Mr.Copy
#သတိပြုရန်
(၁) အိမ်ငှါးရှိတဲ့ အိမ်ကို မဝယ်နဲ့။
(၂) ကျူးကျော်သူ ရှိတဲ့ အိမ်ကို မဝယ်နဲ့။
(၃) မြေရှင်က အခမဲ့ထားတဲ့ အိမ်ကို မဝယ်နဲ့။
(၄) ယခင် အိမ်ရှင်ကို ဝယ်ပြီးရင်မထားနဲ့။
(၅) ယခင် အိမ်ရှင်ကို အိမ်ငှါးပါတယ်လို့လဲ စာချုပ်မချုပ်နဲ့။
အဘယ်ကြောင့်ဆိုသော်:-
(၁) အိမ်ငှါးနေထိုင်နေသည့် အိမ်နှင့်မြေကို မည်သို့မျှ မဝယ်နှင့်။ လက်ရောက်ရယူတယ်လို့ မခေါ်နိုင်။ အရောင်းအဝယ်စာချုပ် မမြောက်။ ဝယ်တဲ့သူက အိမ်ငှါးကို ဖယ်လို့မရ။ ဟန်ဆောင်စာချုပ်လို့ သတ်မှတ်နိုင်။ ရောင်းတဲ့သူကသာ အိမ်ငှါးကို ဖယ်ရှားခွင့်ရှိ။
(၂) ရောင်းသူက အိမ်ရောင်းသည် သို့ပေမဲ့ ကျန်းမာရေးမကောင်းလို့ မဖယ်ပေး။ လက်ရောက်မရသေး ရင် နှင်လိုမှုစွဲလို့မရ။ လက်ရှိဖြစ်မှ သီးခြားသက်သာခွင့် (၉) အရ လက်ရောက်ရယူလိုမှုစွဲလို့ရ။ အိမ်ရှင်ကို အိမ်ပေါ်မထားရ။
(၃) မြေကွက်တစ်ကွက်ကို ဦးဖြူကပိုင်ပြီး၊ ထိုမြေကွက်ကို ဦးမဲကကျူးကျော်နေထိုင်သည်။ ထိုအချိန်တွင် ဦးဖြူက ဦးပြာကိုရောင်းချသည်။ မှတ်ချက် မူလပိုင်ရှင် ဦးဖြူကသာ ကျူးကျော်သူကို နှင်လို့ရသည်။
(၄) မြေရှင်က မြေကွက်ပေါ်မှာ အခမဲ့ နေထိုင်ခွင့်ပေးထားသည်။ ယခုလို မြေမျိုး မဝယ်ပါနှင့်။ ဝယ်တဲ့သူက နှင်လို့မရ။ ဖယ်ရှားလို့မရ။ နှင်မည်ဆိုက ခွင့်ပြုချက်ပေးသူကသာ နှင်လို့ရ။
(၅) အိမ်ရှင်ထံမှ ဝယ်ပြီး၊ အိမ်ရှင်ကို အိမ်ငှါးအဖြစ် ပြန်လည်စာချုပ်ချုပ်ဆိုမည့် အိမ် မဝယ်နဲ့။ မြေပေါ်မှာ ပိုင်ရှင်ကို မထားနဲ့။ ပျက်ပြယ်လိုက ပျက်ပျယ်ခွင့်ရှိ။
(၆) ရောင်းသူက အိမ်ထောင်ရှိလျှင် လင်/မယား နှစ်ဦးလုံးကို လက်မှတ်ထိုးဝယ်ရန်။ အမည်မပေါက်တဲ့သူကို သက်သေနေရာက ရေးထိုးထားပါ။
Credit 🥰
© ဆရာဦးခင်ဇော် (မရမ်းကုန်း)
© ဦးမောင်မောင်မင်းခေါင် (တရားလွှတ်တော်ရှေ့နေ)
ဂရန်မြေကို ခွဲစိတ်မယ်ရင် သိသင့်တဲ့အချက်တွေကို ဖော်ပြပါမယ်။
ဘိုးဘွားပိုင်မြေ၊ မြေပိုင်မြေနဲ့ ဂရန်မြေတွေကို ခွဲစိတ်နိုင်ပါတယ်။
ဂရန်ခွဲစိတ်ဖို့ ဆိုရင်
(က) ခွဲစိတ်ပြီးမြေဟာ မျက်နှာစာ အနည်းဆုံးပေ (၂၀) ရှိရပါမယ်။
(ခ) ခွဲစိတ်ပြီး မြေဧရိယာ အနည်းဆုံး စတုရန်းပေ ၁၂၀၀ ရှိရပါမယ်။
(ဂ) ခွဲစိတ်ပြီး မြေကွက်အားလုံး ဝင်လမ်းထွက်လမ်း ရှိရပါမယ်။ စည်ပင်လမ်းမရှိရင် ပုဂ္ဂလိကလမ်း လျာထားရပါမယ်။
လျှောက်ထားရမှာလိုအပ်တဲ့ အထောက်အထား
၁။ နိုင်ငံသားစိစစ်ရေးကတ်မိတ္ထူ
၂။ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးအမိန့် ဒီဂရီ၊ သေတမ်းစာအတည်ပြု လက်မှတ်၊ အမွေဆက်ခံခွင့်လက်မှတ်၊ ကျမ်းကျိန်လွှာ၊ မှတ်ပုံတင်ထားတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (သို့) အထွေထွေ ကိုယ်စားလှယ်လွှဲစာ မိတ္ထူများ။
၃။ မြေကွက်ရဲ့အစိတ်ပိုင်းဖြစ်ရင် ခွဲစိတ်မှုကို မြေကွက်ပူးတွဲပိုင်ရှင်ရဲ့ သဘောတူညီချက်နဲ့ သူ့ရဲ့မှတ်ပုံတင်မိတ္ထူတို့ လိုအပ်ပါတယ်။
မြေကွက်ခွဲစိတ်ရာမှာ အောက်ပါလုပ်ငန်းတွေ ဆောင်ရွတ်ဖို့ လိုအပ်ပါတယ်။
၁။ မြေကွက်ခွဲစိတ်ဖို့ မြေပုံ မြေရာဇဝင်လျှောက်ထားခြင်း။
၂။ မြေတိုင်းလျှောက်ထားခြင်း။
၃။ ပြင်ပလိုင်စင် အင်ဂျင်နီယာနဲ့ မိမိနှစ်သက်သည့်အတိုင်း အဆိုပါမြေပုံရေးဆွဲခြင်း။
၄။ အဆိုပါခွဲစိတ်မြေပုံသည်(က) ဂရန်မြေဖြစ်ပါက ဌာနကို အတည်ပြုချက် ရယူခြင်း၊
(ခ) မြေပိုင် မြေဖြစ်ပါက စည်ပင် အင်ဂျင်နီယာ(အဆောက်အအုံ) တင်ပြအတည်ပြုချက်လျှောက်ထားခြင်း။
၅။ မြေတိုင်းလျှောက်ထားခြင်း။
၆။ အမှားပြင်၊ မြေပုံရာဇဝင်လျှောက်ထားခြင်း။
၇။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် အမှားပြင်ဆင် စာချုပ်ချုပ်ဆိုခြင်း။
