Addicted to Ricky Shen

Addicted to Ricky Shen

Share

07/05/2023

debut lineထဲ မပါဖြစ်ခဲ့ရင်...

မပါခဲ့လို့ Online ကနေတောင် မျက်နှာလေးကို တွေ့ခွင့်မရိှတော့ရင်...

Business man ဖြစ်သွားပြီ နောက်ပိုင်းမှာ ဒီလူသားလေးကို အရိပ်လေးတောင်မှ မြင်ခွင့်မရတော့ရင်ဆိုတဲ့အတွေးတွေကို ရဲရဲတောင်မတွေးရဲခဲ့ပါဘူး။

Boys Planet မှာ evil edit အခံရဆုံး trainee!
Screen Time အနည်းဆုံး Trainee!
Evil edit အခံရလွန်းလို့ အပြုံးလေးတွေပျောက်ပြီး စကားတောင်ရဲရဲမပြောရဲတော့တဲ့ Trainee!
Mnet PD ရဲ့ပစ်မှတ်လိုမျိုး အဘက်ဘက်ကနေ အမျိုးမျိုးဆွဲချခံနေရတဲ့ Chinese Trainee!

တခြားTrainee တွေထက်ကို စိတ်ရော လူရောအပင်ပန်းဆုံးဖြစ်ခဲ့ရတဲ့ဒီလူသားလေးက နောက်ဆုံးအချိန်ထိ လက်မလျှော့ပဲ Fanတွေအတွက် ကြိုးစားခဲ့သလို Boys Planet အစကနေ နောက်ဆုံးအထိ ဒေါသတွေ၊ ၀မ်းနည်းမျက်ရည်တွေ၊ စိတ်ဆင်းရဲမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ Hate speechတွေ စတဲ့ အမျိုးမျိုးသောစိတ်ပင်ပန်းမှုတွေကို Rickyနဲ့အတူ အကြီးမားဆုံးခံစားခဲ့ရတဲ့ Riyangi တွေဟာလည်း နောက်ဆုံးအချိန်ထိ idolနဲ့အတူ လက်မလျှော့ပဲ ကြိုးစားပေးခဲ့ကြတယ်။

အကြီးမားဆုံးစိတ်ဆင်းရဲမှုကတော့ Final နားကြမှ တျုပ်ဖုန်းတွေနဲ့ တျုပ်region ကို Mnet က ဘန်းချလိုက်တဲ့အချိန်တုန်းက ငယ်ထိပ်ကိုမြွေပေါက်ချလိုက်တဲ့အတိုင်းကို ခံစားလိုက်ရတာပါပဲ။
အဲ့အချိန်တုန်းက Riyangi တွေ Twitter မှာရော၊ Fb မှာရော၊ social ပေါင်းစုံမှာ ဂယက်တွေရိုက်ပြီး Ricky ကို Normal တွေဆီကရော၊ တခြားFD တွေဆီကပါ Vote ရဖို့ အမျိုးမျိုးကြိုးစားခဲ့ကြတာကို အခုပြန်ကြည့်မိတော့ စိတ်ထဲမှာ ငိုချင်လာတာရော။

Vote တွေရဖို့ အိတ်စိုက်ပြီးကို ၀ယ်ခဲ့ကြတဲ့ Riyangiတွေ၊ Ricky ကို vote ပေးရင် အိမ်စာကူတွက်ပေးမယ်ဆိုတဲ့ Riyangiတွေ၊ Ricky ကို Vote ပေးရင် EX ကိုတောင် ပြန်လက်ခံပေးမယ်ဆိုတဲ့ Riyangiတွေ၊ Give away တွေပေးပြီး Ricky ကို support ခဲ့ကြတဲ့ Riyangiတွေ၊ အသိတွေ သူငယ်ချင်းတွေ မိဘဆွေမျိုးတွေဆီမှာ မျက်နှာအောက်ချပြီးတော့ကို Vote ရဖို့ ကြိုးစားခဲ့ကြတဲ့ Riyangiတွေ... တကယ်ကို Riyangi တွေက ရိှသမျှအားကို အကုန်သုံးပြီးကို Ricky ကို ချစ်ပေးခဲ့ကြတာ။

