Life
16/01/2019
ယောက်ျားဦးနှောက် နှင့် မိန်းမဦးနှောက် ကွာခြားချက်
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
ယောက်ျားများရဲ့ ဦးနှောက်ထဲမှာအကြောင်းအရာတွေ ကို သေတ္တာများနဲ့ စီရီပြီး ထားရှိ ထားပါတယ်။ အဲ့ဒီ့ သေတ္တာများထဲမှာ ကျနော်တို့ အကြိုက်နှစ်သက်ဆုံး သေတ္တာလေး တစ်လုံးရှိပါတယ်… အဲ့ဒီ့ သေတ္တာထဲမှာ ဘာမှမပါပါဘူး။ Nothing Box လို့ ခေါ်ပါတယ်… ဘယ်လောက်တောင် ကြိုက်သလဲဆိုရင် အချိန်ရရင် ရသလို ခဏခဏ ထထဖွင့်ကြည့်ဖြစ်တဲ့အထိအောင်ပါပဲ ။
ဆိုလိုတာကတော့ ကျနော်တို့ ယောက်ျားတွေဟာ ဘာမှကို မစဉ်းစားဘဲလဲ.. အကြာကြီး (သို့) ခဏခဏ နေနိုင်တယ် ဆိုတာပါဘဲ။.
ဥပမာ… ပက်လက်ကုလားထိုင်လေးပေါ်ထိုင်.. မုတ်ဆိတ်မွှေးလေး ဆွဲနှုတ်ရင်း…(သို့) တီဗွီကြီး ဖွင့်ထားပြီး အဝေးထိန်းခလုတ်(ရမုတ်) ကိုလည်း လက်မှာ ကိုင်ထားရင်း…ဘာစဉ်းစားနေသလဲဆိုတော့.. ဘာမှ မစဉ်းစားနေပါဘူး။စောစောကပြောတဲ့ဘာမှမရှိတဲ့
သေတ္တာကို ဖွင့်ထားတာလေ…
အဲ့ဒီ့အချိန်မျိုးမှာ ဘေးနားက မိန်းမတွေက ပြောတတ်ပါတယ်။
“ရှင်..တော်တော် အားယားနေတယ်..ဟုတ်လား” “ဘာမှလည်း လုပ်တာမဟုတ်ဘဲနဲ့..”။
ဟုတ်ပါတယ်..ကျနော်တို့ ဘာမှ လုပ်တာမဟုတ်ပါဘူး။ ဘာမှလည်း မတွေးပါဘူး.. ဒီလိုလေးဘဲနေတာပါ.. အဲလိုအချိန်မျိုးမှာ လာနှောက်ယှက်တာလည်း မကြိုက်ပါဘူး..
မိန်းမများဟာ ကျနော်တို့ရဲ့ ဘာမှမရှိတဲ့ သေတ္တာကို လုံးဝ.. လုံးဝ..နားမလည်ပါဘူး။ ကျနော်တို့လိုလည်း မလုပ်နိုင်ပါဘူး.. သူတို့စိတ်ဟာ လုံးဝ မရပ်မနား လည်ပတ်နေတာပါ။
စိတ်လည်ပတ်နေလေလေ.. ဦးနှောက်ထဲက ကေဘယ်ဝါယာ ကြိုးတွေဟာလည်း တရစပ် လည်ပတ်နေလေပါဘဲ။အဲ့ဒီ့တော့ သူတို့ဟာ ဘယ်တော့မှ.. ဘယ်တော့မှ.. Nothing Box (ကျနော်တို့ ဦးနောက်ထဲက ဘာမှမရှိတဲ့ သတ္တာလေး) ကို နားလည်နိုင်မှာမဟုတ်ပါဘူး။ အဲ့ဒီ့ သေတ္တာက မိန်းမများကို စိတ်ပျက်သွားစေနိုင်ပါတယ်။ စဉ်းစားလေလေ.. ဘာမှမရှိလေ..စိတ်ပျက်လေလေ..
ဒေါသတွေ ထွက်လာလေလေ ပါဘဲ..
နောက်ဆုံးတော့ စကားတစ်ခွန်း ထွက်လာပါတယ်..
”ရှင် ဘာမှ မလုပ် ဖူးလား”…
“ဘာမှကို အဓိပ္ပါယ် မရှိဘူး”…
ဒီ့ထက် (စိတ်) ပိုဆိုးလာရင်တော့..
“ရှင့် အရင် ငယ်ရည်းစားအကြောင် စဉ်းစားနေတာ မဟုတ်လား”…
“ရှင်..ကျမ မသိအောင် ဘာတွေမဟုတ်တာလုပ်နေလဲ”.. စတဲ့မေးခွန်းတွေမေးလာတော့တာပါဘဲ..
ကျနော်တို့မှာလည်း မှန်သော အဖြေ တစ်ခုသာ
ရှိပါတယ်…ဘာမှမစဉ်းစားပါဘူးကွာ..
စိတ်ဖိစီးမှုတွေများလာကြတဲ့အခါ..
#ယောက်ျားများစိတ်ဖိစီးကြတဲ့အခါ..
————————————
ယောက်ျားများစိတ်ဖိစီးမှု(စိတ်ညစ်စရာ)တွေများလာတဲ့
အခါမှာတော့ သူတို့အလုပ်ချင်ဆုံးအလုပ်ဟာ သူတို့ ဦးနှောက်ထဲက ဘာမှ မရှိတဲ့ သေတ္တာကိုအမြန်ပြေး ဖွင့်ချင်တာပါဘဲ။
ဆိုလိုတာကတော့……
စိတ်ညစ်လာတဲ့အခါ ယောက်ျားများဟာ
ဘာမှမစဉ်းစားဘဲ အေးအေးဆေးဆေး နေချင်တာပါ။ ဘာမှလည်း မပြောချင်ပါဘူး.. ဒီအတိုင်းလေး အေးအေးဆေးဆေး နေချင်တာပါ..
