AM Sports

AM Sports

Share

23/05/2026

■ ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဘရူနိုဖာနန်ဒက်စ်ရရှိသွားခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ၂၀၂၅-၂၆ EA SPORTS တစ်နှစ်တာအကောင်းဆုံးဆုအတွက် မဲအများဆုံး ရရှိခဲ့ပြီး ပထမဆုံးအကြိမ် ရရှိခဲ့တာဖြစ်တယ်။

၎င်းအနေနဲ့ အခုရာသီ ပရီးမီးယားလိဂ်မှာ ရှစ်ဂိုးသွင်း၊ ဂိုး ၂၀ ဖန်တီးနဲ့ ဂိုးပါဝင်ပတ်သက်မှုက ၃၇ ပွဲမှာ ၂၈ ဂိုး ဖြစ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်သမိုင်းမှာ အွန်နရီ၊ ဒီဘရိုင်းနားတို့နဲ့ တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးအကြိမ် တူညီထားကာ ရာသီပိတ်ပွဲမှာ
မှတ်တမ်းသစ် ရေးထိုးနိုင်မှု ရှိ၊ မရှိ စောင့်ကြည့်ရပါလိမ့်မယ်။

အခုရာသီမှာ အခွင့်အရေးဖန်တီးမှု ၁၃၂ ကြိမ်အထိ ရှိခဲ့ပြီး ဒုတိယနေရာက လီဗာပူးလ်ကစားသမား ဆိုဘိုဆလိုင်းကို ၄၃ ကြိမ် အသာရထား
ခဲ့ပါတယ်။

ဒါ့အပြင် ဒီဆုကို ၂၀၁၀-၁၁ ရာသီက ဗီဒစ် နောက်ဆုံးရခဲ့ပြီးနောက် မန်ယူနိုက်တက်ကစားသမားတွေထဲ ပထမဆုံးရရှိသူ ဖြစ်လာခဲ့တယ်။

ဖာနန်ဒက်စ်ဟာ အခုရာသီအတွင်း FWA တစ်နှစ်တာအကောင်းဆုံးဆု၊ မန်ယူနိုက်တက်ရဲ့ အကောင်းဆုံးနှစ်ဆုဖြစ်တဲ့ Sir Matt Busby Player of the Year
နဲ့ Players' Player of the Year ဆုတွေလည်း ဆွတ်ခူးထားပါတယ်။

17/05/2026

"စံချိန်တင်နိုင်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်"🔥

ဘရူနိုဖာနန်ဒက်စ်က သူကိုယ်တိုင်ရော ယူနိုက်တက်နဲ့ပတ်သက်သူတိုင်းရော အလွန့်အလွန် တောင့်တနေတဲ့
ဂိုးဖန်တီးမှုစံချိန်ကို လိုက်မီသွားခဲ့ပါပြီ။ စောစောပိုင်းကတည်းက အခွင့်အရေးကောင်းတွေ ဖန်တီးပေးခဲ့ပေမဲ့ လွဲချော်နေခဲ့ပြီး ဒီအကြိမ်မှာတော့ ဘရူနို စံချိန်ကို ရရှိခဲ့တယ်။

ကောင်းမွန်လှတဲ့ ဖန်တီးမှုပါ။ ညာတောင်ပံကနေ အကွက်အကွင်းကျကျ တင်ပေးလိုက်တာ အမ်ဘွန်းမို ပိတ်သွင်းရုံပဲ။ ရုတ်တရက်ကြည့်ရင် လွယ်သလိုလိုနဲ့ သေချာပြန်ကြည့်တော့ ဘရူနို ပေးလိုက်တဲ့ Low cross က ဖောရက်စ် ၃ ယောက်ကို ဖြတ်ကျော်သွားတာ။ အမြောက်ဘောမဟုတ်ဘဲ မြေလှိမ့်ဘောကို ဖြတ်တင်ဘောအနေအထားမှာ ၃ ယောက်ကျော်ပေးဖို့ ခက်ပါတယ်။ ထပ်ပြီး ကြည့်ကြည့်ဖို့ ရှိပြီး လောလောဆယ်မှာတော့ အားလုံးရင်ထဲ စွဲစေမယ့် ဂိုးဖန်တီးမှု အကြိမ် ၂၀ ဖြစ်လာပါတယ်။

Telephone

Website