၈။ ဂရန်မြေဖြစ်ပါက မြေစာရင်းတွင် ဂရန်စာချုပ် ခွဲစိတ်ပေးရန်နှင့် မြေပိုင်မြေဖြစ်ပါက မြေကွက်ခွဲစိတ်ခြင်းအား မှတ်တမ်းတင်ပေးရန် လျှောက်ထားခြင်းတို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
စိစစ်ပြီး ပြည့်စုံမှန်ကန်ပါက လုပ်ထုံးလုပ်နည်းများနှင့် အညီတိုင်းတာပြီး မြေစာရင်းတွင် တရားဝင်ခွဲစိတ်
ခွင့်ပြုပါသည်။
ဆရာကြီး Kyi Soe (I.C) ၏သင်ပြချက်တွေထဲမှကောက်နုတ်ဖော်ပြပါသည်။
""လန-၃၉ ကျပြီးရင် မြေကို ခွဲစိတ်ရောင်းချခွင့်ရသွားပြီလား ၊ ရောင်းလို့ဝယ်လို့ရတယ်ဆိုရင် ဂရန်လျှောက် လို့ ရသလား""
------------------------------------
လန ၃၉ ကျပြီးနှင့် ပုံစံ ၁၀၅၊ ၁၀၆ ရပြီး ဆိုတာ ပိုင်ဆိုင်မှုရှိတယ်ဆိုတာ ပြချင်တာနဲ့ ရောသုံးတဲ့ စကားရပ်လို့ ထင်ပါတယ်။ အမှန်က အဓိပ္ပာယ်ချင်း မတူပါဘူး။
၁၀၅ ဆိုတာက မကြာခဏ ရှင်းပြပြီး ဖြစ်လို့ အသေးစိတ် ထပ်မရှင်းတော့ပါ ။ မြေအသုံးပြု ခွင့် လျှောက်ထားနိုင်ရန်၊ မြေနှင့် ပတ်သက်၍ ခွင့်ပြုချက် တောင်းခံရန်၊ အိမ်ဆောက်ရန်၊ စာချုပ် မှတ်ပုံ တင်ရန်၊ စသည့်ကိစ္စရပ်များတွင် တရားရုံး သို့မဟုတ် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းသို့ တင်ပြရန် အတွက် အဆိုပါ မြေ တည်နေရာ အကြောင်းအရာပြ သက်သေခံ မြေပုံ မိတ္တူ ဖြစ်ပါ တယ်။
ပုံစံ ၁၀၆ ကတော့ ယင်းမြေနှင့်ပတ်သက်သည့် မြေရာဇဝင် ကောက်နှုတ်ချက် ဖြစ်ပါတယ်။ ဖေါ်ပြပါမြေ၏ အကြောင်းအရာများကို ဌာနရှိ နေ့အထိ မှန်ကန်စွာ ပြင်ဆင်ထားသော စာရင်း မြေပုံမှ မှန်ကန်စွာ ကူး ယူ ဖေါ်ပြထားခြင်း ဖြစ်ကြောင်းကိုသာ အဓိ က ဝန်ခံ လကျမှတျရေးထိုးေ ပးသော မိတ္တူများ ဖြစ်ပြီး မြေပုံ စာရင်း ကူးယူ လက်ကိုင်ထားသူသည် ထိုမြေအား ပိုင်ဆိုင်သူ ဟု သက်သေခံချက် မဟုတ်ပါ။
လန ၃၉ ဆိုတာကတော့ ၁၉၅၃ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေ ပုဒ်မ ၃၉ အရ လယ်ယာမြေမှ အခြားနည်းသုံး ပြောင်းလဲအသုံးပြုရန် ဆင့်ဆိုသည့် ခွင့်ပြု အမိန့်ရရှိပြီးမြေ ဟု အဓိပ်ပါယျသကျ ရောက် ပါတယ်။ လယ်ယာမြေဟူသော အမျိုးအစားမှ နုတ်ပယ် လိုက်သောမြေဟု ဆိုရပါမည်။ လယ်၊ ယာ၊ ကိုင်း ကျွန်း၊ ဥယျာဉ်၊ ဓနိ ဟူသည့် လယ်ယာမြေ ဟူ သော စကားရပ်တွင် အကျုံးဝင်သော မြေ အမျိုး အစားတစ်ရပ်မှ လန ၃၉ ခွင့်ပြုမိန့်အရ အခြားနည်း အသုံးပြုခွင့် ဆင့်ဆိုလိုက်သောမြေသည် မူလ လယ်ယာမြေအမျိုးအစားမှ ဆင့်ဆို သတ်မှတ်သည့် မြေ အမြိုူအစား အဖြစ်သို့ ပြောင်းလဲ သွားပါ သည်။ လန ၃၉ အမိန့်ရသည့်အခါ မြေစာရင်း ဌာနရှိ စာရင်း မြေပုံများ၊ အခွန် စည်းကြပ်မှု လုပ်ငန်းများ တွင် လယ်ယာမြေအဖြစ်မှ ဆင့်ဆိုသော နည်းလမ်းအရ မြေအဖြစ်သို ပြောင်းလဲ မှတ် သားရပါသည်။ လယ်မြေမှ ဆန်စက်မြေ၊ ဥယျာဉ် မြေမှ ရွာမြေ၊ ယာမြေမှ သုဿန်စသည်ဖြင့် စိုက်ပျိုးလက်ရှိထား ဧရိယာမှ စိုက်ပျိုးခြင်းမပြုသည့် အခြားမြေ Other Area O.A သို့ စာရင်းပြင်ဆင်ရပါသည်။
ထိုအခါ လန ၃၉ ရသောမြေကို ဂရန်ပေး၍ ရသလားဆိုသည့် အမေးများ ပေါ်ထွက်လာပါသည်။ ယင်း မြေအမျိုးအစားသည် ဌာန ၂ ခု၊ ဥပဒေ ၂ ရပ်ဖြင့် ပတ်သက် ဆက်စပ်ပါတယ်။ လယ်ယာ မြေဥပဒေ နှင့် မြို့နှင့်ကျေးရွာမြေများ ဥပဒေ ဖြစ်ပါတယ်။ ပထမ လယ်ယာမြေဥပဒေအရဆိုက လန ၃၉ ချမှတ် သည်နှင့် ယင်းမြေသည် လယ်ယာမြေ မဟုတ်တော့ပါ။ ယင်းမြေပေါ်တွင် စိုက်ပျိုးမှု ရှိနေပါကလည်း ခွင့်ပြုနည်းလမ်းပေါ်မူ တည်၍ ဆန်စက်ကျူးကျော်၊ ရွာမြေကျူးကျော်၊ တပ်မြေ ကျူးကျော်၊ ကျောင်း မြေကျူးကျော် ဟုသာ မှတ်တမ်း ပြုရပါတယ်။။ လန ၃၉ ခွင့်ပြုပြီးသည့်အခါ ထိုမြေသည် လယ်ယာမြေ မဟုတ်တော့သည့်အတွက် Disposal Land အစိုးရမှ စီမံ ခန့်ခွဲ နိုင်သည့်မြေဖြစ်လာပြီး ယင်း ၃၉ ခွင့်ပြု အမျိုးအစားအတိုင်း ဂရန်ပေးနိုင်သည်ဟု ယခင်အခါက ဘဏ္ဍာတော် မင်းကြီးမှ ဖွင့်ဆိုထားပါသည်။
