All About Car Technology

All About Car Technology

Share

05/11/2021

Truck air suspension ® ကားကြီးလေအိတ်အကြောင်း
•••••••••••••••••••••••••••••••••••••••••••••••••••••••••••

ထရပ်ကားတွေမှာ သုံးတဲ့ suspension တွေမှာ လေးတွေ အစား လေအိတ်တွေကို အသုံးပြုလာတာဟာ ဆယ်စုနှစ် တစ်ခုလောက်ပင် ရှိပေလိမ့်မည် အရင် မော်ဒယ်အဟောင်းတွေမှာတော့ ရိုးရိုး လေးတွေ ရှေ့ဘားတွေ လောက်ပဲ သုံးကြတာပါ ဒါပေမဲ့ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာတော့ ပိုပြီး အားသာချက်တွေ များတဲ့ air suspension ( လေအိတ် ) ကို အသုံးပြုလာခဲ့ပါတယ် အမေရိကန် စတဲ့ အနောက်နိုင်ငံတွေမှာတော့ လေအိတ်တွေကို သူံးလာတာ တော်တော်လေးကြာနေပါပြီ။

လေးအစား လေအိတ်သုံးတာ ဘယ်လို အားသာချက်တွေ ရှ်ိနိုင်မလဲ ဆိုရင် ... အားသာချက်ကတော့ အင်ဂျင်ရဲ့ efficiency ပိုပြီးတိုးတာရယ် ငြိမ့်ညောင်းမှု ပိုရှိလာတာရယ် ယာဉ်မောင်းသူရဲ့ စွမ်းရည် ပိုကောင်းလာတာတွေကတော့ အဓိက အားသာချက်တွေပဲ ဖြစ်ပါတယ် ဒါပေမဲ့ အားနည်းချက်ကတော့ over weight မရပါဘူး ... လေအိတ်တစ်လုံးဟာ သူသက်မှတ်ထားတဲ့ ကာလ မရောက်ခင်မှာ preventive maintenance လုပ်ပေးရတယ် ဒါလေးကတော့ သူအားသာချက်ပေါ့ သူနဲ့ဆန့်ကျင်ဘက် လေးစနစ်ကတော့ Maintenance free ပါ။

လေအိတ်စနစ်တစ်ခုမှာ အရေးကြီးဆုံးက လေအိတ်ပါ ... လေအိတ်ကောင်းဖို့လိုပါတယ် ကျန်တာတွေကတော့ လေပိုက်တွေရယ် လေအိုးတွေ လေစနစ်ကို ကောင်းစွာ စီမံခန့်ခွဲပေးမည့် ယူနစ်တွေ ပြီးရင် ကွန်ပရက်ဆာ စတာတွေကလည်း အရေးကြီးတဲ့ အစိတ်ပိုင်းတွေပဲ ဖြစ်ပါတယ် ... လေအိတ်တလုံးဟာ ကားရဲ့ ၀န်အားပေါ်မှုတည်ပြီး ခံနိုင်ရည် ရှိပါတယ် အထူးသဖြင့် လေရဲ့ pressure ဒဏ်ကို ကောင်းစွာ ခံနိုင်ရပါမယ် သူံးပါများလာရင် လေအိတ်ရဲ့ ခံနိုင်ရည်လဲ ကျလာမယ် ဘာလို့လဲဆိုရင် လေအိတ်ဆိုတာ တသတ်မတ်ထဲ မဟုတ်ပဲ လေပူပေါင်းလို အပေါ်တက်အောက်ဆင်း ကစားနေတာပဲ ဖြစ်ပါတယ်။

Engine ကနေ Air compressor ကို မောင်းနှင်ပြီး အဲ့ကနေမှ တဆင့် Air Tank တွေဆီကို သွားတာ ဖြစ်ပြီး လေအိတ်တလုံးချင်းစီကို လေဘယ်လောက်အားနဲ့ ဖြည့်မလဲဆိုတာကိုတော့ APS လို့ခေါ်တဲ့ Air processing unit ကနေ အလုပ်လုပ်ပေးတာပဲ ဖြစ်တယ် သူက Air Unit တစ်ခုလုံး ထိန်းချုပ်တဲ့ စနစ်တစ်ခုပါပဲ ... APS ကတော့ ECU လိုပဲ ပျက်သွားရင်လဲတာ အကောင်းဆုံးပါပဲ။

