GLORY Boosting Service

GLORY Boosting Service

Share

21/05/2024

ယနေ့ကျရောက်သော ကဆုန်လပြည့် (ဗုဒ္ဓနေ့) မှစ၍ ဘေးရန်အပေါင်းကင်းဝေးကြပြီး စိတ်ချမ်းသာ၍ကိုယ်ကျန်းမာကြပါစေ​​ေကြာင်းGLORY Boosting Service မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Photos from GLORY Boosting Service's post 02/05/2023

🍁Clientစိတ်တိုင်းကျလုပ်ေပးဖြစ်တာေလးပါ။အခုလိုယံုယံုကြည်ကြည်နဲ့လာေရာက်အပ်ေပးလို့ေကျးဇူးအများကြီးတင်ပါတယ္ရှင့်...ဒီထက်ပိုမိုေကာင်းမွန်တဲ့၀န်ေဆာင်နဲ့ဆက်ပြီးကြိုးစားသွားဦးမှာပါ🥳...

02/05/2023

ကိုယ်ပြုလုပ်တဲ့ မားကတ်တင်းမှာ လူရွေးမှန်ရဲ့လား?
လူရွေးမှန်ဖို့ဆိုတာက Relationship တစ်ခုမှာတင်မကဘဲ၊ Marketing မှာလဲ အရေးကြီးပါတယ်။
တကယ်လို့ မိတ်ဆွေတို့လုပ်ငန်းတွေအနေနဲ့ ........
🍁မားကတ်တင်းအတွက် Budget တွေလဲ လိုအပ်တာထက် အများကြီးပိုသုံးပေမယ့်၊ ကိုယ့်ရဲ့ Marketing က ထိရောက်မရှိတာမျိုး၊
မားကတ်တင်းအတွက် Media အမျိုးမျိုးကိုလဲအသုံးပြုပေမယ့် ထိရောက်မှုမရှိတာမျိုး၊
ရင်ထဲထိစေမယ့် message တွေကိုလဲပေးပေမယ့် ထိရောက်မှုမရှိတာမျိုးတွေ ကြုံတွေ့နေရတယ်ဆိုရင်
မိတ်ဆွေတို့ပြဿနာရဲ့ ဖြစ်နိုင်ချေရှိတဲ့အကြောင်းအရာတွေထဲက တစ်ခုကတော့ လူရွေးမမှန်လို့ပါ။
ဟုတ်ပါတယ်။ မိတ်ဆွေတို့ရဲ့လုပ်ငန်းမှာ ပြုလုပ်နေတဲ့မားကတ်တင်းက လူရွေးမှားနေနေရင် ဒီလိုပြဿနာတွေကြုံတွေ့ရနိုင်ပါတယ်။
🍁လုပ်ငန်းတစ်ခုမှာ မားကတ်တင်းဆောင်ရွက်မယ်ဆိုရင် Target Audience မှန်ကန်စွာ ရွေးခြယ်သတ်မှတ်ဖို့၊ တနည်းအားဖြင့် လူရွေးမှန်ဖို့အတွက်လိုပါတယ်။
ကိုယ့်အနေနဲ့ လူတိုင်းကို ကိုယ့်ရဲ့ customer ဖြစ်နိုင်တယ်ဆိုပြီးသတ်မှတ်ထားတဲ့အခါမှာ
Negative review တွေ comment တွေ ကိုဘဲ ရနေတဲ့အခါမှာ
ကိုယ်က‌နေ customer လို့သတ်မှတ်ထားတဲ့သူတွေက social media တွေမှာ ကိုယ့်ကို unfollow, unsubscribe ပြုလုပ်ထားတဲ့အခါမှာ
Customer အများစုက Call to action အထိ လိုက်ပါလာခြင်းမရှိတဲ့အခါမှာ
ဒီလိုအခြေအနေတွေက Target Audience မှားနေတယ်ဆိုတာကိုဖော်ပြနေတဲ့အကြောင်းအရာတွေဘဲဖြစ်ပါတယ်။
🍁Target Audience မှန်ကန်စွာရွေးခြယ်နိုင်ဖို့အတွက်ဆိုရင်တော့ ကိုယ့်ရဲ့ Customer တွေက ဘယ်သူတွေလဲ? သူတို့မှာ ဘာပြဿနာတွေရင်ဆိုင်နေရလဲ? သူတို့အပေါ် ဒီပြဿနာရဲ့သက်ရောက်မှုတွေက ဘာတွေရှိလဲ? ကိုယ့်လုပ်ငန်းနဲ့ဆက်စပ်ပြီး ဘာတွေဖြေရှင်းပေးနိုင်လဲ? အစရှိတဲ့မေးခွန်းတွေကိုအဖြေရှာပြီး Target Audience ကို မှန်ကန်စွာရွေးခြယ်နိုင်ပါတယ်။

30/04/2023

🔰Result ကောင်းကောင်းရဖို့အတွက် Boosting လုပ်တဲ့အခါတိုင်း ဘာတွေ လုပ်ထားသင့်တာလဲ?
🔰Result ကောင်းတွေရနိုင်ဖို့ဆိုရင် Boosting မလုပ်ခင်မှာ ဒီအချက်တွေကိုကိုသေသေချာချာလေးလုပ်ထားသင့်ပါတယ်။
✅ကိုယ်ရဲ့ Product ကို စိတ်ဝင်စားပြီး ဝယ်ယူနိုင်ချေရှိတဲ့ Audience တွေအကြောင်းကို သေသေချာချာသိထားဖို့လိုအပ်ပါမယ်။
တစ်နည်းအားဖြင့် Buyer Persona တစ်ခုကို သေသေချာချာတည်ဆောက်ထားဖို့လိုအပ်ပါတယ်။
✅ Content နဲ့ Design (or) Photo ကလဲ Audience ကို စိတ်ဝင်စားမှုရှိပြီးဆွဲဆောင်နိုင်ဖို့လိုအပ်ပါတယ်။
Content ရေးတဲ့အခါမှာလည်း ကိုယ်ရဲ့ Audeince အကြောင်းကိုသေချာသိမှသာ ကိုယ်ရောင်းမဲ့ Product ကိုစိတ်ဝင်စားမှုရှိအောင် ဘယ်လိုContent မျိုးဖန်တီးရမလဲဆိုတာကို သေသေချာချာသိနိုင်မှာပဲ ဖြစ်ပါတယ်
(ဥပမာ - ဒေါက်ဖိနပ်တွေရောင်းမယ်ဆိုပါစို့ဗျာ ဒေါက်ဖိနပ်စီးတဲ့ Audience တွေအကြောင်းကိုသေချာသိထားမှသာ Customer တွေအနေနဲ့ ဒေါက်ဖိနပ်ကို ဘာ့‌ကြောင့် ဝယ်ယူတာလဲဆိုတာကိုသေချာသိနိုင်မှာပါ)
ဒေါက်ဖိနပ်ဝယ်ယူတဲ့သူတွေက တစ်နည်းအားဖြင့် Smart ကျချင်လို့၊ ခေတ်မှီချင်လို့ ဖြစ်တဲ့အတွက်ဒေါက်ဖိနပ်စီးတဲ့ Audience တွေက ပွဲတက်တဲ့သူတွေ၊ Club သွား Bar တက်တဲ့သူတွေ၊ Company ဝန်ထမ်းတွေ၊‌ ကျောင်းသူ၊သင်တန်းသူတွေ ဖြစ်တဲ့‌အကြောင်းကို သိထားမှသာ ဘယ်လို Content Headline နဲ့ ကိုယ့်ရဲ့ Product ကိုဝယ်ယူအောင်ဆွဲဆောင်မှာလဲဆိုတာကို သိနိုင်မှာပဲ ဖြစ်ပါတယ်။
✅ကိုယ်Boostလုပ်မဲ့Postနဲ့ပတ်သက်ပြီး ကိုယ်ဖြစ်ချင်တဲ့ရည်ရွယ်ချက်ကိုလဲ သေချာသိထားဖို့တော့လိုပါသေးတယ်။ ကိုယ်က ရောင်းရချင်တာလား၊ Like & Share, Comment ရချင်တာလား၊ Reach များများရောက်ချင်တာလား၊ ကိုယ့်ရဲ့ Page ကိုလူများများမှတ်မိစေချင်တာလား အဲဒီအချက်တွေကို သေချာသိမှသာ ကိုယ်ရဲ့ ကြော်ငြာကို ဘယ်လို Objective သုံးပြီး Run သင့်လဲဆိုတာကို သိနိုင်မှာပဲ ဖြစ်ပါတယ်။
✅Targeting ရွေးတဲ့အခါမှာလဲ နံပါတ် (1) က ပြောခဲ့သလိုပဲ ကိုယ်ရောင်းမဲ့ Product ကိုဝယ်ယူနိုင်ချေများတဲ့ Audience တွေရဲ့အကြောင်းကို Buyer Persona တစ်ခုတည်ဆောက်ထားမယ်ဆိုရင် Interest, Demographic, Behavior အပေါ်မှာ Target ကို သေသေချာချာလေးချမှတ်နိုင်မှာဖြစ်လို့ ဒီအတိုင်း Target ရွေးလိုက်တာထက်စာရင် ပိုပြီး တိကျတဲ့ Target ကိုရရှိနိုင်ပါလိမ့်မယ်ဗျ
✅ Page Admin များအနေနဲ့လဲ ကြော်ငြာမRun ခင်ကတည်းက ကိုယ့်ရဲ့ Customer တွေမေးနိုင်တဲ့အကြောင်းအရာတွေကို ကြိုတင်စဥ်းစားထားပြီး Save Reply လုပ်ထားသင့်ပါတယ်ဗျ။ Save Reply လုပ်ထားခြင်းအားဖြင့် ကိုယ့်ရဲ့ Customer တွေကို အလျင်အမြန်နဲ့ Reply ပြန်နိုင်မှာဖြစ်လို့ Customer တွေကို ကိုယ့်ရဲ့ Conversions ကနေထွက်မသွားနိုင်အောင် ဆွဲထားနိုင်မှာဖြစ်လို့ ပိုပြီးတော့ရောင်းရနိုင်ပါတယ်ဗျ
ဒါလေးတွေကတော့ ကျွန်တော့်အတွေ့အကြုံလေးတွေထဲကနေ ပြန်လည်မျှဝေပေးတာဖြစ်ပါတယ်။

Want your business to be the top-listed Media Company in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Pathein Gyi, Myo Oo Lane No(1), Kyikone Quarter
Mandalay