MYRC Group
ချန်နယ်မှာ
မြန်မာနိုင်ငံရဲ့
Tipster တွေရဲ့ပွဲတွေ
တင်ထားပြီးပါဘီ👇
Free Tip တွေ ချန်နယ်မှာ
အမြဲ တင်ပေးနေဆဲပါ✍
15/10/2025
Own Strategyတခုနဲ့ ဖလားယူတော့မှာလား❓
ပထမဆုံးပြောချင်တာက အသင်းတသင်းမှာ နည်းပြကအက္ခရာကျပါတယ် ဒီအချက်ကို လက်ရှိမန်ယူမှာတွေ့နိုင်ပါတယ် ဖာဂူဆန်မရှိတော့တဲ့နောက်ပိုင်း ပျက်သွားလိုက်တာ ယခုချိန်ထိဘဲ အသင်းကြီးတသင်းရဲ နည်းပြတွေဟာ ဘယ်လိဂ်မှာမဆို ကိုယ်ပိုင် Style တခုခုကို ရှိတဲ့ကစားသမားတွေနဲ့ လိုက်လျောညီထွေစွာ ရုပ်လုံးပေါ်အောင် ထုဆစ်နိုင်ပြီဆိုရင် ဖလား 🏆ဆိုတာပြေးမလွတ်ပါဘူး
လက်ရှိပရီးမီးယားလိဂ်မှာ လိဂ်ချံပီယံကို စိန်ခေါ်နိုင်တဲ့အသင်းတွေ များများစားစားတွေ့လာရဘီဖြစ်ပါတယ်
အရင်နှစ်တွေထဲမှာ အောင်မြင်မှု ရရှိခဲ့တဲ့အသင်းတွေကို ကြည့်မယ်ဆိုရင် နည်းပြတယောက်ဟာ ကိုယ်ပိုင် Own Strategy တခုကို ပိုင်ပိုင်နိုင်နိုင်နဲ့ အောင်မြင်အောင် ထုဆစ်နိုင်ဘီဆိုရင် ဒီအသင်းဟာ အောင်မြင်မှုဆွတ်ခူးကြစမြဲပါ
ပထမအနေနဲ့ နည်းပြကြီးဖာဂူဆန်လက်ထပ်မှာဆိုရင်
ကစားသမားနေရာချမှု ထုဆစ်မှု တအားကောင်းတယ် ဘလောက်ကောင်းသလဲဆိုရင် ကစားသမားတော်တော်များများ ဟာ သုလက်အောက်ရောက်သွားရင် ရွှေဘဲ ယခုအခြေအနေနဲ့ ပြောင်းပြန်ပေါ့ Counter Attack တွေဟာ ပွဲမပြီးမချင်း စိတ်မအေးရတဲ့ အနေထားမျိုးဖြစ်အောင် ဖော်ဆောင်တယ် အသင်းမှာရှိတဲ့ ကစားသမားတွေကို သြဇာအာဏာရှိရှိစိတ်ဓာတ် မြှင့်တင်ပေးနိုင်မှု တွေဟာ မန်ယူကို Comeback ဘုရင်တပါးဖြစ်စေခဲ့ပါတယ်
ယခုလို System Gaming တွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်မလာသေးခင်မှာ နည်းပြကြီးဖာဂူဆန်ရဲ့ ကွင်းတွင်း အရည်အသွေးဟာ တော်ရုံဘယ်နည်းပြမှ ယှဥ်ဖို့မလွယ်ခဲ့ပါဘူး Football Sense အပြည့်အဝရှိတဲ့နည်းပြဖြစ်လို့ Late Game မှာ ဘယ်အသင်းတွေမဆို မန်ယူကိုအရှုံးပေးသွားခဲ့ကြရတာကြီးပါဘဲ ပြောချင်တာက အ့ဒီလို Comeback ဘုရင်ဘွဲ့ကို ပိုင်ဆိုင်ခဲ့တဲ့ နှစ်တွေမှာ နည်းပြဖာဂူဆန်ရဲ့ Own Strategy ဟာ အောင်မြင်မှု ရရှိခဲ့တာဖြစ်ပါတယ်
ဒုတိယအနေနဲ့ Special One ဟိုဆေးမော်ရင်ဟို ဖြစ်ပါတယ် ဖာဂူဆန်လက်ထပ်မှာ ဘသူမှ ပရီးမီးယားလိဂ်ချံပီယံဖြစ်ဖို့မလွယ်တဲ့အချိန်မှာ ချဲလ်ဆီးအသင်းကို ပရီးမီးယားလိဂ်ဖလား တွေ နဲ့တခြား အောင်မြင်မှုတွေကို အရယူပေးနိုင်ခဲ့တဲ့တဦးတည်းသော ဘုရင်တပါးဖြစ်ပါတယ် ဟိုဆေးဟာ ချဲလ်ဆီးကို မာကျောခက်ထန်တဲ့ အသင်းတသင်းဖြစ်အောင်ဖန်တီးပစ်လိုက်ပြီး အလျှင်မြန်ဆုံးတန်ပြန်တိုက်စစ်တခု၊Set