KSA Car Rental Magway

KSA  Car Rental Magway

Share

08/11/2025
Photos from KSA  Car Rental Magway's post 19/11/2020

(၂၀၂၁) တွင် ခေါနူးစုမ်တောင် (နတ်မတောင်) တောင်ထိပ်အထိ ခြေလျင်ခရီး တက်ရောက်နိုင်မည်
-------------
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ခေါနူးစုမ် ခေါ် နတ်မတောင်တောင်ထိပ်ကို လာမယ့် (၂၀၂၁) ခုနှစ်က စပြီး ခြေလျင်တက်ရောက်နိုင်တော့မှာ ဖြစ်တယ်လို့ ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာန တာဝန်ခံဦးအောင်ဖြိုးက ပြောပါတယ်။ နတ်မတောင်တောင်ထိပ်ကို ခြေလျင်တက်ရောက်လိုတွေ အတွက် လမ်းကြောင်းသစ်ကို ကန်ပက်လက်မြို့နယ် ခရီးဒေသစီမံခန့်ခွဲရေးအဖွဲ့က ဦးဆောင်ပြီး ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာနဲ့ ပူးပေါင်း ရှာဖွေနေတာ ဖြစ်ပါတယ်။
"ကျွန်တော်တို့က ခေါနူးစုမ်ခေါ် နတ်မတောင် တောင်ထိပ်ကို ခြေလျင်တောင် တက် ချင်တဲ့သူတွေအတွက်ကို လမ်းကြောင်း အသစ်လေးတွေ ရှာဖွေမှုတွေ လုပ်နေတာပါ။ အခုလက်ရှိတောင်ခြေတို့ ၄ မိုင်စခန်းကနေ ကားလမ်း တွေရှိတယ်။မင်းတပ်ဘက်ကနေ လာလို့ရတယ်။၁ဝမိုင်စခန်းကနေ လမ်းလျှောက်သို့မဟုတ် ဆိုင်ကယ်တို့ လာလို့ရတယ် ။ တောင်ထိပ်အထိတော့မဟုတ်ပါဘူး။ အောက်ခြေ ၃ ဖာလုံ၊၄ဖာလုံလောက် အထိ တက်လို့ ရတယ်။ အဲဒါတွေရှောင်ကွင်းပြီး ခြေလျင်တက်တဲ့သူတွေက သဘာဝအလှကို ခံစားရင်းနဲ့ အေးအေးဆေးဆေး နဲ့ ခြေလျင် တက်လို့ရအောင် သူတို့အတွက်ကို လမ်းကြောင်းအသစ်လေးတွေရှာဖွေပြီးတော့ လုပ်ပေးမှာပါ။ ကားလမ်းတွေကို ရှောင် သွားလို့ရမယ်။ တောလမ်းခရီးအနေနဲ့တောင်တက်ကို ခြေလျင်လမ်းလျှောက် တက်ချင် သူတွေ သဘာဝအလှ ခံစားချင် တဲ့သူတွေ အတွက် လုပ်ပေးတာဖြစ်တယ်"လို့ ဦးအောင်ဖြိုးက ပြောပါတယ်။
တောင်တက် လမ်းကြောင်း သစ် ရှာဖွေမှုတွေကို အခုနှစ် ဇူလိုင်လက ပထမအကြိမ် ဆောင်ရွက်ခဲ့ပြီး ပြီးခဲ့တဲ့အပတ်ကတော့ ဒုတိယအကြိမ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ လမ်းလျှောက်တက်နိုင်မယ့် လမ်းကြောင်းကို ပြုပြင်ပြီး ယာယီ စခန်းတွေ ဆောက်လုပ် ပေးသွားမှာ ဖြစ်တယ်လို သိရပါတယ်။
" အားလုံးအဆင်ပြေမယ်လမ်းကြောင်းလေးတွေ ရှာနေတာပေါ့။ ကျန်တဲ့ဆိုင်ကယ်တို့၊ စက်ဘီးတို့သွားလို့ လာလို့ရအောင် မလုပ်ဘူး။လမ်းလျှောက်သွားလို့ရအောင် ပြန် ပြုပြင် ပေးမှာပေါ့။အဆင်ပြေတဲ့လမ်းကြောင်းကို ရွေးချယ်ပြီး ဆောင်ရွက်ပေး မှာပါ၊ "လို့ ဦးအောင်ဖြိုးက ပြောပါတယ်။
နတ်မတောင်(ခေါ်)ခေါနူးစုမ် အမျိုးသားဥယျာဉ်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၁၀၀၀၀) ကျော်မြင့်ပြီး ဧရိယာ (၁၇၆၂၀၂) ဧက ကျယ်ဝန်းတယ်လို့ သိရပါတယ်။ အမျိုးသားဥယျာဉ်အတွင်း ခရီးသွား ဧည့်သည်ဝင်ရောက်မှုကတာ့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ပြည်ပခရီးသွား(၂၃၆၄) ဦးနဲ့ ပြည်တွင်း ခရီးသွား (၁၆၉၀၄) ဦး အထိ ရှိတယ် လို့ ချင်းပြည်နယ် ဟိုတယ်နှင် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနရုံး စာရင်းတွေအရ သိရ ပါတယ်။
" ကိုဗစ်ငြိမ်းသွားပြီး ခရီးသွားတွေပြန်ဖွင့်လာတဲ့အချိန်မှာ ခြေလျင်တက်နိုင်အောင် ဇန်နဝါရီလအပြီး လုပ်နေတယ်။ လာမယ့်၂၀၂၁ ခုနှစ်မှာ ခေါနူးစုမ်ခေါ် နတ်မတောင် တောင်ထိပ်အထိ ခြေလျင်တက်နိုင်မယ်"လို့ ဦးအောင်ဖြိုးက ပြောပါတယ်။
နတ်မတောင်အမျိုးသားဥယျာဉ်မှာ ရှားပါးတဲ့ တောင်ဇလပ်ဖြူ၊ တောင်ဇလပ်နီ အပင် တွေ၊ ငှက်မျိုးစိတ်သစ်တွေ၊ မျိုးနွယ်စုဒေသခံတိုင်းရင်းသားတွေ စတဲ့ သဘာဝပတ်ဝန်း ကျင် နဲ့ ရိုးရာအနုပညာတွေ ရှိနေတာကြောင့် ပြည်တွင်းပြည်ပခရီးသွား စိတ်ဝင်စား တဲ့ ဒေသတစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ အမျိုးသားဥယျာဉ်အတွင်း လာရောက် လည်ပတ်တဲ့ ပြည်တွင်းပြည်ပ ခရီးသည်တွေကို အောက်တိုဘာလက စပြီး ဝင်ကြေး ကောက်ခံနေပြီး ပြည်ပဧည့်သည်တစ်ဦးကို ငွေကျပ် (၁၅၀၀၀)၊ ပြည်တွင်း ခရီးသွားတစ်ဦးကို ငွေကျပ်(၂၀၀၀) ၊ ခရီးသည်ကားကြီးတစ်စီးကို ငွေကျပ် (၅၀၀၀) ၊ ခရီးသည်တင်ကားလေး တစ်စီးကို ငွေကျပ်(၃၀၀၀)နဲ့ ဆိုင်ကယ်တစ်စီးကို ငွေကျပ် (၁၀၀၀) နှုန်း ကျသင့်မှာ ဖြစ်တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့က သိရပါတယ်။