သို့သော် Disposal Land ဖြစ် မဖြစ် ဂရန်ကိစ္စအတွက် မြေစာ ရင်းဌာနသို့မှတ်ချက်တောင်းသည့်အခါ ထိုမြေသည် မြို့ရွာအတွင်း သို့မဟုတ် မြို့ရွာနှင့် တစ်ဆက်တည်း တည်ရှိ မရှိ၊ ဂရန်လျှောက်ထားသည့် မြေအား လန ၃၉ ခွင့်ပြုမိန့်ပေးစဉ်က ဆင့်ဆိုသည့်နည်လမ်းအတိုင်း ဂရန်လျှောက်ထားခြင်း ဟုတ် မဟုတ် (ဥပမာ-ဆန်စက်တည်ရန်ဟု လန ၃၉ ချမှတ်ထားမြေကိုမြေစ ာရင်းဌာနတွင် စက်ရုံမြေအဖြစ် မှတ်ထားရာ ယခု လူနေထိုင် ဂရန်လျှောက်ခြင်း၊ သာသနာအတွက် လန ၃၉ ချထားမြေကို စက်ရုံ အတွက် ဂရန်လျှောက် ခြင်း ) စသည်များအတွက် မှတ်ချက်ပြုရသည့်အတွက် လန ၃၉ ခွင့်ပြုသည့် နည်းလမ်းနှင့်အညီသာ ဂရန်အတွက် လျှောက်ထားနိုင်ပါတယ် ။
ယခု လန ၃၉ ကျပြီး မြေကိုအကွက်ရိုက်ရောင်းပြီး ဂရန်လျှောက်ထားမှုများ နိုင်ငံ အနှံ့ ဖြစ်ပေါ်နေရာ မည်သို့ စနစ်တကျ ထိန်းချုပ်မည်ဆိုသည်မှာ ပြဿနာ ဖြစ်ပါတယ်။ ယင်း မြေသည် လယ်ယာမြေ မဟုတ်တော့ သည်မှာ မှန်သော်လည်း မူလ လန ၃၉ အသုံးပြုခွင့်တွင် မည်သည့် နည်းလမ်းအတိုင်း အသုံးချရန်ဟု ဆင့်ဆိုသတ်မှတ်ခဲ့ပါသလဲ၊ အိမ်ရာမြေအတွက်လား၊ စက်ရုံ အတွက်လား၊ သာသနာ၊ ကျောင်း၊ ကန်၊ လမ်းအတွက်လား၊ ချပေးတဲ့ နည်းလမ်းနဲ့ အသုံးပြုမှု မကိုက်ညီပါက လယ်ယာမြေ ဥပဒေ အရ အရေးယူနိုင်သလို ဂရန်ချပေးမှု နည်းလမ်းလည်း မမှန်ကန်ဟု ဆိုရပါမည်။ အရေးယူလို့ ရပါသေးတယ်။ အခု လယ်ယာမြေဥပဒေ ပုဒ်မ ၃၁ တွင် သတ်မှတ်နည်းလမ်းအတိုင်း သတ်မှတ် ကာလတွင် မဆောင်ရွက်ပါ်က လုပ်ပိုင်ခွင့် ပြန်ရုပ်သိမ်းရန် ပြဋ္ဌာန်းချက် ပါရှိပါတယ်။
အချို့နေရာများတွင် လန ၃၉ ကျပြီးမြေကို ဂရန်တိုက်ရိုက်ပေးနေမှုများ တွေ့ရပြီး အချို့နေရာများ တွင်မူ ပါမစ်လျှောက်ခိုင်းပြီးမှ ဂရန်ပေးခြင်းမျိုးတွေ့ရပါသည်။ အောက်မြန်မာပြည် မြို့နှင့် ့ကျေးရွာ မြေများဥပဒေတွင် ဂရန်မပေးမီ ပါမစ်ပေးရန်ဟု ပြဋ္ဌာန်းချက် မတွေ့မိပါ။ သို့သော် ဂရန်ချ ထားရန် အခွင့်အာဏာ ပေးအပ်ထားသော ဌာနအတွက် သက်ဆိုင်ရာ ဌာန ညွှန်ကြားချက် ရှိချင် ရှိနိုင်ပါတယ်။
Credit
DVBLawLab နှင့် ဆရာ ဦးဇော်မင်း နတ်မောက် အမေးအဖြေမှ ယူ၍ ပြန်လည်မျှဝေပါသည်။
ကိုယ့်အတိုင်းအထွာကို
ကိုယ်ဖာသာ သိထားတာ ကောင်းတယ်။
02/12/2025
ဂျပန်စကားပုံမှာ ဖျင်ခေါင်းနဲ့အမြင်က ပြောင်းပြန်အချိုးကျတယ်တဲ့
သဘောက ဖင်ခေါင်းကျယ်ရင် အမြင်ကျဉ်းတယ်
♦️အိမ်၊ခြံ၊မြေ အခွန်အကြောင်း သိကောင်းစရာ♦️
◼️◼️◼️◼️◼️◼️◼️◼️◼️◼️◼️◼️◼️◼️◼️
အိမ်ခြံမြေ ရောင်းဝယ်ပြုလုပ်ကြသည့်အခါ ဝယ်သူကလည်း ဝယ်ခွန်ဆောင်ရမည့် တာဝန်ရှိသလို၊ ရောင်းသူသည်လည်း ရောင်းခွန်ဆောင်ရမည့် တာဝန်သည် နဂိုမူလကတည်းက ရှိထားပြီးသားဖြစ်ပါတယ်။
မြေကွက်တစ်ကွက်ကို အခွန်ဆောင် အမည်ပြောင်းမည်ဆိုပါက ယခင်က ဝယ်သူသည် ဝင်ငွေခွန် ၊တံဆိပ်ခေါင်းခွန် ၊မှတ်ပုံတင်ကြေး စသည်အခွန်တို့ကို ဆောင်ရပါတယ်။
ထို့နောက် မှ သက်ဆိုင်ရာအခွန်ရုံးမှ ရောင်းချသူများထံ ရောင်းခွန်(အမြတ်တော်ခွန်) အားလာရောက်ဆောင်ရန် အကြောင်းကြားစာ ပေးပို့တယ်။
ရောင်းသူဘက် မှ ရောင်းခွန်ဆောင်ဆောင်၊ မဆောင်ဆောင် ဝယ်သူကတော့ ဝင်ငွေခွန်ဆောင်ပြီးသည့်အခါ အချိန်တန်လျှင် တံဆိပ်ခေါင်းခွန်ဆောင်ပြီးဆိုသည့်နှင့်တပြိုက်နက် ပတခ(ဝင)-၈ စာရွက်အားထုတ်ပေးပါတယ်။ ထိုအခါမှသာ တံဆိပ်ခေါင်းများဖြင့် မှတ်ပုံတင်စာချုပ်ကြီး ချုပ်ဆိုကြပါတယ်။