လေအိတ်တွေမှာ အထင်ကြီးစရာ အကောင်းဆုံးအချက်က APS unit ပါတာရယ် sensor တွေရဲ့ ထောက်ပံ့မှု သတင်းအချက်လတ်ကို ယူတာတွေပါ အဲ့အတွက်ကြောင့် လေအိတ်တလုံးချင်းစီမှာ pressure sensor တစ်လုံးစီ တပ်ပေးထားပါတယ် ဘာကြောင့့်လဲ ဆိုရင် လေအိတ်ထဲမှာ ရှိတဲ့ Air pressure ကို Control Unit က သိဖို့လိုပါတယ် သို့မှသာ ကားရဲ့ ၀န်နဲ့အားကို လိုက်ပြီး သင့်တော်တဲ့ လေအားကို လေအိုးတွေကနေတဆင့်ဖြည့်ပေးမှာပဲ ဖြစ်ပါတယ်။

လေအိတ်တွေရဲ့ အလွန်အန္တာရယ်များတဲ့ အချက်က ရုတ်တရက် ထကွဲတက်တာပဲ ဒါကတော့ လေအိတ်ရဲ့ ကြံခိုင်မှုအားနဲ့ ဆိုင်သလို ကားရဲ့ တင်ထားတဲ့ ဝန်အားနဲ့လဲ ဆိုင်ပါတယ် ဒီအခြေနေဟာ လေအိတ်ကားတွေအတွက် အလွန်ကြောက်ဖို့ကောင်းတဲ့ အခြေနေပါပဲ အဲ့ဒါလေးကတော့ လေအိတ်သုံးတဲ့ ကားတွေအတွက် အားနည်းချက် ကြီးကြီးမားမားပါပဲဖြစ်ပါတယ် ဒီလို အခြေနေကို အတန်အသင့်ကာကွယ်ဖို့ အတွက် အနောက်နိုင်ငံတွေမှာ လေအိတ် နဲ့ လေး တွဲသူံးတဲ့ combine suspension တွေလဲ တွေ့ရပါတယ် ဒီစနစ်တွေကလဲ safe ဖြစ်တယ်လို့ ပြောလို့မရပါဘူး ဒါပေမဲ့ ယာဉ်မတ်ာတဆမှုကိုတော့ အတန်သင့်ကာကွယ်ပေးပါတယ်။

Crd : Sir Saw Naing 🙏🏻

26/09/2021

မော်တော်ကားမောင်းနှင်သူတိုင်း မဖြစ်မနေ သိထားသင့်သည့်

Car Dashboard ပေါ်မှ အချက်ပြသင်္ကေတများ . . .

-------------------------------------------------------------------

Cruise Control

အဝေးပြေးလိုလမ်းဖြောင့်တွေပေါ်မှာ ယာဉ်မောင်းရဲ့သက်မှတ်မြန်နှုန်းအတိုင်း အလိုအလျောက်မောင်းနှင်ပေးနေတဲ့ အချိန်မျိုးမှာ အချက်ပြပေးမှာဖြစ်ပါတယ်။

မော်တော်ကားမောင်းနှင်ခြင်းကို သက်သက်သာသာရှိအောင် ကူညီထိန်းကျောင်းလုပ်ဆောင်ပေးမယ့် အကူစနစ်ဆိုရင် မမှားပါဘူး။

အချက်ပြနေတာကို ပိတ်ချင်ရင် ဘရိတ်ကိုအသုံးပြုရပါတယ်။ ဒီနေရာမှာ တစ်ခုသတိထားရမှာက အချက်ပြစနစ်ပိတ်မသွားပဲဆက်ပြီး ပေါ်နေဦးမယ်ဆိုရင် ချွတ်ယွင်းချက်ရှိနေတာဖြစ်ပါတယ်။

အန္တရာယ်ရှိတာကြောင့် ဆက်မမောင်းပဲ ပြင်ဆင်ပြီးမှ ပြန်မောင်းပါလို့ အကြံပေးလိုပါတယ်။

Adaptive Cruise Control

သူက Cruise Control ရဲ့ နောက်ဆက်တွဲနည်းပညာဖြစ်ပြီး သူလည်းအလိုအလျောက်လုပ်ဆောင်ပေးမယ့် စနစ်ဖြစ်ပါတယ်။

