Saytanar

Saytanar

Share

တိုင်းရင်းဆေးနှင့် ကျန်းမာရေး
RoyalA အာရုံ‌ကြောဆေး

အာရုံကြောအားနည်းခြင်း
ကျီးပေါင်းရောဂါ
လေဖြတ်လေငန်းရောဂါ
အဆစ်ရောင်ရောဂါများအတွက်
Royal A အာရုံကြောဆေးကိုသတိရလိုက်ပါ။

23/08/2025

အသီးအရွက် တွေ အများကြီး စားရင် သတိထားပါ

အသီး အရွက် များများ စားပေး…. ကျန်းမာအောင်၊ ဗီတာမင် သတ္တုဓါတ်တွေ ရအောင်၊ ဝမ်းမချုပ်အောင် …. စသဖြင့် လူတိုင်း နီးပါး၊ ဆရာဝန်တိုင်း နီးပါး ပြောကြမှာပါ….

လိုတာထက် ပိုပြီး အသီးအရွက် စားတာ များလာရင် ရော????

တနေ့ကို

အရွက် - တရုတ် ထမင်းစား ပန်းကန်လုံး ၁ - ၂ ခွက်
(Edit - ချက်ပြီးသား ဆိုရင် ၁-၂ ခွက်/ မချက်ရသေးတဲ့ အစိမ်း ဆိုရင် ၃-၄ ခွက် - ချက်ပြီးရင် နွမ်းသွားလို့ပါ)

အသီး - တရုတ် ထမင်းစား ပန်းကန်လုံး ၁ ခွက်လောက် စားရင် အကြမ်းဖျင်း လုံလောက်ပါတယ်။

အဲ့လို မဟုတ်ပဲ fruits and Vegetables Diet ပုံစံမျိုး၊ တနေကုန် အသီး ၄-၅ ခွက်လောက် စားတာ၊ အရွက် ၄-၅ ခွက် လောက် စားတာ ကြာလာရင် ….

1. အစာမကြေခြင်း - အမျှင် ဓါတ်တွေ ကို အစာအိမ်က မချေဖြတ်နိုင်ပါဘူး။ အများကြီး စားမိရင် နေမထိ ထိုင်မသာ ဖြစ်ပြီး အိမ်သာ တက်ချင်သလိုလို၊ တကယ် အိမ်သာ တက်တော့ လဲ ဝမ်းက မသွားပဲ ဗိုက်ပွ သလို ဖြစ်တတ်ပါတယ်။
2. ဆီးချို ဖြစ်နိုင်ပါတယ် - အမ်…. ဟင်းသီးဟင်းရွက်တွေ စားတာ လေ ဆီးချို ကာကွယ် ပေးရမှာပေါ့ ???? အချိုများတဲ့ အသီးတွေ လိုတာထက် ပိုပြီး စားရင် ဆိးချိုဖြစ်နိုင်ပါတယ်။ ဥပမာ - ည စာ ထမင်း မစားဘူး ဆိုပြီး ဖရဲသီးတခြမ်း စားလိုက်တာမျိုး၊ ကျွဲကောသီး တခြမ်း စားမိတာမျိုးပေါ့
3. အာဟာရချို့တဲ့ခြင်း - အမျှင်ဓါတ် ကို လိုတာထက် ပို စား မိရင် အူလမ်းကြောင်း က အာဟာရ ဓါတ် တွေ သိပ်မစုပ်ယူနိုင်တော့ဘူး။ အကြောင်းအရင်း ကတော့ အမျှင် ဓါတ် တွေ အူထဲ အလွန် ရှုပ်ထွေးနေလို့ပါ။
4. Food intolerance ဖြစ်လာခြင်း - အလွယ်ပြောရရင် တခုခု စားပြီးတာ နဲ့ အစာမကြေသလိုလို၊ ဝမ်းသွာချင်သလိုလို ဖြစ်လာတာပါ။
5. ဝမ်းလျှောခြင်း
6. ရေဓါတ်ခမ်းခြောက် ခြင်း - အမျှင် ဓါတ် က ရေဆွဲ ပါတယ်။ သောက်သမျှ ရေ ကို အမျှင် ဓါတ် က ဆွဲနေတော့ ခန္ဓာကိုယ်ထဲ ရေ မရောက်လာတော့ ဘူး ပေါ့

