PC-Doctor
လူကြီးမင်းတို့ရဲ့Desktop Computer များ Laptop PC များကို
* Windows သွင်းခြင်း
* Virus များ ရှင်းလင်းပေးခြင်း
* လိုအပ်သော Software များ ထည့်သွင်းပေးခြင်း
* Hardware ပြဿနာများ
* Network ပြဿနာများ
* Printer ပြဿနာများနှင့်
* Wifi ပြဿနာများ
* AD Server ပြဿနာများ
* အရေးတကြီး စာရင်းအင်းများနှင့် အချက်အလက်များကိုလဲ Virus ကိုက်၍ မပျက်စီးစေရန် Backup လုပ်ပေးခြင်းများ ကို
အိမ်တိုင်ရာရောက် ဈေးနှုံးချိုသာစြွာ
မင်္ဂလာပါ ခင်ဗျ
ကျွန်တော်ရဲ့ PC-Doctor Page လေးကို တွေ့ပြီး စိတ်ဝင်တစား ဖုန်းဆက်လာကြတဲ့ Customer များကို ကျေးဇူးအထူးတင်ရှိကြောင်း ပထမ ဦးစွာ ပြောကြားလိုပါတယ်ခင်ဗျာ
ကျွန်တော်တို့ PC-Doctor ဟာ မန္တလေးမှာ ရှိကြောင်း Post ထဲမှာ မထည့်ထားမိတဲ့အတွက်လဲ အားနာမိကြောင်း အနူးအညွှတ် တောင်းပန်ရင်း ပြောကြားလိုပါတယ် ခင်ဗျ
အလုပ်နည်းနည်း များနေလို့ Post အသစ် မတင်တာလဲ ကြာနေတော့ Customer တွေ ဖုန်းဆက်လာလို့ အခုလို တောင်းပန်ကြောင်း Post တင်တာပါခင်ဗျာ
စိတ်ဝင်တစား ဝင်ကြောင့် ဖတ်ရှု့ပေးကြတဲ့ သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်
16/11/2017
LAN Network ထဲကမတူညီတဲ့ OS Version တွေမှာ Printer ကို အဆင်ပြေပြေ Sharing ပြုလုပ်နိုင်စေဖို့ပါ
ပုံတစ်ပုံချင်း ထောက်ပြီး ဖတ်ကြည့်ပါခင်ဗျ
# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #
* လူကြီးမင်းတို့ရဲ့Desktop Computer များ
* Laptop PC များကို
* Windows သွင်းခြင်း
* Virus များ ရှင်းလင်းပေးခြင်း
* လိုအပ်သော Software များ ထည့်သွင်းပေးခြင်း
* Hardware ပြဿနာများ
* Network ပြဿနာများ
* Printer ပြဿနာများနှင့်
* Wifi ပြဿနာများ
* AD Server ပြဿနာများ
* အရေးတကြီး စာရင်းအင်းများနှင့် အချက်အလက်များကိုလဲ Virus ကိုက်၍ မပျက်စီးစေရန် Backup လုပ်ပေးခြင်းများ ကို
အိမ်တိုင်ရာရောက် ဈေးနှုံးချိုသာစွာဖြင့် လိုက်လံပြုပြင်ပေးပါသည်။
ကုမ္ပဏီများနှင့် အစိုးရရုံးများကဲ့သို့ ကွန်ပျူတာအရေအတွက်များသော လုပ်ငန်းများအတွက် လစဉ် Contract ချုပ်၍ တစ်လ 4ကြိမ် / 2 ကြိမ် (သို့မဟုတ်) တစ်ပတ် တစ်ကြိမ် ပုံမှန် Error စစ်ပေးခြင်း Virus စစ်ပေးခြင်း Data Backup ပြုလုပ်ပေးခြင်းများကို အထူးဈေးနှုံးဖြင့် ဝန်ဆောင်မှု့ ပြုလုပ်ပေးပါသည်
အသေးစိတ်သိရှိလိုပါက
PC-Doctor Hotline 09-251115553 သို့ 24 Hour ဆက်သွယ်စုံစမ်းနိုင်ပါသည် ။
မိမိ Computer မှာ Restart ခဏ ခဏ ကျနေ ပါသလား
ဖြေရှင်း ကြရ အောင်ဗျာ. သည်နည်းလမ်း လေးကို ကျွန်တော် ကွန်ပျူတာ တလုံးမှာ ဖြစ်ခဲ့ ဖူးတုန်းက စာအုပ်လေး တစ်အုပ် တွေ့ခဲ့ ပါတယ်။ အဲဒီ စာအုပ်လေး ထဲက လမ်းညွှန်ချက် လေးတွေကို မှတ်သားပြီး သိမ်းထား ခဲ့တာပါ။ ခုတော့ အများ ဗဟုသုတ ရရှိစေရန် အလို့ငှါ ပြန်လည် မျှဝေ လိုက်ရခြင်း ဖြစ်ပါတယ်...
