Dima Tissue

Dima Tissue

Share

21/02/2026

မင်မင်တို့ရဲ့ Online Page တွေမှာ ဝယ်ယူမယ်ဆိုရင်
(10000ဖိုး ကျပ်ကစပြီး)10 % Discount
(50000ဖိုး ကျပ်ကစပြီး)Delivery Free ပေးနေပြီနော်
😘သန့်ရှင်းသာယာသော နေ့စဉ်ဘဝအတွက် သန့်ရှင်းမှုကို ဦးစားပေးသူများအတွက်
DIMA Tissue Paper
နူးညံ့ပျော့ပြောင်းပြီး အသားအရေကို မထိခိုက်စေပါဘူးနော်🥰
ဖုန်းမျက်နှာပြင်ရှိ လက်ရာလေးတွေကို သန့်ရှင်းစေဖို့📳
မျက်နှာအသားအရေကို နူးညံ့စွာ သုတ်သင်ဖို့👳
ကလေးငယ်လေးများ👶အတွက်လည်း ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်နော်...
ဖုန်မှုန့်ကင်းစင်၊
သန့်ရှင်းပြီး သက်တောင့်သက်သာရှိစေသည့်အပြင်
နေ့စဉ်အသုံးပြုရန် အထူးသင့်လျော်ပြီး
မိသားစုအတွက် သန့်ရှင်းမှုကို ရွေးချယ်မယ်ဆိုရင်
DIMA Tissue Paper ကို မမေ့ပါနဲ့နော်
ဆက်သွယ်ရန် 09 888 394 297
မင်မင်တို့ရဲ့ Online Page တွေမှာ ဝယ်ယူမယ်ဆိုရင်
(10000ဖိုး ကျပ်ကစပြီး)10 % Discount
(50000ဖိုး ကျပ်ကစပြီး)Delivery Free
ပေးနေပြီဆိုတာ သတင်းကောင်းပါးအပ်ပါတယ်နော် 😍😍😍

မင်မင်တို့ Official Online Page တွေမှာသာ ရနိုင်ပါသည်။
(ဆိုင်တွင် မရနိုင်ပါ)

29/01/2026

အလုပ်မှာ မအိပ်ချင်လို့ ကော်ဖီသောက်တာ အများစုအတွက် အကျင့်တစ်ခုလို ဖြစ်နေပါပြီ။ ကော်ဖီထဲက ကဖင်း (Caffeine) ဓာတ်ကြောင့် ဦးနှောက်ကို လှုံ့ဆော်ပေးပြီး လန်းဆန်းတက်ကြွစေတာမှန်ပေမယ့် အလွန်အကျွံ သောက်သုံးမိရင် ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ပါတယ်။
☕ ကော်ဖီသောက်လွန်းခြင်းကြောင့် ဖြစ်နိုင်တဲ့ အကျိုးဆက်များ
၁။ စိတ်ဖိစီးမှုများခြင်းနှင့် ရင်တုန်ခြင်း
ကဖင်းများလွန်းရင် စိတ်တိုလွယ်၊ စိတ်လှုပ်ရှားလွယ်ပြီး ရင်တုန်၊ အသက်ရှူမြန်တာတွေ ဖြစ်နိုင်ပါတယ်။
၂။ အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာများဖြစ်ခြင်း
အစာအိမ်တွင် အက်စစ်ဓာတ်ပမာဏ တိုးလာပြီး ရင်ပူ၊ ဝမ်းလျှော၊ ပျို့အန်ခြင်းများ ဖြစ်တတ်ပါတယ်။
၃။ သွေးပေါင်ချိန် တက်ခြင်း
ခဏတာ သွေးပေါင်တက်နိုင်ပြီး နှလုံးရောဂါရှိသူများအတွက် အထူးသတိထားသင့်ပါတယ်။
၄။ ခဏလန်းဆန်းပြီး နောက်ပိုင်း မောပန်းခြင်း
ကဖင်းအာနိသင်ကျသွားချိန်မှာ ပုံမှန်ထက် ပိုမိုပင်ပန်းနွမ်းနယ်တတ်ပါတယ်။
၅။ ဆီးမကြာခဏသွားခြင်း
ဆီးအိမ်ကို လှုံ့ဆော်တဲ့အတွက် ဆီးမကြာခဏသွားရပြီး အသက်ကြီးသူများမှာ ဆီးမထိန်းနိုင်တာအထိ ဖြစ်နိုင်ပါတယ်။
၆။ နှလုံးခုန်မြန်ခြင်း
နှလုံးခုန်နှုန်း မမှန်သူများအတွက် အခြေအနေ ပိုဆိုးစေနိုင်ပါတယ်။
၇။ စွဲလမ်းခြင်း
နေ့တိုင်း မသောက်ရမနေနိုင်ဖြစ်လာပြီး ရုတ်တရက်ရပ်လိုက်ရင် ခေါင်းကိုက်၊ ပင်ပန်းခြင်းများ ဖြစ်နိုင်ပါတယ်။
၈။ အလွန်အကျွံသောက်လျှင် ကြွက်သားပျက်စီးမှု ဖြစ်နိုင်ခြင်း(ရှားပါး)
ကဖင်းအလွန်များတဲ့အခြေအနေတွေမှာ ကြွက်သားထိခိုက်မှုအထိ ဖြစ်နိုင်ပါတယ်။
၉။ အိပ်မပျော်ခြင်း
ကဖင်းအာနိသင်ဟာ အချိန်ကြာတတ်လို့ ညနေ၊ ညပိုင်း သောက်ရင် အိပ်ရေးပျက်နိုင်ပါတယ်။
✅ အကြံပြုချက်
တစ်နေ့ကို ကဖင်း ၂၀၀–၂၅၀ mg ခန့်ထက် မကျော်အောင် ထိန်းပါ
ညနေခင်းနောက်ပိုင်း ကော်ဖီရှောင်ပါ
ကိုယ်တိုင် ဘယ်လောက်သောက်ရင် အဆင်ပြေလဲ သတိထားစောင့်ကြည့်ပါ
ကော်ဖီဟာ မိတ်ဆွေကောင်းတစ်ယောက်လိုပါပဲ… ပမာဏမှန်ရင် အကျိုးရှိ၊ လွန်လွန်းရင် ဒုက္ခပေးနိုင်ပါတယ် ☕✨
ကျန်းမာရေဗဟုသုတအဖြစ်ပြန်လည်ဝေမျှပေးခြင်းဖြစ်ပါတယ်နော် 😍

Want your business to be the top-listed Shop in Mandalay?
Click here to claim your Sponsored Listing.

Telephone

Address

F3/Yatanar Street (131 Street) Between 67x68 Near By Industrial Park, Pyigyitagon
Mandalay

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30