FitBox
25/01/2021
Riceberry ( ဆန်မည်း )
ထမင်းလျော့စားခြင်းဖြင့် ရောဂါတွေသက်သာနေသူအတော်များပါတယ်။ ကျန်းမာရေးအတွက် ထမင်းလျော့စားဖို့ အားပေးနေတဲ့ကာလမှာ ထမင်းမစားရလျှင်မနေနိုင်သော မြန်မာလူမျိုးအချို့အတွက် riceberry ( ဆန်မည်း )ကို ဆန်ဖြူနေရာမှာ အစားထိုးစားလို့ရပါတယ်။ အနောက်နိုင်ငံတွေ၊ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတွေမှာ ဆန်မည်းကို ကျန်းမာရေးဆန် အဖြစ်စားနေကြတာကြာပါပြီ။
Riceberry ( ဆန်မည်း )ကို ထိုင်းနိုင်ငံက သူတို့မျိုးရင်းလို့ registered ( စာရင်းသွင်း) ထားပါတယ်။။ ထိုင်းနိုင်ငံရဲ့ မစေးကပ်တဲ့ ခရမ်းရောင်ဆန် Jao Hom Nin (JHN) နှင့် Khoa Dawk Mali 105 (hom Mali ဆန်) နှစ်မျိုးကို အတူတူစိူက်ပြီး မျိုးစပ်ခြင်း ( cross-breed ) က ရလာတဲ့ဆန်လို့ပြောပါတယ်။ ဆန်မည်းမှာ ဆန်လုံးညိုထက်သာလွန်တဲ့ အဟာရပါဝင်ပြီး ဆန်လုံးညိုလို မာဆပ်ဆပ်မျိုးမရှိပဲ အနံ့လေးသင်းသင်းလေးနဲ့ နူးညံ့ပါတယ်။
Riceberry ( ဆန်မည်း ) က အဟာရပြည့်ဝတဲ့ ကာဗွန်ဟိုက်ဒရိတ် အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဆန်မည်းမှာ ကယ်လိုရီပါဝင်မှုမြင့်သလို အမျှင်ဓာတ်၊ အသားဓာတ် နှင့် အပင်ထွက်အဟာရ flavonoid ပါဝင်မှုလည်းမြင့်တယ်။ Riceberry ( ဆန်မည်း ) အရောင်က အမည်းဆိုတာထက် anthocyanins ကြောင့်ဖြစ်လာတဲ့ ခရမ်းနက်ရင့်ရင့်လို့ပြောရမည်။ သံဓာတ်၊ ဇင့်၊ ဗိုက်တာမင် B6 နဲ့ ဗိုက်တာမင် E အာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။
ဆန်မည်းမှာ အပင်ထွက်အဟာရ anthocyanins ပါဝင်ပြီး ရောင်ရမ်းခြင်းလျော့ကျစေတာကြောင့် anti- inflammatory လို့ ပြောကြတယ်။ ဆန်မည်းမှာပါတဲ့ anthocyanins က သွေးတွင်းအဆီပမာဏကို မျှတစေတယ်ပြောတယ်။ သုသေတနတွေအရတော့ ဆန်မည်းက သွေးကြောပိတ်တာကိုလျော့ကျစေပြီး နှလုံးရောဂါ နှင့် လေဖြတ်ခြင်းကိုတားပေးနိုင်တယ်ရေးတယ်။ ဆန်မည်းစားတဲ့ ယုန်တွေမှာ အသည်းရဲ့အညစ်အကြေးစွန့်ခြင်းလုပ်ငန်းပိုမိုကောင်းမွန်လာတယ်ရေးတယ်။ ဒါကြောင့် ဆန်မည်းစားခြင်းက မျက်လုံး နှင့် အသည်းနှလုံးကျန်မာရေးကောင်းစေတယ်။ ( ရည်ညွှန်း - ( ၁ ) https://pubmed.ncbi.nlm.nih.gov/19640950/ ( ၂ ) https://pubmed.ncbi.nlm.nih.gov/11340093/ )