မိမိတို့ရဲ့ Computer တွေမှာ Restart မကြာ ခဏ ကျနေတဲ့ Error မျိုးတွေ ကြုံတွေ့ရ တတ်ပါတယ်။ Restart ကျတယ် ဆို တာ ကလည်း ၂ မျိုး ရှိပါတယ်။ Computer ဖွင့် လိုက်တာနဲ့ တက်တက် ချင်းမှာ Windows ဟာ အလိုလိုနဲ့ဘဲ မတက်တော့ပဲ အဖန် တလဲလဲ Restart ကျကျနေ တာမျိုးလည်း ရှိသလို၊ အသုံးပြု နေရင်း လည်း အချိန် ဘယ်လောက် ကြာတာနဲ့ Restart ကျကျ သွားတတ် ပါတယ်။ နောက် Shut-down လုပ် လိုက်တာကို Shut-down မကျပဲနဲ့ restart ပဲ ဖြစ်ဖြစ် သွားတာမျိုး လည်း ရှိပါတယ်။ အဲဒီလို Restart ခဏ ခဏ ကျနေခြင်းဟာ အမျိုးမျိုးကြောင့် ဖြစ် နိုင်ပါတယ်။ ဒါကြောင့် Restart ခဏခဏ ကျနေတဲ့ အခါ ဖြစ်လာ ရင်တော့ စစ်ဆေးမှု အမျိုးမျိုး ပြုလုပ် ရပါ လိမ့်မယ်။
( ၁ ) Computer ဖွင့်ဖွင့်ချင်းမှာ Windows မတက် လာတော့ပဲ Restart ချည်းပဲ ခဏခဏ ကျနေတယ် ဆိုရင်တော့ ဒါဟာ Windows OS က အရေးကြီးတဲ့ File တစ်ခုခု lost ဖြစ်သွား ရင်ပဲ ဖြစ်ဖြစ် (သို့) Windows OS က တစ်ခုခု ဖြစ်တာပဲ ဖြစ်ဖြစ် ၊ နောက် CPU က Overheat ဖြစ်လို့ပဲ ဖြစ်ဖြစ် ၊ RAM (Memory ) မကောင်းလို့ပဲ ဖြစ်ဖြစ် ဖြစ်တတ် ပါတယ်။ ( ၂ ) CPU က Overheat ဖြစ်နေ ရင်လည်းComputer က Restart ခဏခဏ ကျတတ် ပါတယ်။ CPU တွေက ပုံမှန် အားဖြင့်Temperature 30 လောက် ကနေ နောက်ပိုင်း CPU တွေ မှာတော့ Over 60 Degrees (C) လောက်မှာRun ပါတယ်။) Temperature က unsafe Level မှာ ရောက်သွားတဲ့ အချိန် Restart ကျကျ သွားတတ် ပါတယ်။ ဒါကြောင့် လစဉ် System Unit ကို ဖွင့်ပြီး CPU အောက်မှာ ရှိတဲ့ Heat Sink ကို သန့်ရှင်းပေး သင့်ပါတယ်။ သူ့ကို သန့်ရှင်း မပေးလို့ ရှိရင် သူကနေ ဖုန်တွေ စုစည်း ထားတဲ့ အခါ လေ စီးဆင်းမှု (Airflow) ကို ထိခိုက် နိုင်ပါတယ်။ အဲဒီလို လေစီးဆင်းမှု မကောင်းလို့ Heat sink က အအေး မပေးနိုင်တဲ့ အခါ CPU မှာလာပြီး overheat ဖြစ်တတ် ပါတယ်။ ဒါကြောင့် CPU ကို Overheat မဖြစ်အောင် ထိန်းသိမ်း ရပါမယ်။
နောက် တစ်ခု အနေနဲ့ မိမိရဲ့ RAM (Memory) ကို အရင် စစ်ဆေးပါ။ Memory က Bad Memory ဖြစ်နေ ရင်လည်း Computer က Restart ခဏခဏ ကျတတ် ပါတယ်။ တစ်ခါတစ်ရံမှာ Memory က ပျက်တာ မဟုတ် ဘဲနဲ့ Motherboard မှာရှိတဲ့ RAM Slot က မကောင်း တာလည်း ဖြစ်တတ် ပါတယ်။ ဒါကြောင့် ပထမ ဦးဆုံး System Unit ကို ဖွင့်ပြီး RAM ကိုဖြုတ် Slot ပြောင်းပြီး တပ်ကြည့်ပါ။ အဲဒါမှ မရဘူး ဆိုရင်တော့ RAM