တချို့အခွန်ဆောင် အမည်ပြောင်းရာမှာ ဂရန်အမည်ပေါက်နှင့်တိုက်ရိုက် အရောင်းအဝယ်စာ ချုပ်ချုပ်ကြတာရှိသလို၊ ဂရန်အမည်ပေါက်သူစီမှ SP or GP ရယူထားသူနဲ့ အရောင်းအဝယ် စာချုပ်ကြီးချုပ်ဆိုကြတာတွေလည်း ရှိကြပါတယ်။
( ယခုအခါ ဤကဲ့သို့ လုပ်ဆောင်ရန် မလွယ်ကူတော့ပါ။ရာဖြတ်တင်သည့်စာချုပ်၌ ယခင် SP or GP သမားနှင့် အရောင်းအဝယ် ချုပ်ဆိုထားခဲ့ပါက အဆိုပါမြေကွက်၏ ရောင်းခွန်သည်လည်း ထို SP or GP သမားထံ အခွန်ရုံးမှ ရောင်းခွန်အတွက် စာပို့ပါသည်။)
ယခုအခါမှာတော့
အခွန်ဦးစီးဌာနတွေက ရောင်းသူဘက်ကိုလည်း အခွန်လိုက်နေပါတယ်။
ရောင်းသူဘက်မှ ရောင်းခွန်(အမြတ်တော်ခွန်) ကိုလာရောက် ဆောင်ပေးပြီးမှသာလျှင် ဝယ်သူကိုတံဆိပ်ခေါင်းခွန် ထမ်းဆောင်းခိုင်းပါတော့တယ်။ တံဆိပ်ခေါင်းတွေရမှသာ စာချုပ်ကြီး ချုပ်တဲ့အဆင့်ပြီးပါတယ်။
ထို့ကြောင့် ဝယ်သူများအနေဖြင့် ရောင်းသူအားရောင်းခွန်ဆောင်ပေးရန် စရံပေး စာချုပ်မချုပ်ခင် တပါးတည်း ညှိနှိုင်းပြီးမှ ဝယ်ယူသင့်ပါတယ်။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
အိမ်ခြံမြေ အခွန်နှုန်းထားများ
၁ ကျပ် - ၃၀၀၀ သိန်း ▶ ၃%
၃၀၀၁ သိန်း - ၆၀၀၀ သိန်း ▶ ၅%
၆၀၀၁ သိန်း - ၁၀၀၀၀ သိန်း ▶ ၁၀%
၁၀၀၀၁ သိန်း - ၃၀၀၀၀ သိန်း ▶ ၁၅%
၃၀၀၀၁ သိန်းနှင့်အထက် ▶ ၃၀%
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
အဆောက်အဦးပါလျှင်
ပထမတန်းစားအာစီ 1 Sqft 40000 ကျပ်
ဒုတိယတန်းစားအာစီ 1 Sqft 25000 ကျပ်
Steel Structure ၃ ထပ်မှ ၇ ထပ်အထိ 40000ကျပ်
သစ်သားအုတ်ညှပ် 1 Sqft 20000 ကျပ်
သစ်သားအိမ် 1 Sqft 10000 ကျပ်
ပထမတန်းစား ၁၂ ထပ်အထက် 1 Sqft 60000
ပထမတန်းစား ၁၂ ထပ်အထိ 1 Sqft 50000
ပထမတန်းစား ၇ ထပ်အထိ 1 Sqft 45000
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
အိမ်ခြံမြေ ရောင်းခွန်းနှုန်းထားများ
အရောင်းသမားက ၁၀% ဆောင်ရမယ်။( အမြတ်ငွေ)
ဥပမာ-
စာချုပ်စာတမ်းရုံးမှာ ၁၀၀၀၀ နဲ့ ဝယ် အဝယ်စာချုပ်ပြီး ပြန်ရောင်းတော့ ၁၅၀၀၀… အမြတ်ငွေ ၅ ထောင်ပေါ် မူတည်ပြီး ၁၀ % ဆောင်ရပါမယ်
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
အိမ်ခြံမြေ ဝယ်ခွန်အတွက် ရာဖြတ်တင်မယ်ဆိုလျှင်
🔹 ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း မူရင်းနှင့် မိတ္တူ တစ်စုံ
🔹 (၄)လအတွင်း ချုပ်ဆိုထားသော အရောင်း အဝယ်စာချုပ် (မူရင်းနှင့် မိတ္တူ)
🔹 (၁)နှစ်အတွင်း ရေးဆွဲထားသော ရောင်း/ဝယ်အတွက် မြေပုံမြေရာဇဝင်(၁၀၅/၁၀၆) မူရင်း
🔹 အမည်ပေါက်မှ ရောင်းချခြင်း (သို့) မှတ်ပုံတင် ဆက်စပ်စာချုပ်များ
🔹 ရှေ့ / နောက် / ညာ မြေကွက်ဓာတ်ပုံ(၁)စုံစီ
🔹 ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း ဝန်ခံချက် (အရပ်အရောင်းအဝယ် စာချုပ်)
🔹 တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်။
အထက်ပါ အချက်များဖြင့် ကာလတန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်
တရားဝင် အရောင်းအဝယ် စာချုပ်အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင် ရပါတယ်။ အခွန်တံဆိပ်ခေါင်း များစွာကို ကပ်ရပါမည်။
ကာလတန်ဖိုး စိစစ်ရေးအဖွဲ့ (ရာဖြတ်က) သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ ၄ % ဖိုးဝယ်ယူပြီး တံဆိပ်ခေါင်းတွေ ကပ်ရပါတယ်။
#မှတ်ပုံတင်ကြေး (၀.၅%)
“ငွေဖြူ” ရှိရင် အခွန် သက်သာပါမည်။ ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ (သို့မဟုတ်) အခွန်စည်းကြပ်ပြီးဖြစ်သော ငွေကို “ငွေဖြူ” ဟု ခေါ်ပါသည်။
to owner with respect.