အဲ့ဒီတော့ ဘယ်အရာမဆို မျှမျှ တတ နဲ့ အလွန်အကြူး မဖြစ်အောင် စားတတ် ကြဖို့ တိုက်တွန်း ပါရစေ။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

ပြန်လည်မျှဝေပါသည်။
RoyalA အာရုံကြော ဆေး

23/08/2025

“အသက် ၄၀ ကျော်များအတွက် ကျန်းမာပြီး ဟန်ချက်ညီသော ဘဝနေထိုင်နည်း အကြံပေးချက်များ”ဖတ်ကြည့်ပေးနော်
_______________

က။ မဖြစ်မနေ ပြုလုပ်ရမည့် ကျန်းမာရေး စစ်ဆေ:မှု နှစ်ခု - သွေ:ပေါင်ချိန်ကို ပုံမှန် စောင့်ကြည့်စစ်ဆေ:ခြင်း ၊ သွေ:တွင်း သကြားဓာတ်ကို ပုံမှန်စစ်ဆေ:ခြင်း
***********
ခ။ လျှော့စားသင့်သော အစားအသောက် ၆ မျိုး -
ဆား
သကြား
စက်ရုံထွက်နှင့် တာရှည်ခံ အစားအသောက်များ
အမဲသား၊ အထူးသဖြင့် ကင်ထားသော အသားများ
နို့ထွက်ပစ္စည်းများ
ကစီဓာတ်များသော အစားအစာများ

ဂ။ ပိုမိုစားသုံးသင့်သော အစားအစာ ၄ မျိုး -
အစိမ်းရောင် ဟင်းသီးဟင်းရွက်များ
ပဲအမျိုးမျိုးနှင့် ပဲပင်ပေါက်များ
လတ်ဆတ်သော သစ်သီးဝလံများ
အခွံမာသီးအမျိုးမျိုး

ဃ။ ရှောင်ကြဉ်သင့်သော အတွေးအခေါ် ၃ မျိုး -
အသက်အရွယ်အပေါ် စိတ်ပူပန်နေခြင်း
အတိတ်ကို တွေးတောနေခြင်း
နာကြည်းချက်များကို စွဲကိုင်ထားခြင်း

င။ ပျော်ရွှင်သော ဘဝအတွက် အခြေခံလိုအပ်ချက် ၄ ခု -
စိတ်ရင်းမှန်သော မိတ်ဆွေကောင်းများ
ချစ်ခင်နွေးထွေးသော မိသားစု
အပေါင်းလက္ခဏာဆောင်သော အတွေးအမြင်များ
သက်သာချမ်းမြေ့ဖွယ် နေအိမ်

စ။ ကျန်းမာရေးအတွက် အကျိုးရှိသော အလေ့အထ ၄ ခု -
ညစာကို ရှောင်ခြင်း
အပြုံးပန်းများပြီး ရယ်မောပျော်ရွှင်တတ်ခြင်း
လမ်းလျှောက်ခြင်း သို့မဟုတ် အခြားကိုယ်လက်လှုပ်ရှားမှုများ ပုံမှန်ပြုလုပ်ခြင်း
သင့်တော်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားခြင်း

ဆ။ နောက်မကျသင့်သော အရာ ၆ ခု -
အလွန်ဆာမှ မစားပါနှင့်
အလွန်ငတ်မှ ရေမသောက်ပါနှင့်
အလွန်အိပ်ချင်မှ မအိပ်ပါနှင့်
အလွန်းမောပန်းမှ မနားပါနှင့်
နာမကျန်းဖြစ်မှ ဆရာဝန်မပြပါနှင့်
အခက်အခဲကြုံမှ ဘုရားမတပါနှင့်
ဆငဆငတသဆသဆကနကနကတသတသဆသတူတသ
မိမိကိုယ်ကို ဂရုတစိုက် စောင့်ရှောက်ပါ - ကျန်းမာရေးသည် သင့်ဘဝ၏ အဖိုးတန်ဆုံး ရတနာဖြစ်၏။

မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏
ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုlikeလုပ်ထားဖို့အကြံပေးပါရစေpageထဲလဲဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ...