Slot က မဟုတ်တော့ ပါဘူး။ နောက်ထပ် ကောင်းမွန်တဲ့ RAM တစ်ချောင်းနဲ့ လဲပြီး စမ်းကြည့်ပါ။ ပြန်ကောင်း သွားပါ လိမ့်မယ်။ ဒါပေမယ့် RAM အသစ် လဲလို့မှ မကောင်းသေး ဘူးဆိုရင်တော့ ဆက်ပြီး အဖြေရှာ ရပါဦးမယ်။ ၄င်းနောက် ဖြစ်တတ် တာက Windows OS ကတစ်ခုခု ဖြစ်နေလို့ Restart ခဏခဏ ကျနေတယ် ဆိုရင်လည်း နောက်ဆုံး Windows OS ကို Repair လုပ်ရင် လုပ် ၊ ပြန်ပြီး Windows ပြန်တင်ရင် တင် လုပ်ရ ပါတော့မယ်။ အခု ပြထားတဲ့ ပုံတွေ ကတော့ ဖုန်တွေကို သန့်ရှင်းရေး လုပ်ပေးဖို့ အတွက် ဖြစ်ပါတယ်။ ဖုန်း ကြောင့်လည်း Fan တွေ ရပ်ပြီး Heat တက်ရင် ကွန်ပျူတာက Restart ဖြစ်တတ် တာကိုး။ Computer ကိုအသုံးပြုနေရင်း ဘယ်နှစ်နာရီကြာရင် Restart ဖြစ်ဖြစ် သွားတာတို့ ၊ Shut down လုပ်တာကို Restart ဖြစ်ဖြစ် သွားတာတို့ ဆိုရင်တော့ အထက်က နည်းတွေကို မလုပ်ခင် Startup and Recovery မှာရှိတဲ့ Automatically Restart ဆိုတာကို Disable လုပ်ပေးရမှာပါ။
အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်း အတိုင်း လိုက်လံ စမ်းသပ် ကြည့်ပါ။ My Computer ကို Right Click နှိပ်ပြီး Properties ကို နှိပ်ပါ။ အပေါ်က ပုံ အတိုင်း နံပါတ်စဉ် လိုက် ကလစ်ပေး လိုက်ပါ။
ပုံမှာ ပြထားတဲ့ အတိုင်း Automatically restart ဆိုတာမှာ အမှန်ခြစ် ဖြုတ်ပေး လိုက်ပါနော် ပြီးတာနဲ့ OK ပေး လိုက်ပါ..အဆင်ပြေပါပြီ။ အဲဒါမှ Problem က ဖြေရှင်းလို့ မရသေးဘူး ဆိုရင် ကွန်ပျူတာ တက်လာလာ ချင်းမှာ F8 Key ကို နှိပ်ထားပါ။ အဲဒီလို နှိပ်လိုက်တဲ့ အခါ Advanced Boot Option ကို တွေ့ရ ပါလိမ့်မယ်။ Advanced boot option ထဲကမှ Disable automatically restart on system failure ဆိုတာကို ရွေးပြီး Enter ခေါက်ပါ။ Windows ကပုံမှန်အတိုင်းပြန် တက်သွားပါလိမ့်မယ်။ ဒါလေး ကတော့ ကျွန်တော် ဖြစ်ဖူးတဲ့ ပြသနာလေးကို လိုက်ရှာဖွေ ရင်း တွေ့ရှိပြီး လိုက်လုပ်တာ အဆင်ပြေခဲ့တဲ့ နည်းလမ်းလေးဘဲ ဖြစ်ပါတယ်။ သည် နည်းလမ်းကို Youth Computer ကနေ တင်ထားတာ တွေ့လို့ ပြန်လည် ဝေမျှပေး လိုက်ခြင်း သက်သက်သာ ဖြစ်ပါတယ်
# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #
* လူကြီးမင်းတို့ရဲ့Desktop Computer များ
* Laptop PC များကို
* Windows သွင်းခြင်း
* Virus များ ရှင်းလင်းပေးခြင်း
* လိုအပ်သော Software များ ထည့်သွင်းပေးခြင်း
* Hardware ပြဿနာများ
* Network ပြဿနာများ