သတင်း- သူရိယထက်

ဓာတ်ပုံ - AMTS၊ဦးပေါင်လွန်းမင့်ထန်
News Myanmar

မနက်ဖြန်ရွှေစက်တော်ဘုရားပွဲတော် ပိတ်သိမ်းမည် - Magway Posts % 12/03/2020

မနက်ဖြန်ရွှေစက်တော်ဘုရားပွဲတော် ပိတ်သိမ်းမည် - Magway Posts % မန်းရွှေစက်တော်ရာဘုရားပွဲတော်ကို မနက်ဖြန် မတ်လ ၁၃ ရက်နေ့ကစတင်လို့ပိတ်သိမ်းတော့မယ်လို့ တိုင်းဒေသကြီးဝန်က....

Photos from KSA  Car Rental Magway's post 22/12/2018

''ခေါ်နူးစုမ်(ခေါ်)ဝိတိုရိယ(ခေါ်)နတ်မတောင်''
တိမ်ပင်လယ်တွေရှိရာဆီ
ခေါ်နူးစုမ်ကို သွားမယ်ဆိုရင် ဒီဇင်ဘာထဲမှာ အကောင်းဆုံးပဲ..တိမ်ပင်လယ်နဲ့ တောင်ဇလပ်ပန်းတွေ အဲ့ဒီအချိန်မှရှိတာ..ကိုယ့်ရဲ့အောက်ကိုရောက်နေတဲ့ ရင်သပ်ရှု့မောဖွယ် တိမ်ပင်လယ်ကြီးကိုမြင်မှ ခေါ်နူးစုမ်ကို သွားရတာတန်မှာပါ။

