Tr.Yu
05/03/2026
သင်ရခြင်းနဲ့သင်ရခြင်းနဲ့ ရည်ရွယ်ချက်
🙋ကလေးတွေ ငယ်ငယ်လေးနဲ့ Phonics ဘာလို့ သင်ရသလဲ။
1. စာဖတ်တတ်စေချင်လို့
2. အသံထွက်မှန်မှန်နဲ့ ဖတ်တတ်စေချင်လို့
3. Meaning တွေ အလွတ်ကျက် အသေမှတ်ရတဲ့ ဘဝက ကင်းလွတ်စေချင်လို့
4.ကလေးတွေ စာဖတ်တဲ့အခါ လွယ်လွယ်နဲ့ သက်သာစေချင်လို့ဖြစ်ပါတယ်
#မိမိရဲ့ သားသားမီးမီးတွေ international schoolတွေမှာ မထားနိုင်လို့
English အရေးအဖတ် အားနည်းမှာစိုးရိမ်နေပါသလား။
Teacherက Phonics သင်ရင်း
4skills အခြေခံကိုပါသင်ကြားပေးမှာပါ။
International school curriculumအတိုင်း phonicsကိုအခြေခံပြီး သင်ကြားပေးမှာဖြစ်တာကြောင့် English languageသင်ရတာ ပျော်စရာဖြစ်နေမှာပါ။
လိုအပ်တဲ့activities တွေနဲ့ သင်ပေးမှာဖြစ်လို့ active learningဖြစ်မှာအာမခံပါတယ်။
letter soundလေးတွေ သင်ရင်းနဲ့ vocabularyလေးတွေပါတိုးတက်လာစေမှာပါ။
songsလေးတွေ gamesတွေ activityလေးတွေနဲ့လည်းသင်တာဆိုတော့ Funလည်းဖြစ်စေမှာ အသေချာပါပဲ။
စိတ်ဝင်စားလို့စုံစမ်းချင်လျှင်တော့
Ph - 09 772091030
- 09 950586873
ကလေးတိုင်းတော်နိုင်လား
ကိုယ့်သားသမီး၊ တပည့် ဒါမှမဟုတ် အခြား သူတွေရဲ့ တပည့်တွေ ကလေးတွေထဲမှာ ဘယ်သူကတော့ ဆိုးတယ်၊ ဘယ်သူကတော့ တော်တယ်၊ ဘယ်သူကတော့ အနာဂါတ်အလားလာကောင်းမှာ၊ ဘယ်သူကတော့ သုံးစားမရဘူး.. စသည်ဖြင့် ကြားဖူးလား၊ ပြောဖူးလား။ ဒီလိုဆိုရင် ဒီစာကို ဖတ်ပါ။ ကိုယ့်သားသမီး၊ ကိုယ့်တပည့် တစ်ကယ် တော်စေချင်ရင်လည်း ဒီစာကိုဖတ်ပါ။ ကိုယ့်ကိုကိုယ်လည်း အသုံးမကျဘူး၊ သူများတွေလိုတောင် မတော်ဘူးလို့ တွေးဖြစ်ရင် ဒီစာကိုဖတ်ပါ။