* Printer ပြဿနာများနှင့်
* Wifi ပြဿနာများ
* AD Server ပြဿနာများ
* အရေးတကြီး စာရင်းအင်းများနှင့် အချက်အလက်များကိုလဲ Virus ကိုက်၍ မပျက်စီးစေရန် Backup လုပ်ပေးခြင်းများ ကို
အိမ်တိုင်ရာရောက် ဈေးနှုံးချိုသာစွာဖြင့် လိုက်လံပြုပြင်ပေးပါသည်။
ကုမ္ပဏီများနှင့် အစိုးရရုံးများကဲ့သို့ ကွန်ပျူတာအရေအတွက်များသော လုပ်ငန်းများအတွက် လစဉ် Contract ချုပ်၍ တစ်လ 4ကြိမ် / 2 ကြိမ် (သို့မဟုတ်) တစ်ပတ် တစ်ကြိမ် ပုံမှန် Error စစ်ပေးခြင်း Virus စစ်ပေးခြင်း Data Backup ပြုလုပ်ပေးခြင်းများကို အထူးဈေးနှုံးဖြင့် ဝန်ဆောင်မှု့ ပြုလုပ်ပေးပါသည်
အသေးစိတ်သိရှိလိုပါက
PC-Doctor Hotline 09-251115553 သို့ 24 Hour ဆက်သွယ်စုံစမ်းနိုင်ပါသည် ။
24/10/2017
What is Computer Software?
Software ဆိုတာလက်နဲ့ထိတွေ့ကိုင်တွယ်လို့မရတဲ့ အရာကို Computer ဘာသာရပ်မှာ Software လို့ခေါ်ပါတယ်၊ Software ဆိုတာက Computer Hardware တွေကိုထိန်းချုပ်မောင်းနှင်တဲ့အရာပါ၊ Software မှာ ၂ ပိုင်းပဲရှိပါတယ် အဓိကပင်မ Main Software ရယ်၊ အသုံးချ Software ရယ်ပါ Main Software ဆိုတာကတော့ Operation System (OS) တွေကိုပြောတာပါ အသုံးချ Software ဆိုတာကတော့ ကျွန်တော်တို့ ထပ်စောင်း Install လုပ်ပြီးသုံးတဲ့ Software တွေပါ။
Operation System
Operation System ဆိုတာ Computer System တစ်ခုလုံးကိုထိန်းချုပ်မောင်းနှင်တဲ့ Software ပါ Operation System အမျိုးမျိုးရှိပါတယ် အဲဒါတွေကတော့ Unix, Windows, Linux, Mac နှင့်အခြားသော Private OS တွေပါ ဒီမှာအဓိကပြော မှာကတော့ Windows ပါ၊ Windows အကြောင်းကို အပေါ်မှာရေးခဲ့ပြီးပါပြီ။
Installation Windows
Installation Windows ဆိုတာကတော့ Windows တင်တဲ့ ပုံစံအကြမ်းဖျင်းကိုပြောမှာပါ ။
ပထမဆုံး Windows တင်မဲ့စက်ရဲ့ First Boot Drive ကိုရွေးဖို့အတွက် BIOS ထဲဝင်ရပါမယ် BIOS ထဲဝင်ဖို့အတွက် F2 (or) F12 (or) Del Key တို့ကိုနှိပ်ပေးရပါမယ် စက်အမျိုးအစားပေါ်မူတည်ပြီး BIOS ထဲဝင်တာကွဲပြားပါတယ် ဘယ် Key နှင့် ဝင်ရမယ်ဆိုတာ Computer စဖွင့်တဲ့အချိန် Motherboard Logo တက်လာတဲ့အချိန်မှာ ဘယ်ဘက်အောက်ထောင့်မှာ နိုပ်ရမဲ့ Key လေးတွေပြထားပါတယ် BIOS ထဲရောက်ပြီဆိုရင် Boot Tab အောက်က First Boot ကို CD ROM ကိုထားပေးရမှာပါ သို့မဟုတ် Memory Stick နှင့်တင်မယ်ဆိုရင်လည်း