22/08/2025

ကင်ဆာ ဆိုတာ နဲ့ ဒီလိုလိုက်စားကြည့်ပါ

ကင်ဆာ ဆိုပြီး ထွေထွေထူးထူး ဆန်းဆန်းပြားပြား တွေ စားစရာ မလိုပါဘူး….

အခြေခံ အချက် လေးတွေ သတိထားပေးဖို့ပဲ လိုပါတယ်။

1. တနေ့ ကို အစား ၄-၅ ကြိမ် လောက် စားပါ
2. အကြိမ် တိုင်း မှာ အသား၊ ငါး၊ ပဲ၊ ဥ၊ နို့ တခုခု ပါအောင် စားပါ
3. အဝ မလွန်ပါစေ နှင့်
4. အသားစစ်စစ်၊ ငါးစစ်စစ် တွေ ကို ဦးစားပေးစားပါ
5. အသားငါး တွေ ကို ကျက်အောင်ချက်ပါ
6. ဖြစ်နိုင်ရင် အစေ့အဆန် ထမင်းစားဇွန်း (၂) ဇွန်းစာ စားပါ (မြေပဲ၊ နေကြာစေ့၊ သီဟိုစေ့)
7. သစ်သီးတွေ စားရင် ရေသေချာ ဆေးပါ။ အခွံ့နွှာစားပါ။ လမ်းဘေး က စိပ်ပြီးသား အသီးတွေ မစားရင် ပိုကောင်းပါတယ်။
8. လူလုပ်အချို များ လျှော့စားပါ။ (အချိုရည်၊ သကြားလုံး၊ ချောကလက်၊ မလိုင်လုံး)
9. ငန်လွန်းတဲ့ အစားအစာ တွေ ရှောင်ပါ။
10. ဆီများလွန်းတာတွေ လျှော့စားပါ။

Credit
RoyalA အာရုံကြောဆေး

16/07/2025

🇨🇭အသက်(၄၀)ကျော်ချိန် ကိုလက်စထရောများခြင်း ကာကွယ်နိုင်ရန်⚠

#ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) ---

➡ အသက် ၄၀ ထဲ ဝင်လာချိန်မှာ သူငယ်ချင်းအများစုက ကိုလက်စထရောတွေ များနေကြပါတယ်။ အဲဒီလို မဖြစ်အောင် ဘယ်လို စားသောက်နေထိုင်သင့်ပါသလဲ။

▶ အခုမြန်မာပြည်မှာ ကိုလက်စထရောများတာနဲ့ ကင်ဆာတွေ အရမ်းအဖြစ်များပါတယ်။ ကျန်းမာရေးက ဘဝမှာ အရေးကြီးဆုံးပါ ။ မကျန်းမာမှ ဆေးကုမယ့်အစား ကျန်းမာအောင် ကြိုတင်ကာကွယ်ပါ။
အောက်ဖော်ပြပါ အချက်တွေကတော့ အစားအသောက်နဲ့ ပတ်သက်ပြီး လူတိုင်းလုပ်နိုင်မယ့် တချို့အချက်အလက်တွေပါ။ ဒါတွေ လိုက်နာရင် ပိုကောင်းတဲ့ ကျန်းမာရေးဘဝရပါမယ်။

✅ နေ့စဉ်နေ့တိုင်း ကျန်းမာရေးနဲ့ အညီ စားသင့်ပါတယ်။ ချွေတာပြီး စားရင် မကျန်းမာရင် ပြန်ဆေးကုရင် ကုန်မှာဆိုတော့ မထူးပါဘူး။ မြန်မာအများစုက ကျန်းမာအောင် မစားဘဲ ချွေတာပြီး မကျန်းမာမှပဲ ဆေးကုချင်ပါတယ်။ အလွန်မှားတဲ့ အယူအဆပါ။

✅ မနက်ခင်းမှာ ထမင်းကြော်စားတာဟာ မကောင်းပါဘူး ။ ဆီနဲ့ ကြော်တာ စားရင် Transfat ဖြစ်စေပြီး ကိုလက်စထရော များစေတယ်။ ဆီနဲ့ဆမ်းပြီး စားတာက ကျန်မာရေးနဲ့ ပိုညီညွတ်တယ်။ ဥပမာ- ထမင်းပဲပြုတ်ဆီဆမ်း။