Ricky ကို အမျိုးမျိုးဆွဲချနေတဲ့ Mnetနဲ့
Rickyကို မပါစေချင်တဲ့ Anti တွေရဲ့ တိုက်ခိုက်ဆွဲချမှုတွေကြားမှာတောင် Ricky Shen ဆိုတဲ့ ကောင်လေးက Rank 4 နဲ့ debut လိုင်းထဲပါသွားခဲ့တာကို စဥ်းစားလိုက်ရင် အခုချိန်ထိ မနေ့တနေ့ကလိုပါပဲ။

13/04/2023

13 ရက်နေ့အတွက် စvoteလို့ရပါပြီခ။

အရင်ဆုံး Mnet Plus Appကို
update လုပ်ထားရပါမယ်။

13.4.2023 အတွက် အခု ည ၈ခွဲကနေ ၉ခွဲအတွင်းပဲ Vote လို့ရပါမယ်နော်။

Hello

Ricky ကို Vote ပေးရင်းနဲ့ ပိုက်ဆံပေးပြီးသင်ချင်ရင်တောင် သင်လို့မရတဲ့ Translation နဲ့ Encode နည်းပညာတွေကို Give Away စမ်းရင်း အခမဲ့ သင်ယူလိုက်ကြရအောင်ပါ။

အခု Final Round (1 Pick)အတွက် Vote SS အများဆုံးမန့်နိုင်တဲ့သူကို Admin တတ်ထားတဲ့ Translation နဲ့ Encode နည်းတွေကို ဆရာစားမကျန်သင်ပေးပါမယ်ဆိုတဲ့ Give Away လေးပါ။

(3rd Round အတွက်က သက်သက်၁ယောက် ရွေးပေးပါမယ်။ ဒါပေမဲ့ 3rd Round မှာ အရွေးခံရမဲ့သူက Final Round အထိတော့ တစ်ရက်မှမပျက်ပဲ Vote ပေးရပါမယ်ခ)

အဓိကက Final Round ပါ။ Final Round(1 Pick ရွေးရမယ့် Round) မှာ Voting SS အများဆုံးမန့်ပေးနိုင်တဲ့ ၄ယောက်ကို ရွေးပေးပါ့မယ်နော်🥺 Final round(1 Pick)Vote ရမယ့်ရက်က 7 ရက်တိတိပါ။ April 13 ကနေ April 20 ထိပါ။)
တစ်ရက်မှမပျက်ပဲ Vote ပေးရပါမယ်ခ။

အခုသင်ပေးမဲ့နည်းပညာတွေကို ကျွမ်းကျင်စွာတတ်မြောက်သွားရင် အိမ်ကနေ ဘယ်မှသွားစရာမလိုပဲနဲ့ လိုင်းပေါ်ကနေ တစ်နေ့ ၅နာရီလောက်အချိန်ပေးရုံနဲ့ တစ်လကို ၃သိန်း၊ ၄သိန်းလောက် ကိုယ့်ဘာကိုယ် ၀င်ငွေရှာနိုင်ပါတယ်။ ဒါက Encode တစ်ခုတည်းတတ်တာနဲ့ ၃သိန်း၊ ၄သိန်းရတာပါ။ Translation ပိုင်းကရတာ မပါသေးပါဘူး။ Translation ပိုင်းပါတတ်မြောက်ရင်တော့ တစ်လကို ၆သိန်းလောက်က အေးဆေးရပါတယ်။

ဒါ့ကြောင့် ကိုယ့်ရဲ့အားလပ်တဲ့အချိန်တွေမှာ အေးအေးဆေးဆေး အိမ်ကနေ လိုင်းပေါ်ကနေ ၀င်ငွေရှာနိုင်ဖို့ Vote ပေးရင်း Give Away လေးမှာ ကံစမ်းလိုက်ကြရအောင်။

သင်ပေးမဲ့နည်းပညာတွေကတော့...