အဲ့ဒီ့အချိန်မှာ မိန်းမလုပ်သူက ဘေးနားရောက်လာပြီး..
“ရှင်..ဘာစဉ်းစားနေတာလဲဟင်.. ကျမကိုပြောပြပါလား..ဘာတွေဖြစ်လာတာလဲ.. ” စတဲ့မေးခွန်းတွေ မေးတတ်ကြပါတယ်။ မိန်းမသဘာဝ စိတ်ပူတတ်တာကိုး.. စိတ်ပူတော့ သူ့ဦးနှောက်ထဲက ကေဘယ်ဝါယာတွေလည်း ပူလာတော့တာပါဘဲ.. ဒီအချိန်မှာ ယောက်ျားလုပ်သူက…
“ငါ..ဘာမှ မစဉ်းစားပါဘူးကွာ… အေးအေးဆေးဆေး နေချင်လို့ပါ.. ဝေးဝေးမှာနေပေးပါ” လို့ ပြောလိုက်မိတတ်ပါတယ်။ အဲ့ဒီမှာ ကေဘယ်ဝါယာပူပြီး စိတ်ကောက်တော့တာပါဘဲ။ဝါယာရှော့များ..
ဖြစ်သွားရင်တော့
“ဘယ်မိန်းမအကြောင်းတွေးနေမှန်းမှမသိတာ..
ဘယ်ပြောချင်မလဲ..မဟုတ်တာလုပ်နေတာကို…@ #%$^” စသည်ဖြင့် တန်ပို (Tempo)တွေတက်လာရာက လင်မယား ရန်ဖြစ်ကြတော့တာပါဘဲ..
ကျနော်တို့လည်း စိတ်ညစ်နေတဲ့အချိန် အဲ့ဒီ့လို ဘေးနားက ထပ်ပြီး ဗျစ်တောက် ဗျစ်တောက် ပူလာရင် မခံနိုင်တော့ဘဲ ပေါက်ကွဲတတ်ကြပါတယ်။
ယောက်ျားများဟာ စိတ်ဖိစီးမှုများလာရင်…သူ့ရင်ထဲက စိတ်ညစ်စရာများကို ဖြေရှင်းပေးနိုင်မယ့် မိတ်ဆွေ၊ အပေါင်းအသင်း၊ ညီအကို၊ မိဘများနှင့်သာတိုင်ပင်လေ့ ရှိပါတယ်။
#မိန်းမများစိတ်ဖိစီးကြတဲ့အခါ..
——————————-
မိန်းမများစိတ်ဖိစီးမှု(စိတ်ညစ်စရာ)တွေ ကြုံလာရင်တော့ အဲ့ဒီ့ကိစ္စကို သူဖွင့်ပြောမှ ပေါ့သွားမှာပါ။ပြောကိုပြောရမှ။ မပြောရရင်တော့သူ့ရဲ့ဦးနှောက်ထဲက ကေဘယ်ဝါယာကြီး ဟာပေါက်ကွဲလို့သွားတော့မှာပါ..
“လုံးဝထင်မထားဘူး..
အဲ့ဒီ့မိန်းမ အဲ့ဒိလိုလုပ်သွားလိမ့်မယ်လို့… တော်တော်ဒေါသထွက်ဖို့ကောင်းတယ်.@ #%$^..” ဘာဘာ ညာညာ ပြောလာရင် အမျိုးသားများ ဂရုတစိုက် နားထောင်ပေးလိုက်ပါ။ ဘာမှဝင်မဖြေရှင်းပေးပါနဲ့… အကြံမပေးပါနဲ့…သူပြောတာကိုဘဲနားထောင်ပေး လိုက်ပါ။ ၀င်ပြောလိုက်တာနဲ့ သေပြီဆရာဘဲ.. ဒေါသအိုးက သင့်အပေါ်ကျသွားနိုင်ပါတယ်။
အမျိုးသားတွေ လုပ်ပေးနိုင်တာကတော့ ကျနော်တို့ရဲ့ ဦးနှောက်ထဲက ဘာမှမရှိတဲ့ သေတ္တာလေးကို ဖွင့်ပြီး.. သူမ ပြောသမျှ နားထောင်ပေးလိုက်ရုံပါဘဲ.. သူလည်း ပြောချင်တာပြောပြီး Stress တွေလျှော့.. ကျနော်တို့လည်း ဘာမှမစဉ်းစားဘဲ.. အေးအေး ဆေးဆေးလေးပေါ့…
(အမေရိကန် စာရေးဆရာ Mark Gungor ရဲ့
“A Tale of Two Brains ကို ယောက်ျားဦးနှောက်နဲ့ မိန်းမဦးနှောက် ကွာခြားချက်လို့ ဘာသာပြန်ပြီး ပြန်လည် မျှဝေပေးလိုက်ပါတယ်။ အချို့သောဥပမာများဟာ မြန်မာပြည်နဲ့လိုက်လျှောညီထွေ ဖြစ်အောင် ပြန်လည် တင်ဆက်ပေးထားတာဖြစ်ပါတယ်။)
ကျေးဇူးတင်ပါတယ်။
Credit
14/01/2019
သင့်ရဲ့ #အနိမ်ဆုံးရာထူး ဘယ်ရာထူးဖြစ်ခဲ့ဘူးလဲ
14/01/2019
ဘဝမှာ အချစ်ထက် အနှစ်ရှိဖို့အရေးကြီးတယ်။
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Mandale
05024