ဆရာတွေကို ဥယျာဉ်မှူးတွေလို့ ခိုင်းနှိုင်းကြရင်၊ ကလေးတွေကို အပင်လေးတွေနဲ့ နှိုင်းယှဉ်ကြည့်ရအောင်။ အပင်တွေရဲ့ သဘာဝကိုက တစ်ပင်နဲ့တစ်ပင်၊ အမျိုးစားတစ်ခုနဲ့တစ်ခု၊ ဒေသတစ်ခုကအပင်နဲ့ နောက်ဒေသ အပင်၊ စသည်ဖြင့် မတူကြဘူး။ တစ်ချို့အပင်တွေက ရေများများကြိုက်တယ်၊ အချို့အပင်တွေက နေပူပူကို ကြိုက်တယ်၊ အချို့အပင်တွေက ရေထဲမှာ နေချင်တယ်၊ အချို့အပင်တွေက အေးအေးလေးပဲနေလိုတယ်။ ဒါပေမယ့် ဘယ်အပင်က ဘယ်အပင်ထက် တန်ဖိုးကြီးသလဲ ဆိုရင် ဘာအတွက် သုံးမလဲဆိုတဲ့အပေါ်မှာမူတည်သလို အဖြေဖြေတဲ့သူအပေါ်မှာလဲမူတည်တယ်။ ဆေးဖေါ်မယ့်သူက ဆေးဖက်ဝင်အပင်ကို ပိုနှစ်သက်သလို ပန်းပန်ချင်သူက ပန်းကိုရွေးမှာပေါ့။ တွေ့ရှိချက်တွေအရ သုံးစားလို့မရဘူးဆိုတဲ့ အပင်ဆိုတာမရှိဘူး။ အပင်တစ်ပင်ဟာ တစ်နေရာရာမှာတော့ အသုံးဝင်တာကြည့်ပါပဲ။
အပင်တွေလိုပဲ ကလေးတွေကို ကြည့်ကြမယ်ဆိုရင် ကလေးတိုင်းဟာ မတူညီကြဘူး။ တူညီတာတော့ ရှိတယ် အဲဒါဟာ ကလေးတိုင်းမှာ ထူးခြားချက်တွေ၊ ပါရမီတွေ ပါတာပဲ။ ဒါပေမယ် ဖွေးဖွါးလာရာ ဒေသ၊ မိသားစု၊ ကြီးပြင်းရာပုံစံ၊ ပံ့ပိုးမှုအတိုင်းအရာ၊ ရရှိတဲ့ အထောက်အပံ့ စတာတွေ မတူညီကြတဲ့အခါ မွေးဖွါးကတည်းက ပါလာတဲ့ ထူးခြားချက်တွေ ပါရမီတွေဟာ ပြောင်မြောက်သင့်သလောက် မပြောင်မြောက်နိုင်ကြဘူး၊ အချို့ဆို လုံးဝ ပေါ်မလာတော့ဘူး။
တော်တဲ့ကလေးတွေကို ကျွန်မတို့တစ်တွေက Genius လေးတွေ၊ ပါရမီရှင်လေးတွေလို့ ခေါ်ဝေါ်သုံးနှုန်းကြတယ်။ Genius (ဂျီးနီးယက်စ်)(ပါရမီရှင်) ဆိုတဲ့စကားလုံးက လက်တင်(Latin)ဘာသာစကားကနေ ဆင်းသက်လာတယ်။ မွေးဖွါးလာသူတစ်ယောက်ကို စောင့်ရှောက်တဲ့နတ် (ကိုယ်စောင့်နတ်)လို့ ပြောကြတယ်။ လူတိုင်းဟာ ထူးခြားတယ် (Unique)ဖြစ်တယ်၊ စောင့်ရှောက်သူရှိတယ်လို့ ဆိုလိုချင်တာပါ။ နောက်တော့ Genius လို့ပြောရင် တမူထူးခြားပြီးတော်တဲ့သူတွေ၊ ပါရမီရှင်တွေလို့ ပြောင်းလဲ ရည်ညွှန်းလာကြတယ်။