ပြန်လည်ပြုစု ဖော်ပြခြင်းဖြစ်ပါသည်။
မန္တလေးမှာ ငလျင်အပြီး အိမ်ခြံမြေ ရောင်းလိုသူ များပေမယ့် ဝယ်သူနည်း၊
စစ်အုပ်စုက အခွန်ပိုကောက်ဖို့ မြေကွက် ရာဖြတ်တန်ဘိုးတွေ တိုးမြှင့်သတ်မှတ်၊
ဇော်မောင်/MFP၊ နိုဝင်ဘာ - ၂၅
စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက် မန္တလေးမြို့မှာ အိမ်၊ ခြံ၊ မြေ အရောင်းတွေဟာ ငလျင်ကြီး မဖြစ်ပွားခင်ကထက် ပိုမိုများပြားလာခဲ့ပေမယ့် အဝယ်ကတော့ စိတ်ဝင်စားသူ နည်းပါးတယ်လို့ မန္တလေးမြို့ရှိ အိမ်၊ခြံ၊မြေ အကျိုးဆောင်အချို့က MFP ကို ပြောပါတယ်။
မန္တလေးမြို့တွင်းဧရိယာရှိ ငလျင်ဘေးဒဏ်သင့် အဆောက်အအုံတွေကို ဖြိုချလိုက်ပြီးတဲ့နောက် ထွက်ပေါ်လာတဲ့ မြေကွက်တွေရှိသလို အဆောက်အဦး မရှိသေးတဲ့ အကွက်အလွတ်တွေကိုပါ အရောင်းတင်လာကြတာြ ဖစ်တယ်လို့ ဝါရင့် အိမ်၊ခြံ၊မြေ အကျိုးဆောင်တစ်ဦး က ပြောပါတယ်။
"မြို့ထဲကမြေဈေးက ဈေးအော်တာ များတာလည်း ပါတယ်။ ငွေကြေးဖောင်းပွနေတော့ ဈေးခေါ်ကတည်းက တင်ခေါ်ထားကြတာပေါ့၊ ဝယ်ရောင်းနဲ့ ရင်းနှီးမြုပ်နှံလိုသူတွေက မြို့သစ်ဘက် ပိုကြိုက်ကြတယ်၊ နေမယ့်သူကျတော့လည်း ဘေးက အထပ်မြင့် အဆောက်အဦးတွေ ရှိနေရင် မဝယ်ချင်ကြတော့ဘဲ မြို့သစ်ဘက်ကို ရွေးချယ်လာကြတယ်။ ငလျင်ရဲ့ နောက်ဆက်တွဲ အကြောက်တရားပေါ့" လို့ သူက ဆိုပါတယ်။
မြိုတွင်းဧရိယာမှာရှိတဲ့ မြေကွက်တွေကို စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေက အဓိက စိတ်ဝင်စားကြတာ ဖြစ်ပြီး မြို့သစ်ဘက်မှာရှိတဲ့ မြေကွက်တွေကိုတော့ ရင်းနှီးမြှုပ်နှံမယ့်သူတွေက စိတ်ဝင်စားကြတာလို့ ဆိုပါတယ်။
အိမ်၊ ခြံ၊ မြေ အကျိုုးဆောင်လုပ်ငန်းရဲ့ လူမှုကွန်ယက်မှာ စျေးနှုန်းဖော်ပြထားချက်အရ မန္တလေးမြို့တွင်းမှာ ပေ ၄၀ × ပေ ၆၀ အကျယ် ရှိတဲ့ မြေကွက်တစ်ကွက်ရဲ့ တန်ဖိုးဟာ ကျပ်သိန်းပေါင်း သုံးသောင်းအထက် ရှိပြီး မြို့လယ်ပိုင်း၊ လမ်းမနီးပြီး အချက်အချာကျတဲ့ မြေကွက်တွေကတော့ ကျပ်သိန်းပေါင်း သိန်းဂဏန်းအထက်အထိ ပေါက်ဈေး ရှိနေပါတယ်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် မန္တလေးမှာ လူပေါင်း ၁,၆၀၀ ကျော် သေဆုံးပြီး ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေအပါအဝင် အဆောက်အအုံပေါင်း ၂၂,၀၀၀ ပျက်စီးခဲ့တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။
မန္တလေးမြို့ရဲ့ မြေအရောင်းအဝယ်အခြေအနေဟာ ရောင်းသူများပြီး ဝယ်သူ ရှားပါးတာလို့ ဆိုပါတယ်။
မန္တလေးမှာ မြေအရောင်းအဝယ် သိပ်မဖြစ်ပေမယ့် အာဏာသိမ်း စစ်အုပ်စုကတော့ အိမ်ခြံမြေ အခြေပစ္စည်း အရောသ်းအဝယ် လုပ်ငန်းတွေကနေ အခွန်ငွေ တိုးကောက်နိုင်ဖို့ ရာဖြတ်တန်ဘိုးတွေ တိုးမြှင့် သတ်မှတ်ထားတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အိမ်ခြံမြေ ရာဖြတ်တန်ဘိုးသတ်မှတ်မှုဟာ ယခင် ၂၀၂၄-၂၀၂၅ နှစ်ထက် ၂၀ ရာခိုင်နှုန်းခန့် တိုးမြှင့်သတ်မှတ်ထားပြီး အာဏာသိမ်းပြီးနောက် စစ်အုပ်စုက အိမ်ခြံမြေအခြေပစ္စည်း ရာဖြတ်တန်ဘိုးတွေကို နှစ်စဉ် ၂၀ရာခိုင်နှုန်းခန့် တိုးမြှင့်သတ်မှတ်လေ့ ရှိတယ်လို့ မန္တလေးမြို့ခံ အိမ်ခြံမြေအကျိုးဆောင်တွေက ဆိုပါတယ်။
ဒုတိယစီးပွားရေးမြို့တော်ဖြစ်တဲ့ မန္တလေးမှာ စစ်ကိုင်းငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ စီးပွားရေးလုပ်ငန်းတွေ ပုံမှန် ပြန်လည် လည်ပတ်နိုင်တာ မရှိသေးဘဲ နလံထူဖို့အတွက် အချိန်ယူရလိမ့်ဦးမယ်လို့ စီးပွားရေးလုပ်ငန်းရှင်နဲ့ ပညာရှင်တွေက သုံးသပ်ပါတယ်။
card:MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး
အကွက်ရိုက်ရောင်းချသည့်လယ်မြေပေါ် အိမ်ဆောက်နေထိုင်ခြင်းကြောင့် ရေရှည်တွင်နစ်နာမှုများရှိလာနိုင်
