For U2 Know

For U2 Know

Share

04/04/2022

သင်ဟာ အမှားထောက်ပြပြောဆိုတဲ့နေရာမှာ လိမ္မာပါးနပ်စွာပြောတတ်တဲ့ လူတော်တဦး ဖြစ်ရဲ့လား?

တစုံတယောက်က မှားယွင်းနေခဲ့ရင် ထိုလူနဲ့ ဘယ်သောအခါမှ ပြိုင်မငြင်းလိုက်ပါနဲ့၊ ကျွန်တော်တို့ဟာ ငြင်းခုံမှုတွေကိုရှောင်ကြဥ်ရပါမယ်။ အကယ်၍ သင်ထောက်ပြပြောဆိုလိုက်ပြီး ငြင်းခုံလို့ နိုင်သွားခဲ့ရင်တောင် တဖက်လူကို ရှက်ရွံ့အောင်ပြုလုပ်သကဲ့သို့ ဖြစ်တာကြောင့် သင်ရဲ့ဖြေရှင်းပုံဟာ မရင့်ကျက်မပါးနပ်ပဲ လက်တွေ့မှာ ရှုံးနိမ့်သူဟာ သင်ဖြစ်နေမှာပါ။ ငြင်းခုံမှု တခုအတွက် သင့်ရဲ့အချိန်တွေကုန်ဖို့ မထိုက်တန်ပါဘူး၊ ထိုငြင်းခုံမှုကနေ ဘာမှအကျိုးရလာမှာမဟုတ်သလို တဖက်သားကိုသာ မခံချိမခံသာဖြစ်ပြီး ခံပြင်းမှုကိုသာ အဖက်တင်စေမှာဖြစ်ပါတယ်။

အဲ့သလိုမျိုး ရလဒ်တွေ မရအောင် ဘယ်လို ပါးနပ်စွာ ကိုင်တွယ်ကြမလဲ ဥပမာ တခုကို အရင်ကိုးကားလိုက်ကြရအောင်……….

မောင်ကျောက် ဆိုသူကကျောက်မျက်ရတနာလုပ်ငန်း မှာကျွမ်းကျင်တဲ့ ကျောက်မျက်ကျွမ်းကျင်ပညာရှင်တယောက်ပေါ့၊ သူ့နဲ့အနီးမှာ မောင်ရွှေဆိုသူတဦးလဲရှိပါသေးတယ်။ တနေ့မှာ မောင်ရွှေက ကျောက်ရိုင်းတုံး တတုံး ကို ရရှိခဲ့ပြီးသေချာစစ်ဆေးမှုမလုပ်ခဲ့ပါဘူး၊ ဒါ့အပြင် ကျောက်ရိုင်းတုံးဟာ အရည်အသွေးမကောင်းဘူးလို့ထင်ပြီးစိတ်ပျက်ခဲ့ပါတယ်။ ဒါပေမဲ့ မောင်ကျောက်ကတော့ ကျောက်က အနာအဆာကင်းကြောင်း သိရှိထားပါတယ်။ မောင်ရွှေဟာ ကျောက် အရည်အသွေးကို ဘယ်လိုမျိုး အကဲဖြတ်ရမလဲမသိပါဘူး၊ မောင်ကျောက်အနေနဲ့ မောင်ရွှေမှားနေပြီဆိုတာကို သိနေပြီး အားလုံးကလည်း မောင်ရွှေမှားနေကြောင်းပြောကြပါတယ်။ သို့ပေမဲ့ မောင်ရွှေကို မှားတယ်လို့ တိုက်ရိုက်ပြောမဲ့အစား မောင်ကျောက်က " ကျောက်ရိုင်းတုံး ဟာ ဘာကြောင့်များအရည်အသွေးမမှီတာလဲ " "ကျောက်မှာအနာအဆာများပါနေသလား" စတဲ့ မေးခွန်းတွေနဲ့မေးလိုက်ပါတယ်၊ မောင်ကျောက်ဟာ အခြေအနေကို ကျွမ်းကျွမ်းကျင်ကျင် လိမ္မာပါးနပ်စွာ ချဥ်းကပ်ခဲ့ဖြင်းဖြစ်ပါတယ်။ ထိုအခါ မောင်ရွှေကလည်း သူ့အနေနဲ့ ကျောက်မျက်ဆိုင်ရာ အတွေ့အကြုံ ဗဟုသုတ မရှိကြောင်းပွင့်လင်းစွာ ပြောပြခဲ့ပြီး မောင်ကျောက်ကို အတူတူပူးပေါင်းလုပ်ကိုင်ဖို့ စတင်ကမ်းလှမ်းခဲ့ပါတော့တယ်။