ဆန်မည်းမှာပါဝင်တဲ့ အမျှင်ဓာတ်က စားပြီး သွေးတွင်းသကြားဓာတ် တည်ငြိမ်အောင်လုပ်ပေးနိုင်သလို အချိန်အကြာကြီး မဆာအောင် ပြုလုပ်ပေးပါတယ်။ ကျန်းမာရေးအတွက် ကောင်းတဲ့ အဟာရတွေအပြင် Low glycemic index ( low glycemic load ) ဖြစ်ပြီး ဆီးချိုလူနာများမှာဖြစ်တတ်တဲ့ sugar spike syndrome ကို သက်သာစေတယ်ရေးပါတယ်။ ဝိတ်ချချင်သူများနဲ့ ဆီးချိုရောဂါရှိသူများအတွက် အထူးသင့်လျော်တယ်လို့ဆိုပါတယ်။ သွေးတိုးရောဂါ၊ ခါးနာ၊ဒူးနာ၊လေးဘက်နာ နှင့် metabolic syndrome အစရှိတဲ့ ဝေဒနာ တော်တော်များများအတွက် သိသိသာသာ သက်သာစေတယ်လို့ရေးကြတယ်။
ကျွန်တော်တို့စားနေကျကောက်ညင်းငချိတ် နှင့်မတူပါ။ ကောက်ညင်းငချိတ် ( black sticky rice ) မှာ amylopectin ပါဝင်ပြီးစေးကပ်ပါတယ်။ ငချိတ်ဆန်က Oryza Sativa Japonica ဖြစ်ပြီး amylopectin ပါဝင်နှုန်းနည်းတယ်ပြောပါတယ်။ အနောက်တိုင်း ဆေးပညာ ဆောင်းပါးအများစုက ဆန်မည်းကို non GMO ဖြစ်တဲ့အပြင် ဂလူတန်မပါဘူးလို့လည်းရေးတယ်။ ငချိတ်ဆန်က grain တစ်မျိုးဖြစ်ပြီး letins ပါဝင်နိုင်ပါတယ်။ ဒါကြောင့် အစာလမ်းကြောင်းမကောင်းသူတွေ pressure cooker နဲ့ ချက်စားလျှင် ပိုကောင်းပါတယ်။
ဆန်မည်းမှာပါဝင်တဲ့ anthocyanins က ကင်ဆာရောဂါကာကွယ်နိုင်စွမ်းရှိတယ်ရေးတယ်။ လူထုအခြေပြုလေ့လာမှုတစ်ခုမှာ anthocyanins ကြွယ်ဝတဲ့အစားအစာ စားသူတွေက အူမကြီးကင်ဆာဖြစ်ပွားနှုန်းလျော့တယ်လို့ ဖော်ပြတယ်။ စမ်းသပ်ခန်းက ဖန်ပြားပေါ်မှာတော့ anthocyanins က ရင်သားကင်ဆာ ဆဲလ်တွေကို နည်းသွားစေတယ်လို့ဆိုတယ်။ ( ရည်ညွှန်း - (၁) https://www.ncbi.nlm.nih.gov/pmc/articles/PMC6073812/ (၂) https://www.ncbi.nlm.nih.gov/pmc/articles/PMC5716451/ )
ဆန်ဆိုတာ Oryza sativa မျိုးစိတ်ဝင်ဖြစ်တာကြောင့် အာစင်နစ် ( arsenic )စုပ်ယူနိုင်တယ်။ ဒါကြောင့် ဆန်မည်းစိုက်တဲ့မြေက arsenic များလျှင် riceberry မှာ aresnic ပါဝင်နိုင်တယ်။ဒါကြောင့် အာစင်နစ်ပါဝင်မှု လျော့နည်တဲ့ ဆန်မည်းကို ရွေးစားသင့်ပါတယ်။ ထိုင်းမှာတော့ ဆန်မည်း မချက်ခင် တစ်နာရီလောက်ရေစိမ်၊ ရေစင်စင်ဆေးပြီး hotplate မှာ ရေခမ်းချက်ချက်၊ ပေါင်းအိုး နဲ့ ချက်ချက်၊ pressure cooker နဲ့ ချက်ချက် အကုန်အဆင်ပြေတယ်။ ဆန်ဖြူချက်တဲ့အတိုင်း ချက်စားလို့ရပါတယ်။
ဒေါက်တာဖြိုးမောင်မောင်
Riceberry ( ဆန်မည်း )
