MNH Electrical Engineering Group

MNH Electrical Engineering Group

Share

Photos from MNH Electrical Engineering Group's post 04/11/2023

Child's Hospital mdy

Photos from MNH Electrical Engineering Group's post 14/11/2021

ဓာတ်အားလိုင်းတစ်ခုတည်ဆောက်တော့မည်ဆိုလျှင် ဘာတွေသိသင့်သလဲ?

ဘာတွေကအရေးကြီးပါသလဲ?

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နိုင်ငံတစ်နိုင်ငံရဲ့တိုးတက်မှုဆိုတာ ထိုနိုင်ငံရဲ့လျှပ်စစ်
ကဏ္ဍဖွံဖြိုးတိုးတက်မှု အခြေအနေပေါ်မှာလည်းအများကြီးမူတည်နေပါတယ်။

ဒီတပတ်တော့ ဓာတ်အားလိုင်းများအကြောင်း နှင့် လက်ရှိ မြန်မာနိုင်ငံမှာ အသုံးပြုနေသော ဓာတ်အားလိုင်များအကြောင်းလေ့လာထားသလောက်အနည်းငယ်ရေးသားချင်ပါသည်။

ဓာတ်အားလိုင်းအမျိုးအစား ( ၂ ) မျိုးရှိပါသည်။

( ၁ ) ကောင်းကင်ဓာတ်အားလိုင်း( Overhead transmission line )နှင့်
( ၂ ) မြေအောက် ဓာတ်အားလိုင်း( Underground Transmission line ) တို့ဖြစ်ပါသည်။

၁။ ကောင်းကင် ဓာတ်အားလိုင်းသည် တည်ဆောက်စရိတ်သက်သာခြင်း ၊ Maintenance ပြုလုပ်ရလွယ်ကူခြင်းတို့ရှိပေမဲ့လည်း သေသပ်စွာတပ်ဆင်မှုမရှိခြင်း ၊ နည်းစနစ်မကျခြင်းတို့ကြောင့် ပတ်၀န်းကျင်ကို အနှောက်အယှက်ဖြစ်စေပါသည်။
ပြင်းထန် စွာလေတိုက်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းဒဏ်တို့ကြောင့် ဓာတ်အားလိုင်းများ နှင့် ဓာတ်တိုင်များအလွယ်တကူ ပျက်စီးစေနိုင်ပါသည်။

(အရည်အသွေးပြည့်မှီသောလိုင်းသုံးပစ္စည်းများနှင့် ဓာတ်တိုင်များ အားအသုံးပြုတပ်ဆင် ရန်နှင့် တပ်ဆင်​ရေးနည်းစနစ်များ မှန်ကန်ဖို့ကလည်းအလွန်မှ အရေးကြီးလှပါသည်။)

၂။ မြေအောက်ဓာတ်အားလိုင်းကတော့ ပြုပြင်ထိန်းသိမ်းရခက်ခဲခြင်း၊ ကုန်ကျစရိတ် (တပ်ဆင်ခနှင့်လုပ်အားခ ) မြင့်မားခြင်း ၊ ရာသီဥတုဒဏ်ခံနိုင်ခြင်း ၊ ပတ်၀န်းကျင်ကိုအနှောက် အယှက် မဖြစ်စေနိူင်ပါ။

နည်းစနစ်တိုင်းသည် အကောင်းနှင့်အဆိုးယှဉ်တွဲလျက်ရှိပါသည်။ သို့ပေမဲ့ ဆိုးကျိုးနည်း အောင် ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ နည်းလမ်းကိုရှာဖွေရန်အဓိကကျပါသည်။

ဓာတ်တိုင်များကိုလည်း အသုံးပြုမည့်နေရာနှင့် kV ကိုလိုက်၍ အမျိုးအစားခွဲခြားအသုံးပြု ရန်လိုအပ်ပေသည်။

High Voltage Transmission Line
230kV And 132 kV ( Lattice Steel Tower )

66 kV _ 15 M RC Pole
High Voltage Distribution Line

33 kV – 12 M RC Pole

11 kV ,6.6 kV and 3.3 kV – 10 M RC Pole

Low Voltage Distribution Line
400/230 V – 9 M RC Pole ဆိုပြီးခွဲခြားအသုံးပြုကြရပါသည်။

ဓါတ်တိုင်များ( pole ) များကို လိုင်းပြေးဆွဲမည့်နေရာကိုလိုက်၍ အမျိုးအစားခွဲအသုံးပြုရ ပါသည်။

၁။ Dead-End Pole – များကိုလိုင်းအစ နှင့် အဆုံး ကြိုးအစသတ်သည့် နေရာများတွင် အသုံးပြုပါသည်။ အကယ်၍ မြေနေရာနှင့် Tension လုပ်ရမည့်နေရာ၊ အခြေအနေကို လိုက်၍ ကြိုး( Conductor ) များအဆုံးသတ်ရာတွင် dead-end pole (single) ဖြင့် အဆင်မပြေပါ က Double Dead-End Pole ကိုအသုံးပြုရပါမည်။

