Fear Not Tarantulas

Fear Not Tarantulas

Share

Photos from Fear Not Tarantulas 's post 02/05/2025

Tarantula ဆိုဒ်အကြီး Female မှကြိုက်တယ်ဆိုတယ့် ညီကိုတွေအတွက် Acrylic tankအပါ အပြီးအစီး လိုချင်ရင်ရှိမယ်ဗျာ…စျေးလည်းလျှော့ပေးဦးမယ် မန်းလေးကဆိုရင် အိမ်တိုင်ရာရောက်လာကြည့်လို့ရပါတယ်ဗျ…09-666275566

11/12/2024

Tiger Rump Tarantula
ဒီနေ့ကတော့ Tiger Rump ဆိုတဲ့ tarantula လေးတစ်ကောင်အကြောင်း ပြောပြပေးပါမယ်ဗျ။ ဒီကောင်လေးရဲ့နာမည်အပြည့်အစုံကတော့ Costa Rican Tiger Rump ပဲဖြစ်ပါတယ်။ Costa Rican Tiger Rumpလို့ ခေါ်ရတဲ့အကြောင်းအရင်းကတော့ Costa Rica 🇨🇷 မိုးသစ်တော မှာအတွေ့များတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ Scientific name ကတော့ Davus fasciatus ဖြစ်ပြီး New world species ဖြစ်ပါတယ်။ Tiger Rump တွေဟာ terrestrial type(ကုန်းတွင်းနေမျိုးစိတ်) ဖြစ်ကြပြီး burrower typeတွေလိုလည်း တစ်ခါတစ်ရံ မြေတူးပြီး နေလေ့ရှိသလို Webber typeတွေလိုလည်း Webထုတ်လေ့ရှိပါတယ်။ New world species ဖြစ်ပြီးအဆိပ်ကလည်းသိပ်မပြင်းသလို ကိုက်လေ့ကိုက်ထလည်းမရှိဘူးဆိုပေမဲ့ တစ်ခါတစ်ရံ မထင်ရင် မထင်သလိုပြေးတတ်တဲ့အပြင် အမွှေးခါလေ့ရှိပါတယ်။ အပြေးလည်းမြန်တဲ့အထဲပါပါတယ်။ Tiger Rump Tarantula တွေကိုမွေးမြူမယ်ဆိုပါက အခင်းအထူ၂လက်မခွဲလောက်ခင်းကာ တခြား terrestrial type တွေမွေးသလို ကန်အတွင်း ပုန်းစရာ ဂူတစ်ခုနဲ့ ရေခွက်ထားရှိကာ အပင်အတုများဖြင့်အလှဆင်ကာမွေးနိုင်ပါတယ်။ Humidity ကတော့ 75/85% အတွင်းထားရှိပေးပြီး normal room temperature နဲ့မွေးမြူလို့ အဆင်ပြေပါတယ်။ အရမ်းအေးတဲ့ဒေသဆိုရင်တော့ UVA/UVB တို့ထားပေးရပါမယ်။ ကြီးထွားနှုန်း ကတော့ medium to fastဖြစ်ပြီး 4-5လက်မလောက်အထိသာကြီးထွားနိုင်ပါတယ်။ သက်တမ်းတော့ အထီးတွေဟာ 3-4 နှစ်အထိရှင်သန်နိုင်ပြီး အမတွေကတော့ 10နှစ်ကျော်အထိ ရှင်သန်နိုင်ပါတယ်။ Tiger Rump တွေဟာ tank ကိုသေချာ set upလုပ်ပြီးမွေးရင် တော်တော်လှတဲ့ မျိုးစိတ်ဖြစ်တာကြောင့် စမ်းမွေးကြည့်ဖို့ အကြံပေးချင်ပါတယ်။ အဆုံးထိဖတ်ပေးတဲ့အတွက် FNT မှကျေးဇူးတင်ပါတယ်ခင်ဗျာ။
❗️စာအား ကူးယူခွင့်မပေးပါ။❗️