Memory Stick ကိုရွေးပေးရပါမယ် First Boot ရွေးတဲ့အချိန်မှာ တစ်ချို့စက်တွေက F6 and F7 ကိုအသုံးပြုရသလို တစ်ချို့စက်တွေက - နှင့် + ကိုအသုံးပြုရပါတယ် First Boot ရွေးပြီးရင်တော့ F10 ကိုနိုပ်ပြီး BIOS Setting ကို Save and Exit လုပ်ပြီးထွက်လာလို့ရပါပြီ Windows ပါတဲ့ DVD ခွေကိုစက်ထဲထည့်ထားပါ စက်ပြန်ပွင့်လာရင် Windows Installation Setup Press Any Key . . . ဆိုပြီးတက်လာရင် Key တစ်ခုခုနိုပ်လိုလို့ရှိရင် Windows Loading Files တွေကိုအရင်ဆွဲယူပါလိမ့်မယ် ပြီးရင် Windows Install Dialog Box တက်လာပါလိမ့်မယ် အဲမှာ Install ဆိုတဲ့ Bottom ကိုနိုပ်ပေးပါ နောက်တစ်ခုထပ်တက်လာမှာကတော့ Windows ကို Upgrade ပေးမှာလား Custom နှင့်တင်မှာလားမေးတဲ့ Dialog Box ကျလာလို့ရှိရင် Custom ကိုရွေးပေးပါ နောက်တစ်ဆင့် တော့ Hard Disk ကို Partition ပိုင်းတဲ့အပိုင်းပဲဖြစ်ပါတယ် ကိုယ် Windows ထားမဲ့အပိုင်းကိုရွေးပေးရမှာပါ အရင်ဆုံး Windows အဟောင်းရှိတယ်ဆိုရင် Windows အဟောင်းရှိတဲ့ Partition ကို Format ပေးရပါမယ် ပြီး ကိုယ် Windows တင်မဲ့ Partition ကိုရွေးပေးပါရမယ် ပြီးရင် Windows Installation လုပ်တာကို စောင့်ပါ နောက်အဆင့်တွေကတော့မခက် တော့ပါဘူး Language မှာ English(US) စတာတွေရွေးပြီး User Name ထည့်တာတို့ပေါ့ Date and Time Zone ချိန်တဲ့ အခါမှာ Myanmar (Yangon 6:30) ကိုရွေးရပါမယ် ကျန် တာ ကတော့ လွယ်သွားပါပြီ . . . နောက်ကိုယ်တင်သုံးချင်တဲ့ Software တွေကိုတင်ပြီးအသုံးပြုလို့ရပါပြီ ။
အခုဆက်ရေးမှာကတော့ Computer မှာသုံးတဲ့ Shortcut လေးတွေပါအသုံးများတဲ့ဟာလေးတွေပေါ့ ။
Computer Shortcut
Windows Key + E ဆိုတာကတော့ Computer Dialog Box ကိုဖွင့်တာပါ။
Windows Key + R ဆိုတာကတော့ Run Box ကို ဖွင့်တာပါ။
Windows Key + P ဆိုတာကတော့ Projector နှင့်တွဲတဲ့အခါ ဒါမှာမဟုတ် Monitor တစ်လုံးထက်ပိုတွဲတဲ့အခါမှာသုံးတာပါ။
Windows Key + Pausa Key ဆိုတာကတော့ System Properties ကိုဖွင့်တာပါ။
Windows Key + M ဆိုတာကတော့ ဖွင့်ထားတဲ့ Dialog Box တွေ Software တွေအားလုံးကို Minimize လုပ်တာပါ။
Windows Key + Shif + M ဆိုတာကတော့ Minimized လုပ်ထားတဲ့ Dialog Box အားလုံးကိုပြန်ပြီး Maximize လုပ်တာပါ။
Windows Key + Tab Key ဆိုတာကတော့ ဖွင့်ထားတဲ့ Dialog Box တွေ Software တွေကို ရွေးဖွင့်တာပါ ပုံပြပေးပါမယ်။