✅ စားသောက်တဲ့အလေ့အကျင့်ကို ချက်ချင်းထက် တဖြည်းဖြည်း ပြောင်းလဲပြီး ပုံစံသစ်နဲ့ စားသင့်ပါတယ်။

✅ ထမင်းကို နည်းနည်းပဲစားပါ။ လျှော့စားပါ။ စားတဲ့ ထမင်းပမာဏထက် ၂ ဆ ဟင်းသီးဟင်းရွက်ကို စားရပါမယ်။

✅ ဟင်းသီးဟင်းရွက်မှာ သြဂဲနစ်စားရင် အကောင်းဆုံးပါ။ သြဂဲနစ်မရနိုင်တော့ ဟင်းသီးဟင်းရွက်ကို ဆားရေ ဒါမှမဟုတ် ရှလကာရည်နဲ့ ၁၀မိနစ်စိမ်ပါ။နောက် ရေနွေးဖျောပြီး စားနိုင်ပါတယ် ။

✅ အစားအသောက်ကို အချိန်ယူစားပြီး အကြိမ်များများနဲ့ နည်းနည်းစီ စားသင့်ပါတယ်။ (တစ်နေ့ ၆ ကြိမ်)။ ဗိုက်ကို ပြည့်သွားအောင် မစားပါနဲ့။ အသီးအတွက် ချန်ထားပါ ။

✅ ထမင်းမစားခင် ဟင်းချိုသောက်သင့်ပါတယ်။

✅ တစ်နေ့ကို ရေ ၂လီတာ အနည်းဆုံး သောက်သင့်ပါတယ် ။

✅ မနက်မှာ ဒိန်ချဉ်စားပြီး နွားနို့တွေ သောက်သင့်ပါတယ်။

✅ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်ကို အဓိကထားသောက်ကြပါ။

✅ တစ်နှစ်ကို တစ်ခါတော့ ဆေးစစ်ပြီး မတည့်တာတွေ ရှောင်သင့်ပါတယ်။

✅ ကြက်သား၊ ငါး ပိုစားပြီး အနီရောင်အသားတွေကို တတ်နိုင်သမျှ လျှော့စားပါ။

✅ ပဲမျိုးစုံစားရင်လည်း အာဟာရပြည့်ပါတယ်။

✅ ဟင်းအနှစ်တွေကို အများကြီး မစားသင့်ပါ။ (မစားတာ ပိုကောင်းပါတယ်)။ အပြုတ်ကို အဓိကစားပါ။

✅ စိတ်အလိုလိုက်ပြီး အများကြီးကို တစ်ခါတရံဆိုပြီး မစားပါနဲ့။ စားသောက်ဆိုင်မှာလည်း လို သလောက်ပဲ မှာပြီး မကုန်ရင် ပါဆယ်ထုပ်ပါ ။

✅ ကျန်းမာ၊သက်ရှည်စွာ နေနိုင်ဖို့အတွက် ခန္ဓာကိုယ်အတွင်းရှိ ရောဂါတွေကို အစွမ်းကုန် တိုက်ထုတ်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ စားသင့်ပါတယ်။ဥပမာ - ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ပန်းမုန်လာ စပျစ်သီး။

✅ အအေးဘူးတွေကို တတ်နိုင်သလောက်ရှောင်ပါ။ ရေက အကောင်းဆုံးပါပဲ။

✅ အကင်တွေ အစားများရင် ကင်ဆာ ဖြစ်ပါတယ်။

✅ ဝမ်းမှန်အောင် ဂရုစိုက်ပါ။

#တခြားလိုက်နာရမှာက-

✅ လမ်းလျှောက်ပါ။ တစ်နေ့ကို ခြေလှမ်း ၈၀ဝ၀ကနေ တစ်သောင်းအထိ လျှောက်သင့်ပါတယ်။

✅ တတ်နိုင်ရင် Exercise လုပ်ပါ ။

✅ Stress မများအောင် စိတ်ကို ထားပါ ။

#ဒါတွေကတော့ လူတိုင်း လိုက်နာနိုင်မယ့်အစား အသောက်အတွက်ပါ။ ပိုပြီး ကျန်မာပြီး ကိုလက်စထရောတွေ လျော့လာပါလိမ့်မယ်။
မကျန်းမာမှ ပိုက်ဆံကုန် ဆေးကုပြီး အစားအသောက် ရှောင်မလား။ ဒါမှမဟုတ် ကျန်းမာအောင် စားကြမလား။ ဒါကတော့ မိမိရဲ့ ရွေးချယ်မှုပါ။

Credit Original Uploader

နှလုံး, စိတ်, ဝမ်း, အေးမြကြပါစေ.❣

15/07/2025

#သင့်အိမ်မှာ ငှက်ပျောပင်ရှိတယ်ဆိုရင် ထသာခုန်လိုက်တော့...