အလားတူပါပဲ - မိဘများအနေဖြင့်လည်း သားသမီးများကို ထိုနည်းတူ ချဥ်းကပ်မေးမြန်းပြီး ရင်းနှီးမှုရယူသင့်ပါတယ်။ သင့်ကလေးဟာ စာမေးပွဲက ပြန်ရောက်ပြီး ကောင်းစွာမဖြေနိုင်ခဲ့ဘူးလို့ ပြောလာခဲ့ရင် ဆူပူကြိမ်းမောင်းဖို့ မလုပ်သင့်ပါဘူး၊ အဲဒီ့အစား “စာမေးပွဲမှာဘယ်လိုအကြောင်းအရာတွေကိုမဖြေနိုင်ခဲ့တာလဲ” “ဘယ်အရာတွေကစာလုပ်ရာမှနှောင့်နှေးစေတာလဲ” “ဒီလို အခက်အခဲတွေကို ဘယ်လို တူတူဖြေရှင်းနိုင်မလဲ” “မဖြေနိုင်ခဲ့တဲ့စာတွေနဲ့ပတ်သက်ပြီး ပိုမိုကြိုးစားလေ့လာရမယ် မဟုတ်လား” ဟု ပါးနပ်စွာ ကိုင်တွယ်သင့်ပါတယ်။ ထို့အတူ သင့်ကလေးဟာ အစားအသောက် ရွေးလွန်းပြီး အသီးအရွက်မစားချင်တဲ့သူဖြစ်နေပါက အတင်းမစားခိုင်းဘဲ “ဘာကြောင့်များအသီးအရွက်မစားချင်ရတာလဲ” “ကျောင်းကဆရာမက အသီးအရွက်စားရင် အရပ်ရှည် ကျန်းမာစေတာကြောင့်စားသင့်ကြောင်းသင်ကြားပေးတယ်မဟုတ်ဘူးလား” “ဒါကြောင့်အသီးအရွက်ကိုစားသင့်တယ်မဟုတ်လား” ဆိုပြီး ကလေးကိုစိတ်ရှည်စွာ ရှင်းပြကိုင်တွယ်သင့်ပါတယ်။

အခုလိုနည်းမျိုးနဲ့ ကလေးတွေနားလည်သဘောပေါက်အောင် လမ်းကြောင်းတည့်ပေးရမှာပါ၊ ဒါမှသာ မိဘက မှားတယ်ပြောလို့ ကလေးတွေက အမှားလို့လက်ခံတာမျိုးမဟုတ်ပဲ ဒီအတွက်ကြောင့် ဒီလိုအကြောင်းကြောင့် မှားရခြင်းဖြစ်တယ် ဟု စိတ်ထဲတွင်နားလည်လက်ခံပြီး အမှားကိုလျင်လျင်မြန်မြန် အကျိုးရှိရှိပြန်လည်ပြုပြင်တတ်လာပါလိမ့်မယ်။

စာဖတ်သူတို့၏ ဘ၀တွင်လည်းကြုံတွေ့ရသမျှ ကိစ္စရပ်များကို ဤနည်းလမ်းဖြင့် လိမ္မာပါးနပ်စွာ ဖြေရှင်းပြီး ရှေ့ဆက်လိုက်ပါ၊ သေချာတာကတော့ အယူအဆမှားနေသူတွေကို မှားနေကြောင်း တိုက်ရိုက်မပြောဘဲ ပါးပါးနပ်နပ် ဖြေရှင်းနိုင်မယ်ဆိုလျှင် ကိစ္စရပ်တိုင်းအခက်အခဲတိုင်းကို အောင်မြင်စွာကျော်ဖြတ်နိုင်ပြီး အရာရာ အကောင်းဘက်သို့ ဦးတည်လာမယ်ဆိုတာ သင်ကိုယ်တိုင်မြင်တွေ့ရပါလိမ့်မယ်………….

Use the asking questions technique in pointing out people’s mistakes.

Never argue with the other person that they are wrong. Avoid arguments because even if you win the argument, you lose - you have made certain others feel inferior. It is not worth the time and energy trying to win an argument in which you will receive nothing in exchange but a temporary sense of victory for making the other person feel terrible.

Instead, ask questions to the certain other. Maung Shwe is a goldsmith who specializes in the gold industry Maung Kyout is a gemsmith who specializes in the gem industry. One day Maung Shwe has received a raw gemstone but without inspecting further about gems, he was in disappointment for its poor quality. However, Maung Kyout noticed that nothing was wrong with the gemstone but Maung Shwe was misinterpreting how to assess the quality of gems. He knew Maung Shwe was wrong. Now, most people would have told Maung Shwe that he’s was wrong. But Maung Kyout instead began asking questions as to why the gemstone was poor in quality, what was wrong with it. He approached the situation in a well-disposed, helpful manner. Ultimately, Maung Shwe opened up that he was inexperienced with gems and begin asking Maung Kyout for cooperation.

The same technique is used in parenting as well, in times when your kid comes back from an exam day and tells you they did not do well, or at the dinner table they tell you that they don’t like vegetables, you should be asking them questions such as ‘for which topics in the exam did you exactly did not do well? so what should you do about that? study harder for that specific chapter right?’ or ‘what’s wrong with the veggies? your teacher told you guys that veggies actually make you stronger and taller, didn’t she? So don’t you think eating veggies are a nice thing to do? Do you not want to be tall?’ In this way, you are giving them a personal space to think, learn and grow from. They will be getting the mindset of ‘oh I’m wrong because of this and that reason, not because mommy or daddy said so.’ which will also result in a fast, effective, and healthy mistake-recovery.

Go ahead and give this technique a shot in your life too. I’m certain you will see that individuals react more positively to you when they are not straightforwardly told that they are wrong.

🌵Translator- Htet Htet Aung
🌵Content Writer- Kyi Phyu Ko
🌵Graphic Designer- Khant Zin Thant

📖 How to win Friends and Influence people _ Dale Carnegie

Want your organization to be the top-listed Government Service in Mandalay?
Click here to claim your Sponsored Listing.

Website

Address

Mandalay