Photos from Fear Not Tarantulas 's post 08/12/2024

Costa Rican Tiger Rump နဲ့ Mexican Red Leg
ဘယ် Tarantula အကြောင်းပိုသိချင်ကြလဲဗျ…🕸️👀

07/12/2024

Hello ! Pageလေးကို ပစ်ထားတာကြာလို့ Page က မrunတော့ဘူးလား Tarantulas တွေရှိသေးလားလို့ လာလာမေးနေကြလို့ မင်မင် ဒီတစ်နှစ်လုံး personal ကိစ္စ လေးတွေနဲ့ ပတ်ချာရိုက်နေလို့ မrunဖြစ်တဲ့ အတွက် sorryပါဗျ😢 အခုကစ ပြန်runပြီး knowledge sharing postတွေရော အကုန်ပြန်တင်ပေးပါတော့မယ်နော်🤩အကောင်အသစ်တွေလည်း အများကြီးပြန်ရောက်ထားပါတယ်နော်🥳မနက်ဖြန်တင်ပေးပါမယ်ဗျ🕸️🕸️🕸️

11/09/2024

Hello 🚨🚨🚨
ရေဘေးဒုက္ခသင့်ပြီး ဖုန်းbill လိုအပ်နေသူများအတွက်
Bill 1000 အယောက်၁၀၀စာ ကူညီချင်လို့ပါခင်ဗျ…
တတ်နိုင်လက်လှမ်းမှီသလောက် ကူညီတာမို့လို့ နည်းတယ် များတယ် သဘောမထားပါနဲ့ခင်ဗျ…တကယ်လိုအပ်တဲ့သူတွေ လာပြောပေးပါခင်ဗျ…

Photos from Fear Not Tarantulas 's post 24/05/2024

Hello ! ဘာစာမှလည်းမတင်တာကြာပြီဆိုတော့
ဒီနေ့ မိုးအေးအေးလေးနဲ့ စိတ်ကူးပေါက်တုံး
Arboreal type tarantula တစ်ကောင်အကြောင်းတင်ပေးပါမယ်ဗျ။