Pieceကဂိုးရအောင် ရယူနိုင်မှု တွေကြောင့်အောင်မြင်ခဲ့တာဖြစ်ပါတယ် တယ်ရီတို့ ကာဟေးတို့ဦးဆောင်ခဲ့တဲ့ ချဲလ်ဆီးကို တခြားဒိတ်ဒိတ်ကြဲ အသင်းကြီးတွေတောင်ဂိုး၁ဂိုးရဖို့ မလွယ်ခဲ့တဲ့အနေထားဖြစ်ခဲ့ပါတယ် ပြိုင်ဘက်အသင်းတိုက်စစ်ဆင်လို့ဂိုးဝင်ချင်ဝင် မဝင်ရင် ပြန်လာတဲ့တန်ပြန်အလုံးကတော့ ၃မှတ်(သို့မဟုတ်)ဖလားဘဲ .... မှတ်မိပါသေးတယ် "မင်းတို့ဘောလုံးကိုင်ချင်ရင်အိမ်ယူသွား ငါတို့အနိုင်၃မှတ်ပဲယူမယ် "ဆိုတာ မော်ကြီးရဲ့ မူဝါဒဘဲ ဘောလုံးကို အချိန်ကြာကြီးကိုင်ထားဖို့မလိုဘူး ရတဲ့အလုံးကို မြန်မြန်ဆန်ဆန် ဂိုးအဖြစ်ပြောင်းနိုင်ဖို့က အဓိက ဆိုတဲ့အချက်..... ဒါကOwn Strategy ဘဲ ဒါကို အောင်မြင်စွာ ဖန်တီးလိုက်ပြီဆိုရင် ဖလားဆိုတာ အလိုလို ရောက်လာပါတယ်
တတိယအနေနဲ့ ပတ်ဂွာဒီယိုလာ .....
ယခုခေတ် Modern ဘောလုံးလောကကို System Gaming တခုဖြစ်အောင် စဦးတီထွင်လိုက်တဲ့ နည်းပြလို့ဘဲ ယူဆပါတယ် လက်ရှိမှာလဲ ဒီဗျုဟာကို သုံးနေတဲ့အသင်းတွေ များများစားစားပါဘဲ .....ပတ်ဂွာဒီယိုလာဟာ ဘာစီလိုနာမှာ သုရဲ့ Play Style တခုကို အောင်မြင်စွာ အသုံးချခဲ့ပြီး ယခု မန်စီးတီးမှာပါ အောင်မြင်နေဆဲ System တခုဖြစ်ခဲ့ပါတယ် Ball Position အသာစီးယူပြီး တချိန်လုံးဖိကစားတယ် အရည်သွေးပြည့်Striker Player တယောက်ဖန်ဆင်းတယ် ဒီဗျုဟာ နဲ့ သုရဲ့ Own Strategy အောင်မြင်မှုဟာ ယခုချိန်ထိ ရှိတုန်းပါဘဲ ဒါကြောင့် ဖလားတွေကို ဆက်တိုက်ဆွတ်ခူး ရရှိခဲ့တာဖြစ်ပါတယ်
စတုတ္ထအနေနဲ့ ယခုလက်ရှိဥရောပချံပီယံ အန်းနရစ်ပဲဖြစ်ပါတယ် အသင်းစထောင်ကတည်းက ချံပီယံလိဂ်ဖလား လိုချင်လွန်းလို့ ရောက်လာသမျှနည်းပြအားလုံးကို ပံပို့ပေးခဲ့ပေမယ့် PSGတို့ လွဲခဲ့ပြန်ပါတယ် နာမည်ကြီးထပ်တန်းကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ဘာပီ၊နေမာညစတဲ့ ကစားသမားတွေကအစ ခေါ်ယူပေးခဲ့ပေမယ့် မျှော်မှန်းသလောက် ဖြစ်မလာခဲ့ပါဘူး ဒီအချက်က ဘောလုံးဆိုတာ တဦးတယောက်ကောင်းနဲ့ အောင်မြင်မှု မရနိုင်ဘူးဆိုတာ ဥပမာပြသွားတာပါဘဲ ....ဘသူကပြလဲဆိုရင် လက်ရှိနည်းပြ အင်းနရစ်က ကွင်းကွင်းကွက်ကွက်ဖော်ပြခဲ့တာပါဘဲ.... ဥရောပချံပီယံဖလားဟာ အန်းနရစ်ရဲ့ System ကျလှတဲ့ ဗျုဟာတွေနဲ့ ကစားသမားတွေပေါ်သြဇာအာဏာ ရှိမှုတွေဟာ အသင်းရဲ့အောင်မြင်မှုကို ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ် သုရဲ့ ကစားသမား ၁၁ ယောက်လုံးကို Attacking ပိုင်းကျွမ်းကျင်အောင် ပြုလုပ်ထားပြီး တခြားအသင်းတွေက ယေဘူယျ တိုက်စစ် ၃ယောက်ဆိုပေမယ့် သုအသင်းကတော့ တိုက်စစ်ကို ဂိုးသမားမှလွဲပြီး အကုန်ချိန်းခြောက်နိုင်စွမ်းရှိတယ် Wingbackတွေကို အတတ်အဆင်းမြန်ဆန်စေတယ် ဒါကြောင့် Wingbackနဲ့ Winger ၂ထပ်ပုံစံဖြစ်နေပြီး ဒါဟာ ပြိုင်ဘက်အသင်းရဲ့ Single Block တွေကို ဖျက်စီးပစ်နိုင်ခဲ့ပါတယ် တိုက်စစ်မှာဆိုလဲ Strikerစစ်စစ်မထားဘဲ အတတ်အဆင်းလုပ်ခိုင်းတယ် ပြောချင်တာက တသင်းလုံးမှာ အဓိကကစားသမားရှာမတွေ့နိုင် အောင်လုပ်ပစ်လိုက်ပါတယ် ဒီအချက်တွေဟာ အန်းနရစ် အောင်မြင်မှု ရဲ့ အဓိကအချက်ပဲ ဒါ့ကြောင့် ကိုယ်ပိုင် Own Strategy တခုကို ပိုင်ပိုင်နိုင်နိုင်နဲ့ ဖော်ဆောင်နိုင်ပြီဆိုရင် အနည်းဆုံးတော့ဖလာတလုံး ပြေးမလွတ်ပါဘူး
တခြား ဆရာသဘာရင့်ဝါရင့်တဆူတွေဖြစ်တဲ့ အာဆင်ဝင်းဂါး၊အန်ဆလော့တီ၊တူချယ် အပြင်......တခြားနည်းပြကောင်းတွေလဲ ရှိသေးပါတယ်
လိုရင်းမရောက်မှာစိုးလို့ မြင်လွယ်မယ့်နည်းပြတွေကိုဘဲ ချပြလိုက်ခြင်းဖြစ်ပါတယ်
ဘ့လို့ဒါတွေပြောနေရတာလဲဆိုရင်.....
ယခုနှစ်မှာ အခြေကျလာပြီဖြစ်တဲ့ Play Styleနဲ့ အသင်းတွေထဲကမှ ပရီးမီးယားလိဂ်တသင်းကို မြင်တွေ့နေရဘီ ဖြစ်ပါတယ်......
အ့ဒီအသင်းကတော့ အမြဲတမ်း ဒုတိယလူဖြစ်ခဲ့တဲ့ ........အာဆင်နယ်အသင်းဖြစ်ပါတယ်
အာတီတာရဲ့၁၀စုနှစ်တခုနည်းပါး ထုဆစ်နေတဲ့ အရာတခု ပုံပေါ်လာဘီလို့ ပြောလို့ရတဲ့နှစ်ဖြစ်ပါတယ် ယခုနှစ်အာဆင်နယ်နောက်တန်းဟာ ဥရောပမှာ အကောင်းဆုံးခံစစ်ထဲမှာ ရှိနေပြီး တိုက်စစ်ကွင်းလယ်မှာလဲ အားနည်းချက်နည်းပါးလွန်းပါတယ်
ပွဲ၁ပွဲ မှာ သူဘဲ ရှုးမယ် သူများရှုးတာတော့ မခံဘူးဆိုပြီးတောင် ပြောလို့ရတဲ့ အနေထားတခုဖြစ်နေပါဘီ အရင်နှစ်တွေမှာ တိုက်စစ်က အားနည်းချက်တွေရှိနေပေမယ့် ယခုနှစ်မှာ အကောင်းဆုံးခေါ်ယူမှု တွေနဲ့မြန်ဆန်စွာ အသားကျသွားခဲ့တာဟာ အာဆင်နယ်ကို ပိုပြီး အခြေခိုင်သွားစေခဲ့ပါတယ်
ဒီလိုနှစ်မှာ အာတီတာအနေနဲ့ ဖလားတခုခုကို ရရှိတော့မယ်လို့ ယူဆပါတယ် လက်ရှိ ပရီးမီးယားလိဂ်ရဲ့အသင်း၂၀မှာ အားနည်းချက်အနည်းဆုံးက အာဆင်နယ်ပါ အာတီတာရဲ့ နှစ်ပေါင်းများစွာ အခြေတည်လာခဲ့တဲ့ Play Style တခုဟာ ရုပ်လုံးပေါ်လာဘီဖြစ်ပြီး ဆရာဖြစ်သူ ပတ်ဂွာဒီယိုလာရဲ့Styleနဲ့ သွေဖယ်နေပြီး Own Strategyတခုအဖြစ်သက်မှတ်လို့ရတဲ့အနေထားတခုကို ရောက်ရှိနေပြီး ဖလားတခုခုကို ဆွတ်ခူးတော့မယ်လို့ ယူဆမိတဲ့အတွက် ချရေးမိခြင်းဖြစ်ပါတယ် မိတ်ဆွေတို့ရော ဘလိုယူဆလဲ Commentမှာ သုံးသပ်ပေးသွားပါအုံးခမျာ
အာဆင်နယ်ဖန်မဟုတ်ပေမယ့်
ရသင့်ရထိုက်တဲ့သူကို ရစေချင်ပါတယ်
Click here to claim your Sponsored Listing.