ပုံပေါ်နေရင် အဆိုပါစနစ်လုပ်ဆောင်နေတာဖြစ်ပြီး မသုံးချင်ဘူးဆိုရင်လည်း ပိတ်ထားနိုင်မှာဖြစ်ပါတယ်။

Engine Cooling System

အင်ဂျင်က အနားမရပဲ ဆက်တိုက်အလုပ်လုပ်ပေးနေရတာမျိုး၊ ပြင်းပြင်းထန်ထန်ရုန်းကန်ပေးနေရတဲ့အချိန်မျိုးမှာ အချက်ပြပေးတဲ့စနစ်ဖြစ်ပါတယ်။

အရေးကြီးပါတယ်။ အင်ဂျင်ရဲ့ ခံနိုင်ရည်အပူချိန်ထက်ပိုပြီး မြင့်မားနေပြီ၊ အမြင့်ဆုံးအပူချိန်ရောက်နြေပီဆိုတာကို အချက်ပြတာဖြစ်တဲ့အတွက် အင်ဂျင်ကို အနားပေးပါ။ ဆက်ပြီးမမောင်းသင့်ပါဘူး။

တဆက်တည်းမှာ ရေတိုင်ကီနဲ့ ရေပိုက်စနစ်တွေကို စစ်ဆေးရမှာဖြစ်ပါတယ်။

Vehicle Charging System

သူကတော့ ကားရဲ့အားသွင်းစနစ်မှာ ချွတ်ယွင်းချက်ရှိနေတယ်လို့အချက်ပြပေးတာဖြစ်ပါတယ်။

ဘက်ထရီအားဝင်/မဝင်၊ ဘက်ထရီကောင်း/မကောင်း စစ်ဆေးရမှာဖြစ်ပါတယ်။

ဘက်ထရီပိုင်းက ကားမီးလောင်တာမျိုးကို ပိုဖြစ်စေနိုင်တဲ့အလားအလာရှိတာကြောင့် ဒီမီးလင်းလာရင် ဆက်မောင်းတာမျိုး မလုပ်ပါနဲ့။ ပြင်ဆင်ပါ။

Air Suspension

Suspension စနစ်ရဲ့ အဆင့်မြင့် စနစ်ပဲ ဖြစ်ပါတယ်။ Absorber တွေနဲ့ ဖန်တီး ထည့်သွင်းထားတဲ့စနစ် မဟုတ်တော့ပဲ ခရီးသည်တင်ကားတွေရဲ့ အောက်ဖက် လေအိတ်တွေလိုပဲ ကားကို သက်သောင့်သက်သာစီးနင်းနိုင်အောင် လေအိတ်ပုံစံ Suspension စနစ်နဲ့ သွားတာ ဖြစ်ပါတယ်။

အထက်ပါစနစ်ချွတ်ယွင်းနေတယ်ဆိုတာကို အချက်ပြတာဖြစ်ပြီး ပြန်လည်ပြုပြင်ပေးဖို့လိုအပ်မှာဖြစ်ပါတယ်။

Automatic Gearbox Box

အော်တိုဂီယာနဲ့ကားတွေမှာ ဒီမီးလင်းနေရင် ဂီယာကချွတ်ယွင်းချက်ရှိနေပြီလို့ပြောတာဖြစ်ပါတယ်။ အရေးကြီးပါတယ်။ စစ်ဆေးပြင်ဆင်ရမှာပါ။

Towing Hitch

ဝန်တင်ဆောင်ထားမယ်ဆိုရင် Mode ပြောင်းလဲ မောင်းနှင်နိုင်တဲ့ ကားတွေမှာ Tow Mode ပြောင်းလဲ မောင်းနှင်ဖို့ အချက်ပြခြင်း ဖြစ်တတ်သလို Mode ပြောင်းလဲ မောင်းနှင်နိုင်ခြင်းမရှိတဲ့ မော်ဒယ်တွေဆိုရင်လည်း ဝန်တင်ဆောင်ထားကြောင်းနဲ့ ပုံမှန်ထက် ဝန်များကြောင်း အချက်ပြပေးမှာ ဖြစ်ပါတယ်။