ထမင်းလျော့စားခြင်းဖြင့် ရောဂါတွေသက်သာနေသူအတော်များပါတယ်။ ကျန်းမာရေးအတွက် ထမင်းလျော့စားဖို့ အားပေးနေတဲ့ကာလမှာ ထမင်းမစားရလျှင်မနေနိုင်သော မြန်မာလူမျိုးအချို့အတွက် riceberry ( ဆန်မည်း )ကို ဆန်ဖြူနေရာမှာ အစားထိုးစားလို့ရပါတယ်။ အနောက်နိုင်ငံတွေ၊ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတွေမှာ ဆန်မည်းကို ကျန်းမာရေးဆန် အဖြစ်စားနေကြတာကြာပါပြီ။ ကျွန်တော်လည်း ဆေးမပေးခန်း - Lifestyle Clinic Myanmar က ရောင်းချတဲ့ riceberry ကို ဆန်ဖြူ အစားထိုးအနေနဲ့ စားတာ ၆ လ လောက်ရှိပါပြီ။
Riceberry ( ဆန်မည်း )ကို ထိုင်းနိုင်ငံက သူတို့မျိုးရင်းလို့ registered ( စာရင်းသွင်း) ထားပါတယ်။။ ထိုင်းနိုင်ငံရဲ့ မစေးကပ်တဲ့ ခရမ်းရောင်ဆန် Jao Hom Nin (JHN) နှင့် Khoa Dawk Mali 105 (hom Mali ဆန်) နှစ်မျိုးကို အတူတူစိူက်ပြီး မျိုးစပ်ခြင်း ( cross-breed ) က ရလာတဲ့ဆန်လို့ပြောပါတယ်။ ဆန်မည်းမှာ ဆန်လုံးညိုထက်သာလွန်တဲ့ အဟာရပါဝင်ပြီး ဆန်လုံးညိုလို မာဆပ်ဆပ်မျိုးမရှိပဲ အနံ့လေးသင်းသင်းလေးနဲ့ နူးညံ့ပါတယ်။
Riceberry ( ဆန်မည်း ) က အဟာရပြည့်ဝတဲ့ ကာဗွန်ဟိုက်ဒရိတ် အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဆန်မည်းမှာ ကယ်လိုရီပါဝင်မှုမြင့်သလို အမျှင်ဓာတ်၊ အသားဓာတ် နှင့် အပင်ထွက်အဟာရ flavonoid ပါဝင်မှုလည်းမြင့်တယ်။ Riceberry ( ဆန်မည်း ) အရောင်က အမည်းဆိုတာထက် anthocyanins ကြောင့်ဖြစ်လာတဲ့ ခရမ်းနက်ရင့်ရင့်လို့ပြောရမည်။ သံဓာတ်၊ ဇင့်၊ ဗိုက်တာမင် B6 နဲ့ ဗိုက်တာမင် E အာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။
ဆန်မည်းမှာ အပင်ထွက်အဟာရ anthocyanins ပါဝင်ပြီး ရောင်ရမ်းခြင်းလျော့ကျစေတာကြောင့် anti- inflammatory လို့ ပြောကြတယ်။ ဆန်မည်းမှာပါတဲ့ anthocyanins က သွေးတွင်းအဆီပမာဏကို မျှတစေတယ်ပြောတယ်။ သုသေတနတွေအရတော့ ဆန်မည်းက သွေးကြောပိတ်တာကိုလျော့ကျစေပြီး နှလုံးရောဂါ နှင့် လေဖြတ်ခြင်းကိုတားပေးနိုင်တယ်ရေးတယ်။ ဆန်မည်းစားတဲ့ ယုန်တွေမှာ အသည်းရဲ့အညစ်အကြေးစွန့်ခြင်းလုပ်ငန်းပိုမိုကောင်းမွန်လာတယ်ရေးတယ်။ ဒါကြောင့် ဆန်မည်းစားခြင်းက မျက်လုံး နှင့် အသည်းနှလုံးကျန်မာရေးကောင်းစေတယ်။ ( ရည်ညွှန်း - ( ၁ ) https://pubmed.ncbi.nlm.nih.gov/19640950/ ( ၂ ) https://pubmed.ncbi.nlm.nih.gov/11340093/ )