👉သင်ထင်မထားတဲ့ #ငှက်ပျောရွက်ရဲ့ အကျိုးအာနိသင်

👉 #ငှက်ပျောရွက်က စားစရာတစ်ခုမဟုတ်သလို ဆေးဖက်ဝင်မယ်လို့လည်း ဘယ်သူမှထင်ထားလောက်မှာမဟုတ်ပါဘူး။

👉 #ထုပ်ပိုးမှုအတွက် သုံးတာကလွဲလို့ ငှက်ပျောရွက်ကို စားဖို့ ဒါမှမဟုတ် ဆေးဖက်ဝင်တဲ့အရာတစ်ခုအနေနဲ့ အသုံးပြုလို့ရမယ်ရယ်လို့ ထင်မထားဘူးဟုတ်...

👉 #ချောင်းဆိုးရင်ကြပ်...
ငှက်ပျောရွက်ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ရင်ကြပ်ချောင်းဆိုးသက်သာစေဖို့အတွက် အသုံးပြုခဲ့ကြတာပါ။

👉လေ့လာမှုတွေအရ ငှက်ပျောရွက်ဟာ ကိုယ်ခံအားကိုတိုးစေနိုင်သလို၊ ချေင်းဆိုးသက်သာစေပြီး နာကျင်ရောင်ရမ်းမှုကို လျော့ပါးစေနိုင်ပါတယ်။

👉 #အသက်ရှုလမ်းကြောင်း အထက်ပိုင်းမှာရောဂါပိုးတွေ ဝင်ရောက်ကူးစက်တာကိုလည်း အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။

👉 #အအေးမိဖျားနာတာကိုဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိပါတယ်။ ချွဲတွေကိုပျော်စေနိုင်ပြီး လည်ချောင်း ယားယံခြင်းကို သက်သာစေနိုင်ပါတယ်။

👉 #ငှက်ပျောရွက်ကို အရည်ညှစ်ပြီး ရေနဲ့ရောလို့ ၁၀ မိနစ်လောက်ကျိုပေးပါ။ ပြီးရင်ပျားရည်လေးနဲ့ရောပြီး သောက်ပေးလို့ရပါတယ်။

👉 #လေပြွန်ရောင်ရမ်းနာ-
သင်မှာ နာတာရှည်ချောင်းဆိုးကြောင့် လေပြွန်ရောင်ရမ်းနာများရှိမယ်ဆိုရင် သဘာဝဆေးအနေနဲ့ ငှက်ပျောရွက်ကို အသုံးပြုပေးလို့ရပါတယ်။

👉 #ကူးစက်ရောဂါပိုးတွေကြောင့်ဖြစ်တဲ့ လေပြွန်ရောင်ရမ်းခြင်းကိုသာမကဘဲ ချွဲကျပ်ပြီး ဆိုးတဲ့ချောင်းကိုပါ သက်သာစေနိုင်ပါတယ်။

👉polysaccharides #ဒြပ်ပေါင်းပါဝင်နေတာကြောင့် ချွဲဖြစ်ပြီး ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်။ ချောင်းခြောက်ဆိုးတာကို သက်သာစေနိုင်ပါတယ်။

👉 #ငှက်ပျောရွက်ကို ရေစင်အောင်ဆေးပြီး ရေနွေးထဲမှာ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်စိမ်လို့ ပေါင်းခံရည်ယူပါ။ ပြီးရင်စိမ်ထားတဲ့အရည်ကိုသောက်ပေးပါ။ တစ်နေ့ကို ၃ ခွက်လောက်အထိသောက်ပေးလို့ရပါတယ်။

