Pyaw Bwe PAGE
ပျော်ဘွယ်မြို့နယ် ဇူလိုင်(၉)ရက်နေ့ ဖောင်းဒိုင်းဖြစ်စဥ်အပြီး မြို့ပေါ်/ကျေးရွာများမှ ဒလန်သတင်းပေးဟု နာမည်ကြီးနေသူများ၏လက်ရှိအခြေအနေ⬇️⬇️⬇️
ပျော်ဘွယ်မြို့။ ။
ဇူလိုင်(၉) / ၂၀၂၂)
ပျော်ဘွယ်မြို့နယ် ရွှေပြည်ရန်အောင်ရပ်ကွက် (အ.ထ.က - ၁) ကျောင်းလမ်းအရှေ့ဘက် သိမ်တော်ဦးဘုရားကျောင်းပေါက် အနီးတွင် နေထိုင်သော ဝင်းကြိုင်(ခေါ်)မီးခဲ ၏ ဇနီး နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရ...
ယနေ့ ည(၇)နာရီကျော်ခန့် အချိန်တွင် ဝင်းကြိုင်(ခေါ်)မီးခဲ ၏ဇနီးဖြစ်သူ မယဉ်ယဉ်အေး သည်နေအိမ် အာပူရှာပူဆိုင်အတွင်း သေနတ်ဖြင့် (၄)ချက်ပစ်ခတ်ခံရပြီး ရင်ဘတ်/ဦးခေါင်းတို့အားထိမှန်ကာ နေရာတွင်ပွဲခြင်းပြီးသေဆုံးသွားကြောင်း သိရှိရပါသည်။
လာရောက်ပစ်ခတ်သူမှာအဖွဲ့ဖြင့်မဟုတ်ပဲ တစ်ယောက်ထဲဖြစ်ကြောင်းသိရသည်။
သေနတ်သမားလွတ်မြောက်သွားပြီးမယဉ်ယဉ်အေးအား လူနာတင်ကားဖြင့်သယ်ဆောင်သွားပြီး မြို့နယ်ရဲတပ်ဖွဲ့ဝင်များရောက်ရှိစစ်ဆေးလျက်ရှိသည်။
ဝင်းကြိုင်(ခေါ်)မီးခဲ သည်မြို့ပေါ်တွင် ဒလန်သတင်းပေးဟုနာမည်ကြီးနေသူဖြစ်ကြောင်းသိရှိရပြီး စစ်အစိုးရတာဝန်ယူပြီးချိန်တွင် မြို့ပေါ်ရှိ ရိုးသားစွာလုပ်ကိုင်စားသောက်နေသော မြို့နေလူအချို့အား အွန်လိုင်းပေါ်တွင် နိုင်ငံရေးလှုပ်ရှားသူများ/ဆူပူသူများအဖြစ်ရေးတင်ခဲ့သူဖြစ်ကြောင်းသိရသည်။
ယခု ပစ်ခတ်မှုသည် မည်သို့မျှထင်မှတ်မထားသောဖြစ်စဉ် တစ်ခုဖြစ်ပြီး မည်သည့်အဖွဲ့အစည်းနှင့်မည်သို့ဆက်စပ်နေသည်ကိုခန့်မှန်းမရကြောင်းမြို့ခံတစ်ဦးမှပြောသည်။
အဆိုပါ ပစ်ခတ်မှုသည် ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့တွင် ပထမဆုံးပစ်ခတ်သေဆုံးမှုဖြစ်ကြောင်းသိရသည်။
Pyaw Bwe PAGE
09/07/2022
မနေ့က ကားအက်စီးဒင့်ဖြစ်စဉ်နဲ့ပတ်သက်ပြီး အဏ္ဏဝါဆေးဆိုင်မှ CCTV / ရွှေငါးမုန့်ဆိုင်မှ CCTV / ရွှေမေတ္တာ ဖုန်းဆိုင်မှ CCTV / ရိုးမဘဏ်မှ CCTV / KMD ဖုန်းဆိုင်မှ CCTV တို့အား ဆိုင်ရှင်အားခွင့်ပန်ပြီး
ကာယကံရှင်တွေကြည့်သင့်တယ်။
နေ့လည် တစ်နာရီနောက်ပိုင်းမှတ်တမ်းလိုက်ရင်တွေ့နိုင်မှာပါ။