ဆန်မည်းမှာပါဝင်တဲ့ အမျှင်ဓာတ်က စားပြီး သွေးတွင်းသကြားဓာတ် တည်ငြိမ်အောင်လုပ်ပေးနိုင်သလို အချိန်အကြာကြီး မဆာအောင် ပြုလုပ်ပေးပါတယ်။ ကျန်းမာရေးအတွက် ကောင်းတဲ့ အဟာရတွေအပြင် Low glycemic index ( low glycemic load ) ဖြစ်ပြီး ဆီးချိုလူနာများမှာဖြစ်တတ်တဲ့ sugar spike syndrome ကို သက်သာစေတယ်ရေးပါတယ်။ ဝိတ်ချချင်သူများနဲ့ ဆီးချိုရောဂါရှိသူများအတွက် အထူးသင့်လျော်တယ်လို့ဆိုပါတယ်။ သွေးတိုးရောဂါ၊ ခါးနာ၊ဒူးနာ၊လေးဘက်နာ နှင့် metabolic syndrome အစရှိတဲ့ ဝေဒနာ တော်တော်များများအတွက် သိသိသာသာ သက်သာစေတယ်လို့ရေးကြတယ်။
ကျွန်တော်တို့စားနေကျကောက်ညင်းငချိတ် နှင့်မတူပါ။ ကောက်ညင်းငချိတ် ( black sticky rice ) မှာ amylopectin ပါဝင်ပြီးစေးကပ်ပါတယ်။ ငချိတ်ဆန်က Oryza Sativa Japonica ဖြစ်ပြီး amylopectin ပါဝင်နှုန်းနည်းတယ်ပြောပါတယ်။ အနောက်တိုင်း ဆေးပညာ ဆောင်းပါးအများစုက ဆန်မည်းကို non GMO ဖြစ်တဲ့အပြင် ဂလူတန်မပါဘူးလို့လည်းရေးတယ်။ ငချိတ်ဆန်က grain တစ်မျိုးဖြစ်ပြီး letins ပါဝင်နိုင်ပါတယ်။ ဒါကြောင့် အစာလမ်းကြောင်းမကောင်းသူတွေ pressure cooker နဲ့ ချက်စားလျှင် ပိုကောင်းပါတယ်။
ဆန်မည်းမှာပါဝင်တဲ့ anthocyanins က ကင်ဆာရောဂါကာကွယ်နိုင်စွမ်းရှိတယ်ရေးတယ်။ လူထုအခြေပြုလေ့လာမှုတစ်ခုမှာ anthocyanins ကြွယ်ဝတဲ့အစားအစာ စားသူတွေက အူမကြီးကင်ဆာဖြစ်ပွားနှုန်းလျော့တယ်လို့ ဖော်ပြတယ်။ စမ်းသပ်ခန်းက ဖန်ပြားပေါ်မှာတော့ anthocyanins က ရင်သားကင်ဆာ ဆဲလ်တွေကို နည်းသွားစေတယ်လို့ဆိုတယ်။ ( ရည်ညွှန်း - (၁) https://www.ncbi.nlm.nih.gov/pmc/articles/PMC6073812/ (၂) https://www.ncbi.nlm.nih.gov/pmc/articles/PMC5716451/ )
ဆန်ဆိုတာ Oryza sativa မျိုးစိတ်ဝင်ဖြစ်တာကြောင့် အာစင်နစ် ( arsenic )စုပ်ယူနိုင်တယ်။ ဒါကြောင့် ဆန်မည်းစိုက်တဲ့မြေက arsenic များလျှင် riceberry မှာ aresnic ပါဝင်နိုင်တယ်။ဒါကြောင့် အာစင်နစ်ပါဝင်မှု လျော့နည်တဲ့ ဆန်မည်းကို ရွေးစားသင့်ပါတယ်။ ထိုင်းမှာတော့ ဆန်မည်း မချက်ခင် တစ်နာရီလောက်ရေစိမ်၊ ရေစင်စင်ဆေးပြီး hotplate မှာ ရေခမ်းချက်ချက်၊ ပေါင်းအိုး နဲ့ ချက်ချက်၊ pressure cooker နဲ့ ချက်ချက် အကုန်အဆင်ပြေတယ်။ ဆန်ဖြူချက်တဲ့အတိုင်း ချက်စားလို့ရပါတယ်။
ဒေါက်တာဖြိုးမောင်မောင်
19/01/2021
သင်ဘာလို့ ဝိတ်အတက်အကျ အရမ်းကြမ်းနေတာလဲ သိလား?
