MHK_Sharing
12/02/2022
"မငယ်တော့တဲ့အခါ"
------------------------
မိမိရဲ့စိတ်တွေကို
ထိန်းနိူင်ဖို့အကြိမ်ကြိမ်ကြိုးစားပါ။
ငယ်စဉ်အချိန်တွေတုန်းကလို
စိတ်မြန်လက်မြန်နဲ့
ဘယ်ရာကိုမှ မဆုံးဖြတ်လိုက်ပါနဲ့။
မတည်မြဲခြင်းသဘောနဲ့
အရာရာကို သိမြင်ချိန်ဆပြီး
ဒေါသကိုလဲ ဖျောက်ဖျက်ပြစ်ရမယ်
လောဘကိုလဲ ဖျောက်ပြစ်ရတယ်
မောဟကိုလဲ ထိန်းနိူင်ရမယ်။
"ငါ"တစ်လုံးဆောင်လို့
"အတ္တ"ကို ရှေ့တန်းတင်ရင်
မှားတတ်တယ်ဆိုတာ
ဘဝတစ်ကွေ့မှာ မကြာခဏ
ကြုံခဲ့ပြီးပြီပဲ အသိစိတ်လေးနဲ့
ပြန်ထိန်းကြည့်ပါ။
အရာအားလုံးက
ဖြစ်ပြီးရင်ပျက်မှာပဲဆိုတာသိပြီးရင်
ဒါကိုပဲ ဒေါသစိတ်နဲ့
ပြောချင်တဲ့ စကားလုံးတွေကို
ထိန်းနိူင်ဖို့က အဓိကပဲမို့
အချိန်ယူပြီး ဒေါသဖြစ်နေတဲ့
မိမိရဲ့စိတ်ကို ပြန်ထိန်းနိူ င်ဖို့ပဲလိုတာပါ။
တစ်ချို့သော စကားလုံးတွေက
မှန်နေပေမယ့်လဲ အကျိုးမရှိလျှင်
မပြောတာ အကောင်းဆုံးပါပဲ ။
#မေတ္တာများစွာဖြင့်
(ဘဝစာပေ)
30/01/2022
🙏၁။သိဉ္ဇိုဝ်း ငရဲ 🙏
🌸🌸🌸🌸🌸🌸🌸
ငရဲကြီးရှစ်ထပ်တွင်
သိဥ္ဇိုဝ်း ငရဲသည် အထက်ဆုံး ငရဲဘုံ
ဖြစ်ပြီး လူ့ပြည်နှင့် အနီးဆုံးဖြစ်သည်။
ထိုငရဲဘုံနှင့် လူ့ပြည်သည် ယူဇနာပေါင်း
တစ်သောင်းငါးထောင်(၁၅၀၀၀)၊ မိုင်ဖြင့်
တစ်သိန်းငါးသောင်း(၁၅၀၀၀၀)ကွာဝေးသည်။
(ဤနေရာတွင် မိုင်အကွာအဝေး အယူအဆ
အမျိုးမျိုး ရှိကြသည်။ (၁)ယူဇနာကို (၈)၊
(၁၀)၊ (၁၃) မိုင်ဟု အမျိုးမျိုးယူဆကြ
သည်ကို သိစေလိုပါသည်။)
--- သိဥ္ဇိုဝ်း ငရဲဟုခေါ်သည်မှာ
ဤငရဲဘုံ၌ အဖန်တလဲလဲ အသက်ရှင်ပြီး
ခံရသောကြောင့် သိဉ္ဇိုဝ်း ငရဲဟု ခေါ်ပါသည်။
ထိုငရဲသည် အစောက်ယူဇနာ တစ်ရာ၊ အနံ
အလျား ယူဇနာ တစ်သောင်း ကျယ်၀န်းသည်။
----- ငရဲခံစားရပုံ -----
- ဤငရဲကြီးသည် အလျှံတပြောင်ပြောင်
တောက်လောင်သော သံမြေပြင်ရှိသည်။
ငရဲသားတို့ အသင်္ချေ အနန္တပြည့်နှက်
ကျပ်တည်းစွာ ရှိသည်။
ငရဲထိန်းတို့သည် အလျှံတပြောင်ပြောင်
တောက်ပနေသော ထန်းပင်လုံး ပမာဏရှိ
သော ဓား၊ လှံ စသောလက်နက်တို့ဖြင့်
ငရဲသားတို့ကို ထိုးခုတ် ပစ်သတ်ကြသည်။
--- သံမြေပြင်၌ လူးလဲနေကြကုန်သော