# # #ဘယ်လိုသွားမလဲ...?
မကွေးမြို့ ကိုယ်ပိုင်ကားနဲ့ သွားချင်တဲ့ သူတွေအတွက်အနီးဆုံး နဲ့ အကောင်းဆုံးက ချောက် ဆိပ်ဖြူ ကဇွန်းမရွာ ဆောမြို့့ရောက် ။ ဧဆာမြို့ရောက်ရင် ထမင်းစားနားနိုင်ပါတယ်. .်ဆောမြို့ရောက်ရင်တော့ လိူင်
မြန်မာထမင်းဆိုင်လေးက စျေးသင့်ပြီး စားလို့ ကောင်းပါတယ်..နွားနောက်သားဟင်း စားလို့ကောင်းပါတယ်..ဆောမြို့အထွက် သတိထားရမှာက ပိုက်ဆံပေးတဲ့ ဂိတ်ကနေ
ဖြတ်ပြီးပြီးချင်း မင်းတပ် နဲ့ ကန်ပက်လက်မြို့ လမ်းခွဲပါ..ကန်ပက်လက်မြို့သွားတဲ့ဘက်ကိုလိုက်ပါ..ကန်ပက်လက်မြို့က ခေါ်နူးစုမ်တောင် နဲ့အနီးဆုံးမြို့ပါ..ကန်ပက်လက်မြို့မှာတည်းပါ..

# # #ကန်ပက်လက်ရောက်ရင် ဘယ်မှာတည်းမလဲ?
ကန်ပက်လက်မြို့ထဲမှာ ရွှေတောင်တန်း တည်းခိုခန်း,မြို့အထက်နားလောက်မှာ တောဘုရင် တည်းခိုခန်း
Family Room -၂၀၀၀၀ကျပ်
Double Room-၁၀၀၀၀ကျပ်
ph 09-422909245,09-427946367တောင်အပေါ်ကို နဲနဲတက်လိုက်ရင် Moutain Oasis Resort စတွေ့မယ်..စျေးက နှစ်ယောက်ခန်း ၂၀၀၀၀ကျပ် ကနေပြီး လုံးချင်း ၄၀၀၀၀ကျပ် အစားစား ရှိပါမယ်
ph-0947170219
အဲ့အထက်နားမှာ Pine Wood Villa အဲ့Resort ကနေစပြီးသူ့အထက်က hotelတွေအားလုံး တစ်ခါတစ်လေဆို တိမ်ပင်လယ်က အဲ့hotelတွေအားလုံး အောက်ကို ရောက်နေပြီ..စျေးက ၄၀၀၀၀ကျပ်ကနေ ၆၀၀၀၀ကျပ်ထိ အစားစား breakfast ပါပြီး ph-09442350570.,09-896565584 အဲ့ကနေဆက်တက်သွားရင် ပန်းလေပြေ ဟိုတယ် ၄၀၀၀၀ ကျပ်ကျော်ကနေ ၇၀၀၀၀ကျပ်ကျော်အထိ အစားစားရှိပါတယ်..ph-09450023710အဲ့ကနေဆက်တက်သွားရင်
Sky Palace Hotel ရှိပါမယ်..စျေးက ၅၀၀၀၀ ကနေပြီး ၈၀၀၀၀ ထိအစားစား ရှိပါမယ်..breakfast ပါအပြီး..ph-0949203152,09-2050733

ဟိုတယ်(သို့)တည်းခိုခန်း ခဏနားပြီးရင် ၁၀မိနစ်ခန့် မြို့ထဲဆင်း ညစာစား..မေမြို့ဆိုတဲ့ စားသောက်ဆိုင်လေးမှာ ချင်းအစားစာ လေးတွေမြည်းစမ်းခဲ့..ကို နွားနောက်သား ဖက်ဖယ်ထောင်း,ငါးအွန်လွှေ့.မဆိုးပါဘူး သူ့အရသာနဲ့ သူပေါ့..
နောက်နေ့နံနက် ခေါ်နူးစုမ် တောင်ပေါ်တက်မယ်..

# # #ဘယ်အချိန်တက်မလဲ.? ဘာနဲ့တက်မလဲ..?
နံနက် ၅:၀၀နာရီခန့်ထ ကိုယ်ပိုင်ကားရှိတဲ့သူက ကားနဲ့ ကားမပါတဲ့သူက ဆိုင်ကယ်ကယ်ရီ ကြိုငှားထားပြီး ဟိုတယ်ကနေ
ခေါ်နူးစုမ်တောင်ခြေကို ၁၀မိုင်ခန့်တက်ရပါမယ်..၁၀မိုင်စခန်းလို့ ခေါ်ပါတယ်..ဟိုတယ်ကနေ ၁၀မိုင်စခန်းကို၁:၀၀ နာရီခန့်တက်ရပါတယ်..၁၀ မိုင်စခန်းမှာ ကားတွေထားခဲ့ ရပါတယ်..၁၀မိုင်စခန်းကနေ တောင်ထိပ်နားအထိ ၃မိုင်ခန့် ကိုခြေလျင်(သို့)ဆိုင်ကယ်ကယ်ရီနဲ့ တက်ရပါမယ်(ကယ်ရီခ အတက်၅၀၀၀ကျပ် အဆင်း၅၀၀၀ကျပ်ပါ)..ခြေလျင်တက်ရင် ၂:၀၀နာရီ ဝန်းကျင်ခန့် ကြာပါတယ်..ဆိုင်ကယ်နဲ့က ၄၅မိနစ်ခန့် ကြာပါတယ်..