၂၀၂၅ ၊ နိုဝင်ဘာ ၂၃
လယ်ယာမြေပေါ်အကွက်ရိုက်ပြီး အိမ်ဆောက်နေထိုင်ခြင်းကြောင့်၊ ရေရှည်တွင်နစ်နာမှုများရှိလာနိုင်ကြောင်း၊ မန္တလေးမြို့ကဝါရင့်အိမ်ခြံမြေအကျိုးဆောင်နှင့် ရှေ့နေအသိုက်အ၀န်းမှသိရသည်။
နိုင်ငံတော်မှတရားဝင်ချပေးထားခြင်းမဟုတ်သည့် အကွက်ရိုက်မြေကွက်များပေါ်တွင်၊ အိမ်ဆောက်နေထိုင်ခြင်းဖြင့် ဆုံးရှုံးနစ်နာမှုများဖြင့်သာကြုံတွေ့ရနိုင်သည်ဟု ၎င်းတို့က ဆိုသည်။
“ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့အမြဲမပြတ်သတိပေးနေပါတယ်၊ လယ်ယာမြေပေါ်အိမ်ဆောက်လူ နေထိုင်ခွင့်နဲ့ ပတ်သက်လို့ မည်သည့်ခေတ်ကာလကမှမရှိခဲ့ကြောင်း၊ တရားမဝင်ကြောင်း၊ အချိန်မရွေးဖျက်သိမ်းခံရနိုင်ကြောင်း၊ အခုမဖျက်သေးလည်း တစ်ချိန်မှာအဖျက်ခံရနိုင်ကြောင်း၊ အဲဒီအချိန်ကျရင် ဆုံးရှုံးနစ်နာမှုကြီးမားကြောင်း၊ ဒါပေမယ့်လည်း လူတွေဟာလောဘနဲ့ရောင်းမှား၀ယ်မှားတွေဖြစ်နေကြတယ်၊ တော်တော်များများကတော့ အလိမ်ခံနေရတာပါ” ဟု ဝါရင့်အိမ်ခြံမြေအကျိုးဆောင်အထက်တန်းရှေ့နေတစ်ဦးက ပြောသည်။
နိုင်ငံတော်မှတရားဝင်ခွင့်ပြုမိန့်မရမချင်း မည်သည့်လယ်ယာမြေကိုမှ စီမံပိုင်းခြားရောင်းဝယ်ဖောက်ကား ခွင့်မရှိကြောင်း၊ လယ်ယာမြေကိုအခြားနည်းအသုံးချသည်ဆိုရာဝယ်၊ တရားဝင်ခွင့်ပြုမိန့်ဖြင့် စက်ရုံအလုပ်ရုံ၊ ဆေးရုံနှင့်စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများအတွက်သာဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲမှု ဥပဒေဖော်ပြချက်အရသိရသည်။
ထိုဥပဒေအရ လယ်ယာမြေဆိုသည်မှာ လယ်ယာစိုက်ပျိုးရန်အတွက်သာ သတ်မှတ်ပေးထားသော မြေဖြစ်ကြောင်းလည်းသိရပြီး၊ ယခင်က လယ်ယာမြေကိုအခြားနည်းအသုံးပြုခွင့်လျှောက်ထားနိုင်သော်လည်း လက်ရှိတွင် လျှောက်ထားခွင့်အားယာယီရပ်ဆိုင်းထားကြောင်း ဥပဒေအသိုက်အဝန်းကဆိုသည်။
မန္တလေးမြို့တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှ ယခု ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ၊ ဖယ်ရှားရှင်းလင်းခံခဲ့ရသည့်မြေနေရာ(၁၀)ခုထက်မနည်းရှိနေပြီး၊ ထိုအထဲတွင် လယ်ယာမြေကိုအကွက်ရိုက်ထားသော မြေနေရာငါးခု ပါဝင်ကြောင်းသိရသည်။
မန်းကျော်(မန္တလေး)
သင် ဒါတွေ ဖြစ်နေသလား ?
———————-
၁ ။ လက်တုန်နေရင်
သွေးတွင်းသကြားပမာဏ လျော့နည်းတာကြောင့်ပါ။
၂ ။အိပ်ရာမှ နိုးထစဉ် ပင်ပန်းနေရင်
Sleep apnea ကြောင့်ပါ။
၃ ။မီးလောင်တဲ့ အနံ့ရနေရင်
အာရုံကြောပြဿနာကြောင့်ပါ။
၄ ။ ပါးစပ်ထဲ ခါးသက်နေရင်
စားချဉ့်ပြန်ရောဂါကြောင့်ပါ။
၅ ။ ညဖက် ခြေထောက်ဂနာမငြိမ် ဖြစ်နေရင်
သံဓာတ်ချို့တဲ့တာကြောင့်ပါ။
၆ ။ အစက်တွေ ပေါလောလွင့်နေတာမြင်နေရရင်
မျက်လုံးတွင်း ပြောင်းလဲမှု ဖြစ်ပေါ်တာကြောင့်ပါ။
၇ ။ သွားကြိတ်တတ်ရင်
စိတ်ဖိစီးမှု များနေတာကြောင့်ပါ။
၈ ။ ရုတ်တရက် ညဖက်ချွေးထွက်တာက
ဟော်မုန်းပြောင်းလဲမှု ကြောင့်ပါ။
၉ ။ အရွယ်မတိုင်ခင် ဆံပင်ဖြူနေရင်
ဗီတာမင် B ချို့တဲ့တာကြောင့်ပါ။
၁၀ ။ နားမှာ နှလုံးခုန်သံကြားနေရတာက
သွေးတိုးရောဂါကြောင့်ပါ။
၁၁ ။ ဦးရေပြားယားယံနေတာက
ဗောက် ( မှိုပိုးကူးစက်) ထတာကြောင့်ပါ။
၁၂ ။ ရေခဲစားဖို့ ချင်ခြင်းတပ်နေတာက
သံဓာတ်ချို့တဲ့နေတာကြောင့်ပါ။
၁၃ ။ တစ်ချိန်လုံးရေငတ်နေရင်
ဆီးချိုရောဂါကြောင့်ပါ။
၁၄ ။ မျက်ခွံ လှုပ်နေရင်
သတ္တုဓာတ် မညီမျှတာကြောင့်ပါ။
၁၅ ။ ညဖက် ကြွက်တက်တတ်တာက
မဂ္ဂနီဆီယမ် ချို့တဲ့တာကြောင့်ပါ။
၁၆ ။ လက်သည်းခွံ အက်ကွဲနေရင်
ဇင့် ( သွပ် ) ဓာတ်ချို့တဲ့နေလို့ပါ။
၁၇ ။ နှုတ်ခမ်းခြောက်ပြီး အက်ကွဲနေရင်
ရေဓာတ်လျော့နည်းတာ၊ ဗီတာမင် B 2 ချို့တဲ့တာကြောင့်ပါ။
အားလုံးကျန်းမာကြပါစေ။
ဒေါက်တာခင်မိုးမိုး