ငရဲသားတို့ကို ကြီးစွားသော သံတင်းပုတ်ကြီး
ဖြင့် အတင်း ထုနှက်ကြသည်။
အသား၊ အရေ၊ အကြော၊ အရိုးတို့သည်
ကြေမွကုန်သည်။ သွေးတို့ဖြင့် မြေကြီးဖြစ်၍
လှိုင်းတံပိုးထကာ ပြင်းထန်စွာ စီးသွားကြကုန်
သည်။ ထိုအသွေးအသား အလုံးစုံတို့ကို
သံမြေပြင်မှ မီးလုံးကြီးသည် ထလာပြီး
ဟပ်လိုက်လျှင် အကြွင်းအကျန်မရှိ
လောင်ကျွမ်းကုန်ခမ်း သွားလေသည်။
--- ကံမကုန်သရွေ့ ခံစားကြရသည်။
ကံစီရင်မှုကြောင့် တစ်ဖန် ပြန်ခံရသည်။
ထိုငရဲသည် များလှစွားသော သတ္တဝါတို့
သတ်ဖြတ်ရာ မဟာသင်္ချိုင်းနှင့် တူသည်။
သားသတ်ရုံကြီးနှင့် တူသည်ဟု တင်စား
ဆိုကြသည်။
--- သိဉ္ဇိုဝ်းငရဲ သက်တမ်း ---
--- လူတို့၏ အနှစ်(၅၀)သည်
စတုမဟာရာဇ်နတ်တို့၏ (၁)ရက် ဖြစ်သည်။
- စတုမစဟာရာဇ်တို့၏ နတ်သက် (၅၀၀)
သည် သိဉ္ဇိုဝ်း ငရဲ၌ (၁) ရက် ဖြစ်သည်။
- သိဉ္ဇိုဝ်းငရဲ (၁) ရက်မှာ လူတို့ အရေအတွက်အားဖြင့် အနှစ် 'ကိုးသန်း(၉၀၀၀၀၀၀)' ရှိသည်။
-သိဉ္ဇိုဝ်းငရဲသက်သည် အနှစ်ငါးရာ(၅၀၀)
သက်တမ်းရှိသည်။ (ယင်းကို လူတို့၏ နှစ် လ
အရေအတွက် တို့ဖြင့် တွက်သည်ရှိသော်
'ကုဋေပေါင်း တစ်သိန်းခြောက်သောင်း
နှစ်ထောင်' ရှိသည်။)
--- သိဉ္ဇိုဝ်းငရဲ ခံကြရသူများ ---
- တရားစောင့်သော ရဟန်း၊
သူတော်ကောင်းတို့ကို
ပြစ်မှားစော်ကားသော သူတို့သည်
ဤငရဲ၌ ခံစားကြရသည်။
ငရဲပြည်/ငရဲပြည်မှသေရွာပြန်များ
ပြိတ္တာဖြစ်ရပ်ဆန်း/ဥပရိပဏ္ဏာသ/
ပ႑ိတေ၀ဒနိယ/ဇာတက-စေသာ
စာအုပ်များနှင့် ငရဲပြည်အကြောင်း
သိကောင်းစရာ Facebook-
page-မှ ကူးယူဖော်ပြပါသည်။
အရှင်ဣန္ဒောဘာသ(ဓမ္မသုတ)
#ပညာ့အလင်းရောင် ဆင့်ပွားကူးညှိခြင်းသာ
ဖြစ်ပါတယ်ခင်ဗျ
#ပြန်လည်မျှဝေခြင်း ဖြစ်တာကြောင့်
မူရင်းရေးသားသူ ဓာတ်ပုံပိုင်ရှင်များကို
လေးစားစွာ Credit ပေးပါတယ်ဗျ
#သော်တာမင်း
30/01/2022
၃။ သံဃာတ ငရဲ
🌸🌸🌸🌸🌸🌸🌸🌸
--- ဤငရဲ၌ ဖြစ်ကြကုန်သော
ငရဲသားတို့ကို အလျှံ တပြောင်ပြောင်
တောက်ပြီး ကြီးကျယ် မြင့်မားကုန်သော
သံတောင်ကြီးများက အဖန်တလဲလဲ
ကြိတ်ဝါးကြသဖြင့် မှုန့်မှုန့်ညက်ညက်
ကြေမွသည်အထိ ပြုတတ်သော
ငရဲကို သံဃာတငရဲဟု ခေါ်သည်။
--- ဤသံဃာတငရဲသည်