အဖြစ်နိုင်ဆုံးက KMDဖုန်းဆိုင်နှင့် ရွှေမေတ္တာဖုန်းဆိုင်တွေက CCTVပါ။သူကလမ်း အနောက်ဘက်ခြမ်းဖြစ်တာကြောင့် ကားနံပတ်အားမြင်နိုင်ချေများပါတယ်။
ကားနောက်ဘီးနှစ်ဘီးလုံးဆင့်ကျိတ်တာမို့ ရှေ့ဘီး သွေးစ မပေရင်တောင် နောက်ဘီးမှာ သွေးစတွေရှိမှာပါ။ နောက်ပြီးအဲ့အချိန်ဆို ရေဆေးဖို့ရာအချိန်မရှိသေးပါ။
စိတ်ထဲမတင်မကျဖြစ်နေသော ကာယကံရှင်ကောင်လေးဘက်မှ မိသားစု မိတ်ဆွေများ ကားနံပတ်အတိအကျသိရှိစေရန်အကြံပြုခြင်းဖြစ်သည်။
လမ်းအရှေ့ဘက်ခြမ်းက CCTV တွေကတော့လမ်းအလယ်လောက်အထိ ချိန်သားရှိမရှိမသေချာပါ။
ကားကြီးအား ညာဘက်မှကျော်တက်စဉ် လမ်းဘေးရပ်ထားသော ဘီးအား ချိတ်မိကာ လက်ကိုင်ခေါက်သလိုဖြစ်ပြီး ကားအောက်သို့လဲကျသွားခြင်းဖြစ်ပြီး ကားသမားတောင်အဲ့အချိန်မှာသိလိုက်မှာမဟုတ်ဘူး ဟု အနီးနားတွင်ရှိသောမျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုသည်။
Pyaw Bwe PAGE
ပျော်ဘွယ်မြို့။ ။
ဇူလိုင်(၈)/၂၀၂၂
ပျော်ဘွယ်မြို့ ရန်ကုန်-မန္တလေး လမ်းမတော် နာရီစင်တောင်ဘက် နောင်ရိုးလက်ဖက်ရည်ဆိုင်ရှေ့ (1:30 pm)အချိန်ခန့်တွင်အမျိုးသားတစ်ဦး ကားကြိတ်ခံရပြီး နေရာတွင်ပွဲခြင်းပြီးသေဆုံး...
အနီးပတ်ဝန်းကျင်မျက်မြင်များပြောစကားအရ ဆီဘောက်ဆာ တွဲကားဟု အကြမ်းဖျင်းသိရပြီး နောက်ပိတ် အဖြူနှင့်အပြာရောင်သုတ်ထားကာ ဘီးများတွင်သွေးများပေကျံလျက် ရမည်းသင်းမြို့ဘက်သို့ ထွက်ခွာမောင်းနှင်သွားကြောင်းသိရှိရပါသည်။
02/07/2022
#ရမည်းသင်းမြို့က၂၀၂၀ကြံ့ခိုင်ရေးပါတီအမတ်နေအိမ်ဗုံးဖြင့်တိုက်ခိုက်ခံရ
မန္တလေးတိုင်း၊ ရမည်းသင်းမြို့တွင် စစ်ကောင်စီထောက်ခံပွဲများကို ကိုယ်တိုင်ဦးဆောင်နေသူ ၂၀၂၀ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမတ်လောင်း ဦးကျော်မြင့်၏နေအိမ် ဗုံးဖြင့်တိုက်ခိုက်ခံရ
ဇူလိုင်လ(၁)ရက်နေ့ ညနေ(၇)နာရီခန့်က ရမည်းသင်းမြို့၊ အုန်းပင်ရပ်ကွက်ရှိ ကြံ့ခိုင်ရေးအမတ်လောင်း ဦးကျော်မြင့်၏နေအိမ်အား ဗုံးတစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရမည်းသင်း PDF (Y-PDF) က ထုတ်ပြန်ထား
Pyaw Bwe PAGE
Click here to claim your Sponsored Listing.