Translation နည်းများ❤️
1. Translation နဲ့အသက်မွေးမဲ့သူတွေအတွက် Phone or Computer နဲ့ ဘာသာပြန်နည်း။
(App or Software တွေပါ ကိုယ်တိုင် download လုပ်ပြီး အစ-အဆုံး တတ်ကျွမ်းအောင် သင်ပေးမှာပါ)

2. စာဖိုင်မရိှတဲ့ Video တွေကို Time Code ဆွဲပြီး ဘာသာပြန်နည်း

3. Soft Sub (စာဖိုင်) ထုတ်နည်း

4. Translation နဲ့ပတ်သက်ပြီး သိထားရမဲ့အကြောင်းအရာတွေ၊ စာလုံးပေါင်းသတ်ပုံ၊ စာအဖြတ်အတောက်ကအစ သေသေချာချာသင်ပေးမှာပါ။

5. ဇတ်ကား Review ရေးနည်း။
(လွယ်သလိုထင်ရပေမဲ့ မလွယ်ကူပါဘူး)

Encode နည်း❤️
6. Encode Software နဲ့ Video ထဲ စာဖိုင်အသေကပ်နည်း
(Encode Software ၃မျိုးနဲ့ သင်ပေးမှာပါ)

7. Video ထဲ Photo logo or စာတန်းထိုး Logo ထည့်နည်း

8. အပိုင်းပိုင်းဖြစ်နေတဲ့စာဖိုင်တွေ ဆက်နည်း

9. Adobe Premier Pro နဲ့ Ads ကြော်ငြာထည့်နည်း၊ Logo ထည့်နည်း၊ Crawler ထည့်နည်း၊ 1080P, 720P, 360P Resolution ၃မျိုးဖြင့်ထုတ်နည်း

10. Phone or Computer နဲ့ Resolution(1080P, 720P, 480P, 360P) ၄မျိုးထုတ်နည်း

11. Time Code မညီတဲ့ စာဖိုင်တွေကို Time Code ပြန်ညှိနည်း (ရှေ့၊ အလယ်၊ နောက်မညီတဲ့ Time code တွေညှိနည်းပါ)

12. Video ထဲက အသံကို တခြားအသံဖြင့် အစားထိုး လဲလှယ်နည်း

13. စာဖိုင်နဲ့ Raw Video အကြည်တွေကို Website & App တွေကနေ Down ယူနည်း
(Korea, Chinese, Japan, Thai, English, Anime အကုန်လုံးပါ) (အကုန်လုံးတော့မသိပေမဲ့ သိသလောက် အကုန်ပြောပြမှာပါ။

Admin က စိတ်ရှည်လက်ရှည်နဲ့ မတတ်မချင်း သင်ပေးမှာပါ။

Phone နဲ့ 1device, 1acc, 1Vote ပဲ ရတာမို့
သူငယ်ချင်းတွေဖုန်းနဲ့ရော၊ အမျိုးတွေဖုန်းနဲ့ပါ ကူVote ခိုင်းပြီး SS အများဆုံးရအောင်မန့်ပြီး Give Away လေးကို ပါပေးကြပါဦးနော်😁

Post လေးကိုလည်း share ပေးသွားကြပါဦးခ❤️

Final Voting အတွက် တချို့အချက်တွေကို
မန့်မှာလည်း ပြထားပေးပါတယ်ခ။

Give Away ထဲ မပါတဲ့သူတွေအတွက်လည်း
ဒီအချက်တွေထဲက တချို့အချက်တွေကို
သင်ပေးဦးမှာမို့ Give Away ထဲ ပါပေးကြပါဦးနော်။
(အဲ့အတွက်က ၁ရက်မှမပျက်ပဲ Vote တော့ပေးထားရပါမယ်ခ)

Want your public figure to be the top-listed Public Figure in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address

Mandalay