ကာလသုတ်ငရဲအောက် ယူဇနာ(၁၅၀၀၀)
ကွာသော မြေဥမင်လိုဏ် အတွင်း၌တည်ရှိသည်။
မြေထု (၉)ယူဇနာရှိသည်။
ယူဇနာတစ်သောင်း ကျယ်၀န်းသည်။
-- ငရဲသားတို့ ခံစားရပုံ --
- ငရဲသားတို့သည် အလျှံတပြောင်ပြောင်
တောက်လောင်နေသော သံမြေပြင်၌
ထန်းပင်များပမာ မတ်တပ်ရပ် နေကြရသည်။
ငရဲသားတို့၏ ကိုယ်သည် သုံးဂါဝုတ်မျှ
ကြီးကျယ်သော ကိုယ်ရှိ ကြသည်။
ကိုယ်တစ်၀က်သည် သံမြေအတွင်း၌
ခါးထိမြုပ်နေကြ၍ မလှုပ်ရှားနိုင်ကြပေ။
- ထိုငရဲသားတို့သည် ထန်းတောကြီးများ၊
ပေတောကြီးများ၊ ကွမ်းသီးပင်တောကြီးများ၊
အုန်းပင် တောကြီး ပမာဏ မတ်တပ်ရပ်သော
ကိုယ်ရှိကြသည်။
ငရဲသားတို့သည် ပြည့်နှက်ကြပ်တည်း
နေသည်။ ထိုအခါ အရပ်လေးမျက်နှာမှ
ကြီးကျယ်မြင့်မားလှစွာကုန်သော
အလျှံတပြောင်ပြောင် တောက်လောင်
နေသော ငရဲတောင်ကြီးတို့သည်
အလှည့်အလည်အားဖြင့် ကြီးမားသော
အသံကို မြည်ဟည်းကြိမ်းဝါးလျက်
သံတလိမ့်တုံးကြီးပမာ ရက်စက်စွာ
ကြိတ်နင်းသွားကြသည်။
- ထိုသံတောင် သံတလိမ့်တုံးကြီး
တို့သည် သတ္တဝါတို့၏ အကုသိုလ်ကံ
အတွက် ကမ္ဘာဦးစကပင် ပေါ်ထွန်း
လာသော အရာများ ဖြစ်ကြသည်။
-ထိုသံတောင် တလိမ့်တုံးကြီးများသည်
အရှေ့မျက်နှာမှ အနောက်မျက်နှာသို့၊
အနောက်မျက်နှာမှ အရှေ့မျက်နှာသို့၊
တောင်မှ မြောက်သို့၊ မြောက်မှ တောင်သို့
အလှည့်ကျ ကြိတ်နင်းသတ်ဖြတ် သွားသည်။
ငရဲသားတို့မှာ သွေးဝနေသော မျှော့
သတ္တဝါကို ဖိနှိပ် ညှစ်လိုက်သကဲသို့
သွေးတို့သည် သမုဒ္ဒရာလှိုင်းကြီးမက
တဟုန် ဟည်းထပြီး ငရဲတံတိုင်းကြီးကို
ရိုက်ခတ်လေသည်။
- ငရဲမီးလျှံတို့သည် သံမြေပြင်မှ
ထတောက်ပြီးလျှင် ထိုသွေးလှိုင်းကြီးတို့ကို
တဟုန်တည်း လောင်ကျွမ်းခန်းခြောက်အောင်
ပြုလုပ်သည်။
ငရဲသားတို့သည် ကံမကုန်မချင်း ဥပပတ်ဇာတိအားဖြင့် ထပ်ကာထပ်ကာဖြစ်၍ ခံကြရကုန်၏၊
ကံမကုန်သမျှ မလွတ်ကြ ရချေ။
--- ငရဲသက်တမ်း ---
- လူတို့၏ အနှစ်(၂၀၀) သည်
ယာမာနတ်တို့၏ (၁)ရက် ဖြစ်သည်။
- ယာမာနတ်တို့၏ နတ်သက်(၂၀၀၀)
သည် သံဃာတငရဲ၌ (၁)ရက် ဖြစ်သည်။
- သံဃာတငရဲ (၁)ရက်မှာ လူတို့နှစ်အရေ
အတွက်အားဖြင့် (၁၄)ကုဋေ (၄)သန်းရှိသည်။