အဲဒီ ဘေကင်းဆိုဒါဆိုတဲ့ အဖြူရောင်မှုန့်လေးက ✨
တကယ်တော့ ဒါဟာ အိမ်မှာ ဘက်ပေါင်းစုံ အသုံးဝင်လွန်းလို့ ကျွန်မဆို အမြဲဆောင်ထားရမှ ကျေနပ်တော့တာ 😆
အောက်မှာ ပြောပြထားတာတွေကတော့ ကျွန်မ မကြာခဏ သုံးဖြစ်တဲ့ အတွေ့အကြုံတွေပါ။ သူငယ်ချင်းတို့အိမ်နဲ့လည်း အဆင်ပြေမလား စမ်းကြည့်ပေါ့နော် 💕
• သွားဖြူဖို့အတွက် 🦷✨
ဘေကင်းဆိုဒါလေး နည်းနည်းကို သွားတိုက်ဆေးနဲ့ ရောပြီး တိုက်ပေးရင် ဝါနေတဲ့သွားတွေ သိသိသာသာ ဖြူလာတာကို တွေ့ရပါလိမ့်မယ်။ တစ်ပတ်ကို ၃ ရက်လောက် လုပ်ရင် အိုကေပါပဲ။
• အရေပြား ညစ်ချေးချွတ်ဖို့ (Scrub) 💆♀️🌸
ဘေကင်းဆိုဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ရေနဲ့ဖြစ်ဖြစ်၊ မန်ကျည်းမှည့်စိမ်ရေနဲ့ဖြစ်ဖြစ် ရောပြီး ညင်သာစွာ ပွတ်တိုက်ပေးရင် အသားအရေက တကယ်ကို ကြည်လင်လာတာ။ အရမ်းမိုက်တာပဲ။
• ကိုယ်တိုင်လုပ် Roll-on (သို့) ချွေးနံ့ပျောက်ဆေး 😂✨
ကျွန်မ ကိုယ်တိုင်လုပ် Roll-on ကို သုံးနေတာ ကြာပြီ။ ဘေကင်းဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေ စားပွဲတင်ဇွန်း ၃ ဇွန်းလောက်နဲ့ ရောပြီး၊ ကြိုက်တဲ့ ရေမွှေးလေး ထည့်၊ လှုပ်ပြီး သုံးလို့ရတယ်။ ကိုယ်နံ့က လုံးဝပျောက်တယ်။ တကယ်လည်း ချွေတာနိုင်တယ်။
• အဝတ်လျှော်တဲ့အခါ 👕🤍
အဝတ်တွေကို ပိုဖြူချင်ရင် အဝတ်လျှော်ရေထဲကို ဘေကင်းဆိုဒါလေး ထပ်ထည့်ပေးလိုက်။ အဝတ်ဟောင်းတွေတောင် ပြန်ပြီး ဝတ်ချင်စရာ ဖြစ်လာစေတယ်။ ရလဒ်က မျက်စိနဲ့ မြင်သာတယ်။
• ရေချိုးခန်းရှိ အစွန်းအထင်းများ 🚿✨
ရေချိုးခန်းမှာ အစွန်းအထင်းတွေ ရှိရင် ဘေကင်းဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်းကို ရှာလကာရည် (ဗီနီဂါ) နဲ့ ရောပြီး ရေ ၁ လီတာလောက် ထည့်၊ တိုက်လိုက်ရင် အစွန်းအထင်းတွေ အလွယ်တကူ ပျောက်သွားတယ်။
• ကြမ်းပြင်သန့်ရှင်းရေး 🧼🏡
ကြမ်းပြင်သုတ်တဲ့အခါ ရေပုံးထဲကို ဘေကင်းဆိုဒါ စားပွဲတင်ဇွန်း ၃ ဇွန်း ထည့်ပြီး အဝတ်နဲ့ သုတ်ကြည့်။ ကြမ်းပြင်က နောက်တစ်ဆင့် ပိုပြီး ကြည်လင်သန့်ရှင်းလာတယ်။
• အိမ်သာခွက် သန့်ရှင်းရေး 🚽✨
အိမ်သာခွက်မှာ အနံ့ဆိုးထွက်တာ ဒါမှမဟုတ် အစွန်းအထင်းရှိရင် ဘေကင်းဆိုဒါ လက်ဖက်ရည်ဇွန်း ၁-၂ ဇွန်းလောက် ဖြူး၊ ၁၅ မိနစ်လောက် ထားပြီးမှ တိုက်ထုတ်လိုက်ပါ။ အရမ်းလွယ်တယ်။
• ကြောင်သဲပုံး အနံ့ပျောက်စေရန် 😺🌿
ကြောင်သဲပုံးထဲကိုလည်း ဘေကင်းဆိုဒါ ဖြူးပေးလို့ရတယ်။ အနံ့ဆိုးတွေကို ကောင်းကောင်း လျော့ကျစေတယ်။ ကျွန်မတို့အိမ်က ကြောင်လေးလည်း ပျော်၊ အိမ်ရှင်လည်း စိတ်ချမ်းသာရတာပေါ့။
• အိုး/ဒယ်အိုး အပူလောင်ရာများ 🍳
အိုး (သို့) ဒယ်အိုး အပူလောင်တဲ့ အစွန်းအထင်းတွေ ရှိရင် ရေနွေးနွေးထဲကို ဘေကင်းဆိုဒါနဲ့ ရောစိမ်ထားပြီးမှ ဆေးရင် အစွန်းအထင်းတွေက အားမစိုက်ရဘဲ မှေးမှိန်သွားတယ်။
• ကော်ဇော အနံ့ဆိုးပျောက်စေရန် 🧹✨
ကော်ဇောမှာ အနံ့ဆိုးထွက်တာ ဒါမှမဟုတ် ဖုန်တွေစုနေတယ်ဆိုရင် ဘေကင်းဆိုဒါကို ဖြူးပြီး ၁၅ မိနစ်လောက် ထား၊ ပြီးမှ ဖုန်စုပ်စက်နဲ့ စုပ်ထုတ်လိုက်ပါ။ ကော်ဇောအသစ်လို ကြည်လင်သွားလိမ့်မယ်။
• မီးဖို/နံရံရှိ ဆီစွန်းများ 🍽️✨
မီးဖို၊ မီးဖိုချောင် ဒါမှမဟုတ် နံရံရှိ ဆီစွန်းတွေကို သန့်ရှင်းဖို့ ရေနွေး၊ ဘေကင်းဆိုဒါ နဲ့ ရှာလကာရည်တို့ကို ဆတူ ရောပြီး တစ်ခါတည်း သုတ်လိုက်တာနဲ့ တလက်လက်တောက်ပြောင်လာမယ်။
• ဘီး ရှိ အညစ်အကြေးများ 💇♀️🌼
ဘီးမှာ ကပ်နေတဲ့ အညစ်အကြေးအမည်းတွေအတွက် ရေနွေးနွေးထဲကို ဘေကင်းဆိုဒါ ရောစိမ်ပြီး ခဏလေး လှုပ်ရုံနဲ့ အညစ်အကြေးတွေ လွယ်လွယ်ကူကူ ထွက်လာတယ်။ ဘီးအသစ်ရသလိုပဲ။
• ကြက်ဥကြော် ဖောင်းကြွစေရန် 🍳😋