# #ဒီနေရာမှာ အထူးပြောချင်တာက ခေါ်နူးစုမ်လာတာ တိမ်ပင်လယ် မမြင်ရရင်မတန်ပါဘူး..အဲ့တော့ နံနက်စောစော ၅:၀၀ နာရီခန့်ဟိုတယ်ကနေ ၁၀မိုင်စခန်းကိုထွက် ၆:၀၀နာရီခန့် ၁၀မိုင်စခန်းရောက် ၁၀မိုင်စခန်းကနေ ဆိုင်ကယ်ကယ်ရီနဲ့ တောင်ထိပ်ဆက်တက်..၆:၃၀,၆:၄၅ ခန့်တောင်ထိပ်ရောက် အဲ့ဒါမှ တိမ်ပင်လယ်နဲ့ နေထွက်ချိန်ကို မြင်ရမှာပါ..တိမ်ပင်လယ် နဲ့နေထွက်ချိန်ကို မြင်လိုက်ရရင် လောကသဘာဝ အလှတရားကြီးထဲ သင်ခဏတာ ပျော်ဝင်သွားမှာပါ..စိတ်ကြိုက်ဓါတ်ဖမ်းခဲ့..ပြီးရင်ခြေလျင်ပြန်ဆင်း..တောင်ဇလပ်ပင်တွေ ရေညှိတက်နေတဲ့ သစ်ပင်ကြီးတွေ တိမ်ပင်လယ်လယ်ကြီးကိုလည်း ကြည့်ရင်းငေးရင်း ၁၀မိုင်စခန်း ခြေလျင်ပြန်ဆင်းခဲ့..ဒါကကိုယ်တွေ သွားတဲ့ပုံစံကိုပြောတာပါ..တစ်ချို့က ၁၀မိုင်စခန်းရောက်တာက နံနက် ၉:၀၀နာရီ ၁၀:၀၀နာရီ တစ်ခါတောင်ထိပ် ခြေလျင်တက်..တောင်ထိပ်ရောက်တော့၁၁:၀၀နာရီ ၁၂:၀၀နာရီ ဆိုတော့ နေအရမ်းပွင့်သွားရင် တိမ်ပင်လယ်က ပျောက်သွားတော့ သိပ်မလှတော့ဘူးပေါ့..

# # #ဟိုတယ်ပြန်ရောက်ခဏနား..နေ့လည်စာထမင်းစား..ပြီးရင်ချင်းရွာလေးတွေသွားလည်ခဲ့ (ကိုယ်တွေမရောက်ခဲ့)..ရေတံခွန်လည်းရှိတယ်..''ကောလောင်ရေတံခွန်''..ဆိုင်ကယ်နဲ့ ဒါမှမဟုတ် ခြေလျင်သွားမှရတယ်..ခြေလျင်ဆို ၂:၀၀နာရီခန့် သွားရမယ်..ဆိုင်ကယ်ဆို ၁နာရီခန့်ပေါ့..ဆိုင်ကယ်နဲ့တော့ မသွားစေချင်ဘူး..ဘာလို့လဲဆိုတော့ တောင်ကမ်းပါးရံမှာ ၃ပေလောက်ရှိတဲ့ ဆိုင်ကယ်လမ်းလေး ဖောက်ထားလို့..တစ်ဖက်ကချောက်ကြီး..မသွားသင့်ဘူး..ကိုယ်တွေကတော့ သွားခဲ့တယ်...လည်ပတ်ပြီးရင် ဟိုတယ်တစ်ညအိပ်..နောက်နေ့မနက် Breakfast စားပြန်ဆင်းပေါ့..ကန်ပက်လက် မြို့ထဲမှာ အမှတ်တရ ချင်းရိုးရာအထည်လေးတွေ မပြန်ခင်ဝယ်သွားပေါ့...
ခေါ်နူးစုမ်ကတော့ သွားပြီးရင်ထပ်သွားချင်လောက်အောင်ကို လှပါတယ်ဆိုတာ သင်ကိုယ်တိုင် သွားကြည့်ရင် သိမှာပါ...
ပြိုင်ကားကလွဲလို့ hondafit,saloon,hijet အကုန်ရပါတယ်...
သတိပြုရမှာကတော့ မသွားခင် ကားသေချာ
စစ်သွားပါ...

Want your business to be the top-listed Autos & Automotive Service in Magway?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

2 Street, Aung Myitta B Quarter , , 09261617468
Magway
ZIP