TTK Mathematics

TTK Mathematics

Share

14/05/2026

geogebra 3D နဲ့ ပုံဆွဲတဲ့အခါ surface command ကိုကောင်းစွာနားလည်ထားဖို့လိုပါတယ်။ Surface command ဆိုတာ GeoGebra 3D ရဲ့ အသက်သွေးကြောပါပဲ။ သူက ပုံသေ tools တွေနဲ့ ဆွဲလို့မရတဲ့ ရှုပ်ထွေးတဲ့ မျက်နှာပြင်တွေ (ဥပမာ- ရေဒီယိုလှိုင်းပုံစံ၊ ခရုပတ်ပုံစံ ဒါမှမဟုတ် volume ပုံစံတွေ) ကို စိတ်ကြိုက်ဖန်တီးနိုင်တဲ့ Advanced Tool တစ်ခုပါရှင်။

Surface command မှာ Parameter (အညွှန်းကိန်း) ၂ ခု ပါရပါတယ်။ ပုံမှန်အားဖြင့် u နဲ့ vကို သုံးပါတယ်။

Surface( , , , , , , , , )

x, y, z expressions: မျက်နှာပြင်ရဲ့ တည်နေရာကို u နဲ့ v သုံးပြီး ရေးရတာပါ။

u, v range: မျက်နှာပြင် ဘယ်ကနေ ဘယ်အထိ ကျယ်မလဲဆိုတာ သတ်မှတ်တာပါရှင်။

fig(1):Flat Planes
z=3 ဆိုတဲ့ အမြင့်မှာရှိတဲ့ လေးထောင့်ကွက်လေးတစ်ခု ဆွဲချင်ရင်:
Surface(u, v, 3, u, -3, 3, v, -3, 3)
x နေရာမှာ u, y နေရာမှာ v ထည့်လိုက်တာဟာ 2D plane တစ်ခုကို 3D ထဲ ဖြန့်ခင်းလိုက်သလိုပါပဲ။

fig(2): Cylinder
စက်ဝိုင်းပုံစံ ပတ်ချင်ရင်တော့ Trigonometry (sin, cos) ကို သုံးရပါမယ်:
Surface(2 cos(u), 2 sin(u), v, u, 0, 2π, v, 0, 3)
u က 0 ကနေ 2pi အထိ ပတ်သွားတဲ့အတွက် စက်ဝိုင်း ဖြစ်လာပြီး v က 0 ကနေ 3 အထိ တက်သွားတဲ့အတွက် အမြင့် ရလာတာပါရှင်။

fig(3):Solid of Revolution
y = sqrt{x} ကို x-axis မှာ လှည့်ချင်ရင်:
Surface(u, sqrt(u) cos(v), sqrt(u) sin(v), u, 0, 4, v, 0, 2π)
u က x တန်ဖိုးဖြစ်ပြီး 0 ကနေ 4 ထိ သွားမယ်။\sqrt{u} က Radius (အချင်းဝက်) ဖြစ်ပြီး cos(v), sin(v) ကတော့ ပတ်လည် လည်ပတ်သွားစေတာပါရှင်။

ps-geogebra classic 5, 3D graphic, input bar ထဲမှာ ဖော်ပြထားတဲ့ surface command လေးတွေရိုက်ထည့်ကြည့်ခြင်းဖြင့် 3D graphic ကိုစတင်လေ့လာနိုင်ကြပါတယ်ရှင်။

Photos from TTK Mathematics's post 09/05/2026

သင်ကြားရေးအထောက်အကူပြုစာစဉ်များပါရှင် pdf file သို့မဟုတ် powerpoint များအလိုရှိပါက chat box မှာပြောပေးပါရှင်

Photos from TTK Mathematics's post 08/05/2026

သင်ကြားရေးအထောက်အကူပြုစာစဉ်များပါရှင် pdf file သို့မဟုတ် powerpoint များအလိုရှိပါက chat box မှာပြောပေးပါရှင်

Want your school to be the top-listed School/college in Mandalay?
Click here to claim your Sponsored Listing.

Telephone

Address

Mandalay
05013