Windows Key + Tab Key သုံးထားတဲ့ပုံပါ။
Windows Key + L ဆိုတာကတော့ Windows ကို Lock ချတာပါ။
Windows Key + F ဆိုတာကတော့ Computer ပေါ်မှာရှိတဲ့ File တွေရှာတဲ့ Dialog Box ကိုဖွင့်တာပါ။
Windows Key + Up Arrow ဆိုတာကတော့ Maximize ပါ။
Windows Key + Down Arrow ဆိုတာကတော့ Minimize ပါ။
Windows Key + Right Arrow ဆိုတာကတော့ ညာဘက်ထောင့်ကိုကပ်ပြီးတစ်ခြမ်းအပြည့်ယူတာပါ ။
Windows Key + Left Arrow ဆိုတာကတော့ ဘယ်ဘက်ထောင့်ကိုကပ်တာပါ။
Windows Key + D ဆိုတာကလည်း All Dialog Minimize ပါ။
Ctrl + C ကတော့ Copy
Ctrl + V ကတော့ Paste
Ctrl + Z ကတော့ နောက်ပြန်သွားတာပါ ။
Ctrl + Shift + Esc ကတော့ Task Manager ကိုဖွင့်တာပါ။
Ctrl + Alt + Del ကတော့ Windows Lock Screen (or) Lock Menu ကိုသွားတာပါ။
Alt + Tab Key ကတော့ ဖွင့်ထားတဲ့ Dialog Box or Softwar တွေကိုရွေးပြီး ပြောင်းတာပါ Windows Key + Tab Key နှင့်အတူတူပါပဲ။
F5 ကတော့ Refresh ပါ။
Alt + F4 ဆိုတာကတော့ Software တွေ Dialog Box တွေပိတ်တာနှင့် Windows Shutdown ချတာမှာသုံးတာပါ။
အခုရေးထားတာကတော့ အသုံးများတဲ့ Shortcut Key တွေဖြစ်ပါသည်။
အခုဆက်ပြောမှာကတော့ Windows Properties ကြည့်တဲ့ပုံဖြစ်ပါတယ်။
အခုပုံမှာမြင်ရတာကတော့ ကျွန်တော့ Computer ရဲ့ Windows Properties ပါ ပုံကိုကြည့်မယ်ဆိုရင် ပထမဆုံး Windows Edition ဆိုတာကိုတွေ့ရပါလိမ့်မယ် Windows Edition ဆိုတာကတော့ Windows အမျိုးအစားကိုပြောတာပါ Windows 7 မှာဆိုရင်လည်း Edition ပေါင်းမြောက်များစွာရှိပါတယ် ပုံမှာမြင်ရတဲ့ Edition ကတော့ Ultimate ဖြစ်ပါတယ် ပြီးတော့ 2009 ခုနှစ်က ထုတ်လုပ်ခဲ့ပြီး မူပိုင်တင်ထားတဲ့ Edition ဖြစ်တယ်ဆိုတာကိုပြထားပါတယ် နောက်တစ်ခုကတော့ System ဆိုတာဖြစ်ပါတယ် System Tab အောက်မှာ Rate ကိုဖော်ပြထားပါတယ် နောက်တစ်ခုကတော့ CPU ကိုဖော်ပြထားပါတယ် CPU က ဘယ်လောက်ရှိတယ်ဆိုတာရယ် Clock Speed ဘယ်လောက်နဲ့အလုပ်လုပ်တယ်ဆိုတာကိုဖော်ပြထားတာပါ နောက်တစ်ခုကတော့ RAM ကိုဖော်ပြထားပါတယ် ကိုယ့် Computer မှာ RAM ဘယ်လောက်ရှိတယ် ဘယ်လောက်အသုံး ပြုလို့ရတယ်ဆိုတာကိုဖော်ပြထားတာပါ နောက်တစ်ခုက System Type ဖြစ်ပါတယ် ကိုယ်တင်ထားတဲ့ Windows က 32 Bit လား 64 Bit လားဆိုတာကိုပြထားတာပါ 32 Bit ကို x86 