👉 #အရေပြား ယားယံတာကို သက်သာစေနိုင်တယ်-
အရေပြားမှာ ရောင်ရမ်းတာ၊ ယားယံတာ နဲ့ နာကျင်တာတွေသက်သာစေဖို့အတွက်လည်း ငှက်ပျောရွက်ကို အသုံးပြုပေးလို့ ရပါတယ်။

👉 #ငှက်ပျောရွက်မှာ အရေပြားကို ယားယံမှုသက်သာစေပြီး အသားအရေချောမွေ့လို့ ကျန်းမာတဲ့ အရေပြားတစ်ရှုးတွေကို ဖြစ်ပေါ်စေနိုင်တဲ့ allantoin ဒြပ်ပေါင်းကြွယ်ဝစွာပါဝင်နေပါတယ်။

👉 #နေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်သလို ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။ အသားအရေကို ကြည်လင်စေနိုင်ပါတယ်။ငှက်ပျောရွက်ကိုစင်အောင်ဆေး အရည်ညှစ်ပြီး အရေပြားမှာ စွတ်ပေးရုံပါ။

👉 #အနာတွေကို သက်သာစေနိုင်ပါတယ်-

ထိခိုက်ဒဏ်ရာတွေအတွက်လည်း ငှက်ပျောရွက်ကို အသုံးပြုပေးလို့ရပါတယ်။ အနာကျက်စေနိုင်တဲ့ အာနိသင်ရှိနေပါတယ်။

👉allantoin ပါဝင်တဲ့အတွက် #အနာကျက်စေနိုင်ပြီး အသေးစားပြတ်ရှဒဏ်ရာ၊ အနာ၊ ပျားတုပ်တာ၊ ပိုးကောင်ကိုက်တာတွေကို သက်သာစေနိုင်ပါတယ်။

👉 #ငှက်ပျောရွက်ကြိတ်ရည်ကို ပျားရည်နဲ့ရောစပ်ပြီး အနာကိုလူးပေးလို့ရပါတယ်။ ငှက်ပျောရွက်ကို ရေစင်အောင်ဆေးပေးပြီး အနာပေါ်မှာ ကပ်ပေးလို့လည်းရပါတယ်။

👉 #ခံတွင်းအနာကို သက်သာစေနိုင်တယ်-
ခံတွင်းထဲကအနာတွေ သက်သာစေဖို့အတွက်လည်း ငှက်ပျောရွက်ကို အသုံးပြုပေးလို့ရပါတယ်။

👉 #နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ ငှက်ပျောရွက်က ခံတွင်းအနာတွေကို သိသိသာသာသက်သာစေနိုင်ပါတယ်။

👉 #ငှက်ပျောရွက်ကို အခြောက်ခံလို့ အမှုန့်ကြိတ်ပြီး ပျားရည်လေးနဲ့ရောလို့ အစားမစားခင်စားပေးပါ။

👉 #ဝမ်းချုပ်သက်သာစေနိုင်ပါတယ်-
နာတာရှည်ဝမ်းချုပ်တာကိုသက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဝမ်းပျော့ပျော့သွားစေနိုင်ပါတယ်။

👉 #ငှက်ပျောရွက်တင် မဟုတ်ပါဘူး။ ဝမ်းမှန်စေဖို့အတွက်လည်း စားသုံးပေးလို့ရပါတယ်။ ငှက်ပျောရွက်ကို ပြုတ်ပြီး ပြုတ်ရည်ကိုသောက်ပေးပါ။

👉 #ငှက်ပျောရွက်၊ ရှောက်ရွက်ကိုအခြောက်ခံလို့ အမှုန့်ကြိတ်ပြီး ဆတူရောပါ၊ ရေဆူဆူထဲကို အမှုန့်တွေကို

👉 #ထည့်ပြီး ၅ မိနစ်က နေ ၁၀ မိနစ်လောက်အထိထားပေးပါ။ ဒီအရည်ကိုသောက်သုံးတာက အစာအိမ်နာတာကိုပါသက်သာစေနိုင်ပါတယ်။ အစာခြေစနစ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။

👉 #သွေးတွင်းကိုလက်စထရောကို ကျစေနိုင်ပါတယ်-

👉 #ငှက်ပျောရွက်က သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။

👉လေ့လာမှုတစ်ရပ်အရ #ငှက်ပျောရွက်ပြုတ်ရည်ကို တစ်နေ့နှစ်ကြိမ် ပုံမှန်သောက်သုံးပေးသူတွေက သွေးတွင်းကိုလက်စထရောကျဆင်းတာကို တွေ့ရှိခဲ့ရပါတယ်။

