Mind Matters
04/01/2024
Mind Matters ရဲ့ Volunteer Program (1st Batch) ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာပဲအောင်မြင်စွာပြီးမြောက်ခဲ့ပါတယ်🎉
ရက်ပေါင်း ၁၁၀အကြာမှာ Mind Matters နဲ့အတူ တက်ညီလက်ညီ အချိန်ပေးပါဝင်ပေးခဲ့ကြတဲ့ Volunteer တစ်ယောက်ချင်းဆီကိုလဲ ကျေးဇူးတင်ပါတယ်။ (၃)လကျော်ကြာ ကာလအတွင်းမှာ အတွေ့အကြုံကောင်းတွေနဲ့အတူ အမှတ်တရကောင်းတွေလည်း ရရှိသွားမယ်လို့လဲ ယုံကြည်ပါတယ် 🥳
အခုတော့ ပြီးမြောက်အောင်မြင်စွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ Volunteer အချို့ရဲ့ ရင်တွင်းဖြစ်စကားသံတချို့ကို ကြည့်လိုက်ရအောင်နော်...💬
နောင်မကြာမီ အချိန်မှာ volunteer recruitment အသစ်နဲ့အတူ စိတ်ဝင်စားဖို့ကောင်းတဲ့ program အသစ်တွေ ယူဆောင်လာမှာဖြစ်လို့ page မှာစောင့်မျှော်ပေးကြပါဦး ...🔔
30/11/2023
💁 Calling for applications , OMLAS 2024 Fellowship Program
သင်က အာရှတိုက်တစ်ခွင်မှာ နေထိုင်ပြီး 🌍 လူငယ်ခေါင်းဆောင်မှုစွမ်းရည်တွေကို မြှင့်တင်ချင်တဲ့သူတစ်ယောက်လား?
Diversity လို့ခေါ်တဲ့ မတူကွဲပြားခြားနာမှုတွေကို လက်ခံယုံကြည်ပြီး leadership opportunity တွေနဲ့ community ကို support လုပ်ချင်တဲ့လူငယ်တစ်ယောက်လား?
အကယ်၍ သင်ဟာ ခုလိုမေးခွန်းမျိုးတွေကို မေးမိနေပြီဆိုရင်တော့ မိမိရဲ့ တိမ်မြုပ်နေတဲ့ leadership စွမ်းရည်တွေကို One Million Leaders Asia နဲ့အတူ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါပြီနော် … 🙌
OMLAS - One Million Leaders Asia ရဲ့ ရည်ရွယ်ချက်ကတော့ မတူညီကွဲပြားခြားနားတဲ့ နောက်ခံရှိတဲ့ လူငယ်ခေါင်းဆောင်ပေါင်း အယောက် တစ်သန်း- 1 million ကို မွေးထုတ်ပေးဖို့ နဲ့ 2030 ခုနစ်မှာ မိမိတို့ရဲ့ သက်ဆိုင်ရာ community အတွက် တစ်ကမ္ဘာလုံးဆိုင်ရာ empower လုပ်ပေးနိုင်ဖို့အတွက် Asia Vision Map 2030 တစ်ခုအနေနဲ့ Vision ထားရှိတာတဲ့ Flagship project တစ်ရပ်ဖြစ်ပါတယ်။ ဒါ့အပြင် Sustainability ကို ဦးစားပေးထားတာဖြစ်သည့်အတွက် OMLAS ဟာဆိုရင် sustainable leaders တွေကို ဒေသတွင်း မှာ တတ်နိုင်သမျှမွေးထုတ်နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး next generation impact တစ်ခုရရှိအောင် Local2Global လို့ခေါ်တဲ့ strategy တစ်ရပ်နဲ့ Local leadersများ မှတစ်ဆင့် Global leaders များဖြစ်အောင် စီစဉ်ဆောင်ရွက်နေတဲ့ အစီအစဉ်ကောင်းတစ်ရပ်ပဲဖြစ်ပါတယ်နော် … 🤗
✅ OMLAS Fellowship 2024ကို အာရှတိုက်ထဲက နိုင်ငံတွေမှာရှိတဲ့ မိမိရဲ့ ခေါင်းဆောင်မှု အရည်အသွေးကို မြှင့်တင်ချင်ပြီး Program ရဲ့ eligibility နဲ့ကိုက်ညီတဲ့ မည်သူမဆို လျှောက်ထားဖို့ တိုက်တွန်းအကြံပြုပါတယ်။ အခု စာဖတ်နေသူသည် မြန်မာနိုင်ငံတွင်းမှာနေထိုင်တဲ့ အသက်၁၈-၄၀အတွင်း လူငယ်တစ်ယောက်လည်းဖြစ်တယ် ၊ မိမိရဲ့ passion နဲ့လည်း တစ်စိတ်တစ်ပိုင်း ကိုက်ညီတာဖြစ်လို့ လျှောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် application form မဖြည့်ခင်မှာ One Million Leaders (OML) Information Package 2024 ကို အရင်ဆုံး ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