Purple pinktoe tarantula😈(Purple tree tarantula)
(Avicularia purpurea)
ဒီနေ့ကတော့ New world tarantula ထဲက ကျွန်တော့် favorite tarantula တစ်ကောင်ဖြစ်တဲ့Purple pinktoe tarantula အကြောင်းပြောပြပေးပါ့မယ်ခင်ဗျ။ Pinktoe tarantula မျိုးကွဲတွေအများကြီးရှိပေမဲ့ Versicolor pinktoe tarantula ပြီးရင် Purple pinktoe tarantula ကတော့ ကျွန်တော်အကြိုက်ဆုံးtarantula ပါပဲ။ Scientific name ကတော့ Avicularia purpurea ဖြစ်ပြီး အခြားpinktoe tarantula တွေလိုပဲ Theraphosidae family မှဆင်းသက်လာတာဖြစ်ပါတယ်။ Purple pinktoeတွေဟာ သဘာဝထဲမှာဆိုရင် သစ်ပင်ပေါ်အနေများတဲ့အတွက် Purple tree tarantula လို့လည်း ခေါ်ကြပါတယ်။ Purple pinktoe တွေဟာ Arboreal type (အမြင့်နေမျိုးစိတ်) တွေဖြစ်ကြပြီး New world မျိုးစိတ်ဖြစ်တဲ့အတွက် beginner တွေအတွက်လည်းသင့်တော်ပါတယ်။ ဒါပေမဲ့ ငယ်သေးတဲ့အချိန်မှာ တခြား tarantula တွေထက် ပိုနုတဲ့အတွက် သေချာဂရုစိုက်ဖို့တော့လိုပါတယ်။ Purple pinktoe တွေဟာ ငယ်သေးတဲ့အချိန်မှာ အောက်မှာပြထားတဲ့ ပထမပုံလိုဖြစ်ပြီး ကြီးလာတဲ့အချိန်မှ အရောင်ပြောင်းသွားတာဖြစ်ပါတယ်။ အမြင့်နေမျိုးစိတ်ဖြစ်တဲ့အတွက် ကန်ကို အကျယ်ထက် အမြင့်ကိုဦးစားပေးသင့်ပါတယ်။ အခင်းကိုတော့ 2လက်မလောက်သာခင်းပြီး တက်စရာ သစ်ခေါက်၊ သစ်ကိုင်းတို့ဖြင့်အလှဆင်ကာ မွေးမြူနိုင်ပါတယ်။ အစိုဓာတ်ကိုတော့ 60-85အတွင်း ထားပေးရပါမယ်။ Purple pinktoe tarantula female တွေဟာ 8 years အထိနေနိုင်ပြီး male တွေကတော့ 3-4 အထိသာနေနိုင်ပါတယ်။ Purple pinktoe tarantula တွေရဲ့ adult size ကတော့ 4.5-5”အထိဖြစ်ပါတယ်။ ကြီးထွားမှုနှုန်းကတော့ ပုံမှန်ပဲဖြစ်ပြီး venom levelကလည်း နိမ့်တဲ့အတွက် beginnerတွေအတွက်အဆင်ပြေပါတယ်။ Pinktoe တွေဟာ သိမ်မွေ့တတ်ကြပြီး အလွန်လျှင်မြန်ကြပါတယ်။ Purple pinktoe တွေဟာ beginner တွေအတွက် recommend ပေးတယ်ဆိုပေမဲ့ handle လုပ်ဖို့တော့အားမပေးပါဘူး။ သူတို့ဟာ ကိုင်တွယ်ခံရချိန် လန့်တဲ့အချိန်မျိုးမှာ ခုန်ချတတ်ကြပြီး တစ်ခါတစ်ရံမှာ ခုခံကာကွယ်တဲ့သဘောမျိုးနဲ့ အညစ်အကြေးတွေနဲ့ပါပတ်ဖြန်းတတ်ကြပါတယ်။ အမြင့်ကနေပြုတ်ကျရင် အကောင်အတွက် အန္တရာယ်များလို့ပါ။ ဒါကြောင့်မို့လို့ ကိုင်မယ်ဆိုရင်တော့ သတိထားပြီး ကိုင်ပါလို့ အကြံပေးပါရစေ။Purple pinktoe တွေဟာ အမြင့်နေဖြစ်တဲ့အပြင် webတွေအများကြီး ထုတ်ပြီးနေတဲ့အတွက် ကန်ဆင်ပြီးမွေးရင် တော်တော်မိုက်ပါတယ်။ အဆုံးထိဖတ်ပေးတဲ့အတွက် FNT မှကျေးဇူးတင်ပါတယ်။
❗️ပုံနဲ့စာအား ကူးယူခွင့်မပေးပါ။❗️

Photos from Fear Not Tarantulas 's post 12/05/2024

ပထမပုံက Mexican jade fuego tarantula ဖြစ်ပြီး
ဒုတိယပုံက Green bottle blue tarantula ဖြစ်ပါတယ် "ဘာကွာသွားလဲ မင်မင်ဆို" ဝေးကွာသွားတာပေါ့ကွာ🥲…
အခုဆို သူလည်း တခြားတစ်ယောက် ရင်ခွင်မှာပျော်နေပါပြီ🥹…

10/05/2024

Hello! Guys…
အခုလိုပူပြင်းတဲ့နွေရာသီမှာ tarantulas လေးတွေကို သေချာဂရုစိုက်ကြပါဗျ…အရမ်းပူတော့ death curl တွေအဖြစ်များနေလို့ပါဗျ…အစိုဓာတ်ရအောင် ရေလေးလည်း ဂရုတစိုက်ဖြန်းကြဦးနော်…

Want your business to be the top-listed Pet Store/pet Service in Mandalay?
Click here to claim your Sponsored Listing.

Category

Address

60 C/117 A
Mandalay
05061

Opening Hours

Monday 08:00 - 23:00
Tuesday 08:00 - 23:00
Wednesday 08:00 - 23:00
Thursday 08:00 - 23:00
Friday 08:00 - 23:00
Saturday 08:00 - 23:00
Sunday 08:00 - 23:00