Chef Romeo

Chef Romeo

Share

28/01/2025

ကျွန်တော့် message box က young chefs တွေရဲ့ အကြံဥာဏ်တောင်းခံတာတွေ အမြဲ ရလေ့ရှိလို့ အချိန်ရခဲ့ရင် သေချာ စာပြန်ပေးလေ့ရှိပါတယ်။ message တိုင်းက ကိုယ့် Chat Box စီကိုတိုက်ရိုက်မဝင်နေပဲ request message box မှာ စုပြုံနေတော့ တစ်ချို့ဆိုရင် ကြာနေရော။ မနက်ကမှ စာအရှည်ကြီးရေးထားတဲ့ ကလေးတစ်ယောက်ရဲ့ message လေးတွေ့ရလို့ ဒီပို့စ်လေးကို ရေးပေးလိုက်ပါတယ်။

သူရေးထားတဲ့လိုရင်းက သူ့chef ထွက်သွားလို့ လက်ရှိဟိုတယ်မှာ Experience သိပ်မရှိသေးတဲ့ သူတို့ထဲက chef တစ်ယောက်ကိုဆွဲခန့်လိုက်တယ်။ စျေးမှာတာက အစ ကမောက်ကမဖြစ်နေတယ်။ ကျွန်တော့်စိတ်ထင် ဟိုတယ် အသေးတစ်လုံးမှာလို့ ထင်ပါတယ်။ အကြံဥာဏ်တောင်းခံတဲ့ ခလေးက သူလည်း တိုးတက်ရာအတွက် ထွက်ချင်ပေမယ့် လက်ရှိအလုပ်ကို ထားမသွားရက်ဘူးဖြစ်နေလို့ ဘယ်လိုလုပ်သင့်လဲဆိုတာ အကြံဉာဏ်တောင်းခံ ထားတဲ့ စာပါ။

ဒီလိုကိစ္စတွေ နဲ့ပါတ်သတ်ပြီး ပြောရမယ်ဆိုရင် ဒါဟာ ဖြစ်လေ့ရှိတဲ့ကိစ္စပါပဲ။ အလုပ်တွေက experience ရှိတဲ့သူတွေနေရာမှာ အဆင်ပြေတဲ့သူတွေနဲ့ အစားထိုးမိတတ်ကြတယ်။ အဲ့လိုအခါမှာ အခုလိုပဲ ခနတာ ကမောက်ကမ ဖြစ်တတ်ကြတယ်။ အစားထိုးခံရတဲ့ သူရဲ့ အတွေ့အကြုံပေါ်မူတည်ပြီး အဲ့ဒီကာလက ကြာရင်လည်းကြာတတ်တယ်။ အဲ့ဒီနောက် နောက်ထပ်ဝန်ထမ်းတွေလည်း ထပ်ထွက်တတ်ကြတယ်။

ပြောရမယ်ဆိုရင်ဗျာ စွမ်းဆောင်ရည်ရှိပြီး အတွေ့အကြုံရှိသော Chef တွေ သို့မဟုတ် ဝန်ထမ်းတွေဟာ တစ်ချိန်မှာ သူတို့ရဲ့တိုးတက်ရာတိုးတက်ကြောင်းကြောင့်ထွက်သွားတာပဲဖြစ်ဖြစ်တခြား အကြောင်းအရာများကြောင့် ကိုယ့်အလုပ်ထဲကနေ ထွက်သွားတာကြောင့် အလုပ်ခွင်မှာ ဆုံးရှုံးရတတ်ပါတယ်။ ဒီလိုအချိန်မှာ လက်ကျန်နေရာမှာ အသစ်ခန့်ထားရသော ဝန်ထမ်းများသည် အတွေ့အကြုံနည်းပါးသည့်အတွက် ရော စီမံခန့်ခွဲမှုနှင့် အရည်အသွေးအပေါ်မှာ အောက်ခြေဝန်ထမ်းတွေက လက်မခဲသေးတာတွေ ရှိတတ််ပါတယ်။ ဒါဟာလည်း ဖြစ်လေ့ရှိကြတဲ့သဘောပါ။

တစ်ချိို့တွေ မြင်ဖူးတယ်။ အလုပ်ထဲလည်း အဆင်မပြေဘူး။ စိန်ခေါ်မှုတွေကြုံရမှာစိုးလို့ အလုပ်သစ်လည်း မလျှောက်ရဲဘူး။ အဆင်မပြေလည်း သည်းခံနေနေရတယ်နှစ်တွေကိုဆွေးရော။ လူငယ်တွေကိုပြောချင်တယ်။ ငယ်တဲ့အချိန်မှာ အလုပ်ကို တဆင့်ချင်းဆီတိုးတက်ဖို့ အလုပ် ပြောင်းဖို့ ကို လုံးဝမကြောက်ပါနဲ့။ စိန်ခေါ်မှုတွေ အခက်အခဲတွေကို လည်းမကြောက်ပါနဲ့။ ငယ်တဲ့အခါမှာ ကတည်းက နောက်လိုက်ကောင်းဖြစ်ခဲ့အောင် ကြိုးစားပါ။ အတွေ့အကြုံနဲ့ အရည်အချင်းရှိတဲ့ ဆရာတွေဆီမှာ ဆည်းပူးပါ။