ကလေးတစ်ယောက်ဟာ ဉာဏ်အရမ်းကောင်းတာမျိုးရှိနိုင်တယ်။ ဒါပေမယ့် အဲဒီ့ ငယ်စဉ်က ဉာဏ်ကောင်းခြင်းဟာ သူအနာဂါတ်မှာ လုံးဝအောင်မြင်မှုရလိမ့်မယ်လို့ တသားမတ်ထဲ ပြောလို့မရနိုင်ပါဘူး။ ဘာလို့လဲဆိုရင် သူရဲ့ ဉာဏ်ကောင်းမှုဆိုတဲ့ ထူးခြားချက်ကို ပံ့ပိုးတဲ့ ပတ်ဝန်းကျင်၊ သူကိုယ်တိုင် သင်ယူလေ့လာတိုးတက်ချင်တဲ့စိတ် စတာတွေ ရှိမနေဘူးဆိုရင် ဉာဏ်ကောင်းပေသော်ငြားလည်း အောင်မြင်နိုင်သင့်သလောက် အောင်မြင်မှာမဟုတ်ပါဘူး။ အဲဒီ့လိုပဲ ဉာဏ်မကောင်းဘူး၊ မတော်ဘူးလို့ သတ်မှတ်ထားပေမယ့် ဇွဲလုံ့လဝီရိယနဲ့ စိတ်ဝင်စားတဲ့အကြောင်းအရာတစ်ခုအပေါ် သေချာ လေ့လာရင်လည်း အောင်မြင်သွားနိုင်ခြေရှိတယ်။
လက်တွေ့ဖြစ်ရပ်မှန် ဥပမာ လေးတစ်ခုပေးချင်ပါတယ်။ ကလေးတစ်ယောက်ဟာ ဉာဏ်မကောင်းဘူးလို့ သတ်မှတ်ခြင်းခံရတယ်။ အကိုကလည်း တော်တယ်၊ အဖေကလည်း တော်တယ်။ အဖေလို ဆရာဝန်ကြီးဖြစ်စေချင်လို့ တိုက်တွန်းတယ်။ သင်္ချာတွေလည်းညံ့မှညံ့။ ကျောင်းမှာဆိုလည်း ဘာမှမဟုတ်။ စာအုပ်ဖတ်ပြီး သင်ရတာလည်း အဲ့ဒီ့ကလေးက စိတ်မဝင်စားဘူး။ အပြင်ထွက်ပြီး သားကောင်တွေဖမ်းမယ်၊ အပင်တွေခူးမယ်၊ ပစ္စည်းတွေကောက်ပြီးစုမယ် ဒါတွေပဲသူစိတ်ဝင်စားတယ်။ သူတွေ့လာတဲ့ အကောင်တွေ၊ အပင်တွေ၊ ပစ္စည်းတွေကို သေချာကြည့်ပြီး လေ့လာရတာဟာ သူ့အတွက်ပျော်စရာအချိန်တွေပဲ။ နောက် ဆေးကျောင်းကို အဖေကပို့တယ်၊ သားက သွေးကြောက်လို့ ထွက်ခဲ့တယ်။ အခြား ဘယ်လိုကျောင်းပို့ပို့ သူက ကျောင်းစာကို သိပ်ပြီး စိတ်မဝင်စားဘူး။ သူစိတ်ဝင်စားတာက ဒီပတ်ဝန်းကျင်ကအရာတွေကို လိုက်ကြည့်ပြီး လေ့လာချင်တာပဲ။ နောက်တော့ လေ့လာဖို့ အခွင့်လမ်းတစ်ခုရတယ်။ လေ့လာတယ်။ အခက်အခဲတွေအများကြီးကြုံရတယ်။ ကိုယ်စိတ်ဝင်စားတာလုပ်နေရတော့ ခံသာတယ်။ နောက်မှာသူဟာ ကမ္ဘာကျော် သီအိုရီတစ်ခုကို ထုတ်တဲ့ Charles Darwin ဆိုပြီး ဖြစ်လာခဲ့တယ်။
Charles Darwin ရဲ့ ကျောင်းပညာကို စိတ်မဝင်စားတာကို ပြောချင်တာထက် သူဟာ သူလေ့လာချင်တဲ့အရာ၊ သူ့စိတ်ဝင်စားမှုကို သူဇွဲရှိရှိနဲ့ သေချာလေ့လာဆည်းပူးတာကို ထောက်ပြချင်တာပါ။ သာမာန်ကလေးလို့ သတ်မှတ်ခံရပေမယ့် တစ်ကယ်ကို စိတ်ဝင်တစားနဲ့ အလုပ်တစ်ခုမှာ ဇွဲရှိရှိ ကြိုးစားလေ့လာရင် အဲဒီ့ ပညာရပ်တစ်ခုကို သေချာ ကျွမ်းကျင်ပိုင်နိုင်သွားနိုင်ပါတယ်။