🔗https://onemillionleadersasia.org/2024/InformationPackage2024.pdf
✅ အောင်မြင်စွာ ပြီးဆုံးသွားခဲ့တဲ့ One Million Leaders Asia Fellowship Program (2022/23) ရဲ့ ပုံရိပ်တွေနဲ့ ရွေးချယ်ခံခဲံ့ရတဲ့ Alumni တွေရဲ့ စွမ်းဆောင်ရည်တွေကို ကြည့်ရှုချင်တယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့ OMLAS ရဲ့ facebook စာမျက်နှာမှာ သွားရောက်လေ့လာနိုင်ပါတယ်နော်။
https://www.facebook.com/onemillionleadersasia/posts/352139527504284?mibextid=YxdKMJ
ဒီprogram မှာ အရွေးချယ်ခံရတဲ့သူတွေအနေနဲ့ အောက်က အကျိုးခံစားခွင့် benefits တွေရရှိဦးမှာဖြစ်ပါတယ်
👉 OML Pillars ၅ခုအောက်ကနေ ကျင်းပပြုလုပ်သွားမယ့် အနဲဆုံး၂လတာ ကြာမြင့်နိုင်မယ့် အွန်လိုင်းသင်တန်းပို့ချမှု
👉 မိမိရဲ့ လူမှုအသိုက်အဝန်းအတွင်းက လူငယ်လူရွယ်တွေကို ပြန်ပြီး mentoring လုပ်ရမဲ့ အခွင့်အလမ်းတွေ
👉 ဒီလူငယ်တွေနဲ့အတူ လက်တွဲလုပ်ဆောင်ရမယ့် community project အတွေ့အကြုံတွေ
👉 ဒီcommunity project ဖြစ်မြောက်အောင် OMLAS မှပေးအပ်မဲ့ mini-grants
👉 ဒေသတွင်းက OML alumni တွေ leaders တွေနဲ့ ချိတ်ဆက်နိုင်မယ့် networking opportunities
👉 အရွေးခံရသည်ဖြစ်စေ အရွေးမခံရသည်ဖြစ်စေ free subscription ရပြီး အသုံးပြုနိုင်မဲ့ OML app (OML appမှာ ယခင် OML program တွေရဲ့ အောင်မြင်ဖြစ်ထွန်းခဲ့တဲ့ program အကြောင်းအရာတွေ၊ ယခင် alumni fellows တွေရဲ့ project တွေအကြောင်း၊ ဒေသတွင်း ကျွမ်းကျင်ပညာရှင်တွေပို့ချတဲ့ micro training တွေ နဲ့ community events စတာတွေကို တစ်နေရာထဲမှာ စုံစုံလင်လင် ရရှိနိုင်မှာပါ)
👉လျှောက်ထားရမှာ program အစအဆုံး အခမဲ့ဖြစ်ပြီး OML Alumni ဖြစ်နိုင်ခွင့်….
ကဲ … အမှန်တကယ် စိတ်ဝင်စားသူများ အတွက် program လေးကို apply လုပ်ချင်တယ်ဆိုရင် အောက်က link လေးထဲကို ဝင်ပြီး application portal မှာ apply လုပ်နိုင်ပါပြီ .. Deadline အနေနဲ့ 20 Jan, 2024 ဖြစ်တာကြောင့် အချိန်ပေးပြီး ပြင်ဆင်နိုင်ပါပြီဗျ။
🔗 http://asia.omlglobal.org/Apply/Fellowship
Application လျှောက်ထားတဲ့နေရာမှာ အခက်အခဲတစ်စုံတစ်ရာရှိရင် Mind Matters ရဲ့ page messenger မှာ လာရောက်မေးမြန်းနိုင်သလို OMLAS ရဲ့ email ကိုလည်း mail ဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျ
If you have any issue filling up the Application Form, please write to us at [email protected]
If you want to know more about OMLAS - One Million Leaders Asia Fellowship Program, please visit https://onemillionleadersasia.org/
Click here to claim your Sponsored Listing.