Electronic Stability Programme

သူက Stability စနစ်ကို လျှပ်စစ်စနစ်နဲ့ ထိန်းချုပ်မောင်းနှင်နေတယ် ဆိုတာ သိစေအောင် အချက်ပြပေးတာ ဖြစ်ပါတယ်။

ထည့်သွင်း Software ကနေ တဆင့် ထိန်းချုပ်ပေးတာဖြစ်ပြီး ဒီစနစ်က ပုံမှန် Stability စနစ်တွေထက် ကားကို လမ်းကြောင်းပေါ်မှာ ပိုမိုတည်ငြိမ်မှု ပေးနိုင်တာ တွေ့ရပါတယ်။

Stability Control Off

နောက်ပိုင်းထုတ်ကားတွေမှာ မော်တော်ယာဉ်မောင်းနှင်ချိန် တည်ငြိမ်မှုထိန်းချုပ်တဲ့စနစ်ကို ပိတ်ထားတယ်လို့ အချက်ပြပေးတာဖြစ်ပါတယ်။

Lane Assist

သူက မော်တော်ကားတိုင်းမှာတော့ မပါပါဘူး။ နောက်ပိုင်းထုတ် မော်ဒယ်မြင့်တွေမှာ ပိုပြီးတွေ့ရပါတယ်။

ကားရဲ့ဘေးဘက်တွေကိုအာရုံခံပြီး အချက်ပြပေးတဲ့စနစ်မျိုးဖြစ်တာကြောင့် လမ်းကျဉ်းလိုနေရမျိုးတွေမှာဆို အသုံးတည့်ပါတယ်။ ဒီစနစ်ကလည်းမလိုဘူးဆို ပိတ်ထားလို့ရပါတယ်။

Airbag and Seat Belt System

သူကတော့ အသက်ကယ်လေအိတ်စနစ်မှာ အားနည်းချက်ရှိနေတာမျိုး၊ ထိုင်ခုံခါးပတ်မှာ ပြစ်ချက်ရှိနေတာမျိုးတွေကို အချက်ပြပေးတာဖြစ်ပါတယ်။

အချို့သောကားတွေမှာဆို ကားမောင်းတဲ့အချိန် ခါးပတ်ပတ်မထားရင်လည်း ဒီပုံစံနဲ့ပဲ အချက်ပြပေးတက်ပါတယ်။

Brake System

သူက ကနေဒါပုံစံအချက်ပြစနစ်ပါ။ အမေရိကန်စနစ်မှာတော့ Brake ဆိုတဲ့ စာသားနဲ့လာပါတယ်။

ဘရိတ်စနစ်မှာ အားနည်းချက်ရှိနေပြီလို့ အချက်ပြတာဖြစ်ပါတယ်။

လက်ကိုင်ဘရိတ်စနစ်ကို ပြန်လည်စစ်ဆေးရမှာဖြစ်ပါတယ်။

Engine Oil Pressure

သူက အင်ဂျင်အတွင်းက အင်ဂျင်ဝိုင်ဖိအားနဲ့ အနေအထားကို အချက်ပြပေးတာဖြစ်ပါတယ်။

စက်နှိုးဖို့သော့ထည့်လိုက်ရင် အချက်ပြပေးပြီး စက်နိုင်းသွားရင် ပြန်ပိတ်ပါတယ်။ ပြန်မပိတ်ဘူးဆိုရင်တော့ အင်ဂျင်ဝိုင်ကို စစ်ရမှာဖြစ်ပါတယ်။

Pressure နည်းလေလေ အင်ဂျင်ဝိုင်ရှိရမယ့်ပမာဏလျော့နည်းလေလေဖြစ်ပါတယ်။ အင်ဂျင်ဝိုင်အသစ်လဲပေးတာမျိုး၊ ထပ်ဖြည့်တာမျိုး လုပ်ပေးရမှာပါ။

Engine Oil Level

အင်ဂျင် ဖိအားတိုင်း အချက်ပြမီးစနစ်နဲ့ ဆင်တူပါတယ်။ ဒီစနစ်ကတော့ အင်ဂျင်ဝိုင် ပမာဏ ဘယ်လောက် ရှိတယ်ဆိုတာကို အာရုံခံ အချက်ပြပေးမှာ ဖြစ်ပြီး သူက ပမာဏ နည်းနေရင် ထပ်ထည့်နိုင်အောင် အချက်ပြပေးမယ့် စနစ် ဖြစ်ပါတယ်။

