ASTER V

ASTER V

Share

Photos from ASTER V's post 13/05/2026

Red Cherry & Aster (Floral Dress)
Size - Free (90 lb to 120 lb)
Price - 21,600 MMK

06/10/2025

မင်္ဂလာရှိသော သီတင်းကျွတ် လပြည့်ညလေး ဖြစ်ကြပါစေရှင့်။

နောက်က နံပါတ် (၂) လုံး ခန့်မှန်း ဖြေရင်း ကံစမ်းကြည့်ကြပါရှင့်။

ပထမဆုံး မှန်တဲ့ (၃) ယောက်ကို ဖုန်းဘေ (၃၀၀၀) ဆီ ထည့်ပေးပါ‌မယ်နော်။

အပျော်လေးပါ 😍

Photos from ASTER V's post 25/08/2025

Myosotic လေး နဲ့ ချစ်စရာကောင်းနေသော 💜

TikTok Short Story ရိုက်ဖို့အတွက် အလှလေးဆင်ပေးလိုက်တယ် 🥰

#ပြည်တွင်းဖြစ်ကိုအားပေးပါ

Photos from ASTER V's post 17/08/2025

ဟယ်လို သဲလေးတို့ရေ... 📢

မင်မင်တို့ ASTER V ရဲ့ ပထမဆုံး ထွက်ရှိလာတဲ့ Collection လေး နှစ်ခုကတော့ Cute Type လေးတွေပေါ့ရှင်။

ခန္ဓာကိုယ် သေးသေးလေးနဲ့ သဲလေးတို့ပဲဝတ်မလား...
ပြည့်ပြည့်လေးနဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးတွေပဲ ဝတ်မလား...
လိုက်ဖက်သောနော်... 😉

💜 ဗေဒါရောင် ပွင့်ဖက်လေးတွေကို Myosotic လို့ နာမည်ပေးထားပြီး
❤️ အနီရောင် ပွင့်ဖက်လေးကတော့ Red Cherry တဲ့။

Size ~ Free (90 - 120 lb)
Price ~ 1️⃣8️⃣9️⃣0️⃣0️⃣ MMK

ကဲ.. အရမ်းကြိုက်သွားရင် ခုပဲ လာမှာလိုက်တော့နော် 😘

Order Us :
Phone 📞 09 943 214 884 , 09 761 184 884
Viber, Telegram, Whatsapp 💜 +959 761 184 884

#ပြည်တွင်းဖြစ်ကိုအားပေးပါ

27/07/2025

ဟယ်လိုခ ❤️

မင်တို့ရဲ့ ASTER V - Local Brand သီးသန့် ချုပ်ရုံကနေ စက်ချုပ်ကျွမ်းကျင် မိန်းကလေး (၂) ဦး လိုအပ်ပါတယ်။

လိုအပ်ချက်လေးတွေကတော့

- အသက် (၁၈) နှစ် အထက် ဖြစ်ပြီး မှတ်ပုံတင် (မူရင်း) ကိုင်ဆောင်သူ ဖြစ်ရမယ်။
- ရိုရိုး ခြေနင်းစက်ကျွမ်းကျင်ရင်ကို အဆင်ပြေတယ်။
- ဒီဇိုင်းစုံ၊ တစ်ထည်လုံး ဒါမှမဟုတ် ပွိုင့်နဲ့ချုပ်ရမယ်။
- Uniform Order တစ်ထည်ချင်း ညှပ်ပြီးသားလည်း ချုပ်နိုင်ရမယ်။
- သတ်မှတ်ထားတဲ့ Target ပြည့်မီရမယ်။
- လူကြီးစကား နားထောင်နိုင်ပြီး အကျင့်စာရိတ္တ ကောင်းမွန်ရမယ်။
- ညီအစ်မ ဒါမှမဟုတ် သူငယ်ချင်း နှစ်ဦးတွဲ လျှောက်ထားနိုင်ပါတယ်။ (တစ်ဦးကတော့ ကျွမ်းကျင်မှ အဆင်ပြေမယ်)
- အနည်းဆုံး (၆)လ လုပ်နိုင်ရမယ်။
- နေစရာ နှင့် ဆန် ပေးပါတယ်။
- မိမိ Brand တစ်မျိုးတည်းသာချုပ်ပြီး တခြား အပြင်အထည်တွေ လက်မခံပါဘူး။
- အထည်စား နဲ့ ချုပ်ရမှာ ဖြစ်ပြီး တကယ်ချုပ်နိုင်ရင် တစ်လကို အနည်းဆုံး (၃)သိန်းအထက် ရနိုင်ပါတယ်။

အလုပ်ချိန် - မနက်(၈)နာရီ မှ ညနေ(၆)နာရီ
နားရက် - လပြည့်၊ လကွယ်

CV Form တင်ရန်
Phone - 09943214884, 09761184884
Viber/Telegram/Whatsapp - 09761184884

Want your business to be the top-listed Clothing Store in Mandalay?
Click here to claim your Sponsored Listing.

Website

Address

Mandalay