၂။ Suspension Pole (ကြားခံတိုင်များ) - လမ်းဖြောင့်အတိုင်းဆွဲရန် အဆင်ပြေသောနေ ရာများတွင်ကြားခံတိုင်အဖြစ် အသုံးပြုပါသည် ။

၃။ Angle Pole - ထောင့်ချိုးများ၊လမ်းကွေ့များတွင် စိုက်ထူရပါသည်။ Angle Pole (၂) မျိုးရှိပါသည်။

- (7° to 29°)degree ကြား တွင် Light Angle Pole ကိုအသုံးပြုပါသည်။

- ( 30° to 90°)degree ချိုးသော လမ်းကွေ့များတွင် Heavy Angle Pole ကို အသုံးပြုပါသည်။

၄။ ထောက်တိုင် ( supporting pole ) - တချို့ဒေသများမှာ ​ ထောင့်ချိုးတိုင်များကိုနောက် ခံဆိုင်းကြိုး ( Stay ) တင်းရန်အဆင်မပြေပါက အကူအညီပေးနိုင်ရန် ကျားကန်စိုက် ထူထားပါသည်။

၅။ Stay Rod ( ဓာတ်တိုင်များးအားဆိုင်းကြိုးဆွဲထားခြင်း )-အဓိကရည်ရွယ်ချက်ကတော့ ရာသီဥတုဒဏ်ကြောင့် ဓာတ်တိုင်များအလွယ်တကူ ယိမ်းယိုင်ခြင်း ၊လဲသွားခြင်းမဖြစ်စေရန် ဆိုင်းကြိုးထားခြင်း ဖြစ်ပါသည်။ တောင်ကုန်းများကို ဖြတ်၍သော်လည်းကောင်း၊ အနိမ့် အမြင့်မညီသော နေရာများ၊ angle pole ( ထောင့်တိုင်များ) ၊ လမ်းဖြတ်စိုက်ထူထားသော တိုင်များတွင် အထူးသတိထားစိုက်ထူပေးရန်လိုအပ်ပါသည်။

Stay ကြိုးဆွဲခြင်းတင်လည်း (၂) မျိုးရှိပါသည်။

၁။ Back Stay – Dead-end pole ၊ Angle Poles ၊ Suspension pole များတွင် pole များယိမ်းယိုင်မှုမရှိစေရန် နောက်မှဆိုင်းထားခြင်းဖြစ်သည်။ပုံမှန် back stay ဖြင့်ဆိုင်း၍ မရပါက ပိုမိုကောင်းမွန်စေရန် သံ (သို့ ) concrete တိုင်များကိုလည်း အကူသဘောစိုက် ထူထားပေးသင့်သည်။

၂။ Fly Stay – လမ်းကွေ့များ ၊back stay ဆွဲရန် အဆင်မပြေသောနေရာများတွင် ဓာတ်တိုင်နှင့် မျက်နာချင်းဆိုင်တွင် တိုင်တစ်တိုင်စိုက်ထူပြီးထိုတိုင်နှင့် ဓာတ်တိုင်ထိပ်ခြင်း ကြိုးဆိုင်းရပါမည်။ထို့နောက်မျက်နာချင်းဆိုင်လမ်းအကျော်တွင် စိုက်ထားသောတိုင်အား နောက်ခံဆ်ိုင်ကြိုးဆွဲပေးရပါမည်။

Crd to Original uploader!!!

05/11/2018

လျှပ်​စစ်​ ကျွမ်းကျင်​ လုပ်​သားများအလိုရှိသည်
ခေါင်း​ဆောင်​ ၅ ဦး
လျှပ်​စစ်​ လုပ်​ငန်းကျွမ်းကျင်​သူ
နေ့စား။ သို့မဟုတ်​ လစား။ ညှိနှိုင်း ​ပေးမည်

နောက်​လိုက်​(အကူ) ၅ ဦး
နေ့စား။ သို့မဟုတ်​ လစား။ ညှိနှိုင်း ​ပေးမည်

နံက်​ ၉:၃၀ မှ ည​နေ ၄:၀၀ နာရီ အတွင်း
ဆက်​သွယ်​ရန်​ဖုန်း
၀၉၂၀၆၄၆၈၆
၀၉၉၆၂၀၆၄၆၈၆

မှတ်​ချက်
မန္တ​လေးမြို့ပြင်​ (နယ်​ဘက်​သို့) သွားလာနိုင်​ရမည်​။

Want your business to be the top-listed Home Improvement Business in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

71 Road, Bet; 27x28 Building (2) Room(10)
Mandalay