Leonado da Vinci ဆိုရင် ငယ်ငယ်လေးကတည်းက ပန်းချီကို စိတ်ဝင်စားတယ်၊ ပတ်ဝန်းကျင်ကအရာတွေကို အမြဲ အသေးစိတ် လေ့လာစောင့်ကြည့်တယ်။ သူ့ရဲ့ သင်ယူမှုမှာ ထူးခြားတာက ဘယ်အရာကိုလုပ်လုပ် အဆန်းထွင်ကြည့်တယ်။ အသက် ၁၄ နှစ်လောက်မှာ ဖလောရင့်စ်မြို့က ပန်းချီပညာရှင် Andrea del Verrocchioဆိုမှာ ပညာသင်တယ်။ ဆရာက အသေးစိတ်သင်တယ်၊ သူကဘယ်တော့မှ တစ်ထပ်တည်းလိုက်မလုပ်ဘူး။ ဘယ်လို အသစ်ဆန်းဖြစ်အောင် လုပ်ရမလဲလို့ အမြဲတွေးပြီးလုပ်တယ်။ တစ်ခါက ဆရာက နတ်မိမယ်ပုံဆွဲခိုင်းတယ်။ ဆရာဆွဲခိုင်းတဲ့ပုံအတိုင်းမဆွဲဘဲ သူဖာသာ စမ်းတယ်။ စမ်းတဲ့အခါ ရမ်းသမ်းပြီးတော့ ဗရုတ်သုတ်ခတော့မလုပ်ဘူး။ နတ်မိမယ်မှာ အတောင်ပံ တတ်ပေးချင်တော့ – စျေးက ငှက်မွှေးတွေကို သေချာဝယ်ပြီးလေ့လာတယ်၊ စိတ်ကို နှစ်ပြီးသေချာလေ့လာပြီး ဆက်လုပ်တယ်။ မှားသွားရင်၊ လွဲသွားရင်လည်း စိတ်မပျက်ဘူး၊ မှားသွားရာကနေ တစ်ခုခုသင်ယူနိုင်တယ်ဆိုပြီး အမြဲ တွေးတယ်။ တစ်နေရာမှာ ပညာသေချာသင်တယ်၊ စမ်းသပ်တယ်၊ နောက်ထပ်တစ်နေရာမှာ နောက်ထပ်တစ်မျိုးသင်တယ်၊သေချာလုပ်တယ်၊ စမ်းသပ်တယ်။ သူ့ဘဝတစ်လျှောက်လုံး သင်ယူမှုအပြည့်နဲ့ရှင်သန်ခဲ့တယ်။
သင်ယူမှုဟာ အမြဲမပြတ်ရှာဖွေနိုင်တဲ့အရာဖြစ်တယ်။ အသက်အရွယ်မရွေး၊ နေရာမရွေး၊ အချိန်အခါမရွေး သင်ယူနိုင်တယ်။ မှားရာကနေလည်း သင်နိုင်တယ်၊ အမျိုးမျိုးပြောင်းလဲဆန်းသစ်ခြင်းကနေလဲ သင်ယူနိုင်တယ်၊ မတူညီတဲ့ဆရာတွေဆီကလည်း သင်ယူနိုင်တယ်။ သင်ယူချင်စိတ်သာလိုတယ်။
တိုးတက်အောင်မြင်ခဲ့တဲ့သူတွေကို လေ့လာကြည့်ရင်… ငယ်စဉ်က ရရှိလာခဲ့တဲ့ ပံ့ပိုးမှု၊ ကြီးပြင်းခဲ့ပုံတွေမတူညီကြပါဘူး။ ဒါပေမယ့် အောင်မြင်သူတွေ၊ တော်တယ်လို့ သတ်မှတ်ခြင်းခံရသူတွေတိုင်းမှာ… သင်ယူလိုစိတ်တွေရှိတယ်၊ သူတို့ရဲ့ ရင်ဘတ်ထဲကလာတဲ့ စိတ်ဝင်စားမှု၊ ထူးခြားမှုကို သူတို့ ရှာဖွေတွေ့ရှိကြတယ်၊ တိုးတက်အောင်မြင်အောင် သင်ယူလိုစိတ်၊ လေ့လာလိုစိတ်နဲ့ ကြိုးစားတယ်။
ကျွန်မတို့ရဲ့ ကလေးတွေမှာလည်း ထူးခြားမှုဆိုတဲ့ မျိုးစေ့လေးဟာ မွေးကတည်းက ပါလာပြီးသားပါ။ အဲဒီ့မျိုးစေ့လေးဟာ ဘယ်လိုမျိုးစေ့လဲ၊ ဘယ်လို ပျိုးထောင်ပေးရမလဲဆိုတာ သိဖို့ အဲဒီ့ကလေးကိုယ်တိုင် ရှာဖွေဖို့လိုသလို ကလေးရဲ့ ပတ်ဝန်းကျင်က မိဘ၊ဆရာတွေကလည်း စောင့်ကြည့်လေ့လာ ပံ့ပိုးပေးဖို့လိုပါတယ်။ ရေမကြိုက်တဲ့ အပင်မျိုးကို ရေဖိလောင်းရင် မျိုးစေ့လေးရှင်သန်ဖို့အခွင့်အလမ်းနည်းသွားနိုင်သလို ကလေးတွေရဲ့ ထူးခြားမှု၊စိတ်ဝင်စားမှုတွေနဲ့ ဆန့်ကျင်တဲ့ တွန်းအားပေးမှုတွေဟာ ကလေးတွေအတွက် အကောင်းမွန်ဆုံးအရာ၊ အအောင်မြင်ဆုံးအရာ၊ အပျော်ရွှင်စေဆုံးအရာတွေကို ယူဆောင်ပေးလာနိုင်မှာမဟုတ်ပါဘူး။
အချုပ်မှာ ကျွန်မပြောချင်တာကတော့ ကလေးတိုင်းတော်သလားဆိုရင်၊ ကလေးတိုင်း တော်နိုင်ပါတယ်၊ တော်ဖို့အခွင့်အရေး၊ တော်စေမယ့် မျိုးစေ့လေး ကလေးတိုင်းမှာရှိတယ်။ ဘယ်လိုနေရာမှာ ထူးချွန်မယ်၊ ဘယ်လိုနေရာမှာတော်မယ်ဆိုတာ ပံ့ပိုးမှု၊ အခွင့်အလမ်းပေးစွမ်းမှုတွေအပေါ်မှာမူတည်တာမို့ ကိုယ့်ပတ်ဝန်းကျင်က ကလေးတွေ မတော်ဘူးလို့ပြောတဲ့အခါ ကိုယ်တိုင်က ဘာပံ့ပိုးမှုတွေ မပေးမိလို့လဲ၊ ကလေးရဲ့ ထူးခြားမှုအစစ်အမှန်ကို ရှာဖွေလေ့လာပြီးပြီလားဆိုတာ မေးခွန်းပြန်မေးစေချင်တယ်။ ကလေးတွေတင်မကဘူး ကျွန်မတို့လူကြီးတွေကိုယ်တိုင် ကိုယ့်ရဲ့ ထူးခြားမှု မျိုးစေ့လေးကို ပြန်လည် ရှာဖွေပြီး ပြုစုပျိုးထောင်ဖို့လိုတယ်။ နောက်ကျသွားပြီဆိုတာ မရှိဘူးလို့လည်းပြောချင်ပါတယ်။ မိမိကိုယ်တိုင်ရော၊ မိမိပတ်ဝန်းကျင်က လူကြီးတွေကလေးတွေရော သူ့နေရာနဲ့သူထူးခြားထက်မြက်သူတွေဖြစ်အောင် ပံ့ပိုးနိုင်ကြပါစေ
Click here to claim your Sponsored Listing.