- သံဃာတငရဲ၏ သက်တမ်းသည်
အနှစ် (၂၀၀၀)ဖြစ်သည်။
(ယင်းကို လူတို့၏ နှစ် ' လ အရေအတွက်
တို့ဖြင့် တွက်သည်ရှိသော် (၁,၀၁၀,၈၈၀,၀၀၀,၀၀၀,၀၀၀) ရှိသည်။)
--- ဤငရဲခံစားရသူများ ---
--- ဤငရဲ၌ သူ့အသက်ကို သတ်ဖြတ်ခြင်း
စသော မကောင်းမှု အကုသိုလ် ဒုစရိုက် အမှုတို့ကို ပြုသောသူတို့သည် ကျရောက်ခံစားရပါသည်။
ငရဲပြည်/ငရဲပြည်မှသေရွာပြန်များ
ပြိတ္တာဖြစ်ရပ်ဆန်း/ဥပရိပဏ္ဏာသ/
ပ႑ိတေ၀ဒနိယ/ဇာတက-စေသာ
စာအုပ်များနှင့် ငရဲပြည်အကြောင်း
သိကောင်းစရာ Facebook-
page-မှ ကူးယူဖော်ပြပါသည်။
အရှင်ဣန္ဒောဘာသ(ဓမ္မသုတ)
#ပြန်လည်မျှဝေခြင်း ဖြစ်တာကြောင့်
မူရင်းရေးသားသူ ဓာတ်ပုံပိုင်ရှင်များကို
လေးစားစွာ Credit ပေးပါတယ်ဗျ
#သော်တာမင်း
30/01/2022
ရောရု၀ ငရဲ
🌸🌸🌸🌸🌸🌸
- ဤငရဲ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်
ကြီးကျယ်ပြင်းထန်စွာသော အသံတို့ဖြင့်
မရပ်မနား ငိုကြွေးမြည်တမ်းနေကြရသော
ဆင်းရဲဒုက္ခကို ခံစားရသော ငရဲဖြစ်သည်။
- ဤရောရု၀ငရဲသည် သံဃာတငရဲအောက်
အစောက် ယူဇနာ (၁၅၀၀၀) ဝေးကွာသော
မြေလိုဏ် ဥမင်အတွင်း၀ယ် ယူဇနာပေါင်း
တစ်သောင်း အပြန့် ကျယ်၀န်းသည်။
--- ငရဲသားတို့ ခံစားရပုံ ---
- ဤငရဲကြီးတွင် အလျှံတပြောင်ပြောင်
တောက်နေသော သံမြေပြင် ရှိသည်။
တစ်ကမ္ဘာပတ်လုံး တည်နေသော အလွန် ငန်၊ ယား၊ စပ်၊ ခါး၊ ခြစ်တူး၊ အထူးပူလောင်သော
အခိုးအငွေ့တို့ဖြင့် ပြည့်၍ နေသည်။
--- ငရဲသားတို့သည် အသင်္ချေအနန္တ
ပြည့် ညှပ်နေသည်။ ငရဲသားတို့၏ ခန္ဓာ
ကိုယ်သည် သုံးဂါဝုတ် (၆မိုင်)မျှ ကြီးကျယ်
သော ကိုယ်ကာယ ရှိကြသည်။
တောင်ခေါင်း၊ တွင်း၊ လိုဏ် များထဲသို့
ရေများ အတင်းစီး၀င် သကဲ့သို့
ထိုဆိုအပ်ခဲ့သော အဆိပ်အခိုးအငွေ့
တို့သည် ငရဲသားတို့၏ ဒွါရကိုးပေါက်
(မျက်စိ နှစ်ဖက်၊ နား နှစ်ဖက်၊ နှာခေါင်း
နှစ်ပေါက်၊ ပါးစပ်၊ ကျင်ငယ်ပေါက်၊
ကျင်ကြီးပေါက်)မှ အတင်း၀င်ကြသည်။
မွေးညင်းမွေးပေါက်တို့မှလည်း
အတင်း၀င်ကြလေသည်။ ငရဲသားတို့၏
တစ်ကိုယ်လုံး၌ ရှိသော အသား၊ အရိုး၊
ရိုးတွင်းခြင်ဆီမကျန် အလုံးစုံ ပျံ့နှံ့၍
မွှေနှောက် ချောက်ချား ကြကုန်၏ ။
