Ba Oo Collection

Ba Oo Collection

Share

15/02/2026

မြင်းနှစ် ရောက်တော့မယ်ဆိုတော့ ကိုယ့်မှာရှိနေတဲ့ မြင်းတွေကို ရှာကြည့်မိတယ်။ ငလျင်ပြီးကတည်းက ဘယ်ရောက်လို့ ရောက်နေမှန်းမသိ။ ကျိုးပဲ့လို့ ပစ်လိုက်တဲ့ထဲများပါသွားပြီလား။ ရှိတာလေးတွေ ဟိုနားတစ်ခု ဒီနားတစ်ခု ရှာတွေ့တာလေးတွေပေါ့ 🥰

10/11/2024

ပစ္စည်းက စုထားတာလေးတွေ
စာကတော့ ကူးလာသည်
🧿🧿🧿🧿🧿
တူရကီရောက်တုန်းက မျက်လုံးပုံစံ အပြာရောင်အဝိုင်းလေးကို နေရာအနှံ့မှာတွေ့ခဲ့ရပါတယ်…
🧿 အိမ်တွေမှာ ချိတ်ထားတာ။
🧿 အမှတ်တရပစ္စည်းအရောင်းဆိုင်တွေမှာ ရောင်းနေတာ။
🧿 ဆွဲသီးတွေ၊ လက်ကောက်တွေအဖြစ် ဝတ်ထားတာကို တွေ့ခဲ့ရတာပါ။
🧿 Cappadocia မြို့မှာဆိုရင် သစ်ပင်ရဲ့ သစ်ကိုင်းတွေအကုန်လုံးမှာ ဒီမျက်လုံးပြာတွေ ချိတ်ဆွဲထားတာကိုတောင် တွေ့ခဲ့ရပါတယ်။

ဒီမျက်လုံးပြာကို Emoji ထဲမှာလည်း တွေ့ဖူးကြမှာပါ။ 🧿 ဒီလိုမျိုးလေးပေါ့။

အဲဒါနဲ့ တူရကီက သူငယ်ချင်းကို မေးကြည့်တော့ အဲဒီ အပြာရောင်မျက်လုံးက Evil Eye 🧿 တဲ့။ တူရကီမှာတော့ Nazar လို့ခေါ်ပါတယ်။

တူရကီနိုင်ငံရဲ့ ရိုးရာယုံကြည်မှုအရ မကောင်းဆိုးဝါးမျက်လုံး (Evil Eye) ကနေ ကာကွယ်ပေးလို့ Nazar ကို အန္တရာယ်ကင်းဘေးရှင်းစေတဲ့ အဆောင်အဖြစ် ဆောင်ထားလေ့ရှိကြပါတယ်။ မကောင်းတဲ့စွမ်းအင်တွေ၊ မနာလိုသူတွေကနေ ကာကွယ်ပေးတယ်တဲ့လေ။

သူတို့အယူအရ လောကမှာ Evil Eye သုံးမျိုးရှိပါတယ်တဲ့။
• ပထမတစ်မျိုးက မရည်ရွယ်ဘဲ အန္တရာယ်ဖြစ်သွားစေတာမျိုးပါ။
• ဒုတိယတစ်မျိုးကတော့ ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တာမျိုးပေါ့။
• တတိယတစ်မျိုးကတော့ မမြင်ရနိုင်တဲ့ အတွင်းကြိတ် Evil ဖြစ်ပြီး ကြောက်ဖို့အကောင်းဆုံးပါတဲ့။

🧿 Evil Eye အဆောင်က ကိုယ့်ကို အန္တရာယ်ပြုလာသူကို မှန်ထိုးပြလိုက်သလို တန်ပြန်ထိခိုက်စေသတဲ့လေ။

ဒါကြောင့်လည်း တူရကီက အိမ်တွေ၊ ဆိုင်တွေ၊ ရုံးတွေ၊ ကားတွေမှာ ချိတ်ဆွဲထားလေ့ရှိကြတာပါ။ တချို့အဆောက်အအုံတွေမှာဆို အုတ်မြစ်မှာတောင် ထည့်ဆောက်လေ့ရှိပါတယ်။ ကလေးငယ်လေးတွေရဲ့ ပုခက်မှာလည်း ချိတ်ဆွဲထားတတ်ကြပါတယ်။

ဆွဲသီး၊ လက်ကောက်၊ လက်စွပ်၊ နားကပ်တို့ လုပ်ဝတ်လေ့လည်း ရှိပါတယ်။ လက်ဝတ်ရတနာတွေအပြင် သော့ချိတ်၊ အဆောင်နဲ့ အမှတ်တရပစ္စည်းတွေအဖြစ်လည်း ရောင်းချလေ့ရှိကြပါတယ်။ Souvenir ဆိုင်တွေမှာဆို မတွေ့ချင်အဆုံးပါပဲ။ တူရကီလူမျိုးတွေ လက်ဆောင်ပေးရင်လည်း Evil Eye ပဲ ပေးကြတာပါ။ ကိုယ်တောင်မှ တူရကီကနေ ရင်ထိုးလေးရယ်၊ လက်ကောက်လေးရယ်၊ Key Chain လေးရယ် ဝယ်လာပါသေးတယ်။

Evil Eye ကို မြန်မာပြည်မှာလည်း Online Shop တချို့မှာ ရောင်းနေကြတာ တွေ့နေရပါပြီ။ လက်ကောက်လေးတွေ ဆွဲသီးလေးတွေ Facebook ပေါ် ရောင်းနေတာ တွေ့လိုက်မိတယ်။

🧿 Evil Eye အဆောင်တွေကို အပြာရောင်ဖန်နဲ့ ပြုလုပ်လေ့ရှိပြီး အပြာရင့်နဲ့ အပြာနု နှစ်ရောင်အဓိကပါလေ့ရှိပါတယ်။ စက်ဝိုင်းရဲ့အပြင်ဘက်ဆုံးမှာရှိတဲ့ အပြာရင့်ရောင်က ကံကောင်းစေတဲ့အရောင်ဖြစ်ပြီး ကောင်းတဲ့စွမ်းအင်တွေ ထွက်စေပါတယ်။ Evil Eye ကနေလည်း ကာကွယ်ပေးပါတယ်။ ခလယ်မှာတော့ အပြာနု (သို့) အဝါရောင်ရှိပြီး အတွင်းဆုံးက မျက်ဆံလိုဖြစ်နေတဲ့ အနက်ရောင် (သို့) နက်ပြာရောင်အစက်လေးကို ဝိုင်းထားပါတယ်။

🧿 Evil Eye အဆောင်တွေကို တူရကီနိုင်ငံမှာတင်မဟုတ်ဘဲ ဂရိနဲ့ အီဂျစ်မှာလည်း တွေ့ခဲ့ပါသေးတယ်။ မော်ရကို၊ အီတလီတောင်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာလည်း ဒီအဆောင်ကို ယုံကြည်ကြတယ်တဲ့လေ။

အချိန်ကြာလာတာနဲ့အမျှ Evil Eye အဆောင်တွေ ဟောင်းနွမ်းကျိုးပဲ့တတ်ပါတယ်။ ဒါဟာ နမိတ်ဆိုးမဟုတ်ပါဘူး။ သူ့အလုပ်သူလုပ်တာကြောင့်ပါတဲ့။ မကောင်းတဲ့အန္တရာယ်တွေကနေ ကာကွယ်ပေးရင်း ကျိုးပဲ့သွားတာတဲ့လေ။ မကောင်းတဲ့အငွေ့အသက်တွေ ပြန်ရောက်မလာအောင် အသစ်ထပ်ဆောင်ထားသင့်တယ်တဲ့လေ။

ဒါကတော့ တူရကီရောက်တုန်းက သတိထားမိခဲ့တဲ့ Evil Eye အကြောင်းကို သိသလောက်လေး ဝေမျှပေးတာပါ။ ယုံကြည်ရင်လည်း ဆောင်ထားကြပေါ့။ Online Shop တွေမှာလည်း ရောင်းနေကြပြီဆိုတော့လေ။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ…

ချစ်ခင်လျှက်
Dr.Nu Myat Theingi Oo
(Nu Myat around the World)


#ခရီးသွားဗဟုသုတ

Photos from Ba Oo Collection's post 01/03/2024

ဆန်ပန်းချီ 😍
ဂျပန် ကံကောင်းလာဘ်ပေါ် နတ်မင်းကြီး ၇ ပါး 七福神 ကို ဆန်စေ့ပေါ်မှာ ရေးဆွဲထားတာ ....
🥰🥰
ဒီလိုဆန်စေ့ပေါ်မှာ စာလုံးထွင်းပေးတာကို တရုတ်ပြည် ကူမင်းသွားတုန်းက တွေ့ဖူးတယ်။ နာမည်ရေးထိုးခဲ့ဖူးတယ်။ အခုတော့ ဘယ်မှာ သိမ်းထားမိမှန်း မသိတော့ 😠

Want your business to be the top-listed Photography Service in Mandalay?
Click here to claim your Sponsored Listing.

Website

Address

Mandalay