Healthy Project
16/01/2021
နှလုံးသွေးကြောကျဥ်းရောဂါမဖြစ်အောင် ဆောင်ရန် ၊ ရှောင်ရန် များ
==================================
၁)အာဟာရမျှတစွာစားပါ ။
၂)လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ (၁ ရက် ၁နာရီ )
၃)ကိုယ်အလေးချိန် ပုံမှန်ဖြစ်အောင် ဂရုစိုက်ပါ။
မိမိရဲ့ ဝမ်းဗိုက်သည် ကျား - 97 cm (or) 37 in
မ - 80 cm (or )32 in ထက်ကျော်လွန်နေပါက ကိုယ်အလေးချိန်ကို လျှော့ချပါ။
၄ ) ဆေးလိပ်သောက်ရင် ၃ ဆ မှ ၆ ဆအထိ ပိုဖြစ်နိုင်ပါသည်။
၅) အရက်မသောက်ပါနှင့် ။
၆ )သွေးတိုး ၊ ဆီးချိုရှိလျှင် သေချာစွာကုပါ။
၇ ) အိပ်ရာမဝင်ခင် ရေ (၁) ခွက်သောက်ပါ။
၈) စိတ်ဖိစီးမှု နည်းအောင်နေပါ။
15/01/2021
အားလုံးပဲ မင်္ဂလာပါရှင် ....
ဒီနေ့ မှာတော့ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အချက် ( ၁၀ ) ချက်ကိုမျှဝေပေးမှာဖြစ်ပါတယ်။
🧠 ဦးနှောက်သည် ခန္ဓာကိုယ်ကို အဓိက ထိန်းချုပ်ပေးတဲ့ဌာနကြီးတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်ရဲ့အကြီးဆုံး အစိတ်အပိုင်းဖြစ်ပါသည်။ ခန္ဓာကိုယ်အတွက် လုပ်ဆောင်ချက်ပေါင်းများစွာရှိပြီး လုပ်ဆောင်ပေးရမည့် တာဝန်များစွာနဲ့ အချက်အလက်ပေါင်းများစွာကို သိုလှောင်ပေးရသည့် တာဝန်လည်းရှိပါသည်။ ဒါကြောင့် ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေက သိမ်မွေ့ပြီး ပျက်စီးလွယ်သောကြောင့် ရှုပ်ထွေးတဲ့ကျန်းမာရေးပြဿနာပေါင်းများစွာကို ဖြစ်ပေါ်စေပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က
နေ့စဥ်ဦးနှောက်ကို ထိခိုက်စေနိုင်တဲ့ အကျင့်ဆိုး ၁၀ ခု ကို ရှောင်ကြဥ်ရန် လမ်းညွှန်ထားပါသည်။
၁) မနက်စာမစားခြင်း
၂) အိပ်ရေးဝဝ မအိပ်ခြင်း
၃) သကြားဓါတ်ကို မြင့်မားစွာစားသုံးခြင်း
၄) အလွန်အကျွံစားခြင်း
၅) ဆေးလိပ်သောက်ခြင်း
၆) အိပ်နေစဥ်မှာ ခေါင်းကို ဖုံးဖိ၍အိပ်ခြင်း
၇)လေထုညစ်ညမ်းခြင်း
၈) နေမကောင်းဖြစ်နေချိန်တွင် ဦးနှောက်ကို
အလုပ်လုပ်စေခြင်း
၉) စကားသိပ်မပြောခြင်း
၁၀) တက်ကြွစွာတွေးခေါ်မှု နည်းပါးခြင်း
တို့ဖြစ်ပါသည်။
အားလုံးမင်္ဂလာပါရှင်
ကျွန်မတို့ Healthy Project (HP) page မှ
လူကြီးမင်းတို့အတွက် ကျန်းမာရေးနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာ အကြောင်းအရာလေးတွေကို
နေ့စဥ်မျှဝေသွားမှာဖြစ်တဲ့အတွက် Page ကို Follow လုပ်ထားကြဖို့ တိုက်တွန်းပါရစေရှင့်
Click here to claim your Sponsored Listing.
Website
Address
83 လမ်း/20 × 21 ကြား အောင်မြေသာဇံမြို့နယ်
Mandalay
Opening Hours
| Monday | 09:00 - 21:00 |