Ignition Switch

သူကထုတ်လုပ်တဲ့ကားကုမ္ပဏီအလိုကျ ပုံစံမြိုးစုံနဲ့လာပါတယျ။

မော်တော်ကားစက်နှိုးဖို့အသင့်အနေအထားကို အချက်ပြတာပါ။

ဒီနေ့ခေတ်ကားတွေမှာ အခုစနစ်အတွက် အချက်ပြပုံစံ ၁၀ မျိုးကျော်လောက်အထိလာတာတွေ့ရပါတယ်။

Power Steering System

နောက်ပိုင်းထုတ်မော်ဒယ်တွေမှာ အများဆုံးတွေ့ရတဲ့စနစ်ဖြစ်ပါတယ်။

လက်ကိုင်ပိုင်းကို ပိုပြီးပေါ့ပါးအောင်၊ မောင်းနှင်ရသွက်အောင်ထည့်သွင်းပေးထားတဲ့စနစ်ဖြစ်ပြီး ဒီပုံပေါ်လာတာက အဲ့ဒီစနစ်မှာ အားနည်းချက်ရှိနေတယ်လို့ အချက်ပြတာဖြစ်ပါတယ်။

ပါဝါစတီယာရင်အပိုင်းနဲ့ ပါဝါဆီ ရှိ/မရှိ စစ်ဆေးရမှာဖြစ်ပါတယ်။

Bonnet

သူက ကားရဲ့ရှေ့ဘက် အင်ဂျင်ခန်းအဖုံးဖွင့်ထားတယ်/ပွင့်နေတယ်ဆိုတာကို အချက်ပြပေးတာဖြစ်ပါတယ်။

အင်ဂျင်စက်ဖုံးကို Lock ကျအောင် ပြန်ပိတ်ပေးရမှာပါ။

Boot Lid

နောက်ဖက်ဝန်တင်ခန်းအဖုံးပွင့်နေတယ်လို့ အချက်ပြတာဖြစ်ပါတယ်။

နောက်ဖုံးကို Lock ကျအောင် ပြန်ပိတ်ပေးရမှာပါ။

Doors

ကားရဲ့တံခါးတစ်ခုခုပွင့်နေမယ်ဆိုရင် အချက်ပြေပေးမှာဖြစ်ပါတယ်။

တံခါးတွေကိုစစ်ဆေးပါ။ Lock မကျသေးတဲ့တံခါးကို ပြန်ဖွင့်ပြီး ပြန်ပိတ်ပေးရမှာဖြစ်ပါတယ်။

Steering Lock

Steering ကို Lock ချထားတယ်လို့ အချက်ပြပေးတာဖြစ်ပါတယ်။

Anti-Lock Brake System

နောက်ပိုင်းထုတ်မော်ဒယ်အများစုမှာ တပ်ဆင်လာတဲ့စနစ်ဖြစ်ပါတယ်။
သူက ကားသော့စဖွင့်တာနဲ့လင်းပါတယ်။ ခဏလောက်နေရင် ပြန်ပိတ်ရပါတယ်။ ဆက်ပြီးပေါ်နေသေးတယ်ဆိုရင်တော့ စနစ်မှာအားနည်းချက်ရှိနေပြီလို့ အချက်ပြတာဖြစ်ပါတယ်။

Windscreen Washer Fluid Level

ရှေ့မှန်၊ နောက်မှန်တွေကိုဆေးတဲ့ မှန်ဆေးရည်ပမာဏကို အချက်ပြပေးတာဖြစ်ပါတယ်။

မော်ဒယ်နိမ့်ကားတွေမှာတော့ မှန်ဆေးရည်စနစ်မပါတက်ပါဘူး။ ဒါ့အပြင် မှန်ဆေးရည်စနစ်ပါတဲ့ကားတချို့မှာလည်း ဒီအချက်ပြစနစ်ကို မထည့်ထားပါဘူး။

