုံးပြုသူ Customer များခင်ဗျာ လတ်တလောမြစ်ရေသည် အရှိန်အဟုန်
ဖြင့်မြင့်တက်လာမှုကြောင့် ManauLinks Server Room ထားရှိရာနေရာတွင်မြစ်ရေများ တဟုန်ထိုးတက်လာမှုကြောင့် အင်တာနက်လိုင်းများ ယာယီပိတ်ထားမည့်အကြောင်း အသုံးပြုသူမိဘပြည်သူများထံသို့ လေးစားစွာ အကြောင်းကြားအပ်ပါသည် ခင်ဗျာ....🙏🙏🙏
မိဘပြည်သူများအားလုံးလဲ ဘေးရန်ကင်းကြပါစေခင်ဗျာ....
#မြစ်ကြီးနားရေးဘေး
06/05/2024
🙏🙏မင်္ဂလာပါရှင့် 🙏🙏
ကချင်ပြည်နယ်ပြည်သူ/သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများတစ်ဖက်တစ်လမ်းမှ ပေးနေသော ကျွန်တော်တို့မနောင်လင့်(ခ်) ကုမ္ပဏီနှင့် လက်တွဲလုပ်ကိုင်ရန်အတွက် အောက်ပါဝန်ထမ်းများအလိုရှိပါသည်။
💁💁HR Assistant -1 post
💁💁Admin Assistant -1 post
HR Assistant လျှောက်ထားလိုသူသည်
📌📌တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်။
📌📌Microsoft Office (word,Excel,Powerpoint,Email)ကောင်းစွာသုံးတတ်သူဖြစ်ရမည်။
📌📌HR knowledge ပိုင်းသိရှိပြီးအတွေ့အကြုံမရှိသူများလည်းလျှောက်ထားနိုင်ပါသည်။
📌📌အသက် (30) နှစ်အောက်ဖြစ်ရမည်။
Admin Assistant လျှောက်ထားလိုသူသည်
📌📌တက္ကသိုလ် တခုခုမှ ဘွဲ့ ရရှိပြီးသူ ဖြစ်ရမည်။
📌📌ရုံးပိုင်းဆိုင်ရာများ နှင့် Operation ပိုင်းများ၌ အတွေ့အကြုံ ရှိသူ ဖြစ်ရမည်။
📌📌Admin Management ပိုင်းနှင့် ပတ်သက်ပြီး ကောင်းစွာနားလည်သူ ဖြစ်ရမည်။
📌📌Microsoft office (Word, Excel, Power Point, Email) ကောင်းစွာသုံးတတ်သူ ဖြစ်ရမည်။
📌📌အစိုးရ ရုံးများသို့ သွားလာနိုင်သူဖြစ်ရမည်။
လျှောက်ထားလိုသူသည် ကိုယ်ရေးအချက်အလက်အကျဉ်း ၊အိမ်ထောင်စုမိတ္တူ၊ရပ်ကွက်ထောက်ခံစာ၊မျော်မှန်းလစာနှင့်တကွ
🏚️ အိမ်အမှတ်(၅၄)၊ရတနာလမ်း၊အေးစေတီရပ်ကွက်၊မြစ်ကြီးနားမြို့။
🏠အိမ်အမှတ်(၄၇၆)၊အင်ဂျန်ဒုံရပ်ကွက်၊မြစ်ကြီးနားမြို့။
🏡အိမ်အမှတ်(၃၆၇)၊ဝိုင်းမော်ရပ်ကွက်(၅)၊ဝိုင်းမော်မြို့ ။
သို့ပေးပို့လျှောက်ထားနိုင်ပါသည်။
📲📲 Viber -09 750 160 195
☎️☎️ Call Center -09 778 5555 99
📞📞 Hot Line -09 429 0256 53
📧📧 Mail [email protected]
22/04/2024
🙏လေးစားရပါသော Manau Links သုံးစွဲသူမိဘပြည်သူများ ခင်ဗျာ🙏
မနောင်လင့်ခ်၏ Upper Provider များမှ အဓိက ပင်မ ကြိုးကြီး South East Asia–Middle East–Western Europe 5 (SEA-ME-WE 5) သည် စင်ကာပူနှင့် မလေးရှားနိုင်ငံကြား ပင်လယ်ရေအောက် Fiber Cable ဆက်ကြောင်းပြတ်တောက်ခြင်းနှင့် မြဝတီနယ်စပ်တွင်လည်း ကြိုးများ ပြတ်တောက်ခြင်းများ ဖြစ်ပေါ်နေပါသည်။လက်တလောတွင် Backup link ဖြင့် ချိတ်ဆက်ပေးထားပါသည်။ Back up Link ဖြင့် ပေးထားသည့်အတွက် လိုင်းကြပ်၊လိုင်းနှေးခြင်းများ ယာယီဖြစ်ပေါ်လျက် ရှိကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်ခင်ဗျာ။
သက်ဆိုင်ရာ Upper Provider များမှ အင်ဂျင်နီယာများလည်း သွားရောက်ပြုပြင်နေပါပြီခင်ဗျာ။ ပြုပြင်ပြီးစီးမည့် အချိန်တခုထိ စောင့်ဆိုင်းပေးပါရန် မေတ္တာရပ်ခံလိုပါတယ်ခင်ဗျာ🙏🙏🙏
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Https://maps. App. Goo. Gl/mcHvxHQPT72EguvS 8
Myitkyin
01001