PDF Information Channel
- YGN UG အဖွဲ့အစည်းများကိုကူညီပါ
- စစ်ဘေးရှောင်ဒေသများ ကျန်းမာရေးနှင့်ဆေးဝါးအထောက်အကူပြု ပစ္စည်းများ၊ အနွေးထည်များ အတွက် တတ်အားသရွေ့ ပါဝင်လှုဒါန်းပေးကြပါ
PDF Information channel
ရန်ကုန်မြို့နေ မိဘပြည်သူများ
အထူးဂရုစိုက်သွားလာကြပါ
Mission တွေ ပြန်စပါတော့မယ်
ရန်ကုန်အဖွဲ့
နာနတ်သီးနှင့်ရိက္ခာအတွက်
တတ်အားသရွေ့
ကူညီပေးကြပါ
04/04/2025
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၊ BIMSTEC အစည်းအဝေး ကျင်းပမည့် ရှန်ဂီလာဟိုတယ်အနီးတွင် "လူသတ်သမားမင်းအောင်လှိုင်ကို ငါတို့မကြိုဆို" ဆိုသော စာတန်းကြီး ချိတ်ဆွဲ ဆန္ဒပြ
--------------------------------------
ရန်ကုန်၊ ဧပြီ ၄
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရှိ BIMSTEC အစည်းအဝေး ကျင်းပမည့် ရှန်ဂီလာဟိုတယ်အနီးတွင် "လူသတ်သမားမင်းအောင်လှိုင်ကို ငါတို့မကြိုဆို" ဆိုသော စာတန်းကြီး ချိတ်ဆွဲ ဆန္ဒပြထားကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ထိုင်းဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ယမန်နေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့ပြီး ယနေ့တွင် BIMSTEC အစည်းအဝေး တက်ရောက်မည်ဖြစ်သည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတကာအသိုင်းအဝိုင်းသို့ ခွေးတိုးပေါက်မှ ဝင်ရန် ကြိုး ပမ်းနေသည့်အတွက် မင်းအောင်လှိုင်ကို ဆန့် ကျင် ရေးလှုပ်ရှားမှုအဖြစ် မနက် ဖြန် ဧပြီလ ၄ ရက်နေ့ တစ်ရက်တည်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အလုပ်မဆင်းခြင်း (သို့မဟုတ်) အနက်ရောင်ဝတ်ဆင်ကြခြင်းများ ဆောင် ရွက်ကြရန် မြန်မာ့နွေဦးတော်လှန်ရေးလူထုသပိတ်အင်အားစုများက တိုက်တွန်းကြေညာချက် ထုတ်ပြန်ထားသည်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
20222