နောက်ဆုံးပေါ်အဆင့်မြင့်ကားတွေမှာပဲ တွေ့ရများပါတယ်။

Emissions Control Lamp

သူကတော့ ဓာတ်ငွေ့ထုတ်လွှတ်တဲ့အပိုင်းမှာ ပြစ်ချက်ရှိနေပြီလို့ အချက်ပြပေးတာဖြစ်ပါတယ်။

မော်ဒယ်နိမ့်ကားတွေမှာ ဒီအချက်ပြစနစ်မပါတက်သလို အချို့ကားတွေမှာဆိုရင်လည်း ဒီလိုပြစ်ချက်မျိုးကို အင်ဂျင်ထိန်းချုပ်စနစ်အားနည်းချက်ပြသင်္ကေတနဲ့ရောပြီး အချက်ပြတက်ပါတယ်။

Tyre Pressure Monitoring

သူက နောက်ပိုင်းထုတ် မော်ဒယ်တွေမှာ ပါရှိတဲ့ အချက်ပြစနစ် ဖြစ်ပါတယ်။ တာယာရဲ့ လေပေါင်ချိန်ကို ခန့်မှန်း အာရုံခံပြီး အချက်ပြပေးမှာ ဖြစ်ပါတယ်။

ခရီးဝေး မောင်းနှင်မှုတွေ အတွက် တာယာလေပေါင်ချိန်ဟာ အရေးကြီးတဲ့ အတွက် နောက်ပိုင်းထုတ် မော်ဒယ် အများစုမှာ တပ်ဆင် ထုတ်လုပ်လာတာ တွေ့ရပါတယ်။

Rain and Light Sensor

မိုးရွာနေတဲ့အချိန် ပြင်ပအလင်းရောင်သိပ်မရှိတော့တဲ့အချိန်မျိုးမှာ ဒီစနစ်က အာရုံခံပြီး အလိုအလျောက်လင်းပေးမှာဖြစ်ပါတယ်။

အပြင်ကမိုးကရွာ၊ မှောက်ကလည်းမှောင်နေပေမယ့် ဒီမီးမလင်းဘူးဆိုရင်တော့ လျှပ်စစ်ပိုင်းနဲ့ အာရုံခံအပိုင်းကို စစ်ဆေးရမှာဖြစ်ပါတယ်။

Adaptive Lighting System

သူက အလိုအလျောက်လုပ်ဆောင်ပေးတဲ့ စနစ်ဖြစ်ပြီး ရှေ့မီးကြီးဖွင့်ထားချိန်မှာ မီးလုံးအနေအထားက သင့်တော်တဲ့အခြေအနေမှာရှိနေပြီဆိုတာကို အချက်ပြပေးတာဖြစ်ပါတယ်။

Convertible Roof

အမိုးဖွင့်ကားတွေမှာပါရှိမယ့် အချက်ပြမီးစနစ် ဖြစ်ပါတယ်။

အမိုးကို အဖွင့်၊ အပိတ် လုပ်နိုင်မယ် ဆိုတာကို အချက်ပြပေးမယ့် အပြင် ထုတ်လုပ်တဲ့ ကုမ္ပဏီအပေါ်ကိုမူတည်ပြီး အမိုးဖွင့်ထားသလား၊ ပိတ်ထားသလားဆိုတာကိုပါ အချက်ပြပေးတာ တွေ့ရပါတယ်။

Engine Management Lamp

သူက အင်ဂျင်ကို စစ်ဆေးဖို့ လိုအပ်နေတယ်ဆိုတာ အချက်ပြပေးတာ ဖြစ်ပါတယ်။

ထုတ်လုပ်တဲ့ ကားကုမ္ပဏီအပေါ်မှာမူတည်ပြီးတော့ Check ဆိုတဲ့ စာသားနဲ့ အချက်ပြမှု ပုံစံလည်း ရှိသလို၊ Service Engine Soon ပုံစံနဲ့လည်း သတိပေးတတ်တာ တွေ့ရပါတယ်။

Low Fuel Level

သူကတော့ ထုတ်လုပ်တဲ့ကုမ္ပဏီအပေါ်ကို မူတည်ပြီး အနည်းဆုံး ဆီပမာဏ လက်ကျန်ကို အခြေခံတွက်ချက်ကာ မကြာခင်မှာ စက်သုံးဆီကုန်တော့မယ်ဆိုတဲ့အကြောင်းကို အချက်ပြပေးမှာ ဖြစ်ပါတယ်။