ကြက်ဥကြော်ကို ဖောင်းကြွပြီး နူးညံ့ချင်ရင် ကြက်ဥ ၃ လုံးအတွက် ဘေကင်းဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဝက် လောက်ပဲ နည်းနည်းလေး ထည့်လိုက်တာနဲ့ ဆိုင်က ကြက်ဥကြော်လို အရမ်းစားကောင်းတဲ့ ကြက်ဥကြော် ရလာမယ်။
• ခြေထောက်စိမ်ခြင်း 😌🦶✨
တစ်နေကုန် လမ်းလျှောက်ပြီးတဲ့နောက် ခြေထောက်ကို ရေနွေးနွေးထဲ ဘေကင်းဆိုဒါ ရောပြီး စိမ်လိုက်တာ အရမ်းကောင်းတယ်။ တကယ့်ကို အပန်းပြေစေတယ်။
• အသားနူးအောင် နှပ်ခြင်း 😁🥩
အသားကို နူးညံ့အောင် နှပ်ဖို့အတွက် အသား ၁ ကီလိုဂရမ်ကို ဘေကင်းဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း သုံးတယ်။ ဝါးရတာတောင် အားမစိုက်ရအောင် နူးညံ့သွားတယ်။
ဘေကင်းဆိုဒါကို အိမ်မှာဆောင်ထားတဲ့သူဟာ တကယ်ကို ကံကောင်းတာပဲ။ အရာရာတိုင်းနီးပါး သုံးလို့ရတယ်။ ✨
စမ်းကြည့်ပါဦးနော်။ ကျွန်မလိုပဲ သဘောကျသွားလိမ့်မယ် 💛🌿
ကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြရပါစေ 🙏🏻
MON SOUNG
အမျိုးသမီးတစ်ယောက်ဟာ
တည်းခိုခန်းတစ်ခုကို ရောက်လာပြီး
အခန်းတစ်ခန်း ငှားတာပေါ့..။
တည်းခိုခန်းမန်နေဂျာလည်း
သော့ယူပြီး
သူနေရမဲ့အခန်းနံပါတ်ကို လိုက်ပြပြီး ပြန်လာခဲ့ပါတယ်.။
သူပြန်လာပြီး မကြာခင်ပဲ ခုနာကအမျိုးသမီးဆီက
ဧည့်ကြိုကောင်တာကို ဖုန်းဆက်လာပါတယ်..။
"ကလင်..ကလင်..ကလင်.."
"ဟုတ်ကဲ့ ..အမိန့်ရှိပါခင်မျာ "
"ဘာများအလိုရှိပါသလဲ ခင်မျာ...."
"ဟဲလို...မန်နေဂျာလားရှင်...."
"ဟုတ်ပါတယ်ခင်မျာ....."
"ဒီမှာ..ကျမနေတဲ့အခန်းမှာ ပြသနာရှိနေလို့ပါရှင့်...."
"ဘာပြသနာလဲခင်မျ..ကျနော်တို့လာဖြေရှင်းပေးပါ့မယ်..."
" ဒီလိုပါ.. ကျမနေတဲ့အခန်းနဲ့ မျက်နှာချင်းဆိုင်တိုက်က အခန်းထဲမှာ
အမျိုးသားတစ်ယောက် ကိုယ်တုံးလုံးချွတ်ပြီး လမ်းလျှောက်နေတယ်ရှင်...
အဲဒါ ကျမစိတ်အနှောက်အယှက် ဖြစ်လို့ပါရှင်.."
"အော်..ဟုတ်ကဲ့ ကျနော်လာခဲ့ပါ့မယ်ခင်မျာ.."... ဆိုပြီးအပြေးတက်သွားတာပေါ့..
အမျိုးသမီးနေတဲ့အခန်းကို ရောက်ရောက်ချင်း
"ဘယ်မှာလဲခင်မျာ.. အမကြီးပြောတဲ့ အမျိုးသားဆိုတာ.."
"ဟိုမှာလေ..ဟိုမှာ" ဆိုပြီးလက်ညှိုးထိုးပြပါတယ်။
မန်နေဂျာကြည့်လိုက်တဲ့အချိန်မှာ မျက်နှာချင်းဆိုင် အခန်းက အမျိုးသားဟာ
အပေါ်အက်ျီမဝတ်ပဲ လမ်းလျှောက်နေတာကို ပြတင်းပေါက်ကနေ လှမ်းမြင်ရပါတယ်.။
မန်နေဂျာက...
" အမကြီးရယ် တစ်ကိုယ်လုံး ချွတ်ထားတာ မဟုတ်ပါဘူး..အပေါ်အက်ျီတင် မပါတာပါ..
သူအိုက်လို့ဖြစ်ပါလိမ့်မယ်.."
" ကျနော်တို့ အဲဒါကိုတော့ ပြောလို့မရပါဘူးခင်မျာ.."
အမျိုးသမီးက ဒေါသတကြီး
" ဘာရှင့် အပေါ်ပိုင်းတင် ဟုတ်လား..
ရှင်တို့က ပြသနာတစ်ခုကို သေသေချာချာမကြည့်ပဲ
အပေါ်ယံလောက်ကြည့်ပြီး ဆုံးဖြတ်ကြတာပဲ...
မယုံရင် ဒီစားပွဲပေါ်က တက်ကြည့်ပါရှင် "
အဒါဆို ရှင်တို့ ရှင်းရှင်းလင်းလင်းမြင်ရလိမ့်မယ်.."
ဆိုပြီး စားပွဲကို လကိညှိုးထိုးပြပါတယ်။
မန်နေဂျာလည်း အမျိုးသမီးညွှန်ပြတဲ့နေရာကနေ
တက်ကြည့်လိုက်တဲ့အခါ
အမျိုးသားဟာ သူမပြောတဲ့အတိုင်း ကိုယ်လုံးတီးလမ်းလျှောက်နေတာကို မြင်လိုက်ရပါတယ်.
မန်နေဂျာ အတော်လေးအခက်တွေ့သွားပါတယ်.
အမျိုးသားက မှားတာလား
တက်ကြည့်တဲ့အမျိုးသမီးက မှားတာလား
စားပွဲက မှားတာလား
ဆိုတာစဥ်းစားရင်း..
"ဟုတ်ကဲ့ .ကျနော်တို့ ဒီစားပွဲလေး အခန်းအပြင်ထုတ်လိုက်ရင်
ပြသနာ ရှင်းသွားပါလိမ့်မယ်ခင်မျာ..."
ဆိုပြီးစားပွဲကို အခန်းအပြင်ထုတ်ပေးလိုက်ရပါတယ်။.
မှန်ပါတယ်. လူ့ဘဝမှာ တစ်ချို့ပြသနာတွေဟာ
ဒီတိုင်းပုံမှန်ကြည့်ရင် မမြင်ရပါဘူး..
ခြေဖျားထောက်ကြည့်ရင်တော့ မြင်ရပါလိမ့်မယ်..
သင်ရော...ပြသနာတစ်ခုကို
စားပွဲပေါ်က တက်ကြည့်ချင််ပါသလားခင်ဗျာ...။
----
to org. Writer
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay
05011