Unique Generation Group

Unique Generation Group

Share

28/09/2023

Unique Generation Group သည် ဦးဂျမ်းလုံချည်မိသားစုမှ (၂၀၂၁) ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော ကုမ္ပဏီအဖွဲ့အစည်း ဖြစ်ပါသည်။ Unique Generation Group ကုမ္ပဏီမှ ထုတ်လုပ်လိုက်သည့် ထုတ်ကုန်များကို ပိုမိုအရည်အသွေး မြင့်မားစေရန်သာမက နိုင်ငံတကာအဆင့်မီ စနစ်တကျ စီမံခန့်ခွဲထုတ်လုပ်နိုင်ရန်အတွက် ခေတ်မီစနစ်ကျသော ပုံစံဖြင့် ကုမ္ပဏီအား ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။

Unique Generation Group မှ ခေတ်အဆက်ဆက် လူသိများထင်ရှား ကျော်ကြားလှသည့် ဦးဂျမ်းလုံချည်အပါအဝင် ပဓာနလုံချည်၊ မြန်မာစံတိုက်ပုံနဲ့ စတစ်ကော်လံ ရှပ်အင်္ကျီတို့ကိုလည်း ခေတ်မီဆန်းသစ်သော နည်းစနစ်များဖြင့် အရည်အသွေးကောင်းမွန်မှုအား ဦးစားပေးကာ ထုတ်လုပ်ဖြန့်ချိလျက်ရှိပါသည်။

25/09/2023

"လူတိုင်းကို အရည်အသွေးကောင်းတဲ့ လုံချည် အမြဲဝတ်စေချင်တဲ့ ဆန္ဒအမြဲရှိတယ်" ဆိုတဲ့ မူလတည်ထောင်သူ ဦးဂျမ်းရဲ့ စကားအတိုင်း ဦးဂျမ်းလုံချည်ဟာ အရည်အသွေးမြင့်မားခြင်းကို အဓိက ဦးစားပေးထားတဲ့ လုံချည်တွေကို စဉ်ဆက်မပြတ် ထုတ်လုပ်လာခဲ့ပြီး ‘ဦးဂျမ်းလုံချည်’ နာမည်နဲ့ စျေးကွက်ထဲမှာ ခိုင်ခိုင်မာမာ ရပ်တည်လာခဲ့တာ ခုဆိုရင် နှစ်ပေါင်း ၅၀ ကျော်ကြာခဲ့ပါပြီ။

ဦးဂျမ်းလုံချည်ကို ရိုးရာယက်​က္ကန်းလုံချည်အဖြစ် မိသားစုလုပ်ငန်းတစ်ခုအနေနဲ့ ၁၉၇၀ ခုနှစ်များဆီက စတင်ထုတ်လုပ်ခဲ့ပြီး ၂၀၂၁ ခုနှစ် ရောက်တဲ့အခါမှာတော့ ဦးဂျမ်းလုံချည်များကို နိုင်ငံတကာအဆင့်မီ ထုတ်လုပ်ဖြန့်ချိနိုင်ရန်အတွက် ဦးဂျမ်းလုံချည် မိသားစု ကုမ္ပဏီအဖွဲ့အစည်း 𝐔𝐧𝐢𝐪𝐮𝐞 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐆𝐫𝐨𝐮𝐩 𝐂𝐨,𝐋𝐭𝐝., (ဦးဂျမ်းလုံချည်မိသားစု 𝐔𝐧𝐢𝐪𝐮𝐞 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐆𝐫𝐨𝐮𝐩 𝐂𝐨,𝐋𝐭𝐝.,,) အမည်ဖြင့် တိုးတက်ဖွဲ့စည်းကာ လူတိုင်းအရည်အသွေးကောင်းတဲ့ လုံချည် အမြဲဝတ်နိုင်စေဖို့ ပိုမိုကောင်းမွန်တဲ့ လုံချည်အထည်သား၊ အရည်အသွေး၊ အဆင်ဒီဇိုင်းများနဲ့ အစဉ်တစိုက် ကြိုးစားထုတ်လုပ်ဖြန့်ချိလျက်ရှိပါသည်။

Want your business to be the top-listed Clothing Store in Mandalay?
Click here to claim your Sponsored Listing.

Culinary Team

Attire

Website

Address

အမှတ် ၁၈၉ ၊ ၃၁လမ်း ၈၀/၈၁ကြား ၊ ချမ်းအေးသာစံမြို့နယ်
Mandalay
05022