များသောအားဖြင့်တော့ ပျမ်းမျှ ဆီ ၂ ဂါလံဝန်းကျင်ကျန်ရှိချိန်မှာ အချက်ပြမီး လင်းလာတတ်ပြီး နောက်ထပ် ခရီး ၁၀ မိုင်ကျော် သွားလာနိုင်သည်ထိအောင် ဆီလက်ကျန်ရှိချိန် အချက်ပြပေးတတ်ပါတယ်။

Rear Fog Lights

နောက်ဖက် Fog မီးလင်းလာချိန်မှာမှ အချက်ပြမယ့် မီးစနစ်ပါ။ ပြသမှု ပုံစံ နှစ်ခု ရှိတတ်ပါတယ်။

ပထမ တစ်ခုက Fog မီးဖွင့်လိုက်တာနဲ့ လင်းလာတာက Fog မီးလင်းကြောင်း အချက်ပြမီးနဲ့ နောက်ထပ် ပုံစံတစ်ခုက နောက်ဖက်ကနေ အနီးကပ် ကားမီးကြီး တစ်ခုခု လင်းနေတယ်၊ ကပ်ပါတယ်ဆိုတာ အာရုံခံ အချက်ပြတာ ဖြစ်ပါတယ်။

ဒုတိယအချက်ပြမီးစနစ်ကို ထည့်ထားတဲ့ကားတွေက ရှားပါတယ်၊ ဇိမ်ခံကားတွေမှာပဲ ပါရှိတတ်ပါတယ်။

