Dhamma2mins

Dhamma2mins

Share

28/01/2026

ဒေါသက
သူများကြောင့်မဟုတ်ပါဘူး
ကိုယ့်စိတ်ကြောင့်ပါ 🙏
Anger doesn’t come from others,
it comes from the uncontrolled mind.


#ဒေါသ #စိတ်ထိန်းချုပ်မှု #ဓမ္မ #အေးချမ်းမှု

24/01/2026

ဘဝမှာ လူတွေ ဘာလို့ စိတ်ပင်ပန်းနေကျတာလဲ?
လူတွေ စိတ်ပင်ပန်းနေကြတာက
အလုပ်များလို့ မဟုတ်ဘူး…
ဆင်းရဲလို့လည်း မဟုတ်ဘူး…
မဖြစ်ရင်မဖြစ်ဘူးဆိုတဲ့ အရာတွေကို
ဖြစ်အောင်လုပ်ချင်နေတဲ့ စိတ်ကြောင့်ပဲ။
ရရင် ပိုလိုချင်တယ်
မရရင် မကျေနပ်ဘူး
ရှိနေတာကို မမြင်ဘဲ
မရှိသေးတာကိုပဲ လိုချင်နေတယ်
ဒီလိုနဲ့
လိုချင်မှု (တဏှာ)
မကျေနပ်မှု (ဒေါသ)
မသိမှု (မိုးဟ)
တွေက စိတ်ကို ဆွဲခေါ်သွားပြီး
မနားနိုင်အောင် ပင်ပန်းစေတယ်။
ဘုရားရှင်ဟောကြားသလို
ဒုက္ခရဲ့အကြောင်းရင်းက လိုချင်တတ်တဲ့စိတ် ဖြစ်တယ်။
အပြင်က ကမ္ဘာကို ပြင်ဖို့ မလိုဘူး
ကိုယ့်စိတ်ကို စောင့်ကြည့်နိုင်ရင်
ပင်ပန်းမှု တစ်ဝက်လျော့သွားတယ်။
ဒီနေ့
အရာအားလုံးကို မထိန်းချုပ်ချင်ဘဲ
ဖြစ်နေတာကို သိနေတတ်ဖို့ပဲ လိုတယ်။
စိတ်ကို သိနိုင်တဲ့နေ့ကစပြီး
ဘဝဟာ နည်းနည်းတော့ ပေါ့လာမယ် 🙏

#တရားတော်
#စိတ်အေးချမ်းမှု
#ဘဝသင်ခန်းစာ
#စိတ်ကိုစောင့်ကြည့်
#အေးချမ်းသောဘဝ

Want your business to be the top-listed Media Company in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address

Mandalay

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00