အလွန်ပူပြင်းသော သံအိုးကင်းထက်၌
ဖုတ် လှော် အပ်သော အမဲတစ်မှ အခိုး
တခြောင်းခြောင်း ထသကဲ့သို့ ငရဲသားတို့၏
တစ်ကိုယ်လုံးမှ အခိုးတခြောင်းခြောင်း
ထကုန်သည်။
ပြင်းလှစွားသော အဆိပ်အနံ့ကို ရှူရှိုက်
မိသော သူသည် သေလုခါနီး၀ယ် တလိပ်
လိပ် တလွန့်လွန့် တွန့်ကာတွန့်ကာ
နေရဘိသကဲ့သို့ ငရဲသားတို့သည် အခိုး
တခြောင်းခြောင်း ထွက်သော ကိုယ်ဖြင့်
ဖျတ်ဖျတ်လူးလွန့် တွန့်ကာတွန့်ကာ နေကြ
ရသည်။ မခံမရပ်နိုင်အောင် ပူလောင်
ကျိန်းစပ်လှသဖြင့် ဟစ်ကာဟစ်ကာ
ပြင်းစွာငိုကြွေးကြရသည်။
- ဤရောရု၀ ငရဲသည် အဆိပ်အခိုးအငွေ့တို့ဖြင့် သတ်ဖြတ်ရာ မဟာသင်္ချိုင်းဟု ခေါ်ဆိုကြသည်။
--- ငရဲသက်တမ်း ---
- လူတို့၏ အနှစ်(၄၀၀)သည်
တုသိတာ နတ်တို့၏(၁)ရက် ဖြစ်သည်။
- တုသိတာနတ်တို့၏ နတ်သက် (၄၀၀၀)
သည် ရောရု၀ ငရဲ၌ (၁)ရက်ဖြစ်သည်။
- ရောရု၀ ငရဲ (၁)ရက်မှာ လူတို့၏ နှစ်
အရေအတွက်အားဖြင့် (ငါးဆယ့်ခုနှစ်
ကုဋေ ခြောက်သန်း) ရှိသည်။
- ရောရု၀ ငရဲ၏သက်တမ်းသည်
အနှစ်(၄၀၀၀) ဖြစ်သည်။
--- ဤငရဲ၌ ခံရသူများ ---
--- ဤငရဲ၌ မကောင်းမှု အကုသိုလ်
ဒုစရိုက် အမှုတို့ကို အလိုအလျောက်
စိတ်နောက်ကိုယ်ပါ၊ စိတ်အားထက်သန်စွာ
ပြုလုပ်ကြသော သူတို့သည် ကျရောက်
ခံစားရပါသည်။
အဓိကအားဖြင့် ဤငရဲသည် မမှန်မကန်
ပြုသော အစိုးရ မင်းမှုထမ်းတို့ အတွက်ဖြစ်သည်။ ဥပမာ- လာဘ်စားခြင်း၊ မချီးမြှောက်သင့်သူကို ချီးမြှောက်ခြင်း စသည်...။
မှတ်ချက်။ ။ ယင်းရောရု၀ ငရဲတွင် -
၁။ ဓုမရောရု၀ ငရဲ
၂။ ဇာလရောရု၀ ငရဲ ဟူ၍ (၂)မျိုးရှိသည်။
---ယင်းတွင် ဓုမရောရု၀ ငရဲကို သာမည
ရောရု၀ငရဲဟု ခေါ်၍ ဇာလရောရု၀ ငရဲကို
မဟာရောရု၀ ငရဲဟု ခေါ်ပါသည်။
ငရဲပြည်/ငရဲပြည်မှသေရွာပြန်များ
ပြိတ္တာဖြစ်ရပ်ဆန်း/ဥပရိပဏ္ဏာသ/
ပ႑ိတေ၀ဒနိယ/ဇာတက-စေသာ
စာအုပ်များနှင့် ငရဲပြည်အကြောင်း
သိကောင်းစရာ Facebook-
page-မှ ကူးယူဖော်ပြပါသည်။
အရှင်ဣန္ဒောဘာသ(ဓမ္မသုတ)
#ပြန်လည်မျှဝေခြင်း ဖြစ်တာကြောင့်
မူရင်းရေးသားသူ ဓာတ်ပုံပိုင်ရှင်များကို
လေးစားစွာ Credit ပေးပါတယ်ဗျ
#သော်တာမင်း
Click here to claim your Sponsored Listing.