တချို့ဆို ဒန်ပေါက်လေး တပွဲ စားလိုက်တာ၊ ကြေးအိုးလေး တပွဲ စားလိုက်တာ၊ ခေါက်ဆွဲကြော်လေး တပွဲ စားလိုက်တာ ၂-၃ ပေါင် တက်သွားတယ် ဆိုပြီး ငြီးတာ ခဏခဏ ကြားရပါတယ်။
၂ ခု ကြောင့် ဖြစ်နိုင်ပါတယ်။
(၁) စားစားပြီးချင်းပေါင်ချိန်ရင် တော့ ဘယ်သူမဆို အဲ့လောက် တက်နိုင်ပါတယ်။
(၂) အဲ့လို မဟုတ်ပဲ ပြန်မကျ တော့ဘူးဆိုရင်တော့ ဒါဟာ ကိုယ် အရှေ့မှာ ချခဲ့ တဲ့ ဝိတ်ချနည်း က ပုံမှန်မဟုတ်ပဲ အမြန်လမ်းလိုက်ခဲ့လို့ ဖြစ်ပါတယ်။
အမြန်လမ်းဆိုတာ ဘာတွေလဲ
- Juice တွေချည်းသောက်ပြီး ဝိတ်ချတာ
- အသီးတွေချည်း၊ အရွက်တွေချည်း စားပြီး ဝိတ်ချတာ
- ကြက်ဥ တွေချည်းစားပြီး
- လေ့ကျင့်ခန်း လုံးဝ မလုပ်ပဲ ဝိတ်ချတာ စတာတွေ လုပ်ခဲ့တဲ့ သူတွေ မှ ဝိတ်က လဲ အလွယ်လေး ဝုန်းဒိုင်း ကြနိုင်သလို အလွယ်လေး တဟုတ်ထိုး တက်ဖို့ကလဲ အဆင်သင့်ပါပဲ။
စဉ်းစားရမှာ က တသက်လုံး စားချင်စိတ်ကို ထိန်းချုပ်ပြီး အစား ကို လျှော့ပြီး ဝိတ်ချမလား စားသင့်တာစားပြီး ပုံမှန် အတိုင်း ဝိတ်ချမလား ဆိုတာ ကတော့ ကိုယ့်ရဲ့ ရွေးချယ်မှု့ပါ။
ကျွန်တော် ကတော့ စားသင့်စားထိုက်တာ ကို စားပြီး (တခါတလေ စားချင်တာလဲ စားပါတယ်) လေ့ကျင့်ခန်းလုပ်ပြီး ပဲ ဝိတ်ထိန်းပါတယ်။ အခုထိတော့ ၃နှစ်ကျော် ၄ နှစ်ထဲ ရောက်လာပါပြီ ဝိတ်ပြန် မတက်သေးပါဘူး။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
Click here to claim your Sponsored Listing.
Contact the business
Website
Address
Mandalay
05061
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |