GreenCycle

GreenCycle

Share

We, GreenCycle, is organized to connect eco-conscious community by providing environmental education through online platform as well as workshops and campaigns.

17/10/2021

Entrepreneurship နဲ့ Ocean Sustainability အပိုင်းကိုစိတ်ဝင်စားတဲ့သူများ တကယ်လျှောက်သင့်တဲ့ Program လေးပါ။ အတွေ့အကြုံကောင်းနဲ့ ဗဟုသုတရော Skill တွေပါ ပိုတိုးတက်လာမှာပါ။ သိချင်တဲ့ Information တွေကို ChatBox/ Comment ကနေတဆင့်မေးနိုင်ပါတယ်

Have a look at the mentor community of Bluepreneur, which comprises amazing individuals working on environmental solutions across three continents!
Our group of curated mentors all strive to challenge your thinking, hone your business ideas, sharpen your solutions, and more importantly support your learning and self-discovery journey in environmental entrepreneurship!
If you're keen to join Bluepreneur and benefit from this mentorship, it's not too late. Our registration has been extended to 18 Oct.

Apply now at https://bit.ly/BluepreneurApp2021

16/08/2021

တစ်နေ့တာ လှုပ်ရှားမှုတွေမှာ ရေပမာဏ ဘယ်လောက်ထိ သုံးစွဲမိနေလဲ❓
________________________________________
မင်္ဂလာပါ

ဒီနေ့မှာတော့ ကျွန်မတို့ရဲဲ့နေ့စဉ်လှုပ်ရှားမှုတချို့မှာ ရေပမာဏဘယ်လောက် သုံးစွဲနေပုံနှင့် ရာသီဥတုပြောင်းလဲလာတာနဲ့အမျှ ရှားပါလာတဲ့ ရေအရင်းအမြစ်တွေကို ဘာကြောင့်အကျိုးရှိရှိ ချွေတာသုံးစွဲသင့်လဲဆိုတာကို မျှဝေပေးမှာဖြစ်ပါတယ်။

​နေ့စဉ်လှုပ်ရှားမှုတွေတိုင်းမှာ ရေဟာ အနည်းနဲ့အများ ကုန်ဆုံးနေတာဖြစ်ပြီး တဖြည်းဖြည်း လူတွေရဲ့အပြုအမူတွေနဲ့လူဦးရေ များပြားလာမှုကြောင့် ရေဟာတဖြည်းဖြည်း ပိုမိုရှားပါးလာပါတယ်။

ကမ္ဘာ့ရေရဲ့ 97% ဟာ ပင်လယ်နဲ့သမုဒ္ဒရာက ရေငန်တွေဖြစ်ပြီး 2% ကတော့ ရေခဲနေတာဖြစ်ပါတယ်။ ကျန်ရှိတဲ့1% နီးပါးကိုသာသောက်ရေ၊ စီးပွားဖြစ်နဲ့ စက်ရုံသုံး၊ စိုက်ပျိုးရေးအတွက် သုံးနိုင်တာဖြစ်ပါတယ်။

နေ့စဉ်နှင့်အမျှ ရေကုန်ဆုံးမှု၊ သုံးစွဲမှုကို အချက်ကျကျ ပြောရမယ်ဆိုရင်

💧(ရေ) ပိုက်အရွယ်အစားပေါ် မူတည်ပြီး တစ်နေ့ကို ရေဂါလန် 100 ထိယိုစိမ့်နိုင်ပါတယ်။
💧 သွားတိုက်နေစဉ်အတွင်း ရေပိုက်ဖွင့်ထားမယ်ဆိုရင် တစ်ဂါလန်နီးပါး အလေအလွင့် ဖြစ်နိုင်ပါတယ်။
💧 5 မိနစ်ရေချိုးနေချိန်အတွင်းမှာ ရေဂါလန် 15 ကနေ 20 အတွင်း ကုန်နိုင်ပါတယ်။
💧 10 မိနစ် ရေချိုးမယ်ဆိုရင် ဂါလန် 40 ထိ ကုန်နိုင်ပါတယ်။
💧 နွားနို့သောက်သုံးမယ်ဆိုရင်လည်း နွားတစ်ကောင်က နွားနို့တစ်ဂါလန်ထုတ်နိုင်ဖို့ ရေ4ဂါလန်ကို သောက်သုံးပေးရပါတယ်။
💧 သင်ဟာ ဓာတ်ငွေ့သုံးယာဉ်ကို အသုံးပြုမယ်ဆိုရင် ယာဉ်က Gasoline (ဓာတ်ဆီ) 1 ဂါလန်ထုတ်နိုင်ဖို့ ရေ13ဂါလန် ထည့်ပြီးအသုံးပြုရပါတယ်။

​အထက်ပါ အချက်အလက် အနည်းငယ်ကို ကြည့်မယ်ဆိုရင် ကျွန်မတို့ မဖြစ်မနေ အသုံးပြုရတဲ့ ရေပမာဏကလည်းရှိနေတဲ့အတွက် တချို့မလိုအပ်ပဲအလေအလွင့် ဖြစ်သွားတဲ့နေရာတွေမှာ (ဥပမာ-သွားတိုက်နေချိန်အတွင်းရေပိုက်များ ပိတ်ထားခြင်း၊ ရေတင်ချိန်ကို အချိန်သတ်မှတ်ပြီး တင်ခြင်း၊ ရေအလေအလွင့်များ မဖြစ်အောင် သတိထားခြင်း)ဖြင့် ရေအရင်းမြစ်များ ထိန်းသိမ်းနိုင်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ယခင်က အရင်းအမြစ်များ ပေါကြွယ်ဝသော်ငြားလည်း ယခုလက်ရှိမှာတင် ရာသီဥတုပြောင်းလဲမှု၊ နွေမတိုင်ခင်ရေရှားပါးမှု၊ ရေကြီးရေလျှံခြင်းနှင့် သန့်ရှင်းသောရေမရှိမှုစတာတွေကို မြို့ကြီးများမှာပင် စတင်တွေ့ကြုံခံစားနေကြရပါပြီ။ ဒါ့ကြောင့် အချိန်မနှောင်းခင် တန်ဖိုးရှိတဲ့ ရေအရင်းအမြစ်များကို စနစ်တကျ အကျိုးရှိရှိအသုံးချဖို့နဲ့ ထိန်းသိမ်းကာကွယ်ကြဖို့ တိုက်တွန်းအသိပေးလိုပါတယ်။

အခုလို အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သင်ရော တနေ့တာလှူပ်ရှားမှုတွေမှာ ရေကိုဘယ်လိုချွေတာပြီး စနစ်တကျ အသုံးပြုနေလဲဆိုတာကို တခြားသူငယ်ချင်းတွေလည်း အတုယူရအောင် Cmt မှာ မျှဝေပေးပါဦးနော်

02/08/2021

တစ်ခါသုံး Mask များကို ရောဂါပြန့်ပွားမှု မရှိအောင် စနစ်တကျ ဘယ်လိုစွန့်ပစ်ကြမလဲ?

မင်္ဂလာပါရှင့်

ဒီနေ့မှာတော့ ​Masks မတပ်ခင်/အသုံးပြုပြီး လိုက်နာရမည့် အချက်များကို မျှဝေပေးချင်ပါတယ်။

(1) Mask ကို လက်နဲ့မကိုင်ခင် မိမိရဲ့လက်ကို ဆပ်ပြာ သို့မဟုတ် Sanitizer နဲ့ အရင်ဆုံး သန့်စင်ရပါမယ်။
(2) Mask ကို ပါးစပ်/နှာခေါင်းများ လုံခြုံအောင် တပ်ဆင်ရပါမယ်။
(3) Mask တပ်နေစဉ်အတွင်း အပြင်ဘက်အခြမ်း(အပြာရောင်) ကို လက်နဲ့မကြာခဏထိခြင်း များကို ရှောင်ကြဉ်ရပါမယ်။
(4) Mask များကို အသုံးပြုပြီးနောက် စွန့်ပစ်မည့်အချိန်တွင် ရောဂါပြန့်ပွားမှုမရှိရလေအောင် ခေါက်ပုံခေါက်နည်းများကို videoနှင့် မျှဝေပေးထားပါသည်။
(5) အမှိုက်ပုံးထဲသို့ တိုက်ရိုက် မစွန့်ပစ်ပဲ ပလတ်စတစ်အိတ်ထပ်ထားသော ပုံးထဲကိုသာ စွန့်ပစ်သင့်ပါတယ်။
(6) အသုံးပြုပြီးသော Masks များကို စွန့်ပစ်ပြီးပါက လက်ကို သန့်စင်အောင်ပြုလုပ်ရမှာပဲဖြစ်ပါတယ်။
(7) တစ်ခါသုံး Mask များကို အကြိမ်ကြိမ်ပြန်လည် အသုံးပြုပါက ရောဂါကူးစက်နိုင်ခြေ မြင့်မားပြီး လျှော်ဖွတ်အသုံးပြုပါက အတွင်းပိုင်း Layer များ ပျက်စီးကာ ရောဂါပိုးများ အလွယ်တကူ ဝင်ရောက်နိုင်ခြင်းတို့ကြောင့် တစ်ခါသုံး Mask များကို တစ်ကြိမ်တစ်ခါသာ အသုံးပြုသင့်ပါတယ်။

အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မိမိတို့ စွန့်ပစ်လိုက်သော ပစ္စည်းများမှတဆင့် ရောဂါပြန့်ပွားမှုမရှိအောင် ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ဒီ Content လေးက သင့်အတွက် အကျိုးရှိစေတယ်ဆိုရင်တော့ Like&Share လေးလုပ်ပေးကြပါဦးနော်။

Want your school to be the top-listed School/college in Mandalay?
Click here to claim your Sponsored Listing.

Website

Address

Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00