ကိုယ်က ရည်မှန်းချက်မြင့်မြင့်ထားထားရင် ဒီထက်မြင့်တဲ့နေရာမှာ ရအောင်လျှောက်ကိုလျှောက်ရမှာပါ။ ဒုက္ခရောက်နေချိန်မှာ ထားခဲ့သလိုဖြစ်လားဆိုတော့ မဖြစ်ပါဘူး။ အဲ့ဒီအတွက်နောက်ဆံမတင်းပါနဲ့။ ကိုယ်ကသာprofessional ဆန်ဆန် notice ပေးပြီးထွက်ပါ။ နောက်ဆုံးအချိန်အထိ သေသေချာချာလုပ်ပေးပါ။

တစ်ဆင့်ချင်းစီပြောရရင်

ရည်မှန်းချက် မြင့်မြင့်ထားပါ။ ကိုယ့် ရဲ ရည်မှန်းချက်နှင့် ကိုက်ညီသော နောက်ထပ်အလုပ်သစ်အတွက် CV သို့မဟုတ် Resume ကိုပြင်ဆင်ထားပါ။ ပြီးရင် ကိုယ်မှန်းထားတဲ့ဦးစားပေးနေရာတွေကို လျှောက်ပါ။ ဥပမာ LinkedIn၊ စတဲ့ Professional Platforms တွင် Profile ပြည့်စုံအောင် ပြင်ဆင်ပြီး, မိမိရဲ့ လုပ်နိုင်စွမ်းများကို အကောင်းဆုံး ရှင်းလင်းတင်ထားပါ။

မိမိနေရာမှာ နေရာယူနိုင်မယ့် သူတွေကို လေ့ကျင့်ပေးပါ။ မိမိထွက်သွားလည်း အလုပ်မှာ အခြေမပြတ်ဆက် run နိုင်ဖို့အတွက်စေတနာထား လုပ်ပေးပါ။ အခက်အခဲကြုံလည်းပဲ ခွင့်လွှတ် သည်းခံ တတ်သောမိမိစိတ်ထားကို ပြသပါ။ Teamwork ကို ပိုပြီး ရှိပါစေ။

အရည်အချင်းရှိသော အတွေးအခေါ် လို့ခေါ်တဲ့ Key Takeaways ရှိနေပါစေ။ ဒီသုံးချက်ကို မမေ့ပါနဲ့။

၁) Notice ပေးပြီးမှ ထွက်ပါ။ HR သို့မဟုတ် အလုပ်ရှင်က မိမိနေရာအစားထိုးဖို့ လုံလောက်တဲ့အချိန်လိုပါတယ်။

၂) မိမိရဲ့ professionalism ကိုအလုပ်ရဲ့နောက်ဆုံးအချိန်အထိ ထိန်းသိမ်းထားပါ။ လုံးဝ No Show လို့ခေါ်တဲ့ ရုတ်တရက်အလုပ်ထွက်တာမျိုးမလုပ်ပါနဲ့။ ကိုယ့်ရဲ့ Resume မှာပါ No Show နဲ့ထွက်ခဲ့တဲ့ အလုပ်အတွေ့အကြုံ မရေးရဲလောက်တဲ့အထိ သိမ်ငယ်သွားလိမ့်မယ်။

၃) မိမိအလုပ်ထွက်တဲ့အပေါ်ကို တခြားသူတွေက အထင်တကြီးရှိနေပါစေ။ အားကျနေကြပါစေ။ သိပ်အရေးကြီးပါတယ်။

ဘဝအနာဂတ်သည် အတိတ်ထက် အလင်းရှိနေပါတယ်။ အနာဂတ်အတွက်ကောင်းသောအခွင့်အလမ်းတွေက
လက်ရှိ မိမိရဲ့ပစ္ဆုပန်လုပ်ဆောင်ချက်တွေ အပေါ်မှာ အများကြီး မူတည်နေတယ်ဆိုတာ မမေ့
ပါနှင့်။

Chef Romeo

05/01/2025

Want your public figure to be the top-listed Public Figure in Mandalay?
Click here to claim your Sponsored Listing.

Category

Address

Mandalay