👉 #သွေးတွင်းကိုလက်စထရောများသူတွေအတွက် စားသုံးပေးသင့်တဲ့ သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးပေါ့။

👉 #ဆီးချိုသက်သာစေနိုင်တယ်-
သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။

👉ရေမှာပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်က သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်သလို ကာဗိုဟိုက်ဒရိတ်စုပ်ယူမှုကိုလျော့ကျစေနိုင်ပါတယ်။

👉အမျိုးအစား -၂ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ငှက်ပျောရွက်ပြုတ်ရည်ကို တစ်နေ့နှစ်ကြိမ်သောက်သုံးပေးတာက သွေးတွင်းသကြားဓာတ်ကိုကျဆင်းစေနိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။
Credit

14/07/2025

အသ၊က်အန္တရာယ်ရှိနိုင်လို့ သတိထားသင့်တဲ့ Danger Triangle Of The Face အကြောင်း //

နှာခေါင်းမှာထွက်တဲ့ဝက်ခြံကို ညှစ်မိရာကနေ ဦးနှောက်ထဲပိုးဝင်ပြီး(သေ)တယ်ဆိုတဲ့ Danger triangle of the face အကြောင်း လွန်ခဲ့တဲ့ 7/8 နှစ်လောက်ကတည်းက သတင်းတစ်ပုဒ်မှာဖတ်ခဲ့ဖူးလို့ triangle နေရာဆို လုံးဝမညှစ်ရဘူးဆိုတာ သိထားဖူးတယ်

အခုလည်း အဲ့လိုဘဲ ပုံစံတူ မြန်မာပြည်မှာ triangle နေရာမှာထွက်တဲ့ဝက်ခြံကိုပွတ်မိရာကနေ ဦးနှောက်ထဲပိုးဝင်ဆုံးတယ်ဆိုတဲ့သတင်း ဒီနေ့ဘဲထပ်တက်လာပြန်တယ်

✔️အဲ့ဒါကြောင့် ဒီနေ့ Danger triangle on the face အကြောင်းပြောပြပါမယ် ၊ ဒီနေရာကို ဘယ်လိုသတ်မှတ်တာလဲဆိုရင်

•ပုံထဲမှာပါသလို နှာခေါင်းအပေါ်ဘက်ထိပ်ကနေ နှုတ်ခမ်းနှစ်ဖက်အစွန်းနေရာထိ တြိဂံပုံပေါ်နေတဲ့နေရာကို အန္တရာယ်ရှိတဲ့ zone အဖြစ် DTOTF လို့သတ်မှတ်ပါတယ်

✔️ Danger Triangle Of The Face နေရာမှာရှိတဲ့သွေးကြောတွေက ဦးနှောက်ထဲက Cavernous sinus လို့ခေါ်တဲ့ venous drainage system (သွေးလွှတ်ထုတ်မှုစနစ်)ရှိတဲ့နေရာနဲ့ တိုက်ရိုက်ချိတ်ဆက်နေလို့ပါ

[ ပုံထဲမှာပြထားပါတယ် ၊ သေချာကြည့်ကြည့်ပါ ]

အဲ့ဒါကြောင့် DTOTF နေရာမှာပေါက်တဲ့ ဝက်ခြံကိုညှစ်မိလို့ အတိမ်နက်သွားခဲ့ရင် အမြင်အာရုံကွယ်တာဖြစ်နိုင်သလို ၊ ဦးနှောက်ထဲပိုးဝင်ပြီး အသ၊က်ဆုံးနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်

🔺DTOTF ကိုအကျဉ်းချုပ်ပြန်ပြောရရင် Triangle နေရာမှာပေါက်တဲ့ဝက်ခြံတွေကို မညှစ်ပါနဲ့

Credit

Want your business to be the top-listed Beauty Salon in Mandale?
Click here to claim your Sponsored Listing.

Category

Website

Address

အေးသီရိလမ်း လမ်းသွယ် ၁၆ ကုန်းတန်း ပုသိမ်ႀကီး
Mandale
05071