လို့လည်းခေါ်ပါတယ် နောက်တစ်ခုကတော့ Pen and Touch ဆိုတာဖြစ်ပါတယ် Pen and Touch ဆိုတာကတော့ Pen နဲ့တွဲပြီးစားရေးတာကိုပြောတာပါ နောက် Tab တစ်ခုကတော့ Computer name, domain and workgroup settings ဖြစ်ပါတယ် အဲ Tab အောက်မှာဖော်ပြထားတာကတော့ Computer Name ရယ် Computer Full Name ရယ်ပါ အဲဒါတွေကတော့ User Name ကိုပြောတာပါ နောက်တစ်ခုက Computer Description ဆိုတာကတော့ Description ရေးထားတာကိုဖော်ပြတာပါ ကျွန်တော်ကတော့ OK! ဆိုပြီးရေး ထားလို့ OK! ဆိုပြီးပေါ်ပါတယ် နောက် Tab တစ်ခုကတော့ Windows activation ဆိုတာဖြစ်ပါတယ် Windows Activate ဖြစ်လားဆိုတာကိုကြည့်တဲ့နေရာပါ Activate ဖြစ်ပြီးသား Windows ဆိုရင် Windows is activated ဆိုပြီးပြထားပြီး အောက်မှာ Product ID ကိုပါပြထားပါတယ် တကယ်လို့ Activate မဖြစ်သေးဘူးဆိုရင် Windows is not activated ဆိုပြီးရေးထားပါပြီး 30 Day Tail Product ID ကိုဖော်ပြထားပါတယ်။
# # # # # # # # # # # # # # # # # # # # # # # # # # # # # #
* လူကြီးမင်းတို့ရဲ့Desktop Computer များ
* Laptop PC များကို
* Windows သွင်းခြင်း
* Virus များ ရှင်းလင်းပေးခြင်း
* လိုအပ်သော Software များ ထည့်သွင်းပေးခြင်း
* Hardware ပြဿနာများ
* Network ပြဿနာများ
* Printer ပြဿနာများနှင့်
* Wifi ပြဿနာများ
* AD Server ပြဿနာများ
* အရေးတကြီး စာရင်းအင်းများနှင့် အချက်အလက်များကိုလဲ Virus ကိုက်၍ မပျက်စီးစေရန် Backup လုပ်ပေးခြင်းများ ကို
အိမ်တိုင်ရာရောက် ဈေးနှုံးချိုသာစွာဖြင့် လိုက်လံပြုပြင်ပေးပါသည်။
ကုမ္ပဏီများနှင့် အစိုးရရုံးများကဲ့သို့ ကွန်ပျူတာအရေအတွက်များသော လုပ်ငန်းများအတွက် လစဉ် Contract ချုပ်၍ တစ်လ 4ကြိမ် / 2 ကြိမ် (သို့မဟုတ်) တစ်ပတ် တစ်ကြိမ် ပုံမှန် Error စစ်ပေးခြင်း Virus စစ်ပေးခြင်း Data Backup ပြုလုပ်ပေးခြင်းများကို အထူးဈေးနှုံးဖြင့် ဝန်ဆောင်မှု့ ပြုလုပ်ပေးပါသည်
အသေးစိတ်သိရှိလိုပါက
PC-Doctor Hotline 09-251115553 သို့ 24 Hour ဆက်သွယ်စုံစမ်းနိုင်ပါသည် ။
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Mandalay
Opening Hours
| Monday | 08:00 - 20:30 |
| Tuesday | 08:00 - 20:30 |
| Wednesday | 08:00 - 20:30 |
| Thursday | 08:00 - 20:30 |
| Friday | 08:00 - 20:30 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |