KH Auto Parts

KH Auto Parts

Share

Photos from KH Auto Parts's post 17/11/2023

Chey malibu Suspension parts GM Genuine Instock

14/09/2023

အကျိုးမြတ်မယူပဲ ကားဝယ်ပေးကြည့် မယုံသလိုနဲ့လိုက်စုံစမ်းကြ လိမ့်မယ်။

ကားလိုက်ကြည့်ပေးခ မယူပဲ စေတနာနဲ့ ကားလိုက်ကြည့်ပေးကြည့် သူ့အမေ့လင်ကပဲ လစာပေးထားလို့လိုက်ကြည့်ပေးနေတဲ့ ပုံစံလုပ်ပြကြ လိမ့်မယ်။ ရောင်းတဲ့သူရှိက ဝယ်ခါနီး သူ့ကိုလဲ ပေးရမှာမို့ဆိုပြီး ထည့်စစ်တာ အဆစ်ပါလိုက်သေးတယ်။

သူတို့တတ်လားမေးမတတ်ဘူး သိသလားမေးမသိဘူး သူများရှိမှာသွားဝယ်ပြီး ကို့ရှိဖုန်းဆက်ပြီးရင်လဲတိုင်ပင်တယ်၊ကောင်းလား ဝယ်သင့်လား မေးလို့ ကိုကတော့စေတနာရှင်းပြရင် ကိုနဲ့ပဲ မဝယ်လို့ မကောင်းတွေ စွပ်ပြောနေသလို အထင်ခံရတယ်။

တချို့ကျ ဒီလောကသားအချင်းချင်း
ချက်စီလှမ်းမေး ဂရိတ်လှမ်းမေးအလကားပြောပြပေးလိုက်တယ်ကိုယ်ကတော့ သူတို့မြတ်သွားလို့ ကို့လဲတစ်ကျပ်လာပေးတာမဟုတ်ဘူး။ ရှုံးသွားရင်တော့ ကိုပဲချောက်တွန်းလိုက်သလို ပြောကြသေးတာ။

ကားဆေးတာကအစ အင်ဂျင်ချတဲ့ထိ ကားပျက်ရင် ဖုန်းဆက်ပြီးမေးကြ ​တယ် အဲ့ဆိုင်တွေကို အလွယ်ညွန်းပြဖို့ ဘယ်နှစ်ခါ ဂျင်းမိခံခဲ့ရလဲ သူတို့မသိဘူး။

ပြောလိုက်ကြ သေးတယ် အချင်းချင်းဒါလေးလုပ်ပေးရတာကို ဆိုတော့ ဒီပညာတွေရဖို့ ဘယ်လောက်ဆုံးရူံးခဲ့ရပြီးပြီလဲ ဘယ်လောက်ဒုက္ခခံခဲ့ရလဲ ဘယ်လိုအောက်ကျခံခဲ့ရလဲ သူတို့မသိဘူး ။

တစ်ချို့သူတွေရဲ့မသိတက်မှုက
နောက်တစ်ခါအလကားဆိုတာ
မလုပ်ပေးဖြစ်အောင်ကြိုးစား
နေရတော့မလိုဖြစ်နေတယ်။

ကိုယ်ချင်းစာစိတ်ရှိတဲ့သူတွေကတော့ ငွေတစ်ကျပ်မှမပေးလဲ သူတို့ပတ်ဝန်းကျင်မှာ ကိုယ့်အပေါ်ယုံကြည်မူ ကိုယ့်စေတနာကို တန်ဖိုးထားပြီး အကောင်းပြောပေးနေတာတွေကို ကိုယ်ပြန်ကြားရရင်ဝမ်းသာပီတိတွေဖြစ်ပြီး အားကိုရှိနေရော

လူတိုင်းကိုမဆိုလိုပါဘူး ကောင်းတဲ့သူတွေရှိသလို ဆိုးတဲ့လူတွေလဲ ရှိကျပါတယ် အဓိကတော့ သူ့ထမင်းသူစားပြီး ကိုယ့်ကို ကူညီတဲ့သူကို ဒါက မဖြစ်မနေလုပ်ပေးရမယ့် ဝတ္တရားလို့ မတွေးစေချင်တာပါ ဘယ်ပညာမှ အလကား မရထား​​ကြ ပါဘူး။

Credit - စာသား

05/08/2023

နာမည်ကြီး ထမင်းငတ် ဆိုတာ..
ဘရန်းကိုတည်ဆောက်တတ်ပေမယ့် ငွေဝင်အောင်မလုပ်တတ်တာ၊ငွေမဖော်တတ်တာကိုပြောတာ။

တွက်ရေးကစက်သူဌေး၊ထွက်ကြည့်တော့ စက်မရှိ ဆိုတာ ..
လုပ်ငန်းရဲ့ စာရင်းမှာ မြတ်နေပေမယ့် ငွေကြပ်နေတာ Cash flow ငွေသားမရှိတာကို ပြောတာ။

လူများပြီး ပွဲမစည် ဆိုတာ ...
ဝန်ထမ်းတွေအများကြီး ရှိပြီး လုပ်ငန်းက ကြီးသရောင်ဆိုပေမယ့် Efficiency မရှိ၊ အမြတ်သိပ်မရှိတာကို ပြောတာ။

လေဖမ်းဒန်းစီး တန်ဖိုးကြီး ဆိုတာ ..
လုပ်ငန်းမှာ အသုံးပြုသူ (User) တွေများတယ်၊ ပြန်ရောင်းရင် တန်ဖိုးကြီးရနိုင်ပေမယ့် လက်ရှိမှာ တော့ ငွေမဝင်သေးဘူး ကို ပြောတာ။

ကိုယ်ထင်ရင် ကုတင်ရွှေနန်း ဆိုတာ..
ကိုယ့်ထုတ်ကုန်ကို ကိုယ်ကအဟုတ်ကြီး ထင်ပေမယ့် စားသုံးသူတွေက ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင်မမြင်တာ ကိုပြောတာ။

စာဖတ်သူစိတ်ထဲမှာ ရှိတဲ့ အသုံးအနှုန်းလေးတွေကိုလဲ .. အဓိပ္ပါယ်ဖွင့်ဆိုချက်​လေး နဲ့ စိတ်တိုင်းကျ မန့်ခဲ့ကြပါဗျာ။ ။ 😁

#မာသင်

Credit

Telephone