ဗဟုဟုတမျှဝေရန် ကူးယူဖော်ပြထားပါသည်။

: Thunder Mortor

25/09/2021

အင်ဂျင်ဆိုတာ ဘာလဲ။

အင်ဂျင်တစ်လုံးကို အသေးစိတ် လေ့လာကြည့်ရာ နားလည်သဘောပေါက်ဖို့ အလွန်ရှုပ်ထွေးပါတယ်။ အင်ဂျင်ရဲ့ ယေဘုယျ သဘောတရားမှာ မီး၊ လေ၊ လျှပ်စစ် စတဲ့ သဘာဝအရင်းအမြစ် စွမ်းအင်ကို စက်မှုစွမ်းအင်သို့ စဉ်ဆက်မပြတ် ပြောင်းလဲပေးခြင်းဖြင့် မောင်းနှင်ပေးတဲ့ ကိရိယာပဲ ဖြစ်ပါတယ်။ အင်ဂျင်အမျိုးအစား များစွာရှိပြီး ထိုအင်ဂျင်တွေမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ မောင်းနှင်တာကို တွေ့ရပါတယ်။
အင်ဂျင်ကို လောင်ကျွမ်းပေးတဲ့ ကိရိယာအဖြစ်လည်း သတ်မှတ်နိုင်ပါတယ်။ ဘာ‌ကြောင့်လဲဆိုတော့ အင်ဂျင်က ကားကို မောင်းနှင်နိူင်ဖို့အတွက် လောင်စာဆီကို လောင်ကျွမ်းစေခြင်းဖြင့် ရရှိလာတဲ့အပူကို စက်စွမ်းအင်သို့ ပြောင်းလဲစေခြင်း‌ကြောင့် ဖြစ်ပါတယ်။
အပူစွမ်းအင်မှ စက်မှုစွမ်းအင်သို့ ဘယ်လိုပြောင်းလဲသလဲ။ ဥပမာ- ပုလင်း၊ အိုး တို့ကို အပူပေးတဲ့အခါ အဖုံးတွေဟာ ဆူညံသံနဲ့အတူ ရွေ့လျားနေတာ တွေ့ရပါတယ်။
ဓာတ်ငွေ့ ၊ ဒါမှမဟုတ် လျှပ်စစ်စွမ်းအင်မှ ရရှိတဲ့အပူက ရေကို အငွေ့ပြန်စေပြီး ထိုရေငွေ့က ပုလင်းနဲ့အိုး အဖုံးတို့ကို အပေါ်ကြွတက်စေတာပဲ ဖြစ်ပါတယ်။
အရေးကြီးတဲ့ အချက်တစ်ချက်တစ်ချက်က ရွေ့လျားနေတဲ့ စွမ်းအားက အပူစွမ်းအင်မှ တိုက်ရိုက်ရရှိတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ထိုအပူစွမ်းအင်ကြောင့် ထွက်လာတဲ့ လေပူ၊ ဒါမှမဟုတ် ရေနွေးငွေ့တို့က အရွေ့စွမ်းအင်ကို ထုတ်လုပ်ပါတယ်။
ဆိုလိုတာကတော့ စွမ်းအင်ပုံစံ ပြောင်းလဲဖို့အတွက် ကြားခံ လိုအပ်ပါတယ်။ ကြားခံ ဆိုတာကတော့ လောင်ကျွမ်းနိူင်တဲ့ အရည်တမျိုးမျိုး (ဓာတ်ဆီ၊ ဒီဇယ် စသည်) တို့ ဖြစ်ပါတယ်။ ဓာတ်ဆီ အင်ဂျင်အတွက် လောင်စာအရည်ဖြစ်တဲ့ ဓာတ်ဆီဟာ အင်ဂျင်ထဲသို့ ၀င်ရောက်လာတဲ့ လေနဲ့အတူ လောင်ကျွမ်းပြီး အိပ်ဇောဓာတ်ငွေ့ ထုတ်လွတ်ပါတယ်။
ဒီဖြစ်စဥ် လုပ်ဆောင်နိုင်ဖို့ လောင်စာအရည်နဲ့ လေ လိုအပ်ပါတယ်။ လောင်စာအရည်မရှိပါက စွမ်းအင် အသွင်ပြောင်းခြင်းဖြစ်စဥ်ကို လုပ်ဆောင်လို့ မရပါ။
စက်မှုစွမ်းအင်မှ အပူစွမ်းအင်သို့ ပြောင်းလဲပုံကို ပြောင်းပြန်စဉ်းစားကြည့်ရအောင်။ ကားရဲ့ ဘရိတ်စနစ်ကို ဥပမာထား စဥ်းစားကြမယ်။ ပစ္စည်းနှစ်ခုကို ပွတ်တိုက်ခြင်း၊ ဒါမှမဟုတ် ရိုက်ခတ်ခြင်းမှ ထွက်ရှိလာတဲ့ အပူဟာ ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အပူဆိုတဲ့ အခြေခံသဘောတရားကို သိရှိပြီးဖြစ်ပါတယ်။ လက်ဖဝါးနှစ်ခုကို ပွတ်တိုက်ခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ လက်တွေ နွေးလာြခင်းဟာ ပွတ်တိုက်မှု‌ကြောင့် အပူထွက်လာတာကို သိနိုင်ပါတယ်။ ဆိုလိုတာကတော့ ပွတ်တိုက်မှုဆိုတဲ့ ရွေ့လျားစွမ်းအားမှ လက်ကိုနွေးစေတဲ့ အပူစွမ်းအင်သို့ အလွယ်တကူပြောင်းလဲ နိုင်ပါတယ်။ ရွေ့လျားစွမ်းအားမှ အပူစွမ်းအင်ပြောင်းလဲပေးတဲ့ ဒီလက်ဖဝါးနှစ်ခု ပွတ်တိုက်မှုဖြစ်စဥ်မှာတော့ လောင်စာအရည်မရှိဘဲ အပူစွမ်းအင်ကို တိုက်ရိုက် ရရှိပါတယ်။
ဒါပေမဲ့ အပူစွမ်းအင်မှ စက်မှုစွမ်းအင်အဖြစ် ပြောင်းလဲတဲ့နေရာမှာတော့ လောင်စာအရည် ရှိရပါမယ်။ စွမ်းအင်ပြောင်းလဲခြင်းမှာ ကြားခံဖြစ်တဲ့ လောင်စာဆီ ဆုံးရှုံးမှု များစွာရှိစေကာမှု အင်ဂျင်အတွက် အပူစွမ်းအင်မှ စက်မှုစွမ်းအင်ကို ဘယ်လောက်ပြောင်းလဲပေးနိုင်တယ် ဆိုတာကပဲ အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။

ဗဟုသုတမျှဝေရန်ကူးယူဖော်ပြထားပါသည်။

Credit to ..ကျော်ဇင်ကောင်း

Want your business to be the top-listed Autos & Automotive Service in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

32 55C
Mandalay